← Chapters

အခန်း (၃၁)

Vol. 3 Ch. 31

အခန်း (၃၁)

Vol. 3 Ch. 31

" ရှောင်ချန်း , မင်းအခုဘယ်လိုခံစားနေရလဲ?။ မင်း ပိုပြီးတော့ သက်သာလာလား?။ " ဟု လင်ပေ့ဖန်က စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။

ထို့နောက် သူ့၏လက်ထဲတွင် ကိုင်ထားသော အဖြူရောင်ဖျော့ဖျော့ပန်းစီးကို ညိုးခြောက်နေတဲ့ပန်းရဲ့ အနီးနားမှာ ထားလိုက်ပြီး မှိုင်းညို့ဖွယ်လေထုကို ထိုနေရာ၌ ထပ်တိုးစေခဲ့သည်။

ဇာတ်လိုက် ရဲ့ရှင်းချန်သည် ငြီးငွေ့စွာဖြင့် သက်ပြင်းချခဲ့သည်။ထို့နောက်သူသည် လင်ပေ့ဖန်ကို ပြောလိုက်သည်။

" မင်းဒီကို မကြာခဏ မလာဘဲနဲ့၊ နေပေးလို့ရမလား ?။ "

*ငါ တကယ်ဘဲ မင်းရဲ့ စိတ်ရှုပ်စရာကောင်းတဲ့ မျက်နှာကြီးကို မမြင်ချင်ဘူး။ မင်းရဲ့မျက်နှာကြီးကို မြင်လိုက်ရရင် အတိတ်ဘဝက ငါ့ခံစားခဲ့ရတဲ့ နာကျင်မှုတွေကို သွားပြီးသတိရနေတယ်။အဲ့ဒါက ငါ့အတွက်တော့ တကယ့်ကို စိတ်အနှောက်အယှက် ဖြစ်စရာဘဲ။*

" ဘာလို့ မလာပဲ နေရမှာလဲ?။ဒီအခန်းထဲမှာ မင်းက ဒဏ်ရာတွေနဲ့ ဆေးရုံတင်ထားရတယ်လေ။ပြီးတော့ မင်းကို တစ်ယောက်မှလဲ ဂရုမစိုက်ပေးကြဘူး။အဲ့တော့ မင်းတစ်ယောက်ထဲ ဖြစ်‌နေမှာပေါ့။ ငါတို့နှစ်ယောက်ရဲ့ ကံကြမ္မာက ဆက်စပ်နေတာဖြစ်နိုင်တယ်။အကယ်၍ မင်းကို ငါက ဂရုမစိုက်ပေးရင်၊ဘယ်သူက လာပြီးတော့ မင်းကို ဂရုစိုက်ပေးမှာလဲ ?။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

သူ့၏စိတ်ထဲတွင်တော့ လင်ပေ့ဖန်က တွေးလိုက်သည်။

*အကယ်၍ ငါဒီကို မလာရင်၊ ဘယ်လိုလုပ်ပြီး မင်းရဲ့ စိတ်ဓာတ်ကျ‌နေတဲ့ မျက်နှာအမူအရာကို မြင်နိုင်တော့မှာလဲ?။ နောက်ပြီးတော့ ဇာတ်လိုက်ကို မတိုက်ခိုက်ဘဲနေတဲ့ ဗီလိန်ကို ဗီလိန်တစ်ယောက်လို့ရော ခေါ်နိုင်ပါ့မလား?*

ရှောင်ချန်းသည် စိတ်ဓာတ်စွာဖြင့် သက်ပြင်းချခဲ့သည်။

ထို့နောက်သူသည် လင်ပေ့ဖန်ကို ကြည့်လိုက်ပြီး အံ့အားသင့်စွာဖြင့် " မင်းကို ကြည့်ရတာ ဒီနေ့ ပျော်ရွှင်နေပုံရတယ်။" ဟု ပြောခဲ့သည်။

လင်ပေ့ဖန်က ပျော်ရွှင်သောအမူအရာဖြင့် ပြန်ပြောလိုက်သည်။

" ဟုတ်တယ်၊ ငါတော်တော် ပျော်ရွှင်နေတယ်။ ဘာကြောင့်လဲဆိုတော့ ငါ ဒီနေ့ ငွေအများကြီး ရှာနိုင်ခဲ့လို့ဘဲ။"

ရှောင်ချန်း၏ အကြည့်များသည် အေးခဲသွားပြီး သူ့၏အတွေးထဲတွင် နှစ်မြှုပ်သွားခဲ့သည်။

သူ့၏အတိတ်ဘ၀က သူ့ရန်သူလင်ပေ့ဖန်သည် ဒီလိုအချိန်မှာဘဲ ငွေကို စတင်ရှာဖွေခဲ့သည်။သူသည် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီသေးသေးလေးကနေ စတင်ခဲ့သည်။

ထို့ပြင် သူသည် သူ့၏ ရှင်းလင်းတိကျသော ရင်းနှီးမြှုပ်နှံရေးအမြင်ကို အသုံးပြုပြီး လုပ်ငန်းအမျိုးမျိုးကို နှစ်အနည်းငယ်အတွင်းမှာဘဲ နိုင်ငံပေါင်းဆယ်နိုင်ငံကို ဖြန့်ကျက်၍ သူ့၏စီးပွားရေးအင်ပါယာကို တည်ထောင်နိုင်ခဲ့သည်။

လင်ပေ့ဖန်၏ ပါဝါဖြစ်သော အသက်‌မွေးဝမ်းကျောင်းလုပ်ငန်းနှင့် ကြီးမားသောသြဇာလွှမ်းမိုးမှုများကြောင့် နောက်ဆုံးတွင် သူ့ကိုရှုံးနှိမ့်‌စေခဲ့သည်။

ယခုအခါမှတော့ သူသည် ဒဏ်ရာရပြီး ဆေးရုံတင်ထားရတာကြောင့် လင်ပေ့ဖန်ကို မခြိမ်းခြောက်နိုင်တော့ပေ။ဘာပဲဖြစ်ဖြစ် သူသည် အနည်းဆုံးတော့ သူရန်သူရဲ့ အခြေအနေကို နားလည်ထားဖို့ လိုအပ်ပြီး ဒါမှဘဲ တိုက်ပွဲပေါင်းတစ်ရာကို တိုက်ခိုက်တဲ့အခါ မရှုံးနှိမ့်နိုင်တော့မှာဖြစ်သည်။

ထို့ကြောင့်သူသည် အံ့အားသင့်ဟန်ဆောင်ပြီး မေးမြန်းခဲ့သည်။

" ဒီနေ့မှ မင်းပထမဆုံး ငွေစရှာတာမဟုတ်လား? မင်း‌ ငွေဘယ်လောက်ရှာနိုင်ခဲ့တာလဲ ?။ "

လင်ပေ့ဖန်က အနည်းငယ်ပြုံးလိုက်၍ " သိပ်မများပါဘူး " ဟု ပြောလိုက်သည်။

ရှောင်ချန်းသည် စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချခဲ့သည်။

" ဒါက သန်း ရာဂဏန်းလောက်ပါဘဲ။ " ဟု လင်ပေ့ဖန်က ဆက်ပြောလိုက်သည်။

ရှောင်ချန်း : >> ):

" အတိအကျပြောရရင်တော့၊ သန်း၄၉၀ ၊သန်း၅၀၀ ဝန်းကျင်ပေါ့ ။"

ရှောင်ချန်းသည် အနည်းငယ် စိတ်ထိခိုက်သလို ခံစားခဲ့ရပြန်သည်။

သူ့အတိတ်ဘဝမှာတုန်းက သူ့ရန်သူ လင်ပေ့ဖန်သည် ပထမဆုံးအကြိမ် ငွေစရှာရာ၌ အရင်းအနှီး သန်း၁၀၀သာရှိခဲ့သည်။ ထို့နောက်သူသည် တစ်လကျော်ကြာ လုံခြုံရေးလုပ်ငန်း၌ ရင်းနှီးမြုပ်နှံပြီးနောက် သူ့၏ အလွန်တိကျသော ရင်းနှီးမြုပ်နှံမှုအမြင်ဖြင့် အမြတ်ငွေပမဏကို သန်း၅၀၀ မှ သန်း ၆၀၀သို့ တိုးလာအောင် စီစဉ်နိုင်ခဲ့သည်။

တစ်လတာ အတောအတွင်းမှာဘဲ အမြတ်‌ ငွေ ၅၀၀ရာခိုင်နှုန်း ပြန်ရှာနိုင်တာက တကယ့်ကို မယုံနိုင်စရာကောင်းလွန်းနေသည်။

*ဒါပေမဲ့လည်း ဒီဘဝမှာတော့ ဒီနေ့က သူ ပထမဆုံးငွေစရှာတဲ့နေ့လေ။ ဒါကို ဘယ်လိုဖြစ်ပြီးတော့ ငွေသန်း၅၀၀ကို သူရှာနိုင်ခဲ့တာလဲ? ။*

**ဒါဆိုရင်သူက အရင်ဘဝက ထက်တောင်မှ ငွေမြန်မြန်ရှာနိုင်ပြီး မြန်မြန်တိုးတက်လာမဲ့ သဘောပဲမဟုတ်လား?**

*ဒါက ငါပြန်လည်မွေးဖွားလာတဲ့အတွက် အခြားလိပ်ပြာသက်ရောက်မှုကို ဖြစ်စေတာဘဲ၊ ဖြစ်နိုင်မလား?။*

*ဒါပေမဲ့လည်း ဒီလိပ်ပြာသက်ရောက်မှုက အရမ်းကြီးလွန်းလို့ ၊ ငါတောင် မကိုင်တွယ်နိုင်တော့ဘူး။*

ရှောင်ချန်း၏ အသံသည် တုန်သွားပြီး " မင်းဒီငွေ အများကြီးကို ဘယ်လိုလုပ်ပြီး ရှာနိုင်ခဲ့တာလဲ? " ဟု မေးမြန်းလိုက်သည်။

လင်ပေ့ဖန်က ဂုဏ်ယူစွာဖြင့် ပြန်ပြောခဲ့သည်။

" ဒါတွေအားလုံးက အစ်ကိုရဲ့ကို ကျေးဇူးတင်ရမှာဘဲ။ "

ရှောင်ချန်းသည် ထိတ်လန့်သွားခဲ့ပြီး " အစ်ကိုရဲ့ ဟုတ်လား?။ မင်းပြောချင်တာက မင်းသက်တော်စောင့် ရဲ့ရှင်းချန်လား?။" ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က ခေါင်းညိတ်လိုက်ပြီး သူ့၏မျက်နှာပေါ်တွင်လည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။

" ဟုတ်တယ်၊သူပဲ။ အစက ငါ့မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် သန်း၁၀၀ပဲရှိလို့ ဘာနေရာမှာ ရင်းနှီးမြှုပ်နှံရမလဲဆိုတာကို ငါမသိဘူး။အဲ့ဒီအချိန်မှာ အစ်ကိုရဲ့က ငါ့ကို ကျောက်လောင်းဖို့‌အတွက် အကြံပေးခဲ့တယ်။ပြီးတော့ ကျောက်လောင်းရုံမှာ ကျောက်တုံးတစ်တုံးကို ဝယ်ခဲ့တယ်။အဲ့ဒီကျောက်တုံးကို ဖြတ်လိုက်တဲ့အခါမှာတော့ ကျောက်တုံးကြီးက သန်း၉၀တန် ကျောက်စိမ်းတုံးကြီးဖြစ်နေတယ်။အဲ့ဒါကြောင့် ငါအကျိုးအမြတ်ကြီးကြီးရခဲ့တာဘဲ။"

ဇာတ်လိုက်ရှောင်ချန်း :: "pfft "

" ပြီးတော့ ၊အဲ့ဒီကျောက်တုံးကို ငါ 4 သန်းနဲ့ပဲ ဝယ်ခဲ့တယ်၊၊ ဒါပေမဲ့ ကျောက်စိမ်းတုံးကို ရောင်းပြီးတော့ငါ အဆ 20 ပြန်ရတဲ့အတွက် သန်း 90 ဖြစ်သွားတာဘဲ၊။မင်းယုံနိုင်မလား? ။ဒါက အံ့ဩစရာပဲ မလား?။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရှောင်ချန်းသည် သူ့၏သွားများကို ကြိတ်လိုက်ပြီး

" အံ့အားသင့်စရာပဲ။တကယ့်ကို မယုံနိုင်စရာကောင်းတယ်။ " ဟု ပြောခဲ့သည်။

" ပြီးတော့ ဒါကအစပဲရှိသေးတယ်။"

လင်ပေ့ဖန်သည် ပိုပြီးတော့တောင်စိတ်လှုပ်ရှားလာပြီး " အစ်ကိုရဲ့က ငါ့အတွက် ကူညီပြီးတော့ ‌ အခြားကျောက်တုံးတစ်တုံးကို ရွေးပေးတယ်။ ဘာဆက်ဖြစ်မလဲဆိုတာကို ခန့်မှန်းကြည့်ပါဦး။အဲ့ဒီကျောက်တုံးကို ဖြတ်လိုက်တဲ့အခါမှာ အဖိုးမဖြတ်နိုင်တဲ့ အင်ပါယာဖန်ကျောက်စိမ်းထွက်လာခဲ့တယ်။ပြီးတော့ ငါ အဲ့ဒီရတနာကို ရောင်းတာကနေ သန်း၄၀၀ ရရှိခဲ့တယ်။မင်းယုံကြည်နိုင်ပါမလား?။မင်းအံ့ဩသွားပြီး မဟုတ်လား? " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဇာတ်လိုက် ရှောင်ချန်းသည် သူ့၏နှုတ်ခမ်းကို သွေးထွက်တဲ့အထိတိုင်အောင် ကိုက်လိုက်ပြီး " အံ့ဩစရာဘဲ။ဒါက တကယ့်ကို အံ့ဩဖို့ ကောင်းတယ်။" ဟု ပြောလိုက်သည်။

" ဒါ့အပြင်၊ ငါ ဒီကျောက်တုံးကို ရောင်းတဲ့အခါမှာလည်း အဆင့်အတန်းရှိတဲ့ လူအနည်းငယ်နဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့‌သေးတယ်၊၊ဒါက ပိုက်ဆံ ဘယ်လောက်‌ပေးပေး ဝယ်လို့မရတဲ့ အရာတစ်ခုဘဲ။ "

ထို့နောက် လင်ပေ့ဖန်က ဝမ်းသာစွာဖြင့် ဆက်ပြောခဲ့သည်။

" ဒါတွေအကုန်လုံးကို အစ်ကိုရဲ့က ငါဆီယူလာပေးခဲ့တာဘဲ။သူက ငါ့ရဲ့ ကံကောင်းစေတဲ့ ကြယ်ပွင့်လေးပဲ။ပြီးတော့ ငါ သူ့ကို ဘောက်စူးကောင်းကောင်းပေးရဦးမယ်။ ရှောင်ချန်း မင်းသဘောတူတယ်မဟုတ်လား? "

"ဟုတ်တယ်။ အသေအချာကို ပေးရမှာပေါ့။" ဟု ဇာတ်လိုက်ရှောင်ချန်းသည် သူ့၏သွားများကိုကြိတ်ပြီး ပြောလိုက်၍ သူ့၏မျက်လုံးထဲတွင်တော့ ဒေါသမီးများလောင်ကျွမ်းနေခဲ့သည်။

* ရဲ့ရှင်းချန် *

* မင်းက သစ္စာဖောက်ဘဲ။*

*မင်းက သစ္စာဖောက်‌ခေါင်းဆောင်ကြီးဘဲ *

** သူက မင်းရဲ့အလုပ်ကို ဖျက်ဆီးပြီး မင်းရဲ့အမျိုးသမီးကိုလည်း ခိုးယူသွားတာ‌လေ။ ဒါတောင် မင်းကအခုသူ့ကို ကူညီနေတုန်းဘဲ‌ပေါ့။**

** ငါကတော့ မင်းကို နားလည်မှုလွဲနေတာလို့ ထင်နေခဲ့တာ။ဒါပေမဲ့ အခုတော့ အရာအားလုံးက ငါနားလည်မှုလွဲနေတာ မဟုတ်ဘူးဆိုတာ ရှင်းသွားပြီ။**

** မင်းက ဘာမှသုံးစားမရတဲ့ ကောင်ဘဲ ။ပြီးတော့ စက်ဆုပ်စရာ ကောင်းတဲ့ လူလည်းဖြစ်တယ်။**

**မင်းက တကယ့်ကို စူပါသစ္စာဖောက်နဲ့ လက်ပါးစေတစ်ယောက်ဘဲ။**

**ငါမင်းကိုဖမ်းမိဖို့အတွက် ငါ့ကို အခွင့်ရေး မပေးမိစေနဲ့။ဒါမဟုတ်ရင်တော့ ငါ မင်းကို သတ်ပစ်မယ်ဆိုတာ အသေအချာဘဲ။ **

မျက်စင်းဆေးခတ်‌ပေးပြီးနောက် လင်ပေ့ဖန်သည် ရှောင်ချန်း၏ ပုခုံးကို ပုတ်၍ ပြောလိုက်သည်။

" ကောင်းပြီလေ။ အကယ်၍ ဒီမှာ ဘာမှလုပ်စရာမရှိတော့ရင်လည်း ငါသွားတော့မယ်။ပြီးတော့ မင်းရဲ့ ဒဏ်ရာတွေကိုလည်း ဂရုစိုက်ဦး။ ငါ မနက်ဖြန်အားမှဘဲ မင်းဆီကို လာလည်တော့မယ်။ "

All Chapters