အခန်း (၃၈)
Vol. 3 Ch. 38
ထိုနေ့၌ သူသည် လင်ပေ့ဖန်၏ရုံးခန်းထဲသို့ ပင်ပန်းနေသော မျက်နှာအမူအရာဖြင့် ဝင်လာပြီး
" ဘော့စ်လင်၊ ငါအရမ်းပင်ပန်းနေလို့ ရက်အနည်းငယ်လောက်နားဖို့ လိုအပ်တယ်။ " ဟု ပြောလိုက်သည်။
" အနားယူချင်လို့လား? "
လင်ပေ့ဖန်သည် အနည်းငယ် ပဟေဠိဖြစ်သွား၍
" ဘာကြောင့် မင်းအနားယူဖို့အတွက် အချိန်လိုအပ်နေရတာလဲ? " ဟု မေးမြန်းလိုက်သည်။
" ဘာကြောင့်လဲဆိုတော့ အလုပ်ပိတဲ့ဒဏ်က အရမ်းများလွန်းတယ်။ ငါ ငွေရှာဖို့ ကြိုစားတဲ့အချိန်မှာလည်း စိတ်ဖိစီးမှုက အရမ်းများတယ်။အဲ့ဒါကြောင့်ဘဲ အခုချိန်မှာ ငါကိုယ်ရောစိတ်ရော ပင်ပန်းနေပြီ။ ဒါ့အပြင် ငါစိတ်ဓာတ်ကျပြီးတော့ ကောင်းကောင်းလည်း မအိပ်ရတာေကြာင့် ငါ့ရဲ့ ဆံပင်တွေတောင်မှ အဖြူရောင်သန်းနေပြီ။ဒါကြောင့် မင်းဆီလာပြီး ခွင့်လာတောင်းရတာဘဲ ။" ဟု ဇာတ်လိုက်ရဲ့ရှင်းချန်က ခေါင်းညိတ်ပြီး အခိုင်အမာပြောလိုက်သည်။
အကယ်၍ သူဒီအတိုင်းပဲ အလုပ်ဆက်လုပ်နေရင်၊ မကြာခင် သူရူးသွားမှာကို သူကြောက်နေမိသည်။
ထို့အပြင် မိမိကိုယ်တိုင် မိမိရန်သူ့ကို ထိပ်ဆုံးသို့ ရောက်အောင် တွန်းပို့တာထက် ပိုပြီးတော့နာကျင်စေသည့်အရာ မရှိနိုင်ပေ။
ဒီခံစားချက်မျိုးက မင်းချစ်တဲ့မိန်းမကို မင်းရန်သူရဲ့ အိပ်ခန်းထဲသို့ ပို့ပေးလိုက်တာနဲ့ သွားတူနေသည်။
ထို့နောက် လင်ပေ့ဖန်သည် ခေါင်းညိတ်လိုက်ပြီး စိုးရိမ်စွာဖြင့် " မင်းပင်ပန်းနေတယ်ဆိုတော့ ကောင်းကောင်းအနားယူလိုက်ပါဦး။ အလုပ်က အရေးကြီးပေမဲ့လည်း မင်းရဲ့ ကျန်းမာရေးက ပိုပြီးတော့ အရေးကြီးတယ် ။ မင်းလို့ ပင်ကိုယ်စွမ်းရည် အရမ်းထူးချွန်တဲ့ လူမျိုးကို ငါမဆုံးရှုံးချင်ဘူး။ " ဟု ပြောလိုက်သည်။
" ဘော့စ်လင် ၊ မင်းရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ " ဟု ရဲ့ရှင်းချန်က ပြန်ပြောခဲ့သည်။
လင်ပေ့ဖန်က ပြုံးလိုက်ပြီး " ဒီရက်အတောအတွင်းမှာ မင်းက ငါတို့ကုမ္ပဏီအတွက် ပိုက်ဆံသန်းပေါင်းများစွာကို ထူးခြားပြောင်မြောက်စွာနဲ့ ရှာပေးခဲ့တယ်။ ဒါကြောင့် ငါက ပိုက်ဆံ သန်း၁၀၀ကို မင်းအတွက် ဘောနပ်စ် ပေးလိုက်မယ်။ ခဏနေကြရင် မင်းရဲ့ဘဏ်အကောင့်ထဲကို ပိုက်ဆံရောက်ပြီလားဆိုတာ ကြည့်ကြည့်လိုက်ဦး ။ " ဟု ပြောလိုက်သည်။
" ဒါ့အပြင် မင်းရဲ့လက်ရှိရာထူးကိုလည်း ငါတိုးပေးလိုက်မယ်။ မင်းမှာ အခုလက်ရှိရာထူးမရှိပေမဲ့ မင်းရဲ့ရာထူးနှင့်ခံစားခွင့်ကတော့ အထွေထွေမန်နေဂျာရာထူးနဲ့ တူညီတယ်။ မင်းရဲ့တစ်နှစ်လုပ်အားခကလည်း ယွမ် ၁သန်းဖြစ်ပြီးတော့ လူမှုရေးနှင့် ဆေးဘက်ဆိုင်ရာ အကျိုးကျေးဇူးများအားလုံးကိုလည်း ကုမ္ပဏီက မင်းကို ပံ့ပိုးပေးလိမ့်မယ်။ " ဟု လင်ပေ့ဖန်က ထပ်ပြောခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်၏ စိတ်ထဲ၌ အနည်းငယ်လှုပ်ရှားသွားခဲ့သည်။
*ဒီနတ်ဆိုးလင်ပေ့ဖန်ကို အရမ်းချစ်စရာကောင်းတဲ့လူလို့ ပြောရမှာဘဲ။*
*သူက ပိုက်ဆံပေးပြီးတော့ သူ့ရဲ့ပါဝါကို စွန့်လွှတ်ဖို့လည်း ဆန္ဒရှိတယ်။*
အကယ်၍ သူ့နေရာမှာသာ ဘီလီယံပေါင်းများစွာ ချမ်းသာတဲ့ သူဆိုရင်တော့ သူသိတာမကြာသေးတဲ့ အလုပ်သမားတစ်ယောက်အတွက်နဲ့ ပိုက်ဆံသန်း 100 ကို ပေးဖို့ဆန္ဒမရှိမှာ အသေအချာဘဲဖြစ်သည်။
ဒါပေမဲ့လည်း လင်ပေ့ဖန်ကတော့ အဲ့လို လုပ်ခဲ့သည်။ထို့ပြင် သူ့ကိုတောင်မှ ရာထူးချက်ချင်းတိုးပေးခဲ့သည် ။
သူ့ရဲ့အတိတ်ဘဝတုန်းက လင်ပေ့ဖန်မှာ သစ္စာရှိတဲ့လက်အောက်ငယ်သားတွေ အများကြီးရှိတာက အံ့ဩစရာမဟုတ်တော့ပေ။
" ကျေးဇူးတင်ပါတယ်၊ ဘော့စ်လင် "
" ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ ဒါက မင်းနဲ့ထိုက်တန်လို့ မင်းရတာဘဲ။ "ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် မတ်တပ်ရပ်၍ သူ့ရဲ့ ကုတ်အင်္ကျီကို ဝတ်ခဲ့သည်။
" ဘော့စ်လင် ၊မင်းဘယ်နေရာကို သွားဖို့လဲ? " ဟု ရဲ့ရှင်းချန်က မေးလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က ပြုံး၍ " ဆေးရုံကိုသွားပြီးတော့ အစ်ကိုရှောင်ဆီ သွားလည်မလို့လေ။ ပြီးတော့ ဆေးရုံမှာလည်း သူတစ်ယောက်ထဲအထီးကျန်နေမှာပေါ့။ဒါကြောင့် ငါ၊သူ့ဆီမကြာခဏသွားလည်ပြီးတော့ သူ့ကို မစိုးရိမ်ရအောင် ကူညီပေးတာပါ။ "ဟု ပြောခဲ့သည်။
ရဲ့ရှင်းချန်သည် စိတ်လှုပ်ရှားလာခဲ့ပြီး " ဘေ့ာစ်လင် ၊ ငါလည်း မင်းနဲ့အတူတူ အဖော်လိုက်ခဲ့ပေးမယ်။ " ဟု ပြောလိုက်သည်။
သူတို့နှစ်ယောက်သည် ဆေးရုံသို့ အချိန်အနည်းငယ်ကြာပြီးနောက် ရောက်ရှိခဲ့ကြသည်။
လင်ပေ့ဖန်သည် အဖြူရောက်ပန်းစည်းတစ်စီးကို ကိုင်၍ နောက်တစ်ကြိမ် လူနာဆောင်ထဲသို့ လေးလံသောအမူအရာဖြင့် ဝင်လာခဲ့သည် ။
" အစ်ကိုရှောင်၊ မင်းရဲ့အခြေအနေ အရင်ကထက် ပိုကောင်းလာပြီလား? "ဟု လင်ပေ့ဖန်က မေးလိုက်သည်။
ရှောင်ချန်းက" ပိုကောင်းလာပြီ "ဟု ပြောလိုက်သည်။
" ငါ ဒီရက်ထဲမှာ အလုပ်များနေတာကြောင့် မင်းဆီကို ငါလာတာ နည်းနည်းနောက်ကျသွားတယ်။ ဒါကြောင့် မင်းနာလည်ပေးမယ်လို့ ငါမျှော်လင့်ပါတယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် ရှောင်ချန်းက " အကယ်၍ မင်းလာမလည်ရင်၊ ငါပိုပြီးတော့ ပျော်တယ်။ " ဟု ပြောလိုက်သည်။
" ဟားဟား…အစ်ကိုရှောင်၊မင်းလည်း ဟာသပြောတတ်တာပဲ " ဟု လင်ပေ့ဖန်က ပြန်ပြောလိုက်သည်။
ထိုအချိန်တွင် ရှောင်ချန်းသည် လင်ပေ့ဖန်၏ နောက်က ရဲ့ရှင်းချန်ကို သတိထားမိလိုက်ပြီး သူ့၏ စိတ်ထဲတွင် ဒေါသလှိုင်းလုံးများ ပေါက်ကွဲထွက်လာသလို ခံစားခဲ့ရ၍ " ဘာကြောင့် သူပါ၊ပါလာတာလဲ? " ဟု မေးလိုက်သည်။
သူသည် လင်ပေ့ဖန်ကို မနှစ်သက်ပေမဲ့ နောက်ကျောကနေ ဓားနဲ့ထိုးတဲ့သူကို ပိုပြီးတော့တောင်မှ စက်ဆုပ်သေးသည် ။အထူးသဖြင့် သူ့၏ရန်သူကို ပြန်ကူညီနေသော ရဲ့ရှင်းချန်ကဲ့သို့လူမျိုးကို သူရွံ့ရှာစက်ဆုပ်သည် ။
" သူက မင်းကိုတွေ့ဖို့လာတာလေ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က ရဲ့ရှင်းချန်၏ပုခုံးကို ကျေနပ်စွာဖြင့် ပုတ်လိုက်ပြီး " ငါ့သူငယ်ချင်းရဲ့က ရင်းနှီးမြှုပ်နှံရေးကမ္ဘာမှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်တယ်ဆိုတာကို မင်းသိလား?။ ပြီးတော့ သူ့ရဲ့ ရင်းနှီးမြှုပ်နှံရေးစွမ်းရည်က အတော်လေးကိုတိကျလွန်းတယ်။ ဒီရက်ထဲမှာလည်း သူက ပိုက်ဆံသန်း၃၀၀ကို ရွှေ၊ ရေနံစိမ်းနှင့်အခြားလူသုံးကုန်ပစ္စည်းများကို ရောင်းဝယ်ခြင်းအားဖြင့် ငါ့ကိုကူညီပြီး ရှာပေးခဲ့တယ်။ " ဟု ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသောအခါတွင် ရှောင်ချန်း၏အသံသည် တုန်ခါသွားခဲ့ပြီး "ဘယ်..ဘယ်လောက်လဲ?။မင်းငါ့ကို ခုနက ဘာပြောလိုက်တာလဲ? " ဟု ပြန်မေးမြန်းလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က လက်သုံးချောင်းကို ထောင်ပြလိုက်ပြီး " သန်း၃၀၀ပဲ။ငါ့သူငယ်ချင်းရဲ့က ရက်အနည်းငယ်အတွင်းမှာပဲ ပိုက်ဆံသန်း၃၀၀ကို ကူရှာပေးခဲ့တယ်။ ဒါကြောင့် သူက အံ့ဩစရာမကောင်းဘူးလား? " ဟု ပြောလိုက်သည်။
ရှောင်ချန်းသည် အလွန်ဒေါသထွက်တာကြောင့် သွေးအန်လုနီးပါး ဖြစ်သွားခဲ့သည်။
*သူက ပိုက်ဆံ သန်း၃၀၀ကို ရက်အနည်းငယ်တွင်းမှာဘဲ ရှာခဲ့တယ်ပေါ့။*
*သူသိရသလောက်တော့ ၊သူ့အတိတ်ဘဝတုန်းက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ လင်ပေ့ဖန်တောင် ဒီလောက်ထိ အံ့ဩစရာမကောင်းခဲ့ပေ။*
*လင်ပေ့ဖန်တောင်မှ ရင်းနှီးမြုပ်နှံရေးကုမ္ပဏီတွင် ယွမ်သန်း ၃၀၀ရဖို့အတွက် လေးလလောက်ကြာေအာင်လုပ်ခဲ့ရသည်။။ အဲ့ဒီ အရှိန်ကတောင် တော်တော်လေးကို အံ့မခန်းဖြစ်နေပြီဖြစ်သည်။*
*အခုတော့ မင်း၊ရင်းနှီးမြှုပ်နှံလိုက်မှဘဲ အချိန်က အရင်ကထက် ဆယ်ဆလောက်ပိုတိုသွားတော့တယ်။*
*မင်းလုပ်လိုက်လို့ နတ်ဆိုးလင်ပေ့ဖန်ရဲ့ တိုးတက်မှုက အရင်ကထက်တောင်မှ ပိုပြီးတောမြန်လာတော့မှာပေါ့ဟ ?။*
* ရဲ့ရှင်းချန် ၊မင်းက သေသင့်တယ်။ *
* မင်းကလုံးဝကို သစ္စာဖောက်ဘဲ။မင်း အရင်တုန်းက သူ့ကို သန်းဆယ်ဂဏန်းလောက် ရှာပေးခဲ့တယ်။အခုတော့ မင်းက သန်းရာဂဏန်းလောက် ပိုရှာပေးပြန်ပြီ။ *
* ငါ၊မင်းလို အရှက်မရှိတဲ့လူကို တစ်ခါမှမမြင်ဖူးဘူး*
* ငါတို့နှစ်ယောက် တစ်ဖက်တည်းမှာ အတူတူနေလို့မရဘူး။*
ရှောင်ချန်း၏ မျက်လုံးများသည် ဒေါသမီးတောက်များဖြင့် ပြည့်နှက်၍ လူသတ်ချင်နေခဲ့သည်။
ရဲ့ရှင်းချန်သည် အနည်းငယ် ပဟေဠိဖြစ်သွားခဲ့သည်။
*မင်းကို ဒေါသထွက်အောင် ငါဘာမှ မလုပ်ခဲ့ဘူးလေ။မင်းကဘာကြောင့် ဒေါသအရမ်းထွက်နေရတာလဲ? ။*
*တကယ်တမ်း ဒေါသထွက်ရမှာက ငါလေ*
* မင်းနဲ့စေ့စပ်ထားတဲ့သူကို ၊အဝေးခေါ်ဆောင်သွားတဲ့ လူကို မင်းက အကိုလို့တောင် ခေါ်နိုင်သေးတယ်ပေါ့! *
!*မင်းကသစ္စာဖောက်ဘဲ!*
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရှောင်ချန်း၏ ပုခုံးကို ပုတ်လိုက်ပြီး " အစ်ကိုရှောင်၊ကောင်းကောင်းအနားယူလိုက်ဦး။ငါမနက်ဖြန်မှဘဲ မင်းကို နောက်တစ်ခေါက်လာပြန်ကြည့်မယ် " ဟု ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်နှင့်ရဲ့ရှင်းချန်တို့သည် အတူတူ ထွက်သွားခဲ့ကြသည်။
ရှောင်ချန်းသည် သူ့၏လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီးပြောလိုက်သည်။
" ငါဒီမှာကြာကြာ နေလို့မဖြစ်ဘူး။ငါထွက်သွားရမယ်။ငါ့ရဲ့ဒဏ်ရာတွေ ပြန်ကောင်းလာတဲ့အချိန်ထ ငါေစာင့်လို့မဖြစ်ဘူး။လင်ပေ့ဖန်က အခုချိန်မှာ ရန်ပုံငွေအများကြီးရှိတဲ့အတွက် မြန်မြန်တိုးတက်လာမှာ အသေအချာဘဲ။အကယ်၍ မကြာခင်မှာ ငါသူနဲ့ မဆက်ဆံရင်၊ ငါ့မှာ နောက်ထပ် အခွင့်အရေးမရှိတော့ဘူး။"