← Chapters

အခန်း (၃၆)

Vol. 3 Ch. 36

အခန်း (၃၆)

Vol. 3 Ch. 36

ထို့နောက် ရွှေဈေးက ပြန်တက်လာသည့်အပြင် ၁ရာခိုင်နှုန်းတောင် ပိုလွန်သွားခဲ့သည်ကို သူတို့၏မျက်နှာပေါ်တွင် ပဟေဠိဖြစ်သောအကြည့်ဖြင့် စောင့်ကြည့်နေခဲ့သည်။

ထို့ပြင် သူတို့၏အကောင့်ထဲတွင်လည်း အမြတ်ငွေက နောက်ထပ်၁၅သန်းထပ်တိုးလာခဲ့သည်။

ဆိုလိုချင်တာကတော့ သည်တစ်ခေါက်ရင်းနှီးမြှုပ်နှံရေးအစီအစဥ်၌ သူတို့၏ ရွှေဝယ်ထားသည့်အကောင့်များထဲတွင် စုစုပေါင်း၂၅သန်းအမြတ်ရရှိ၍ ရင်းနှီးမြှုပ်နှံရာတွင်လည်း ၅၀ရာခိုင်နှုန်းတောင်မှ အမြတ်ပြန်လည်ရရှိခဲ့သည်။

လူတိုင်းက ထိတ်လန့်သွားခဲ့သည်။

" Wow, နေ့လည်ပိုင်းဘဲရှိသေးတယ်။ဒါတောင်မှ ငါတို့က ပိုက်ဆံ၂၅သန်းရှာနိုင်ပြီးတော့ ရင်းနှီးထားတဲ့ငွေရဲ့ ၅၀ရာခိုင်နှုန်းကိုတောင်မှဘဲ ပြန်လည်ရရှိခဲ့တယ်။ "

" ငါ ဒီရင်းနှီးမြှုပ်နှံ‌ရေးလုပ်ငန်းမှာအလုပ်လုပ်‌နေတာ နှစ်အများကြီးရှိနေပြီ ရင်းနှီးမြှုပ်နှံရာမှာ ဒီလိုအံ့ဩစရာကောင်းတဲ့ လူတစ်ယောက်ကို တစ်ခါမှ မမြင်ဖူးဘူး။ "

" ကြည့်လိုက်ဦး။သူဝင်တဲ့ အချိန်ကလည်း ကွက်တိကြီးဘဲ။ပြီး‌ေတာ့ သူ‌ဈေးကွက်ထဲဝင်တဲ့အချိန်တိုင်းမှာလည်း အမြတ်ချက်ချင်းရရှိတာက အချိန်ကိုက်ကြီးကိုကွက်တိကျနေတယ်။ သူကဆရာသခင်တစ်ယောက်ဖြစ်နိုင်တယ်လို့ မင်းရောထင်လား?။မဟုတ်ရင် ၊ဘာကြောင့် ဒုဥက္ကဌလင်က သူ့ကို အရမ်းတန်ဖိုးထားရမှာလဲ?။ "

" မင်းပြောတာက တော်တော်ဖြစ်နိုင်ချေရှိတယ်။ "

ထို့နောက် ရင်းနှီးမြှုပ်နှံရေးမန်နေဂျာက ပြောလိုက်သည်။

" ဒီအကြောင်းကို ဒုဥက္ကဌလင်ကို ပြောပြလိုက်! "

လင်ပေ့ဖန်သည် ထိုသတင်းကို ကြားပြီးနောက် အလွန်ပျော်ရွှင်သွားခဲ့၍ " ရဲ့ရှင်းချန်ကို သွားခေါ်လိုက် " ဟု ပြောခဲ့သည်။

" ဘော့စ်လင်၊ မင်းငါ့ကို တစ်ခုခုလုပ်ခိုင်းဖို့အတွက် ခေါ်လိုက်တာလား? " ဟု ရဲ့ရှင်းချန်က လေးနက်သောအမူအရာဖြင့် မေးမြန်းခဲ့သည်။

**ငါ ရေရှည်ရွှေကို ပြောင်းလိုက်တာကြောင့် ပိုက်ဆံဆုံးရှုံးသွားတာ ဖြစ်နိုင်မလား? **

** သူငါ့ကို ၊ဒီကိုခေါ်လိုက်တာကလည်း မေးခွန်းမေးမလို့လား? **

** ဒီလိုပဲ ဖြစ်နိုင်တယ်။ **

** ကောင်းတယ် ! **

** ဒီနေ့အတွက် ငါ့မှာ မျှော်လင့်ချက်ရှိသွားပြီ။**

သို့ပေမဲ့လည်း သူရုံးခန်းထဲသို့ ဝင်လိုက်ချိန်မှာဘဲ စိတ်လှုပ်ရှားနေတဲ့ လင်ပေ့ဖန်က သူ့ကို ပွေ့ဖက်လိုက်ပြီး "အစ်ကိုရဲ့၊မင်းငါ့ကို စိတ်မပျက်စေဘူးဆိုတာ ငါသိနေတယ် ။ "ဟု ရယ်မော၍ ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် ပဟေဠိဖြစ်စွာနဲ့ ပြန်ကြည့်လိုက်ပြီး

" ဘော့စ်လင် ၊ဘာမှားလို့လဲ ? " ဟု မေးမြန်းလိုက်သည်။

ထို့ပြင် တစ်ဖက်လူ၏ ပုံစံကိုကြည့်ရတာကလည်း ပိုက်ဆံ ဆုံးရှုံးသည့်ပုံနှင့် မတူညီပေ။

** တစ်ခုခုတော့ လွဲနေပြီ! **

လင်ပေ့ဖန်သည် ပြုံး၍သူ့ရဲ့ဦးခေါင်းကို ခါလိုက်ပြီး

" အစ်ကိုရဲ့၊။ဘာဖြစ်နေတာလဲဆိုတာ မင်းငါ့ကို မေးရဲသေးတယ်ပေါ့လေ?။ မင်းဟာမင်း ဘာလုပ်ခဲ့တယ်ဆိုတာကို မင်းမသိဘူးလား? ။ "ဟု အပြစ်တင်လိုက်သည်။

" ငါဘာလုပ်ခဲ့တာလဲ ?။ " ဟု ရဲ့ရှင်းချန်က သတိထားလျက် မေးမြန်းခဲ့သည်။

" ဘာဖြစ်နိုင်ဦးမှာလဲ ?။ ဟုတ်တာပေါ့၊ ဒါကရွှေဝယ်တာနဲ့ ရွှေရောင်းတာရဲ့ အကြောင်းဘဲ။မင်းငါ့ကို ကူညီပြီးတော့ ပိုက်ဆံအချို့ကိုလည်း ထပ်ရှာပေးခဲ့သေးတယ်။ ငါမင်းကို ချစ်သွားပြီ အစ်ကိုရဲ့… " ဟု လင်ပေ့ဖန်က ဝမ်းသာစွာဖြင့် ပြောခဲ့သည်။

ရဲ့ရှင်းချန်သည် သူ့၏နှလုံးသားထဲတွင် အထုံးတစ်ခုရှိသွားသလို ခံစားခဲ့ရသည်။

**သူက လင်ပေ့ဖန်အတွက် နောက်တစ်ခါထပ်ပြီး ပိုက်ဆံရှာပေးမိခဲ့ပြန်တာလား? **

** ဖြစ်နိုင်တာက……**

သူက ရှင်းရှင်းလင်းဘဲ ‌ဆန့်ကျင်ဘက်ပြောင်းပြီးတော့ ရေရှည်ရွှေကို ဝယ်ယူခဲ့တာလေ။

** ဒါတောင်၊ဘာကြောင့် သူက ပိုက်ဆံထပ်ရရှိသွားပြန်ရတာလဲ?**

ထို့နောက် လင်ပေ့ဖန်က ရဲ့ရှင်းချန်ကိုဆွဲ၍ သူတို့၏ အရှေ့မှာရှိနေသော ကြီးမားတဲ့ဖန်သားပြင်ကြီးကို ညွှန်ပြလိုက်ပြီး " ဟိုမှာ ကြည့်လိုက်။ မင်းရဲ့ ဆန့်ကျင်ဘက်လှုပ်ရှားတဲ့အကွက်က တကယ့်ကို လက်ဖျားခါလောက်တယ်။ ပြီးတော့မင်းက ရေတိုရွှေကိုပိတ်ပြီး ရေရှည်ရွှေအဖြစ် အကုန်လုံးကိုပြောင်းလိုက်တယ်လေ။အဲ့ဒါကြောင့်ဘဲ အခု ရွှေဈေးကပြန်တက်လာပြီးတော့ အမြတ်ကလည်း အခြားရာခိုင်နှုန်းတစ်ခုလောက်ထိကို ထိုးတက်သွားခဲ့တယ်။ဒါက ဘာကို ဆိုလိုတာလဲ ဆိုတာ မင်းသိလား? ။ "ဟု ပြောလိုက်သည်။

** သူက ဘာကို ဆိုလိုတာလဲ? ။** ဟု ရဲ့ရှင်းချန်၏ စိတ်ထဲတွင်တော့ တွေးတောနေခဲ့သည်။

ထို့နောက် လင်ပေ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ဆိုလိုချင်တာကတော့ မင်းငါ့အတွက် နောက်ထပ် ပိုက်ဆံ၁၅သန်းကို ရှာပေးခဲ့တယ်။ ‌ယခင်၁၀သန်းကိုပါပေါင်းလိုက်ရင်တော့ လက်ရှိမှာ စုစုပေါင်းငွေပမဏက ၂၅သန်းဖြစ်တယ်။ ငါ့ကောင်ကြီး မင်း ကောင်းကောင်းလုပ်ခဲ့တယ်။ငါ့ရဲ့ မင်းအပေါ်ခန့်မှန်းချက်က မလွဲခဲ့ဘူးဘဲ။ "

ထိုသတင်းကောင်းက ရဲ့ရှင်းချန်အတွက်တော့ မိုးကြိုးထိမှန်သကဲ့သို့ သူ့ကို အားနည်း၍တုန်ရီသလို ဖြစ်စေခဲ့သည်။

ထို့ပြင် သူသည် လင်ပေ့ဖန်အတွက် ပိုက်ဆံကို နောက်တစ်ကြိမ်ထပ်ပြီး ရှာပေးမိခဲ့သည်။ ပြီးတော့လည်း ဒီတစ်ကြိမ်ရှာပေးခဲ့တဲ့ငွေပမဏက ၁၅သန်းဖြစ်သည်။

တစ်နေ့ထဲမှာတင် ယခင်ရှာပေးခဲ့တဲ့ ပိုက်ဆံ၁၀သန်းကိုပါ ပေါင်းလိုက်ရင်တော့ သူရှာပေးခဲ့တဲ စုစု‌ပေါင်းငွေပမဏက ၂၅သန်းဖြစ်သည်။

** သေစမ်း!ဒါကဘယ်လိုဖြစ်ရပြန်တာလဲ?**

** ဒါက သိသိသာသာကို နည်းလမ်းမကျတာဘဲ ။**

ထိုအချိန်တွင် ရင်းနှီးမြှုပ်နှံရေးမန်နေဂျာသည် သူ့၏ခေါင်းကိုခါ၍ သက်ပြင်းချလိုက်ပြီး

" ဘော့စ် ၊ ကျွန်တော်ပြောစရာရှိတယ်။သူ့ရဲ့လုပ်ဆောင်ချက်က အမှန်တကယ်ကို မယုံနိုင်စရာဘဲ။ ဒါ့အပြင် သူ ရွှေဝယ်တာနဲ့ ပြန်ရောင်းတဲ့အချိန်ကလည်း အမြဲတမ်းအချိန်ကိုက်ဘဲ။ပြီးတော့လည်း သူ့မှာရှိတဲ့ ပိုက်ဆံအကုန်လုံးကို သုံးရဲတာက သူဒီနယ်ပယ်မှာ ယုံကြည်မှုရှိတယ်ဆိုတာကို ပြသနေတယ်။ကျွန်တော် ဒီမတိုင်ခင်က ရွှေကုန်သည်အများကြီးကို မြင်ဖူးပေမဲ့ သူတို့က မစ်စတာရဲ့နဲ့ ယှဉ်လိုက်ရင် တော်တော်လေးကို လိုအပ်ချက်တွေရှိနေတယ်။ "ဟု ပြောလိုက်သည်။

" သူက တကယ့်ကို အံ့ဩစရာကောင်းတဲ့ဉာဏ်ကြီးရှင်တစ်ယောက်ဘဲ။"

" ‌ ကျွန်တော်တောင် ဒီမတိုင်ခင် မစ်စတာရဲ့က သက်တော်စောင့်တစ်ယောက်ဖြစ်တာကြောင့် သူက ဘာမှသိမှာမဟုတ်ဘူးလို့ အထင်သေးခဲ့ဖူးတယ်။ အခုတော့ ဘယ်သူက အမြင်ကျဉ်းတာလဲဆိုတာကို ကျွန်တော်သိသွားခဲ့ပြီ။ မစ်စတာရဲ့၊ ငါမင်းအပေါ်ကို အထင်‌သေးခဲ့မိတဲ့အတွက် တောင်းပန်ပါတယ်။ "

" မစ်စတာရဲ့ ၊ငါမင်းကို ဆရာအဖြစ်တင်လို့ရမလား?"

လူတိုင်း၏ ချီးကျူးစကားများက ရဲ့ရှင်းချန်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ဒါပေမဲ့လည်း အဲ့စကားများက သူ့ကို ဝမ်းမသာစေသည့်အပြင် ပိုပြီးတော့တောင်မှ စိတ်မသက်မသာဖြစ်စေခဲ့သည်။

သူ့၏ စိတ်ထဲတွင်တော့ ** ဒါက ဒီလိုမဖြစ်သင့်ဘူး **ဟု အော်ဟစ်နေခဲ့သည်။

** ငါ ဘာကိုမှ ရှင်းရှင်းလင်းလင်းမသိသေးဘူး ။ပြီးတော့လည်း ငါသူ့ကို ပိုက်ဆံဆုံးရှုံးစေချင်တာလေ။ ဒါကို သူက ဘယ်လိုလုပ်ပြီးတော့ ပိုက်ဆံရသွားရတာလဲ ? **

** ဘာကြောင့်လဲဆိုတာ ငါ့ကိုတစ်ယောက်ယောက်ပြောပြပေးနိုင်မလား?**

ထို့နောက် ဇာတ်လိုက်ရဲ့ရှင်းချန်၏ မျက်နှာသည် ‌ ဖျော့တော့သွားခဲ့သည်။

ဆန့်ကျင်ဘက်အားဖြင့် လင်ပေ့ဖန်ကတော့ လူတိုင်းက ရဲ့ရှင်းချန်ကို ချီးကျူးတဲ့အတွက် ပျော်မြူးနေခဲ့သည်။

" အစ်ကိုရဲ့က ဒီနယ်ပယ်မှာ ပါရမီရှိတယ်ဆိုတာကို အစတည်းက ငါမြင်နေတယ်။သူပထမဆုံးအလုပ်လုပ်တဲ့နေ့မှာတင် ငါ့ကို ပိုက်ဆံသန်းပေါင်းများစွာ ရှာပေးခဲ့တယ်။ပြီးတော့ ဒီနေ့လည်း နောက်ထပ်သန်း၂၀ကျော်ကို ရှာပေးခဲ့ပြန်ပြီ။ဒါကအမှန်တကယ်ကို ထူးခြားပြောင်မြောက်လွန်းတယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" သူ့စွမ်းရည်တွေကို ဒီအတိုင်း မမြှုပ်နှံထားသင့်ဘူး "

" ဒါကြောင့် ကျွန်တော် ဆုံးဖြတ်ချက်ကြီးတစ်ခုကို ချလိုက်တယ်။အစ်ကိုရဲ့ကို သုံးစွဲခွင့်ပြုထားတဲ့ ရန်ပုံငွေပမာဏကို သန်း၁၀၀အထိတိုးပေးလိုက်တယ်။ "

သူ့၏ဆုံးဖြတ်ချက်ကို သည်တစ်ကြိမ်၌ တစ်ယောက်မှမကန့်ကွက်ခဲ့ကြပေ။

နောက်ဆုံးမှာတော့ တစ်ခြားလူက သူ့ရဲ့စွမ်းရည်ဖြင့် သက်သေပြ၍ လူတိုင်း၏အသိအမှတ်ပြုမှုကို ရရှိစေခဲ့ပြီးပြီးဖြစ်သည်။

ထို့နောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ပုခုံးကို ပုတ်၍ သူ့ကို အားပေးခဲ့သည်။

" အစ်ကိုရဲ့ ၊ မင်းလုပ်မဲ့အရာရာတိုင်းကို မစိုးရိမ်ဘဲနဲ့ ရဲရဲသာလုပ်။အကယ်၍ မင်းရှုံးခဲ့ရင်တောင် ငါတာဝန်ယူတယ်။ပြီး‌တော့ မင်းအနိုင်ရတဲ့အခါကျရင်လည်း ငါမင်းကို ထိုက်ထိုက်တန်တန်ဆုချမယ်။ " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် အားတင်း၍ ပြုံးလိုက်ပြီး " ဘော့စ်လင်၊ မင်းရဲ့ကြင်နာမှုအတွက် ငါမင်းကို ကျေးဇူးအများကြီးတင်ပါတယ် " ဟု ပြောလိုက်သည်။

All Chapters