အခန်း (၃၃)
Vol. 3 Ch. 33
ထို့နောက် သူတို့သည် အဖွဲ့လိုက်ဓာတ်ပုံရိုက်ခဲ့ကြသည်။
လင်ပေ့ဖန်က " အစ်ကိုရဲ့ ,ဒီကိုလာ။ ဓာတ်ပုံတူတူရိုက်ကြရအောင် " ဟု ပြောခဲ့သည်။
ရဲ့ရှင်းချန်သည် တုံ့ဆိုင်းနေပြီး " ဓာတ်ပုံရိုက်ဖို့မလိုအပ်ဘူးမလား?? "ဟု ပြောလိုက်သည်။
" ဘယ်လိုဖြစ်ပြီး မလိုအပ်ရမှာလဲ? ။ဒီအချိန်ကအမှတ်တရ ရစရာအချိန်လေ။ဒီကိုလာခဲ့ ၊ရှက်စရာမလိုဘူး။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို အတူတူမတ်တပ်ရပ်ဖို့အတွက် ဆွဲခေါ်ခဲ့သည်။
ဝန်ထမ်းတစ်ဦးက သူ့ရဲ့ဖုန်းကို ယူထုတ်လိုက်ပြီး
" မင်းတို့နှစ်ယောက် ဒီဘက်ကိုကြည့်ပြီး ချိစ်လိုပြောပါ " ဟု ပြောလိုက်သည်။
ထို့နောက် ဓာတ်ပုံက အချိန်ခဏလေးအတွင်း၌ ရိုက်ပြီးခဲ့သည်။
ဓာတ်ပုံထဲ၌ လင်ပေ့ဖန်သည် ဒီဇိုင်းနာချုပ်ပေးထားသော ပေါ့ပါးတဲ့ ခဲရောင်ဝတ်စုံ ,ပြောင်လက်နေတဲ့သားရေဖိနပ် နှင့် တောက်ပတဲ့အပြုံးတို့ဖြင့် ဘယ်ဘက်တွင်မတ်တပ်ရပ်နေခဲ့သည်။သူ့ပုံစံက အဆင့်မြင့်ခေါင်းဆောင်ကြီးတစ်ယောက်နှင့်တောင်တူနေခဲ့သည်။
ကျွန်တော်တို့ရဲ့ ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်ကတော့ တောဆန်တဲ့ လုံခြုံရေးဝတ်စုံကြီးကို ဝတ်ဆင်ထားပြီး ကြီးမားတဲ့အနီရောင်ပန်းပွင့်ကြီးပုံပါသော ခါးစလွယ်ဖြင့် ညဘက်၌ မတ်တပ်ရပ်နေခဲ့သည်။ထို့ပြင် သူ့၏လက်ထဲတွင်လည်း ကြီးမားတဲ့ဆုတံဆိပ်ကြီးတစ်ခုကို ကိုင်ထားပြီး အရူးတစ်ယောက်လိုမျိုး ပြုံးနေခဲ့သည်။
ဓာတ်ပုံရိုက်ပြီးနောက်တွင် လင်ပေ့ဖန်သည် ရှန်ပိန်ဖန်ခွက်တစ်ခွက်ကို ကောက်ကိုင်ပြီး ကျယ်လောင်စွာဖြင့် ပြောခဲ့သည်။
" အခု ငါ့အစ်ကို ရဲ့ရှင်းချန်အတွက် တို့စ်လုပ်ကြရအောင်။ပြီးတော့ ငါတို့ကုမ္ပဏီ ကြီးမားတဲ့အောင်မြင်မှု နှင့် တိုးတက်ကြီးပွားပါစေလို့လည်း ဆုတောင်းလိုက်ကြရအောင်။ "
" ချီးယားစ် " ဟု လူတိုင်းက ညီညီညာညာဖြင့် ပြောခဲ့ကြသည်။
လူတိုင်းက တို့စ်လုပ်ပြီးနောက်တွင် စိတ်လက်ပေါ့ပါးသွားခဲ့ကြသည်။
ထို့နောက် သူတို့သည် စားသောက်ပွဲ ပတ်ပတ်လည်တွင် စားကြ၊သောက်ကြပြီး အချင်းချင်းစကားစမြည်းပြောကြသည်။
လင်ပေ့ဖန်သည် စားသောက်ပွဲကနေ မထွက်သွားဘဲနဲ့ နေခဲ့ပြီး စားသောက်၍ လူတိုင်းနှင့် စကားစမြည်းပြောခဲ့သည်။ထို့ပြင် ဒီအခြေအနေက သူ့အတွက်တော့ ဝန်ထမ်းများနှင့်သူ့အကြား ဆက်သွယ်ရေးတစ်ခုတည်ဆောက်ရန်အတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်။
သူ့ရဲ့ စကားပြောကောင်းသောစွမ်းရည်ဖြင့် လူတိုင်းနှင့်ကောင်းစွာဆက်သွယ်နိုင်ခဲ့သည်။
ထိုအချိန်အတောအတွင်း၌ ကျွန်တော်တို့ရဲ့ ဒုတိယဇာတ်လိုက်ကြီး ရဲ့ရှင်းချန်ကတော့ လင်ပေ့ဖန် ဘေးနားတွင် အမြဲတမ်းထိုင်နေခဲ့သည်။
ဝန်ထမ်းများနှင့် သောက်ပြီးသည့် နောက်တွင်လည်း လင်ပေ့ဖန်က သူ့အတွက် ပုဂ္ဂိုလ်ရေးအရ ရှန်ပိန်ကို ပိုလောင်းထည့်ပေးခဲ့သည်။
ထို့ပြင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန် စားတဲ့ဘယ်အရာကိုမဆို ကိုယ်တိုင်ယူလာပေးပြီး သူ့ရဲ့ဂရုစိုက်မှုကို ပြသခဲ့သည်။
လူတိုင်းသည် ထိုအရာကိုမြင်ပြီး သူတို့ရဲ့ဦးခေါင်းကို အကူညီမဲ့စွာဖြင့် ခါလိုက်၍ သက်ပြင်းချခဲ့သည်။ *ဒီသက်တော်စောင့်ကို တော်တော်မျက်နှာသာပေးတာဘဲ။*
*သူ့ဘာသာသူ ခလုတ်တိုက်မိပြီး ကံကောင်းလို့ အောင်မြင်မှုရတာဘဲ မဟုတ်လား?။ဒါက ဘာအထင်ကြီးစရာ ကောင်းလို့လဲ?။*
*သူ့မှာ အမှန်တကယ်ကို စကေး နဲ့ ဗဟုသုတ လုံးဝမရှိဘူး။*
ထို့နောက် လူတိုင်းအတွက် ပိုပြီးမနာလိုစရာ ဖြစ်စေမည့် အရာတွေပေါ်လာခဲ့သည်။
ဂုဏ်ပြုပွဲအခမ်းအနားပြီးနောက် လင်ပေ့ဖန်က သူတို့ဌာနရဲ့ ပထမဆုံးအစည်းအဝေးကို ကျင်းပခဲ့သည်။
ထို့ပြင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်လို သက်တော်စောင့်ကို အပြင်ထွက်သွားဖို့ မပြောခဲ့ပေ။အဲ့ဒီအစားသူသည် သူ့၏ဘေးနာက ညာဘက်ထိုင်ခုံထိုင်ခိုင်းပြီး ကြီးစွာသော ယုံကြည်မှုကို ပြသခဲ့သည်။
အစည်းဝေး၌ လင်ပေ့ဖန်သည် စတော့ ဈေးကွက်ကို အဓိကထားပြီး အနာဂတ်တွင် ရင်းနှီးမြှုပ်နှံမည့် ဦးတည်ချက် နှင့် သူ့၏ ဗျူဟာကို အလေးပေးပြောကြားခဲ့သည်။
ဒုတိယဇာတ်လိုက် ရဲ့ရှင်းချန်သည် တစ်ခြားလူက သူလှည့်စားတဲ့ ထောင်ချောက်ထဲကို မကျခဲ့တာကြောင့်အနည်းငယ် စိတ်ပျက်သွားသလို ခံစားခဲ့ရသည်။ပြီး တော့ လင်ပေ့ဖန်ကို လှည့်စားဖို့အတွက်လည်း နည်းနည်းတော့ခက်ခဲလိမ့်မည်ဖြစ်သည်။
*ဒီနတ်ဆိုးလင်ပေ့ဖန်က စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံတဲ့အခါကျရင် ဘယ်လောက်ကြောက်စရာကောင်းလဲဆိုတာကို မင်းမြင်တွေ့ရလိမ့်မယ်။*
* သူသည် စတော့ဈေးကွက်ကို သူ့ရဲ့ ငွေထုတ်စက်ကြီးလို ဆက်ဆံခဲ့သည်။*
( ပိုက်ဆံအလွယ်တကူရှာနိုင်တာကို ပြောတာပါဗျ)
ထိုလုပ်ငန်းတွင် ပိုက်ဆံရှာရတာက သူအတွက်တော့ ရေသောက်သလို လွယ်ကူလွန်းနေသည်။
* ငါအခုဘာလုပ်သင့်လဲ?။ပြီးတော့ သူ့ကို ဘယ်လိုတားရမလဲ? *
ရဲ့ရှင်းချန်သည် တွေးတွေးပြီး ပို၍ စိုးရိမ်လာသလို ခံစားခဲ့ရသည်။
သူသည် မနေနိုင်တော့ဘဲ စကားဝင်ပြောခဲ့သည်။
" ဘော့စ်လင် , စတော့ဈေးကွက်က အခုလက်ရှိမှာ အကျဘက်ကို ရောက်နေတယ်။ အခုချိန်က အဲ့လုပ်ငန်းထဲကို ရင်းနှီးမြှုပ်နှံဖို့ ဝင်ရမယ့် အချိန်ကောင်း မဟုတ်သေးဘူး။ စတော့ဈေးကွက်းအစား တစ်ခြားလုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံရင်ရောဘယ်လိုလဲ ? ။ဥပမာ _အခုချိန်မှာ ဟော့စ်ဖြစ်နေတဲ့ ပညာရေးလုပ်ငန်း နှင့် တိုက်ရိုက်ထုတ်လွှင့်တဲ့ လုပ်ငန်းတွေက ရင်းနှီးမြှုပ်နှံဖို့အတွက် ထိုက်တန်တယ်။ "
အစည်းဝေးခန်းထဲရှိ လူတိုင်းသည် သက်တော်စောင့်တစ်ယောက်က သူ့ရဲ့ထင်မြင်ချက် တင်ပြတာကို မကြိုက်ပေမဲ့လည်း သူပြောတဲ့အကြံက ကောင်းတာကိုတော့ သူတို့ ဝင်ခံရမည်ဖြစ်သည် ။
ဘာကြောင့်လဲဆိုတော့ အခုလက်ရှိ၌ စတော့ဈေးကွက်က အမှန်တကယ်ကို ကျဆင်းနေခဲ့သည်။ပြီးတော့ အခုချိန်က ဝင်ရောက်ဖို့အတွက် အချိန်ကောင်းမဟုတ်သေးပေ။
ဒီအချိန်၌ ဘဏ်ထဲမှာ ပိုက်ဆံ သိမ်းထားတာက ပိုကောင်းသည်။ထို့ပြင် အနည်းဆုံးတော့ ဘေးကင်းပြီး အတိုးနည်းနည်းကို ဘဏ်ကနေ ပြန်ရလိမ့်မည်ဖြစ်သည်။
လင်ပေ့ဖန်သည် အနည်းငယ်ပြုံးလိုက်ပြီး
" အစ်ကိုရဲ့ , ငါတို့က မင်းပြောတဲ့လုပ်ငန်းတွေကို ရင်းနှီးမြှုပ်နှံသင့်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ငါတို့က အဲ့လုပ်ငန်းတွေကို သိပ်ပြီးတော့ မနားလည်သေးဘူး လေ။ဒါကြောင့် လောလောနဲ့ အဲ့ဒီလုပ်ငန်းထဲကို ဝင်လိုက်ရင် ငါတို့ ရရှိတာထက်ကို ပိုပြီးတော့ ဆုံးရှုံးသွားမှာပေါ့။ငါ အဲ့လုပ်ငန်းတွေ အချိန်တစ်ခုလောက်လေ့လာကြည့်လိုက်ဦးမယ်။ဒီအချိန်
အေတာအတွင်းမှာ ဘဏ်ထဲထားမဲ့အစား အမြတ်နည်းနည်းရအောင် စတော့ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသင့်တယ်မလား??။ " ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် စိတ်သက်သာရာရစွာ သက်ပြင်းချခဲ့သည်။* လင်ပေ့ဖန်က ဒီလုပ်ငန်းတွေကို အရှုံးမပေးသေးသ၍တော့ သူ့အတွက် မျှော်လင့်ချက်ရှိသေးတယ်။ *
* မင်းမှာ ရှိတဲ့ အရာရာတိုင်း ဘယ်လိုဆုံးရှုံးမလဲဆိုတာကို ငါကြည့်ချင်တယ်။*
" အခု ငါတို့ရဲ့ ရန်ပုံငွေတွေကို ခွဲဝေကြရအောင် " ဟု လင်ပေ့ဖန်က ပြောလိုက်သည်
လင်ပေ့ဖန်သည် ရန်ပုံငွေများကို အသီးသီးခွဲဝေပေးပြီးနောက် သူ့၏လက်ထဲတွင် သန်း၅၀သာ ကျန်ရှိခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့ရဲ့ခေါင်းကို လှည့်၍ ရဲ့ရှင်းချန်ကို အပြုံးဖြင့် ကြည့်လိုက်ပြီး
" အစ်ကို ရဲ့ , ဒီမှာ ရန်ပုံငွေ သန်း၅၀ကျန်သေးတယ်။ ဒီငွေတွေကို မင်းကို ရင်းနှီးမြှုပ်နှံခိုင်းရင် ဘယ်လိုထင်လဲ? ။ " ဟု ပြောလိုက်သည်။
လူတိုင်းက ထိတ်လန့်သွားခဲ့ပြီး ရဲ့ရှင်းချန်သည်လည်းပဲ ထိတ်လန့်သွားခဲ့သည်။
* အိုခိုင်မော့စ် ၊ဘော့စ်လင်က ရန်ပုံငွေသန်း 50 ကို ကိုင်တွယ်ဖို့အတွက် သက်တော်စောင့်လက်ထဲကို အပ်ထားခဲ့တာလား?။*
* ဒါက ဘယ်လို စီစဉ်မှုကြီးလဲ?*
ရဲ့ရှင်းချန်သည် သူ့ကိုယ်ကိုသူ ညွှန်ပြလိုက်ပြီး
" ဘော့စ်လင် က ကျွန်တော့်ကို ကိုင်တွယ်ခိုင်းတာလား? " ဟု ပြောခဲ့သည်။
" ဟုတ်တယ် " ဟု ပြောပြီး လင်ပေ့ဖန်က တည်ကြည်စွာဖြင့် ခေါင်းညိတ်ခဲ့သည်။
" ပြီးတော့ ဒီပိုက်ဆံတွေကို မင်းပဲ ငါ့ဆီယူလာပေးခဲ့တာလေ။ ဒါကြောင့် မင်းဒီပိုက်ဆံကို မှန်မှန်ကန်ကန်နဲ့ အသုံးချနိုင်မယ်လို့ ငါယုံကြည်တယ်။မင်းကို ဒီပိုက်ဆံအပ်နှံတာက အသင့်လျော်ဆုံးဘဲ။ " ဟု ပြောလိုက်သည်။
" ဒါ့အပြင် ၊ မင်းက ရင်းနှီးမြုပ်နှံရာမှာ ပါရမီရှိပြီး အလွန်ထက်မြက်တဲ့ အမြင်လည်း ရှိတယ်လို့ ငါအမြဲတမ်း ခံစားနေရတယ်။ မင်းမှာ ချို့တဲ့ နေတဲ့အရာတစ်ခုကတော့ အခွင့်အလမ်းတစ်ခုဘဲ။ ပြီးတော့မင်းက ငါ့ဘေးနားမှာ ထာဝရသက်တော်စောင့်အဖြစ်နဲ့ အလုပ်လုပ်နိုင်မှာ မဟုတ်ဘူး လေ။ ဒါကြောင့် အစ်ကိုရဲ့ က ဒီအခွင့်အရေးကနေ ကောင်းကောင်း လေ့ကျင့်၍ အတွေ့ကြုံရရှိပြီး ကမ္ဘာကြီးကို မင်းရဲ့အရည်အချင်းကို ပြသနိုင် လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ "
ရဲ့ရှင်းချန်က စိုးရိမ်စွာဖြင့် " ငါကိုင်တွယ်လို့ရတာလား?။ အကယ်၍ ငါလုပ်လို့ အဲ့ဒီပိုက်ဆံက ဆုံးရှုံးသွားရင်ရော?။ " ဟု ပြောခဲ့သည်။
" မင်းလုပ်လို့ ရှုံးသွားရင်, ငါ့တာဝန်ထားလိုက်။ရဲရဲရင့်ရင့်နဲ့ စွန့်စားလိုက်စမ်းပါ။အစ်ကိုရဲ့ ငါမင်းရဲ့ အမြင်ကို ယုံကြည်တယ်။မင်းငါ့ကို စိတ်ပျက်စေမှာ မဟုတ်ဘူး။" ဟု လင်ပေ့ဖန်က အဓိပ္ပါယ်ရှိသော အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။
ရဲ့ရှင်းချန်က ရုတ်တရက် စိတ်လှုပ်ရှားသွားခဲ့သည်။
** ဒါက ဘာလဲ ? **
** ဒါက သူ့အတွက်တော့ အခွင့်အရေးတစ်ရပ်ဖြစ်သည်။**
*မင်း ယုံကြည်စွာနဲ့ ပေးထားတဲ့ ရန်ပုံငွေ သန်း၅၀ကို ငါဘယ်လို ဆုံးရှုံးအောင်လုပ်မလဲဆိုတာ စောင့်ကြည့်နေပါ။!*
** ဒီပိုက်ဆံ ဆုံးရှုံးပြီးသွားရင်လည်း မင်းကို တစ်ခြားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခိုင်း၍ ပိုပြီးတော့ တောင် ဆုံးရှုံးသွားအောင် ငါလုပ်နိုင်တယ်။**
ရဲ့ရှင်းချန်သည် တိတ်ဆိတ်စွာဖြင့် သူ့ရဲ့ဉာဏ်ကောင်းမှုကြီးကို ချီးကျူးနေခဲ့သည်။
ဒါပေမဲ့လည်း ထိုအချိန်တွင် လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်၍ ကန့်ကွက်ခဲ့ကြသည်။
" ဘော့စ်လင် , ဒါကမကောင်းဘူးထင်တယ်။ "
" ရဲ့ရှင်းချန်က သက်တော်စောင့်တစ်ယောက်ဘဲလေ။သူ ပညာလည်း ကောင်းကောင်းမသင်ခဲ့ရဘူး။ပြီးတော့ သူ့ရဲ့ လုပ်ငန်းအတွေ့အကြုံကလည်း မလုံလောက်သေးဘူး။ ဒါကြောင့် ဒီလောက်များတဲ့ ငွေ အရင်းအနှီးကို ငါတို့က သူ့ကို ယုံကြည်စွာနဲ့ ဘယ်လို အပ်နှံနိုင်မှာလဲ?။ "
" အကယ်၍ ငါတို့က သူ့ကို လေ့ကျင်ပေးမယ်ဆိုရင်တောင် အများကြီးမပေးဘဲနဲ့ ငါတို့က ရန်ပုံငွေကို ၁သန်းပဲ ပေးတာက လုံလောက်နေပြီ။ "
" ဒုတိယဥက္ကဌလင် , ကျေးဇူးပြုပြီး ပြန်စဉ်းစားပါဦး။"
လင်ပေ့ဖန်က ခိုင်မာသောအသံဖြင့် သူတို့ကို ပြန်ပြောခဲ့သည်။
"ဘာမှထပ်ပြောစရာမလိုတော့ဘူး။ငါဆုံးဖြတ်ချက်ချပြီးပြီ။ အစည်းအဝေးက ဒီမှာတင်ပြီးပြီ။ "