← Chapters

အခန်း (၃၇)

Vol. 3 Ch. 37

အခန်း (၃၇)

Vol. 3 Ch. 37

ဇာတ်လိုက်ရဲ့ရှင်းချန်သည် မှောင်မှိုင်းနေသော မျက်နှာအမူအရာဖြင့် ပြန်သွားခဲ့သည်။

" မင်းရဲ့ကံက အမြဲတမ်း ကောင်းနေမယ်လို့ ငါမယုံကြည်ဘူး။ "

ထို့နောက်သူသည် ကွန်ပျူတာကို ဖွင့်လိုက်ပြီး သူဝယ်ထားသော ရွှေအကုန်လုံးကို ရွှေဈေးကျမည့်ဘက်သို့ ပြောင်းလဲလိုက်သည်။

နောက်တစ်နေ့တွင် အဖြေထွက်လာခဲ့သည်။

" ဒါက ကျသွားခဲ့ပြီ။ရွှေဈေးကပြန်ကျသွားခဲ့ပြီ။ "

" မစ်စတာရဲ့၊ ရင်းနှီးမြှုပ်နှံထားတဲ့ဟာကို မြန်မြန်ကြည့်လိုက်။ ဝါး… သူနောက်တစ်ခါ အမြတ်ထပ်ရပြန်ပြီ။ သူ မနေ့ညက ငါတို့မသိတဲ့ချိန်မှာ လျှို့ဝှက်စွာနဲ့ရွှေဈေးကျမယ့်ဘက်ကို ပြောင်းလဲထားတာဖြစ်မယ်။"

" ရွှေဈေးက ၁.၅ရာခိုင်နှုန်းတောင်မှ ကျသွားတာဆိုတော့ မစ်စတာရဲ့က ‌ပိုက်ဆံ၇သန်းကျော်ကို ထပ်ရှာနိုင်ခဲ့တာပေါ့။ "

" မင်းတွက်တာမှားနေပြီ။မစ်စတာရဲ့မှာ အခုလက်ရှိ ရန်ပုံငွေက သန်း၁၀၀ရှိတယ်လေ။ဒါကြောင့် သူရှာခဲ့တဲ့ငွေပမာဏက ၁၅သန်းဖြစ်လိမ့်မယ်။ "

" ဒီလုပ်ဆောင်ချက်က အမှန်တကယ်ဘဲ လက်ဖျားခါလောက်အောင်ကို တော်လွန်းတယ်။သူ ရေတိုရွှေပြောင်းပြီးလို့ သိပ်မကြာခင်မှာဘဲ ရွှေဈေးကကျသွားခဲ့တယ်။ "

" မစ်စတာရဲ့က အမှန်တကယ်ကို အံ့ဩစရာကောင်းတယ်။"

……

ထို့နောက် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ပုခုံးကို ကျေနပ်သောအမူအရာဖြင့် ပုတ်လိုက်ပြီး

" အစ်ကိုရဲ့ ၊ မင်းက အမှန်တကယ်ကို ထူးခြားလွန်းတယ်။တစ်ညထဲနဲ့ မင်းငါ့ကို နောက်ထပ်ပိုက်ဆံ၁၅သန်းရရှိအောင် လုပ်ပေးခဲ့တယ်။

ဒါ‌ေကြာင့် ငါမင်းကို နောက်ထပ်သန်း၁၀၀ထပ်ပေးမယ်။အဲ့ဒီသန်း၁၀၀နဲ့ မင်းလုပ်ချင်တဲ့အရာကို စိတ်ကြိုက်ကစားလို့တယ်။ " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်၏ မျက်နှာပေါ်တွင် ကျေးဇူးတင်တဲ့ အမူအရာကို ပြသထားပေမဲ့လည်း သူ့၏စိတ်ထဲတွင်တော့ အတော်လေးကို ဒေါသထွက်နေခဲ့သည်။

" ဘယ်လိုဖြစ်ပြီး ရွှေဈေးက ထပ်ကျသွားရပြန်တာလဲ?။ ဒီနတ်ဆိုးတော့ နောက်တစ်ခါ ပိုက်ဆံထပ်ရသွားပြန်ပြီပေါ့။ ပြီးတော့ သူ့ရဲ့ဘဝင်ခိုက်နေတဲ့ မျက်နှာကြီးကို မြင်ရတာက တော်တော်လေးကိုစိတ်အနှောက်အယှက်ဖြစ်စရာဘဲ။ဒါကြောင့် အခု ငါ့မှာရှိတဲ့ အရာအားလုံးကို ရွှေဈေးတက်မယ့်ဘက် ပြောင်းလိုက်ပြီးတော့ ငါနိုင်ထားသမျှ ပိုက်ဆံအားလုံးကို ဆုံးရှုံးသွားအောင်လုပ်ပစ်မယ်။ ဒါမှဘဲ သူအရာအားလုံးကို ဆုံးရှုံးသွားလိမ့်မယ်။ " ဟု ရဲ့ရှင်းချန်က သူ့ဘာသူ ပြောလိုက်သည်။

ဒါပေမဲ့လည်း နောက်တစ်နေ့တွင် ရလဒ်ကတော့……

" ပြန်တက်သွားပြန်ပြီ။ ရွှေဈေးက ပြန်တက်သွားပြန်ပြီဟ။ "

" ဝါး !! မစ်စတာရဲ့က ရွှေဈေးကျမယ့်ဘက် လောင်းထားတာကို ပိတ်ပြီးတော့ ရွှေဈေးတက်မယ့်ဘက်ကို ပြောင်းလဲထားတယ်။ သူ့ရဲ့ အမြင်က အမှန်တကယ်ကို တိကျလွန်းတယ်။"

" ဒီတစ်ကြိမ် ရွှေဈေးတက်တာက ၂ရာခိုင်နှုန်းဆိုတော့ ငါတို့ ပိုက်ဆံသန်း၂၀ကို ရမှာမလား? "

" သန်း၂၀ပဲလား?။ ဒါက အရင်ကဘဲဖြစ်လိမ့်မယ်။ မနေ့ညက မစ်စတာရဲ့ကို ဘော့စ်လင်က ရန်ပုံငွေတိုးပေးခဲ့တယ်‌လေ။ သူအခုလက်ရှိ သုံးစွဲခွင့်ရတဲ့ ရန်ပုံငွေစုစုပေါင်းက သန်း၂၀၀ဖြစ်တာကြောင့် ပိုက်ဆံ သန်း၄၀မြတ်လိမ့်မယ်။ "

" မစ်စတာရဲ့က အမှန်တကယ်ကို မယုံနိုင်စရာဘဲ၊သူက သန်း၄၀ကိုတောင် တစ်ညထဲနဲ့ ရှာလိုက်တယ်။"

ထို့နောက် လင်ပေ့ဖန်သည် အားရပါရ‌ရယ်မောလိုက်ပြီး " အစ်ကိုရဲ့၊မင်းငါ့ကို နောက်တစ်ကြိမ်အံ့အားသင့်စေပြန်ပြီ။ပြီး‌ေတာ့ တစ်ညထဲနဲ့ ငါ့ကိုသန်း၄၀ရအောင် ရှာပေးခဲ့တယ်။ဒါကြောင့် မင်းရဲ့ ပင်ကိုယ်စွမ်းရည်ကို ပြသဖို့အတွက် ငါမင်းကို နောက်ထပ် သန်း၁၀၀ထပ်ပေးဖို့ ပြင်ဆင်လိုက်မယ်။ " ဟု ပြောလိုက်သည်။

" ဘော့စ်လင်၊ မင်းရဲ့ရက်ရောမှုအတွက် ငါမင်းကိုကျေးဇူးတင်ပါတယ်။ " ဟု ရဲ့ရှင်းချန်ကပြောလိုက်သည်။

ဇာတ်လိုက်ရဲ့ရှင်းချန်က ‌အပေါ်ယံတွင် ကိုယ့်ကိုကို နှိမ့်ချတဲ့ပုံ‌ဖော်ထားပေမဲ့ သူ့၏စိတ်ထဲတွင်တော့ ပိုပြီးတော့တောင်ဒေါသထွက်လာခဲ့သည်။

" ဘာကြောင့် ရွှေဈေးက ထပ်ပြီးတက်သွားရပြန်လဲ ?။ပြီးတော့ ရွှေဈေးတက်တာကလည်း ရာခိုင်နှုန်းအများကြီးဘဲ။မင်းတို့ ရွှေဈေးကွက်ကလူတွေ တော်တော်လက်ယားနေကြ‌တာဖြစ်မယ်။ငါပြောင်းလိုက်တိုင်း သူအများကြီးရတယ်။ဒီတစ်ခါတော့ ငါဘာမှမပြောင်းဘူးဆို‌တော့ ရင်းနှီးထားတဲ့ငွေတွေ ဆုံးရှုံးသင့်တယ်။ "

ဒါပေမဲ့လည်း နောက်တစ်နေ့တွင်၊ ရလဒ်ကတော့……

" ဝါး ၊ဒီနေ့လည်း ရွှေဈေးက ၂ရာခိုင်နှုန်းတက်သွားပြန်ပြီ။ "

" မစ်စတာရဲ့ ရဲ့ အကောင့်ကို အမြန်ကြည့်ကြည့်ရအောင်။သူဘာမှမ‌ေပြာင်းထားဘူးဘဲ။ဒါဆိုရင် သူ ပိုက်ဆံသန်း၄၀ကျော် ထပ်ရခဲ့ပြန်တာပေါ့။"

"ဒါက သန်း၄၀ မဟုတ်ဘူး၊ သန်း၆၀ဘဲ။ ဒုဥက္ကဌလင်က နောက်ထပ်သန်း၁၀၀ကို သူ့ကို ထပ်ပြီးလွှဲပြောင်းပေးခဲ့တယ်။ ဒါကြောင့် အခုလက်ရှိ သူ့လက်ထဲမှာ ရန်ပုံငွေက သန်း၃၀၀ရှိသွားပြီဆိုတော့ အမြတ်‌ငွေက အရင်ကထက်တောင်မှ ပိုများသွားလိမ့်မယ်။ "

" မစ်စတာရဲ့က အမှန်တကယ်ကို တော်လွန်းတယ်။ပြီးတော့ သူက ရွှေဈေးကွက်ရဲ့အတက်အကျကိုလည်း ကောင်းကောင်း ဖမ်းဆုပ်ထားနိုင်တယ်။ဒါ့အပြင် သူဝင်တဲ့ လှည့်ကွက်တွေကလည်း တော်တော်လေးကို လေးစားစရာကောင်းတယ်။

" မစ်စတာရဲ့က အမှန်တကယ်ကို အံ့ဩစရာကောင်းတယ်။ "

လင်ပေ့ဖန်က ပျော်ရွှင်စွာဖြင့် ရယ်လိုက်ပြီး " အစ်ကိုရဲ့ ၊ မင်းက အမှန်တကယ်ကို မယုံနိုင်စရာဘဲ။ ပြီးတော့ မင်း ပိုက်ဆံရှာတဲ့အမြန်နှုန်းကလည်း ပိုပြီးတော့တောင် မြန်လာတယ်။ နောက်ထပ်ရက်အနည်းမှာဘဲ ငါတို့ရဲ့ အမြတ်ငွေပမဏက သန်း100ကိုတောင် ကျော်လွန်သွားလိမ့်မယ်။ ငါမင်းအတွက် ရန်ပုံငွေကို နောက်ထပ်သန်း၁၀၀ထပ်တိုးပေးလိုက်မယ်။ ဒါ့အပြင် မင်းရဲ့ ကြီးကျယ်ခမ်းနားတဲ့ ဖျော်ဖြေမှုကိုလည်း ငါကြည့်နေမယ်။ " ဟု ပြောလိုက်သည်။

ဇာတ်လိုက်ရဲ့ရှင်းချန်သည် မလှုပ်ရှားနိုင်တော့သလို ခံစားခဲ့ရသည်။

" ဒီရွှေ‌ဈေးကွက်တွေက အရမ်းကိုပုံမှန်မဟုတ်တော့ဘူး။ ငါဘယ်လိုနည်းနဲ့ ရောင်းဝယ်ပါစေ၊ ငါအမြတ်ရတယ်။ ဒါက လုံးဝကို ယုတ်တိမတန်ဘူး ။ငါကြားမိတာကတော့ ရေနံစိမ်းက ပိုပြီး‌တော့တောင် စိတ်လှုပ်ရှားစရာကောင်းတယ်ဆိုဘဲ။ဒါကြောင့် ငါရေနံစိမ်း‌ကိုဘဲ ရင်းနှီးမြှုပ်နှံ‌တော့မယ်။ အဲ့ဒါက ရွှေဈေးကွက်လိုဘဲ ဖြစ်လိမ့်မယ်လို့ ငါမယုံကြည်ဘူး။ "

နောက်တစ်နေ့၌ ရလဒ်ထွက်လာခဲ့သည်။

" ရွှေဈေးတွေကျသွားခဲ့ပြီ။ မစ်စတာရဲ့ ရဲ့ စီမံမှုကို မြန်မြန်ကြည့်စမ်းပါဟ။ "

" မစ်စတာရဲ့က ရွှေဈေးကွက်မှာ မရင်းနှီးထားဘူး။သူအခု ရေနံစိမ်းမှာ ရင်းနှီးမြှုပ်နှံထားတယ်။ "

" သေစမ်း၊ သူပိုက်ဆံအကုန်လုံးကို ရေနံစိမ်းမှာရင်းနှီးထားတာတောင် သူပိုက်ဆံရနေတုန်းဘဲ။

ပြီး‌ေတာ့ ရေနံစိမ်းက ၄၀ရာခိုင်နှုန်းတောင်မှ တိုးလာခဲ့တယ်။ ဒါကြောင့် သူအမြတ်အများကြီးရလိမ့်မယ်။"

" မစ်စတာရဲ့မှာ အခုလက်ရှိ ရန်ပုံငွေက သန်း၄၀၀ရှိတယ်။ပြီးတော့ သူမှာရှိတဲ့ အကုန်လုံးကို ရင်းနှီးလိုက်တာကြောင့် သူပြန်ရတဲ့ ငွေပမာဏက သန်း၁၆၀ဖြစ်လိမ့်မယ်။ "

" တစ်နေ့ရတဲ့ အမြတ် ငွေပမဏက သန်း၁၀၀ကိုတောင် ကျော်လွန်သွားခဲ့ပြီ။ "

" မစ်စတာရဲ့က ရွှေ‌ဈေးကွက်အပြင် ရေနံစိမ်းမှာလည်း အမှန်တကယ်ကို အံ့ဩစရာကောင်းတာဘဲ။ "

" မစ်စတာရဲ့ ၊ မင်းက အရမ်းတော်လွန်းတယ်။ "

……

ရဲ့ရှင်းချန် : ):

လင်ပေ့ဖန်၏ မျက်နှာ‌ပေါ်တွင်လည်း အံ့ဩမှုဖြင့်ပြည့်နေခဲ့သည်။

" ငါတို့တစ်နေ့ရတဲ့အမြတ်က သန်း၁၀၀ကိုတောင်ကျော်လွန်ပြီးတော့ သန်း၁၆၀ကို တကယ်ရောက်ရှိသွားတာဘဲ။ အစ်ကိုရဲ့၊ မင်းက အရမ်းပဲ ကြိုးစားလွန်းတယ်။ အဲ့လောက်ထိလည်း ကြိုးစားဖို့မလိုပါဘူး။ ပုံမှန်လေးပဲသွားပြီးတော့ တခြားသူတွေကိုလည်း အခွင့်အရေးပေးလိုက်ပါဦး။" ဟု စနောက်ပြီး လင်ပေ့ဖန်က ပြောလိုက်သည်။

ရဲ့ရှင်းချန် : ….

ထို့နောက် တစ်ပတ်မပြည့်ခင်အချိန်တွင်း၌ ရဲ့ရှင်းချန်၏ အံ့ဩစရာကောင်းတဲ့ နည်းလမ်းများအောက်တွင် လင်ပေ့ဖန်၏ အမြတ်ငွေပမဏက ကြောက်စရာကောင်းတဲ့ နှုန်းထားဖြင့်တိုးလာပြီး ၁ဘီလီယံသို့ ရောက်ရှိသွားခဲ့သည်။

ထို့ကြောင့် လင်ပေ့ဖန်သည် လုပ်ငန်းလည်ပတ်ဖို့အတွက် ရန်ပုံငွေအများစုကို ရဲ့ရှင်းချန်ဆီသို့ ယုံကြည်စွာနဲ့ အပ်နှံထားခဲ့သည်။

ထိုအချိန်တွင် သူကတော့ သူ့ဘဝကို ပျော်ရွှင်စွာနဲ့ ဖြတ်သန်းနေခဲ့သည် ။

ထို့ပြင် သူမျှော်မှန်းထားသည့်အတိုင်း ရဲ့ရှင်းချန်က သူ့ကို စိတ်မပျက်စေခဲ့ပေ။ သူသည် ရန်ပုံငွေ တစ်ဘီလီယံကို လျင်မြန်စွာနဲ့တိုးလာအောင်ရင်းနှီးခဲ့သည်။ထို့ကြောင့် သူသည် သုံးရက်မပြည့်ခင်အချိန်အတွင်းမှာဘဲ အမြတ်ငွေကို နှစ်ဆဖြစ်အောင်လုပ်နိုင်ခဲ့ပြီး ရန်ပုံငွေပမာဏက၂ဘီလီယံသို့ရောက်ရှိသွားခဲ့သည်။

ရဲ့ရှင်းချန် : pfft

…

ရဲ့ရှင်းချန်သည် အရှုံးပေးဖို့ဆန္ဒမရှိတာကြောင့် စီမံကိန်းနှစ်ခုကို ထပ်ပြီး ရင်းနှီးမြှုပ်နှံခဲ့သည်။ဒါပေမဲ့လည်း ရလဒ်ကတော့ သူ့ရဲ့ရန်ပုံငွေပမာဏက၃ဘီလီယံသို့ ရောက်ရှိသွားခဲ့သည်။

ဒါက သူ့ကို လုံးဝစိတ်ပျက်သွား‌စေခဲ့သည်။

" ဘာကြောင့် အမြဲတမ်းဒီလိုဖြစ်နေရတာလဲ ? ။ ပြီးတော့ငါက ပိုက်ဆံရှာချင်တာ မဟုတ်ဘူးလေ။ "

" ငါတော့ ဒီအရာတွေကို တစ်ခုမှ နားမလည်နိုင်တော့ဘူး။ "

" ငါ့ကို ရှုံးနိမ့်ခွင့်လေး ပေးပါလား? "

" အို ကောင်းကင်ကြီး ၊ ငါဘာအမှားများလုပ်မိလို့ မင်းငါ့ကို ဒီလိုအပြစ်ပေးနေရတာလဲ ?။

နောက်ဆုံး၌ သူ့ရဲ့ဘဏ်အကောင့်ထဲက‌ငွေပမာဏကို မြင်၍ သူကြောက်ရွံ့လာခဲ့သည်။

All Chapters