အခန်း (၃၄)
Vol. 3 Ch. 34
ထိုနည်းလမ်းဖြင့် လင်ပေ့ဖန်က လူတိုင်း၏ ကန့်ကွက်မှုများကို အသံတိတ်စေ၍ ဇာတ်လိုက် ရဲ့ရှင်းချန်ကို အခိုင်အမာထောက်ပံ့ပေးခဲ့သည်။
လူတိုင်းက မကျေနပ်သလို ခံစားရသော်လည်းပဲ သူ့ကို ဘယ်လိုဖြောင်းဖျရမလဲဆိုတာ သူတို့မသိတော့ပေ။
လျိုယုမေ့တောင်မှ သက်ပြင်းချခဲ့သည်။
ထို့ပြင် ဒါက လင်ပေ့ဖန်၏ ပထမဆုံးအကြိမ် ဆုံးဖြတ်ချက် ဖြစ်နေခဲ့သည် ။ဘယ်လိုပဲ အဓိပ္ပါယ်မဲ့တဲ့ဆုံးဖြတ်ချက်ဖြစ်ပါစေ၊ လက်အောက်ငယ်သားများက သူတို့ရဲ့ခေါင်းဆောင်၏ အမိန့်ကို အာခံလို့မရပေ။ဒါကတော့ အလုပ်ချိန်အတွင်း၌ ပြောစရာမလိုတဲ့ စည်းမျဉ်းဖြစ်သည်။
တစ်ခြားလူက အမှားတစ်ခု ပြုလုပ်မှဘဲ ရန်ပုံငွေများကို သူ့ဆီကနေ ပြန်လည်ရယူနိုင်မည်ဖြစ်သည်။( ရဲ့ရှင်းချန်ဆီက ပြန်ယူတာကိုပြောတာပါဗျ)
ထို့နောက် ဌာနရှိ ဝန်ထမ်းအားလုံးသည် လင်ပေ့ဖန်၏ ရင်းနှီးမြှုပ်နှံရေးအစီအစဉ်အတိုင်း လိုက်လုပ်ကြသည်။
ထို့ပြင် ရန်ပုံငွေစုစုပေါင်းက သန်း၅၈၀ရှိသည်။ လင်ပေ့ဖန်သည် သန်း၃၀ကို ရင်းနှီးမြှုပ်နှံဖို့အတွက် မတည်ငွေအဖြစ် သိမ်းထားခဲ့၍ ၊ရန်ပုံငွေ သန်း၅၀ကိုတော့ ဇာတ်လိုက် ရဲ့ရှင်းချန်ကို ပေးထားပြီး၊ ကျန်ရှိနေတဲ့ သန်း၅၀၀ကိုတော့ စတော့ဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခဲ့သည်။
ထို့နောက် သူသည် စိတ်ထဲကနေ ဆုတောင်းတစ်ခုပြုခဲ့သည်။
[ ဒီနေ့အတွက် ရင်းနှီးမြှုပ်နှံရာမှာ ၈ ရာခိုင်နှုန်းပြန်လည်ရရှိပါစေလို့ ဆုတောင်းပါရစေ၊ သခင်ကြီးစနစ်။ ]
ဒါကတော့ သူသည် ငွေအများကြီးကို ပြန်မရချင်တာကြောင့် မဟုတ်ဘဲနဲ့၊ စတော့ဈေးကွက်ရဲ့ အမြင့်ဆုံးပြန်လည်ရရှိနိုင်တဲ့ အတက်အကျကတော့ ၁၀ ရာခိုင်နှုန်းသာလျှင် ဖြစ်တာကြောင့်ဖြစ်သည်။
ထို့ပြင် စတော့ရှယ်ယာများ ဝယ်ယူရန် အချိန်လိုအပ်တာကြောင့် ၁၀ ရာခိုင်နှုန်း ပြန်လည်ရရှိရန် မဖြစ်နိုင်ချေ။
[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စည်းပေးလိုက်ပါသည် ]
လင်ပေ့ဖန်သည် အနည်းငယ်ပြုံးလိုက်ပြီး* ဒီအချိန်က ဆုလာဒ်တွေကို ရိတ်သိမ်းရမဲ့အချိန်ဘဲ။*
နောက်ထပ် အံ့အားသင့်စရာတစ်ခုက သူ့ကို စောင့်ကြိုနေခဲ့သည်။
အခြားတစ်ဖက်၌ ဇာတ်လိုက် ရဲ့ရှင်းချန်၏ မျက်နှာသည် စိတ်လှုပ်ရှားမှုများဖြင့် အပြင် ပြန်ထွက်လာခဲ့သည်။
"ငါ သူ့ကို ပိုပြီးဆုံးရှုံးသွားအောင် ဘယ်လိုလုပ်ရမလဲ ? "
" အကယ်၍ ငါရင်းနှီးမြှုပ်နှံပြီးတာနဲ့ သူ့ကို ချက်ချင်းဆုံးရှုံးစေတာက အကောင်းဆုံးဖြစ်လိမ့်မယ်။ဒါမှ သူ တုံ့ပြန်ချိန်တောင်မရဘဲနဲ့ သိသိသာသာ ဆုံးရှုံးသွားလိမ့်မယ်။ "
ရဲ့ရှင်းချန်က လေးလေးနက်နက်တွေးဆခဲ့သည်။ထို့ပြင် စတော့ဈေးကွက်များနှင့် ချေးငွေလုပ်ငန်းများ၏ ကျဆင်းမှုသည်လည်း ကန့်သတ်ချက်ရှိတာကို သူနားလည်ထားသည်။တစ်နေ့တွင် အများဆုံး ၁၀ရာခိုင်နှုန်းသာ ကျဆင်းလို့ရသည်။ထို့ကြောင့် သူတို့က သူ့ကို ရင်းနှီးမြှုပ်နှံရာ၌ ရပ်တန့်ဖို့အတွက် သေချာပေါက် ကြိုးစားလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် အနာဂတ်, နိုင်ငံခြားငွေ လဲလှယ်မှု, ရွှေ , ရေနံစိမ်း နှင့် အခြား ချေးငွေ ထုတ်ကုန်များတွင် ရင်းနှီးမြှုပ်နှံတာက အကောင်းဆုံးဖြစ်သည်။ပြီးတော့ ငါက လမ်းကြောင်းသစ်ကို မလိုက်ဘဲနဲ့ အကုန်လုံးကို ဝင်ရောက်ထားသင့်တယ်။ဒါမှဘဲ သူတို့ တုံ့ပြန်ချိန်မရမှာ ဖြစ်သည်။
" ရွှေကိုပဲ ဝယ်မယ်လို့ ငါဆုံးဖြတ်လိုက်တော့မယ်။ "
လက်ရှိမှာ ကမ္ဘာ့စီးပွားရေးက အတော်အသင့်ကျဆင်းနေသည်။ထို့ပြင် ရွှေ၏ထင်ရှားသောစွမ်းရည်မှာလည်း သူ့၏တန်ဖိုးကို ထိန်းသိမ်းနိုင်စွမ်းဖြစ်သည်။ ပြီးတော့ ၎င်း၏စျေးနှုန်းကလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။
ဒီလမ်းကြောင်းရဲ့ အလားလားက တော်တော်လေးကို သိသာနေသည်။
ဒီအချိန်မှာ ရွှေကိုအကြာကြီး သိမ်းထားခြင်းက ငွေရှာခြင်းဖြစ်ပြီး အချိန်တိုလေးအတွင်းသိမ်းထားခြင်းကတော့ မိမိသေလမ်းကို တိုက်ရိုက်ရှာဖွေနေခြင်းဖြစ်သည်။
ထိုအတွေးဖြင့် ရဲ့ရှင်းချန်သည် ချက်ချင်းဘဲ ကုမ္ပဏီကပေးထားသော ငွေလဲလှယ်မှုအေကာင့်ထဲသို့ ဝင်လိုက်ပြီး ရန်ပုံငွေ သန်း၅၀ကို အသုံးပြု၍ သူ့အကောင့်ထဲကို ရွှေများဖြင့်အစားထိုးခဲ့သည်။
ငွေပမဏက အတော်လေး များပြားတာကြောင့် ဘဏ်ကနေတောင်မှ ဆယ်ကြိမ်ပိုင်းခြား၍ လွှဲပြောင်းပေးခဲ့ရသည်။
တစ်နည်းအားဖြင့် ထိုသန်း၅၀ကို ပိုက်ဆံသန်း၅၀၀ကဲ့သို့ အသုံးပြုနိုင်ပြီး အမြတ်ကိုလည်း ၁၀ဆတိုး၍ ခွင့်ပြုပေးထားသည်။
ဒါပေမဲ့လည်း အကယ်၍ အဲ့ဒီကနေ ၁၀ရာခိုင်နှုန်းဆုံးရှုံးခဲ့ရင်တော့ ပိုက်ဆံအကုန်လုံးကို ဆုံးရှုံးသွားလိမ့်မည်ဖြစ်သည်။
ထိုအရာက ရောင်းဝယ်မှုလုပ်ငန်း၏ဆွဲဆောင်မှုတစ်ရပ်လည်း ဖြစ်သည်။အကယ်၍ မင်းက ပိုက်ဆံအများကြီးကို ရှာနိုင်ရင် ပိုက်ဆံအများကြီးကို အဲ့ဒီကနေ ပြန်ရနိုင်ပြီး ဆုံးရှုံးတဲ့အခါတွင်လည်း ပိုက်ဆံအများကြီးကို မင်း ပြန်လည် ဆုံးရှုံးမည်ဖြစ်သည်။
** ငါ မင်းကို ဘယ်လောက်ဆုံးရှုံးအောင်လုပ်မလဲဆိုတာကို မင်း စောင့်ကြည်လိုက် လင်ပေ့ဖန်။ ** ဟု ရဲ့ရှင်းချန်က အငြိုးကြီးစွာဖြင့် တွေးတောခဲ့သည်။
ထို့နောက် သူသည် အနားယူဖို့အတွက် နေရာတစ်ခုကို ရှာဖွေခဲ့သည်။
သူသည် သက်တော်စောင့်လည်းဖြစ်၍ ဒရိုက်ဘာတစ်ယောက်လည်းဖြစ်တာကြောင့် သူ့ သူဌေးအပြင်မသွားသ၍တော့ ၊သူ ကုမ္ပဏီမှာ အားယားနေခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်တို့ ဌာနရဲ့ဝန်ထမ်းများသည် ရန်ပုံငွေစီးဆင်းမှုနှင့် သူတို့ရင်းနှီးမြှုပ်နှံထားသော စတော့ရှယ်ယာများရဲ့ အတက်အကျများကို အာရုံစိုက်၍ စိုးရိမ်စွာဖြင့် ကွန်ပြူတာဖန်သားပြင်ကို ကြည့်နေကြသည်။
ထို့နောက် သူတို့သည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
" မြန်မြန်ကြည့်လိုက် !! ဂျုနမ် ဇီဝဗေဒရဲ့ စတော့ ဈေးကွက်က ၃ရာခိုင်နှုန်းလောက်တိုးလာတယ်။ကုန်သွယ်မှုပမဏကိုလည်း ကြည့်လိုက်ဦး!!ပြီးတော့ ရန်ပုံငွေပမာဏကလည်း အရှိန်ကောင်းကောင်းနဲ့ တော်တော်လေး တိုးလာနေသေးတယ် ။ဒီနေ့မှာ ၅ရာခိုင်နှုန်းကိုတောင်မှ ကျော်သွားနိုင်သေးတယ်။ "
" ဝမ်ချုံး စတော့ဈေးကွက်ကလည်း ရုတ်တရက် ၅ ရာခိုင်နှုန်းကျော်တောင် တိုးတက်လာတယ်။ ဝမ်ချုံးစတော့ရှယ်ယာဝယ်ယူတဲ့ အဖွဲ့အစည်းအများအပြားကိုလည်း ငါစောင့်ကြည့်စစ်ဆေးခဲ့သေးတယ်။၊ ပြီးတော့ သူတို့က အနာဂတ်မှာ ဝမ်ချုံးလုပ်ငန်းရဲ့ စတော့ဈေးကွက်ကို ဒီထက်ပိုပြီး မြင့်မြင့်မားမား မျှော်လင့်ထားတယ်လို့ ဆိုလိုတာဘဲ။ "
" ဒူယွင် အိမ်ခြံမြေလုပ်ငန်းရဲ့ စတော့ဈေးကွက်ကလည်း လက်ရှိမှာ ၄ရာခိုင်နှုန်းလောက် တိုးတက်လာတယ်။ဒါက သတင်းကောင်းတစ်ခုဖြစ်တာကြောင့် ကြေညာလိုက်ပါတယ်။ "
" ပြီးတော့ ချီချိုင်ပရိဘောဂမြိုရဲ့ စတော့ဈေးကွက်ကလည်း တူတူပဲ တိုးတက်လာနေတယ်။"
ထို့နောက် သတင်းကောင်းများကတစ်ခုပြီးတစ်ခုလာခဲ့သည်။
ထို့ပြင် လူတိုင်း၏ စောင့်ကြည့်မှုအောက်၌ သူတို့ဝယ်ယူခဲ့သော စတော့ရှယ်ယာများအားလုံးက အမြတ်ရနေခဲ့သည်။
အနည်းဆုံး တိုးသည့် စတော့ရှယ်ယာကတောင်မှ ၅ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ပြီး အမြင့်ဆုံးတိုးတဲ့ စတော့ရှယ်ယာကတော့ စတော့ဈေးကွက်ရဲ့ ကန့်သတ်ချက်ကိုတောင် ရောက်ရှိခဲ့သည်။
လူတိုင်းက စိတ်လှုပ်ရှားပြီးပျော်ရွှင်ခဲ့ကြသည်။
ဒါက သူတို့အတွက်တော့ ကောင်းမွန်တဲ့စတင်ခြင်းတစ်ခုဘဲဖြစ်သည်။
ထို့ပြင် မှန်ကန်တဲ့ စတင်ခြင်းတစ်ခုလည်း ဖြစ်သည်။
ထိုသတင်းများသည် လင်ပေ့ဖန်၏ နား စီသို့လျင်မြန်စွာနဲ့ ရောက်ရှိသွားခဲ့သည်။
ဒီအခြေအနေကို ကြိုသိနေခဲ့တဲ့ လင်ပေ့ဖန်ဟာလည်း အလွန်ပျော်ရွှင်သွားခဲ့သည်။
" ဟုတ်လား? ။ဒါဆိုရင် ငါတို့ဒီနေ့ပိုက်ဆံတော်တော်များများရိတ်သိမ်းရလိမ့်မယ်။ "ဟု ပြောခဲ့သည်။
လျိုယုမေ့က စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်ပြီး " ဟုတ်တယ် " ဟု ပြောခဲ့သည်။
ရင်းနှီးမြှုပ်နှံရေးမန်နေဂျာကလည်း စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" ဘော့စ်လင်က အမှန်တကယ်ကို အံ့ဩစရာကောင်းတယ်။မင်းရွေးချယ်ခဲ့တဲ့ စတော့ရှယ်ယာအားလုံးက ဒုံးပျံလိုဘဲ မြှင့်တက်လာခဲ့တယ်။မင်းက အမှန်တကယ်ကို စတော့ဈေးကွက်ရဲ့ နတ်ဘုရားတစ်ပါးဘဲ။ ပြီးေတာ့ ငါမင်းအပေါ်ထားရှိတဲ့ လေးစားမှုတွေကလည်း တဟုန်ထိုး စီးဆင်းနေတဲ့ မြစ် နဲ့ အဆုံးမရှိတဲ့ မြစ် ဝါမြစ် ………. "
" ငါ့ကို မြှောက်ပြောနေတာကိုရပ်လိုက်တော့။ငါက ယေဘုယျဦးတည်ချက်ကိုသာ စောင့်ကြည့်ဖို့အတွက်ပဲ တာဝန်ရှိတာပါ။ လူတိုင်းက အသေးစိတ်လုပ်ဆောင်ချက်တွေကို လုပ်ခဲ့တာဘဲ။ဒါ့ကြောင့် ဒီအောင်မြင်မှုက လူတိုင်းနဲ့ သက်ဆိုင်တယ်။" ဟု လင်ပေ့ဖန်က သူ့ရဲ့လက်ကို မပလွှားဘဲနဲ့ ဝှေ့ယမ်းလိုက်ပြီး ပြောခဲ့သည်။
ရင်းနှီးမြှုပ်နှံရေးမန်နေဂျာက သူ့ကို ပိုပြီးတော့တောင်မှ လေးစားလာခဲ့ပြီး လျိုယုမေ့၏ မျက်လုံးများတောင်မှ လက်သွားခဲ့သည်။
ထို့ပြင် မာနလည်းမကြီးဘဲနဲ့ လက်အောက်ငယ်သားများအတွက်လည်း အမြဲတမ်းစဉ်းစားပေးတာကို ခေါင်းဆောင်ကောင်းတစ်ယောက်ကသာ ပြုလုပ်နိုင်သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် အတွေးတစ်ခုဝင်လာခဲ့ပြီး " စကားမစပ်, ငါတို့ရဲ့ သူငယ်ချင်းလေးရဲ့ ကဘယ်မှာလဲ?။သူ့ရဲ့ လုပ်ဆောင်ချက်ကရော ဘယ်လိုရှိလဲ ? ။ "ဟု မေးမြန်းခဲ့သည် ။
လျိုယုမေ့သည် နှာခေါင်းရှုတ်လိုက်ပြီး " သူလား ?။သူ့ကို ပေးထားတဲ့ငွေ မဆုံးရှုံးရင်တောင် ၊သူ့အတွက်တော့ အောင်မြင်မှုရတယ်လို့ စဉ်းစားလို့ရပြီ။ " ဟု ပြောခဲ့သည်။
ယခုအချိန်၌ သူမသည် ရဲ့ရှင်းချန်ဘက်ကေတာင် မရပ်တည်နိုင်တော့ပေ။ထို့ပြင် သူသည် သက်တော်စောင့်တစ်ယောက်ပုံစံနဲ့မတူဘူးဆိုတာကို သူ့ကိုယ်ကို သူ သတိမထားမိချေ။
အကယ်၍ လင်ပေ့ဖန်ကသာ သူ့ကို တန်ဖိုးမထားခဲ့ရင် သူမသည် သူ့ကို အလုပ်ဖြုတ်ပြီးနေပြီဖြစ်သည်။
" လာ ၊သူ့ကို သွားကြည့်ကြရအောင် ။သူ ငါတို့စီကို မမျှော်မှန်းနိုင်တဲ့ အံ့အားသင့်စရာတစ်ခုကို ယူလာနိုင်တာဖြစ်ကောင်းဖြစ်နိုင်တယ်။" ဟု လင်ပေ့ဖန်က ဆန်းကြယ်သောအပြုံးဖြင့် ပြောခဲ့သည်။