အခန်း (၃၅)
Vol. 3 Ch. 35
ထို့နောက် လင်ပေ့ဖန် နှင့် ဝန်ထမ်းများသည် ရောင်းဝယ်ရေးအခန်းထဲသို့ ရောက်ရှိခဲ့ကြသည်။
" ယခုအချိန်မှာ သူ ဘာကုန်သွယ်ရေးအမျိုးအစားကို ရင်းနှီးမြှုပ်နှံထားတာလဲ၊ဘယ်လောက်အမြတ်များများရနေလဲဆိုတာ ရဲ့ရှင်းချန်အကောင့်ထဲကို ဝင်ပြီးတော့ ငါတို့ကြည်လိုက်ကြရအောင်။ " ဟု လင်ပေ့ဖန်က အပြုံးဖြင့် ပြောခဲ့သည်။
ကုန်သည်တစ်ယောက်က လင်ပေ့ဖန်၏ အမိန့်များကို နာခံ၍ ရဲ့ရှင်းချန်၏အကောင့်ထဲသို့ဝင်ခဲ့သည်။
ထို့နောက် ကုန်သည်က ရဲ့ရှင်းချန်၏အကောင့်ကို ကြည့်ပြီးနောက် "အိုမိုင်ဂုတ် "ဟု အံ့အားသင့်စွာပြောခဲ့သည်။
" ဘာမှားနေလို့လဲ "
" ဘာဖြစ်တာလဲ? "
လူတိုင်း၏ စိတ်ထဲတွင်တော့ နိမိတ်မကောင်းတဲ့ ခံစားချက်တစ်ခုကို ရရှိနေခဲ့သည်။
ကုန်သည်သည် စိတ်လှုပ်ရှားစွာဖြင့် " သူက အမှန်တကယ်တော့ သူ့ပိုက်ဆံအားလုံးကို ရွှေဝယ်ပြီး ပြောင်းလဲထားတာဘဲ " ဟု ပြောလိုက်သည်။
လူတိုင်းက ထိတ်လန့်သွားခဲ့ပြီး " ဘာလဲ?။သူက သူ့ပိုက်ဆံအားလုံးကိုတောင်မှ ရွှေမှာ ရင်းနှီးမြှုပ်နှံထားတယ်ပေါ့။ "ဟု ပြောခဲ့ကြသည်။
ဒီမှာရှိတဲ့လူတိုင်းက ကျွမ်းကျင်ပညာရှင်များဖြစ်ကြ၍ ရွှေကို ရေတိုရင်းနှီးမြှုပ်နှံခြင်းက ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို သူတို့သိရှိကြသည်။
လျိုယုမေ့က စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" လက်ရှိမှာ ကမ္ဘာ့စီးပွားရေးက ကျဆင်းနေပြီးတော့ ရွှေဈေးတွေက မြင့်တက်နေတယ်။ဒါက ရှင်းလင်းတဲ့ ဦးတည်ရာတစ်ခုဖြစ်လာခဲ့တယ်။ဒီအချိန်မှာ ရွှေဈေးတက်မယ့် ဘက်ကို ရင်းနှီးမြှုပ်နှံတာက အသင့်လျော်ဆုံးဖြစ်လိမ့်မယ်။ဒါကို သူက ရွှေ ဈေးကျမယ့်ဘက်မှာ သူ့ပိုက်ဆံအကုန်လုံးကို ရင်းနှီးလိုက်တယ်။ သေတယ်ဆိုတဲ့ စကားက ဘာကိုဆိုလိုတာလဲဆိုတာ သူမသိဘူးထင်တယ်။သူ့လိုလူကို ပိုက်ဆံပေးလိုက်တာက သုံးစားမရဘူးဆိုတာကို ကျွန်မသိနေတယ်။အခု သူ့အကောင့်ကို မြန်မြန်ပိတ်ပြီးတော့ ဆုံးရှုံးမှုကို လျော့ချရမယ်။"
" သူ့အကောင့်ကို ပိတ်ဖို့မလိုပါဘူး။အခုလက်ရှိ ကျွန်တော်တို့ ဆုံးရှုံးနေတာ မဟုတ်ဘူး။တကယ် တော့၊ ကျွန်တော်တို့ကတောင် အမြတ်ကြီးကြီးမားမားရနေတာပါ။ " ဟု ကုန်သည်က ပြောခဲ့သည်။
လျိုယုမေ့သည် ထိတ်လန့်သွားခဲ့ပြီး " အမြတ်ရတာလား? ။အမြတ် ဘယ်လောက်များများရတာလဲ ?။ " ဟု မေးမြန်းလိုက်သည်။
ထို့နောက် ကုန်သည်က စိတ်လှုပ်ရှားစွာဖြင့်
" ကြည့်ပါဦး။ဒီအချိန်မှာ ရွှေဈေးက ကျဆင်းနေပြီးတော့ ၁.၅ရာခိုင်နှုန်းကနေ ၂ရာခိုင်နှုန်း နီးပါးထိ ကျဆင်းသွားတယ်လေ။ ရဲ့ရှင်းချန်က သူ့ငွေအားလုံးကို ရေတိုရွှေမှာဘဲ ရင်းနှီးထားတယ်။ဆိုလိုချင်တာကတော့ ငါတို့ရဲ့ အမြတ်က ၁၅ရာခိုင်နှုန်းရှိတာကြောင့် ငါတို့က ပိုက်ဆံ၈သန်းအမြတ်ရရှိလိမ့်မယ်။" ဟု ပြောလိုက်သည်။
" ဒါကဘယ်လိုဖြစ်တာလဲ? " ဟု လူတိုင်းက အံ့အားသင့်သွားခဲ့သည်။
" ဘာကြောင့် ရွှေစျေးက ဒီလောက်အများကြီးကျသွားရတာလဲ?။ဘာလို့ကျသွားရတာလဲဆိုတာကို ငါ့အတွက် ချက်ချင်းရှာပေးပါ။ " ဟု လျိုယုမေ့က ပြောလိုက်သည်။
" ရှာတွေ့ပါပြီ။ " ဟု ကုန်သည်က စိတ်လှုပ်ရှားစွာဖြင့် ပြောခဲ့သည်။
" အခုလေးတင်ပဲ၊ မဲလ်ဘုန်းမြို့မှာ ရွှေတွင်းတစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့တယ်။ စူးစမ်းရှာဖွေပြီးတဲ့နောက်မှာ
အဲ့ဒီရွှေတွင်းက ကမ္ဘာအဆင့်သုံးလောက်ရောက်ရှိသွားနိုင်တယ်လို့ ခန့်မှန်းထားခဲ့တယ်။ပြီးတော့ ဝယ်လိုအားကအရမ်းများတာကြောင့်လည်း ရလဒ်အနေနဲ့ ရွှေဈေးက ကျသွားရတာဘဲ။ "
လူတိုင်း၏ စိတ်ထဲတွင်တော့ နောက်တစ်ကြိမ်အံ့ဩမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
သူ ရွှေဈေးကျမည့်ဘက်ကို ရင်းနှီးမြှုပ်နှံပြီးတဲ့အခါမှာမှ ဒီသတင်းက ထွက်လာတာလား?
ဒါက အချိန်ကိုက်ဘဲဟ။
သူ့ ကံကောင်းတာက ၉လောက်ရှိနေပြီ။
လင်ပေ့ဖန်က ရယ်လိုက်ပြီး " အစ်ကိုရဲ့က ငါ့ကိုဘယ်တော့မှ စိတ်ပျက်အောင်မလုပ်ဘူးဆိုတာကို ငါသိနေတယ်။ငါတို့ရဲ့ သူငယ်ချင်းလေး ရဲ့ရှင်းချန်က ဘယ်မှာလဲ? " ဟု ပြောခဲ့သည်။
ထို့နောက် ခဏအကြာ၌ ရဲ့ရှင်းချန်သည် ရောက်လာခဲ့ပြီး " ဘော့စ်လင်၊ ငါမင်းအတွက် ဘာလုပ်ပေးရမလဲ? " ဟု မေးမြန်းလိုက်သည်။
လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို နှစ်လိုစွာဖြင့် ကြည့်လိုက်ပြီး " အစ်ကိုရဲ့ ၊ မင်းက ငါ့ကို စပရိုက်ကြီးတစ်ခုပေးခဲ့တာဘဲ။ဒီအချိန်မှာ ရေတိုရွှေဝယ်တဲ့ မင်းရဲ့ ဆုံးဖြတ်ချက်ကို ငါဘယ်လိုပြောရမှန်းတောင် မသိတော့ဘူး။ "ဟု ပြောလိုက်သည်။
" ဘော့စ်လင်၊ ကျွန်တော်ရင်းနှီးထားတဲ့ဟာက ဆုံးရှုံးသွားလို့လား? "ဟု ရဲ့ရှင်းချန်က သတိထားလျက် မေးမြန်းလိုက်သည်။ထို့နောက် သူသည် နောင်တရစွာဖြင့် ထပ်ပေါင်းပြောခဲ့သည်။
" ကျွန်တော်ဒါကို မကိုင်တွယ်နိုင်ဘူးဆိုတာ၊ ကျွန်တော်သိတယ်။ "
ဒါပေမဲ့လည်း သူ့၏စိတ်ထဲ၌ ပျော်ရွှင်မှုများဖြင့် ပြည့်နေခဲ့သည်။ဆုံးရှုံးသွားတာကောင်းပေမဲ့ အရာအားလုံးကို ဆုံးရှုံးသွားတာက ပိုတောင် ကောင်းဦးမယ်ဟုတွေးတောခဲ့သည်။
လင်ပေ့ဖန်သည် သူ့၏ခေါင်းကို ခါလိုက်၍ " မဆုံးရှုံးပါဘူး။ ငါတို့ တကယ်တော့ ပိုက်ဆံအများကြီးတောင် ရခဲ့တယ်။ "ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန် :: " huh? "
" အစ်ကိုရဲ့ ၊မင်း ရွှေဈေးကျမယ့်ဘက်ကို ရင်းနှီးပြီးတဲ့နောက် နေ့ဝက်လောက်အကြာမှာဘဲ ရွှေဈေးက ၁.၅ရာခိုင်နှုန်းလောက်ကျဆင်းခဲ့ပြီး အခုတော့ ၂ရာခိုင်နှုန်း လောက်တောင် ရောက်ရှိသွားခဲ့ပြီ။တစ်နည်းအားဖြင့် နေ့တစ်ဝက်အတွင်းမှာဘဲ မင်းက အမြတ်စုစုပေါင်း၂၀ရာခိုင်နှုန်းဖြင့် ပိုက်ဆံဆယ်သန်းနီးပါးကို ငါ့အစားကူညီပြီးရှာေပးခဲ့တယ်။ မင်းက အမှန်တကယ်ပဲ ငါ့ရဲ့ကံကောင်းတဲ့ကြယ်လေးဘဲ" ဟု ပြောပြီး လင်ပေ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် ရဲ့ရှင်းချန်၏ ပုခုံးကို ပုတ်ခဲ့သည်။
နေ့တစ်ဝက်အတွင်းမှာဘဲ ရွှေဈေးက ၂ရာခိုင်နှုန်းတောင် ကျခဲ့တယ်။
ထို့ပြင် စုစုပေါင်းအမြတ်ကလည်း ၂၀ရာခိုင်နှုန်း ရောက်ရှိသွားပြီးတော့ ယွမ်ဆယ်သန်းနီးပါး တောင်ရရှိခဲ့တယ်။
** ငါသူ့ကို နောက်တစ်ကြိမ်ထပ်ပြီး ပိုက်ဆံကူရှာပေးခဲ့ပြန်တာလား?**
ရဲ့ရှင်းချန်၏ မျက်နှာသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ဖျော့တော့သွားပြီး " ဒါက ဘယ်လိုဖြစ်ရတာလဲ?။ဘယ်လိုလုပ်ပြီးရွှေဈေးက ကျသွားရတာလဲ? ။ " ဟု ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က ရွှေဈေးကျဆင်းလာရခြင်း၏ နောက်ကွယ်ကအကြောင်းရင်းမှန်ကို ရှင်းပြခဲ့ပြီး ဖြစ်စဉ်တစ်ခုလုံးကိုလည်း စိတ်အားထက်သန်၍ဝမ်းသာစွာဖြင့် ပြောပြခဲ့သည်။
ဒါပေမဲ့လည်း ရဲ့ရှင်းချန်ကတော့တစ်ယောက်ယောက်ကို သတ်ပစ်ချင်လောက်သည်အထိ ဒေါသထွက်နေခဲ့သည်။
သူသည် တစ်ဖက်လူကို ဆုံးရှုံးမှုခံစားရအောင် ရည်ရွယ်ပြီးလုပ်ခဲ့ပေမဲ့လည်း တစ်ဖက်လူက မဆုံးရှုံးသည့်အပြင် ငွေတောင်ပြန်ရသွားခဲ့သေးသည်။
" သေစမ်း! ဒီနတ်ဆိုးက ဘာကြောင့် အရမ်းကံကောင်းနေရတာလဲ? "
လင်ပေ့ဖန်သည် သူ့၏ရှင်းပြချက်ပြီးဆုံးသွားပြီးနောက်တွင် ရဲ့ရှင်းချန်၏ ပုခုံးကို နောက်တစ်ကြိမ် ထပ်ပုတ်လိုက်၍ " အစ်ကိုရဲ့၊ အလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။ငါ့မှာ မင်းအတွက် မြင့်မားတဲ့မျှော်မှန်းချက်ရှိတယ်။ " ဟု ပြောခဲ့သည်။
" ဘော့စ်လင် ၊မင်းရဲ့ယုံကြည်မှုအတွက် ကျေးဇူးတင်ပါတယ်။ " ဟု ပြော၍ ရဲ့ရှင်းချန်က အားတင်းပြီးပြုံးပြခဲ့သည်။ဒါပေမဲ့လည်း သူ့၏အပြုံးကိုကြည့်ရတာက ငိုပြီးပြောတာထက်တောင် ပိုဆိုးနေခဲ့သည်။
ပြန်လာပြီးနောက် ရဲ့ရှင်းချန်၏မျက်နှာသည် အတော်လေးကို မည်းမှောင်လာခဲ့သည်။
သူသည် သူ့၏ကွန်ပြူတာကို ပြန်ဖွင့်လိုက်၍ ကုမ္ပဏီက ပေးထားတဲ့ သူ့ရဲ့အကောင့်ထဲသို့ ဝင်လိုက်သည်။
ထို့နောက် အငြိုးကြီးစွာဖြင့် " ရွှေဈေးတွေက အခုကျ နေတယ်။ ဒါကြောင့် ငါ ရွှေဈေးကျမယ့်ဘက် လောင်းထားတဲ့ ဟာကို ရွှေဈေးတက်မယ့်ဘက် အကုန်ပြောင်းလိုက်မယ်။ငါမင်းကို ခံစားရအောင်လုပ်ပစ်မယ်။ " ဟု ပြောခဲ့သည်။
ထို့ကြောင့်သူသည် သူအရင်ဝယ်ထားတဲ့ ရွှေများကို ရွှေဈေးတက်မည့်ဘက်သို့ အကုန်ပြောင်းလဲခဲ့သည်။
" အခုမှဘဲ ငါစိတ်သက်သာရာရသလို ခံစားရတယ်။မင်းအခုထပ်ပြီး ပိုက်ဆံထပ်ရဦးမလားဆိုတာကို ကြည့်လိုက်ကြရအောင် " ဟု ပြော၍ ရဲ့ရှင်းချန်သည် နှာခေါင်းရှုတ်လိုက်ပြီး သူ အနားယူမဲ့နေရာတစ်ခုကို ရှာဖွေခဲ့သည်။
ဒီတစ်ခါထပ်ပြီး သူတို့ပိုက်ဆံထပ်ရလိမ့်မယ်လို့ သူမယုံကြည်ပေ။
တစ်ခြားတစ်ဘက်မှာတော့ ရောင်းဝယ်ရေးခန်းထဲ၌ ကုန်သည်များက ရွှေဈေးနှုန်း၏အတက်အကျကို အနီးကပ်စောင့်ကြည့်နေခဲ့ပြီး သူတို့သည် ရုတ်တရက် စိတ်လှုပ်ရှားလာခဲ့သည်။
"ရွှေဈေးနှုန်းတက်သွားပြီ။ယခုအချိန်မှာ လူအများကြီးက ရွှေတွေဝယ်နေတာကြောင့် ရွှေဈေးက တိုက်ရိုက်ထိုးတက်သွားတယ်။ ရွှေဈေးကျမယ့်ဘက် လောင်းထားတဲ့ရွှေတွေကို အမြန်ပြန်ပြောင်းလိုက်။"
ထို့နောက် ကုန်သည်တစ်ယောက်က ချက်ချင်းဘဲ ရဲ့ရှင်းချန်၏ အကောင့်ထဲကို ဝင်လိုက်၍ စစ်ဆေးကြည့်ပြီးနောက်တွင် အံ့အားသင့်စွာနဲ့ အကောင့်ထဲကနေ ပြန်ထွက်လာခဲ့ရသည်။
" အမြန်လုပ်ပါဟ။ ငါတို့ပိုက်ဆံတွေ ဆုံးရှုံးသွားလိမ့်မယ်။ " ဟု လူတစ်ယောက်က တိုက်တွန်းခဲ့သည်။
ထို့နောက် စစ်ဆေးခဲ့သည့် ကုန်သည်က သူ့ရဲ့ခေါင်းကို ခါလိုက်ပြီး " စစ်ဆေးစရာမလိုတော့ဘူး။ရဲ့ရှင်းချန်က အစောကြီးထဲက ရွှေ ဈေးတက်မယ့်ဘက်ကို ပြောင်းလဲထားခဲ့ပြီးပြီ။ အခုချိန်မှာ ငါတို့က အမြတ် ၁ရာခိုင်နှုန်းတောင်ရရှိထားပြီးတော့ နောက်ထပ် ယွမ်၅သန်းလည်း ထပ်ရှာနိုင်ခဲ့တယ်။" ဟု ပြောလိုက်သည်။
လူတိုင်းက " ခင်ဝင့်ဝါလေးက saltမိန်းမ " ဟု အာမေဍိတ်သံပြုခဲ့သည်။