အခန်း (၃၉)
Vol. 3 Ch. 39
ထို့နောက် ညကိုးနာရီလောက်တွင် ဇာတ်လိုက်ရှောင်ချန်း၏ မျက်လုံးများက ပွင့်လာခဲ့သည်။
ထို့ပြင် သူသည် သူ့၏နံရိုးကိုလည်း ငွေအပ်နှစ်ချောင်းဖြင့်ထိုးလိုက်ပြီး " ငါ့ရဲ့ နံရိုးမှာရှိတဲ့ ဒဏ်ရာတွေက လုံးဝမပျောက်သေးဘူး။ဒါပေမဲ့လည်း ငါ၊ကွေ့ကူ နတ်ဘုရားအပ်ကုသခြင်းနည်းစနစ်ကို ကျေးဇူးတင်ရမယ်။ အဲ့ဒီနည်းစနစ်ကြောင့် ငါရဲ့ဒဏ်ရာတွေတောင်မှ တော်တော်လေးသက်သာလာပြီ။ဒါ့အပြင် ဒဏ်ရာကလည်း အရမ်း မနာကျင်တော့တဲ့အတွက် ဘာပြဿနာမရှိဘဲနဲ့ ငါလမ်းလျှောက်လို့ရပြီ။ " ဟု ပြောလိုက်သည်။
" မင်းအခုချိန်မှာ မထွက်သွားရင် ၊မင်းထွက်သွားလို့ရမှာမဟုတ်တော့ဘူး။ "
ထိုသို့ပြောပြီးနောက် သူသည် စောင်ကို ဖယ်လိုက်ပြီး သူ့၏ကုတ်အင်္ကျီကို ဝတ်၍ ညှပ်ဖိနပ်ကို စီးလိုက်သည်။ထို့နောက်သူသည် ဆရာဝန်များနှင့် သူနာပြုများကို ရှောင်ပြီး ဆေးရုံကနေ ထော့နဲ့ထော့နဲ့ဖြင့် လမ်းလျှောက်ထွက်လာခဲ့သည်။
ဤသို့ဖြင့် သူသွားပြီးလို့ ဆယ်မိနစ်အကြာတွင် သူနာပြုဆရာမတစ်ယောက်သည် လူနာဆောင်ကို လူလာစစ်ကြည့်ချိန်၌ လူတစ်ယောက် ပျောက်နေတာကို ရှာဖွေတွေ့ရှိခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန် နှင့် ဆောင်းယုချင်းတို့သည် နာမည်ကြီးစားသောက်ဆိုင်တစ်ခုတွင် ညစာအတူတူစားနေကြသည်။
ဒီရက်ထဲ၌ တတိယဘီးဖြစ်သော လျိုယုမေ့က သူတို့နှစ်ယောက်ကို လိုက်နှောက်ယှက်နေသော်လည်းဘဲ လင်ပေ့ဖန်နှင့်ဆောင်းယုချင်းတို့ရဲ့ ဆက်ဆံရေးသည်
တိုးတက်လာနေစဲဖြစ်သည်။ထို့ပြင် သူတို့နှစ်ယောက်သည် အပြင်တွင်လည်း မကြာခဏ ညစာအတူတူစားဖြစ်ကြသည်။
သူမလက်ကို ကိုင်တာလောက်တော့ သူ့အတွက် ပြဿနာမရှိပေ။
ထို့အပြင် သူတို့နှစ်ယောက်ကြားတွင် ဖက်ခြင်းနှင့်နမ်းခြင်းကတော့ ခြေတစ်လှမ်းတိုးလိုက်ရုံဖြင့် စတင်လို့ရပြီဖြစ်သည်။ ()
ဘာပဲဖြစ်ဖြစ် လင်ပေ့ဖန်ကတော့ အလျင်စလိုမလုပ် သေးဘဲနဲ့၊သူသည် ဒီလိုချစ်နေတဲ့ခံစားချက်မျိုးကိုသာ ပိုပြီးတော့နှစ်သက်သည်။
ထို့ပြင် သူမသည် သူ့၏မိန်းမဖြစ်လာမည်မှာ အနည်းနှင့်အမြန်ဘဲဖြစ်သည်။
ထိုအချိန်၌ လင်ပေ့ဖန်၏ဖုန်းထဲသို့ ဖုန်းတစ်ကော ဝင်လာခဲ့သည်။
" တောင်းပန်ပါတယ်၊ ငါခုခေါ်လာတဲ့ဖုန်းကို ကိုင်ဖို့လိုတယ် "ဟု လင်ပေ့ဖန်က ဆောင်းယုချင်းကို ပြောလိုက်သည်။
" ရပါတယ်၊အေးအေးဆေးဆေးသွားပြောပါ။" ဟု ဆောင်းယုချင်းက ပြန်ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် အနီးနားမှာရှိတဲ့ သန့်စင်ခန်းထဲသို့ သွားပြီး ခေါ်ဆိုတဲ့ဖုန်းကို ပြန်ဖြေခဲ့သည်။
" ငါက လင်ပေ့ဖန်ပါ။ငါ မင်းအတွက် ဘာများကူညီပေးရမလဲ? "
ထိုအချိန်၌ တစ်ဖက်ရှိဖုန်းမှ စိုးရိမ်စွာဖြင့် ပြောလိုက်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
" ဟယ်လို ၊မစ်စတာလင်။ ကျွန်မက ဆေးရုံက သူနာပြုတစ်ေယာက်ပါ။ကျွန်မအလှည့်ကျတဲ့အချိန် လူနာဆောင်မှာ မစ်စတာရှောင်ချန်း ပျောက်နေတာကို တွေ့ရှိခဲ့တယ်။အဲဒါကြောင့် ရှင့်ကို ဖုန်းဆက်ပြီး အကြောင်းကြားရတာဘဲ။ "
" ပျောက်နေတာလား?။သူဘယ်နေရာကို သွားလို့လဲ?"
ဟု ပြောပြီး လင်ပေ့ဖန်က အံ့အားသင့်သွားခဲ့သည်။
" အဲ့ဒါတော့ ကျွန်မတို့လည်းမသိဘူး။ကျွန်မတို့တော့ သူဘာသာသူ ထွက်သွားတယ်လို့ သံသယရှိတယ်။ ဘာကြောင့်လဲဆိုတော့ သူပိုင်ဆိုင်တဲ့ ပစ္စည်းတွေနဲ့ သူ့ဖိနပ်တွေလည်း ပျောက်နေတယ်။ ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေက အရမ်းပြင်းထန်တဲ့အတွက် သူ လှုပ်ရှားလို့မရနိုင်ဘူး။အဲ့ဒါကြောင့် ကျွန်မတို့ အခုချိန်မှာ စီစီတီဗွီကင်မရာကို ပြန်လည်စစ်ဆေးကြည့်နေတယ်။အကယ်၍ ရှင့်မှာလည်း သူ့နဲ့ပတ်သတ်တဲ့ သတင်းတွေကြားမိရင် ကျေးဇူးပြုပြီး ကျွန်မတို့ကို ပြောပြပေးပါဦး ။"
" အိုကေ၊ ငါနားလည်ပြီ။"
ထို့နောက် သူတို့နှစ်ယောက်လုံး ဖုန်းချခဲ့ကြသည်။
လင်ပေ့ဖန်က အနည်းငယ်ပြုံးလိုက်သည်။
*သူအများကြီး၊တွေးစရာမလိုဘဲနဲ့တောင် ဇာတ်လိုက်ရှောင်ချန်းက အဝေးကို ထွက်သွားပြီဆိုတာ သူအသေအချာသိနေခဲ့သည်။ထို့ပြင် ရှောင်ချန်းက ဆေးရုံမှာ ဆက်နေပြီးတော့ သူ့ထိန်းချုပ်မှုအောက်၌ မနေချင်တော့တာကိုလည်း သူသိနေခဲ့သည်။*
*သူ့ရဲ ဒဏ်ရာတွေ အတွက်ကတော့*
*ရှောင်ချန်းအတွက်တော့ အဲ့ဒီဒဏ်ရာတွေကို နတ်ဘုရားအပ်နည်းပညာဖြင့် လွယ်ကူစွာကုသနိုင်သည် မဟုတ်ပါလား?*
*အို့!စနစ်ဆီကနေ ဆုတောင်းရမည့်အချိန် ရောက်ပြီဘဲ*
ထို့နောက် လင်ပေ့ဖန်သည် သူ့၏စိတ်ထဲတွင် တိုးတိတ်စွာဖြင့် ပြောလိုက်သည်။
[ စနစ် ၊ငါဆုတောင်းမှာက ….]
ထိုအချိန်တွင် သူသည် သူနှင့် သိပ်မဝေးသော နေရာတွင် ရှိနေတဲ့ ဆောင်းယုချင်းကို ကြည့်လိုက်ပြီး သူမ ဝိတ်ကျသွားပြီဆိုတာကို သူသိရှိလိုက်သည်။ထို့ကြောင့် သူသည် စိတ်ထဲကနေ စနစ်ဆီကို ဆုတောင်းခဲ့သည်။
[ ငါ ဆုတောင်းမှာကတော့ ပေါင်ချိန်၁၁၅ပေါင် အလေးချိန်ရှိတဲ့ အလှလေးရဲ့ တက်ဖိမိခြင်းကို ငါ၊ခံရပါစေ။ သခင်ကြီးစနစ် ]
[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စီးပေးလိုက်ပါသည်။ ]
ထို့နောက် လင်ပေ့ဖန်သည် ရယ်မောလိုက်ပြီး " ရှောင်ချန်း၊ မင်းငါ့ကို ပြဿနာမရှာဘဲနဲ့ ဆေးရုံမှာ လိမ်လိမ်မာမာနေတာကမှ မင်းအတွက် ပိုကောင်းဦးမယ်။ " ဟု ပြောလိုက်သည်။
ဤသို့ဖြင့် သူသည် ဆောင်းယုချင်းဆီသို့ ပေါ့ပါးသောခြေလှမ်းများဖြင့် လမ်းလျှောက်သွားခဲ့သည်။
ဒါပေမဲ့လည်း အဲ့ဒီအချိန်၌ အရပ်ရှည်ပြီးချောမောသောအမျိုးသမီးတစ်ယောက်သည် သန့်စင်ခန်းထဲကနေ လမ်းလျှောက်ပြီးထွက်လာခဲ့သည်။
ထို့အပြင် သူမသည် သူမ၏ခေါင်းကို ငုံ့ပြီး မြန်မြန်လမ်းလျှောက်လာခဲ့ချိန်တွင် မတော်တဆဖြစ်ပြီး ဗွက်အိုင်ကို တက်နင်းမိခဲ့သည်။ထို့ကြောင့် သူမသည် ဟန်ချက်ပျက်သွားခဲ့ပြီး လင်ပေ့ဖန်ကို တိုက်မိခဲ့သည်။( သန့်စင်ခန်းက အပြင်မှာထင်တယ်ဗျ)
" သတိထား! "
လင်ပေ့ဖန်သည် သူ့၏နောက်က လှုပ်ရှားမှုကို ခံစားရ၍ သူ့၏ဦးခေါင်းကို လှည့်ပြီး ကြည့်လိုက်ချိန်တွင် တစ်ခြားလူက သူ့အပေါ်သို့ လဲကျလာခဲ့သည်။
ထို့နောက် သူတို့နှစ်ယောက်စလုံး အတူတကွ ပြုတ်ကျသွားခဲ့ပြီး နာကျင်မှုကို ခံစားခဲ့ရသည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် နွေးထွေးတဲ့ခန္ဓာကိုယ်နဲ့ မွှေးပျံ့တဲ့ သင်းရနံ့တစ်ခုကို ခံစားလိုက်၍ သူသည် သူ့၏မျက်လုံး ဖွင့်၍ကြည့်လိုက်ချိန်တွင် သူမကို မြင်လိုက်ရပြီး " မင်းပဲပေါ့ " ဟု ပြောခဲ့သည်။
သူ့၏အရှေ့က အမျိုးသမီးကတော့ မိုဟိုင်မြို့ရဲ့ အလှလေးနှစ်ယောက်ထဲက ဒုတိယအလှလေးဖြစ်သည်။ထို့ပြင် သူမသည် ဒုတိယအမျိုးသမီးဇာတ်လိုက် ဖြစ်ပြီးတော့ လီချောင်းဂရုရဲ့ စီအီအိုအလှလေးလည်းဖြစ်တဲ့ ချူရိုရွယ်ဘဲ ဖြစ်သည်။သူမ၏ အလှနှင့်ဉာဏ်ရည်သည် ဆောင်းယုချင်းအောက် မလျော့ကြပေ။
သို့သော်လည်း နူးညံ့သိမ်မွေ့ပြီး သဘောထားကြီးသော ဆောင်းယုချင်းနှင့် နှိုင်းယှဉ်ပါက သူမသည် မာနကြီးပြီး ခေါင်းမာ၍ တဇွတ်ထိုးနိုင်သည်။
ဘာကြောင့်လဲဆိုတော့ သူမရဲ့နောက်ခံနှင့်လွှမ်းမိုးမှုက သူ့အောက် မနှိမ့်ကျသည့် အတွက်ကြောင့်ဖြစ်သည်။ထို့ကြောင့် သူမသည် အတော်လေးကိုမာနကြီးသည်။
မူရင်းဇာတ်လမ်းတွင်တော့ သူမသည် စစ်နတ်ဘုရားရဲ့ရှင်းချန်၏ လူသိရှင်ကြားသိတဲ့ အမျိုးသမီးလက်တွဲဖော်ဖြစ်သည်။
ဒါပေမဲ့လည်း လင်ပေ့ဖန်ပေါ်လာပြီးနောက်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
ထိုအချိန်တွင် သူမလည်း လင်ပေ့ဖန်ကို မှတ်မိသွားခဲ့ပြီး " လင်ပေ့ဖန်၊ ဘာကြောင့် နင်ဖြစ်နေရတာလဲ?။နင်ဒီမှာ ဘာလုပ်နေတာလဲ?။ " ဟု အံ့အားသင့်စွာဖြင့် ပြောခဲ့သည်။
ထို့ပြင် သူတို့နှစ်ယောက်စလုံးသည် မိုဟိုင်မြို့ရဲ့အထက်အသိုင်းအဝိုင်းတွင် ကျော်ကြားသူများကြသည်။အကယ်၍ သူတို့နှစ်ယောက်သည် မရင်းနှီးရင်တောင်မှဘဲ၊ သူတို့အချင်းချင်း သဘာဝအားဖြင့် တစ်ယောက်ကိုတစ်ယောက် သိရှိကြသည်။
" အဲ့စကားကို ငါက နင့်ကို မေးသင့်တာ။" ဟု လင်ပေ့ဖန်က မှင်တက်သွားပြီး ပြန်ပြောခဲ့သည်။
" နင်အရင်ဆုံး ငါ့အပေါ်ကနေ အရင်ဖယ်ပေးနိုင်မလား? " ဟု လင်ပေ့ဖန်က ထပ်ပြောလိုက်သည်။( အေးဆေးလည်းငြိမ်နေရမှာကို )
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်၏မျက်နှာသည် ချက်ချင်း အနီရောင်သို့ ပြောင်းသွားခဲ့သည်။ထို့ပြင် သူမတစ်သက်တာတွင်လည်း ဒီမတိုင်ခင်က ယောက်ျားတစ်ယောက်နှင့် ဒီလိုနီးနီးကပ်ကပ်မနေခဲ့ဖူးပေ။
ပြီးတော့လည်း ထိုလူက နာမည်ဆိုးဖြင့်ကျော်ကြားတဲ့ ပလေးဘွိုင်းလင်ပေ့ဖန်ဖြစ်နေခဲ့သည်။ သူမသည် အခွင့်ရေးယူခံလိုက်ရသကဲ့သို့ ခံစားခဲ့ရသည်။
ဒါပေမဲ့လည်း အရမ်းချောမောလွန်းတဲ့ လင်ပေ့ဖန်၏ ရုပ်ရည်ကို ကြည့်ပြီးချိန်တွင် သူမအတွက် အရှုံးမရှိဘူးဟု ခံစားခဲ့ရသည်။
သူမ၏ ခေါင်းကို ရမ်း၍ အဲ့ဒီညစ်ပတ်နေတဲ့ အတွေးများကို ရှင်းထုတ်လိုက်ပြီး နီမြန်းသောပါးပြင်များဖြင့် သူမသည် မြန်မြန်မတ်တပ်ထားရပ်ခဲ့သည်။ထို့နောက် သူမသည် သူမ၏ သွားကိုစိ၍ ကြမ်းကြတ်စွာဖြင့် လင်ပေ့ဖန်ကိုကြည့်လိုက်ပြီး ခြိမ်းခြောက်ခဲ့သည်။
" ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီးတော့ ရှင့်ကို၊ တစ်ယောက်မှကို ပြန်ပြောခွင့်မပြုဘူး။အကယ်၍ ရှင် ပြန်ပြောတာကို ကျွန်မရှာတွေ့ခဲ့ရင်တော့ ရှင်နောင်တရလိမ့်မယ်။ "
" မစိုးရိမ်ပါနဲ့၊ ငါဒီအားနည်းချက်ကို၊ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ " ဟု လင်ပေ့ဖန်က သူမကို ယုံကြည်စိတ်ချစေရန် ပြောလိုက်သည်။
" ရှင် !..." ဟု ပြောပြီး ချူရိုရွယ်သည် စိတ်ဆိုးစွာဖြင့် အဝေးကို လမ်းလျှောက်ထွက်သွားခဲ့သည်။
ဒါပေမဲ့လည်း သူမသည် ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက်တွင် ပြန်လှည့်လာခဲ့၍ " ခဏစောင့်ဦး " ဟု လင်ပေ့ဖန်ကို ပြောလိုက်သည်။
လင်ပေ့ဖန်က သူမကို ပြန်မေးမြန်းလိုက်သည်။
" ပြောစရာတစ်ခုခုရှိလို့လား ?"
" ကျွန်မကြားမိတာကတော့ ရှင် ၊လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့ ပူးပေါင်းပြီးတဲ့ေနာက်မှာ ကုမ္ပဏီက အများကြီးတိုးတက်လာတယ်ဆို?"ဟု ချူရိုရွယ်က ပြောလိုက်သည်။
" အများကြီးတိုးတက်လာတယ်လို့တော့ ပြောလို့မရ သေးဘူး။ ဒါပေမဲ့ အဆင်ပြေတယ်လို့တော့ ပြောလို့ရတယ်။ " ဟု လင်ပေ့ဖန်က ကျိုးနွံစွာဖြင့် ပြန်ဖြေခဲ့သည်။
ထို့ပြင် သူ့၏အတိတ်ဘဝက ကုမ္ပဏီဖြင့် ယှဉ်လိုက်ပါက ယခုကုမ္ပဏီသည် အများကြီးတိုးတက်ဖို့အတွက် လိုအပ်ချက်တွေ ရှိနေသေးသည်။
"ကျွန်မ၊ ရှင်နဲ့ အလုပ်ကိစ္စတစ်ခုကို သီးသန့် ဆွေးနွေးချင်တယ်။ဒါေကြာင့် မနက်ဖြန်မှာရှင်ရဲ့ ကုမ္ပဏီကိုကျွန်မလာခဲ့မယ်။ အဲ့ဒီအခါကျမှ ထပ်ဆုံကျတာပေါ့။ " ဟု ချူရိုရွယ်က လင်ပေ့ဖန်ကို ပြောလိုက်သည်။
ထိုစကားပြောပြီးနောက် သူမသည် ဘာစကားမှ ထပ်မပြောဘဲနဲ့ လှည့်ထွက်သွားခဲ့သည်။
လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကိုခါလိုက်ပြီး " သူမက အရင်ဘဝတုန်းက အတိုင်းပဲ၊ ဘာမှ မပြောင်းလဲသေးဘူး။" ဟု ပြောလိုက်သည်။