← Chapters

အခန်း (၄၀)

Vol. 3 Ch. 40

အခန်း (၄၀)

Vol. 3 Ch. 40

တစ်ခြားတစ်ဖက်တွင်တော့ ဇာတ်လိုက်ရှောင်ချန်းသည် ကြီးစွာကြိုးစားအားထုတ်ပြီးနောက်၊ နောက်ဆုံးမှာတော့ ဆေးရုံကနေ ထွက်ခွာလာနိုင်ခဲ့သည်။

သူသည် ပြန်လှည့်၍ ခမ်းနာထည်ဝါသော ဆေးရုံအဆောက်အဦးများကို ကြည့်လိုက်သည်။ထို့နောက် သူသည် သူ့၏လက်သီးကို ဆုပ်၍ သူ့၏ သွားများကိုလည်း ကြိတ်လိုက်ပြီး " လင်ပေ့ဖန်၊ မင်းစောင့်နေလိုက်ဦး။ နောက်တစ်ကြိမ် ဒီဆေးရုံမှာ အိပ်နေရမယ့်သူက မင်းဘဲဖြစ်လိမ့်မယ်။ " ဟု ကျိန်ဆိုလိုက်သည်။ထို့ပြင် ရှောင်ချန်းသည် သူ့၏ ကတိစကားကိုလည်း သူအမြဲတည်သည်။ ( သူ့ကျိန်ဆိုတဲ့စကားကို အမြဲတည်တာကို ပြောတာ )

ဤသို့ဖြင့် သူသည် စိတ်လက်ပေါ့ပါးပြီး ပျော်ရွှင်စွာဖြင့် ပန်းခင်းများကို ဖြတ်၍ လမ်းလျှောက်လာခဲ့သည်။ထိုအချိန်တွင် သူသည် ပြေးလာနေသော ဝတုတ်မကြီးတစ်ယောက်နှင့် ခေါင်း‌ချင်းဆိုင်ပြီး တိုက်မိသွားခဲ့သည်။

" ဘမ်း!! "

ရှောင်ချန်းသည် သူ့ကို ရထားတစ်စင်းဖြင့် တိုက်မိသလို ခံစားခဲ့ရသည်။

ထိုပြင်းထန်လွန်းသည့် အား၏ သက်ရောက်မှုက သူ့ကို သဘာဝမကျစွာဖြင့် မီတာအနည်းငယ်လောက်ကို ပျံသန်းသွားပြီးတော့ နောက်ပြန်လှန်ကျ‌အောင် ပြုလုပ်ခဲ့သည်။ထိုအရှိန်ကြောင့် သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျခဲ့သည်။

" အဟွတ်..အဟွတ် "

သူသည် သူ့၏ ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲတော့မလို ခံစားခဲ့ရပြီး သူ့၏ခန္ဓာကိုယ်မှာရှိတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းအားလုံးကလည်း နာကျင်နေခဲ့သည်။

သို့သော်လည်း ထိုအရာက ဒီမှာတင်မပြီးဆုံးသေးပေ။

ထိုတိုက်မိမှုကြောင့် ဝတုတ်မကြီးသည်လည်း ရှောင်ချန်းပေါ်သို့ လေးလံစွာဖြင့် ပြုတ်ကျလာခဲ့သည်။

ထိုအချိန်၌ ရှောင်ချန်း၏ မျက်လုံးများသည် ပြူးကျယ်သွားခဲ့ပြီး " မဟုတ်ဘူး…."

" ဘုမ်း...."

နောက်ဆုံးမှာတော့ ဝတုတ်မကြီးသည် သူ့အပေါ်သို့ ပြုတ်ကျခဲ့သည်။

ထို့ပြင် သူမကြာခင်ကမှ ကုသထားခဲ့တဲ့ သူ့၏နံရိုးများသည်လည်း ကွဲအက်သံဖြင့် နောက်တစ်ကြိမ်ထပ်မံပြီး ကျိုးကြေသွားခဲ့သည်။

ထိုအချိန်တွင် ရှောင်ချန်း၏ မျက်လုံးများသည် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၍ ကမ္ဘာကြီးတခုလုံးကတောင် တိတ်ဆိတ်သွားသလို သူခံစားခဲ့ရသည်။

သို့ရာတွင် အလွန်ပြင်းထန်လွန်းသည့် နာကျင်မှုက သူ့၏အာရုံကြောများကို ချက်ချင်းဘဲ လှုံဆော်ပေးခဲ့သည်။

" အား……! "

ထိုအသံကြီးသည် မီတာရာဂဏန်းလောက်ကို ဖြတ်‌ကျော်သွားခဲ့သည်။

ဤအသံကို ကြားလိုက်ရသူတိုင်းသည် ဝမ်းနည်းသွားခဲ့ပြီး ထိုဖြစ်ရပ်ကို မြင်လိုက်ရသူတိုင်းကလည်း မျက်ရည်ကျခဲ့ကြသည်။

ဝတုတ်မကြီးသည် သူ့ကို ဖိထားရာကနေ စိုးရိမ်စွာဖြင့် ပြန်ထလိုက်ပြီး " ရှင်အဆင်ပြေရဲ့လား ? ။ ရှင်ဒဏ်ရာ ရသွားသေးလား ? ။ " ဟု မေးလိုက်သည်။

" ဘာကြောင့် နင်ထပ်ဖြစ်နေရပြန်တာလဲ ? " ဟု ရှောင်ချန်းသည် အံကြိတ်လိုက်ပြီး ပြောလိုက်သည်။

ထို့ပြင် သူ့အရှေ့က ဝတုတ်မကြီးကတော့ သူ့ကို ဒီမတိုင်ခင်က ဆေးရုံရောက်စေခဲ့တဲ့ ဝတုတ်မကြီး ဖြစ်သည်။

သူသည် ထိုပုံသဏ္ဍာန်ကြီးကို ဘယ်တော့မှ မေ့နိုင်မည် မဟုတ်ပေ။

" အို့၊ ရှင်ပဲ နောက်တစ်ကြိမ် ထပ်ဖြစ်‌ေနပြန်ပြီ၊၊ ဘယ်လိုတောင် တိုက်ဆိုင်လိုက်တာလဲနော် ? " ဟု ဝတုတ်မကြီးက အပြစ်ကင်းစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။

" မင်းဒီမှာ ဘာလုပ်နေတာလဲ ? " ဟု ရှောင်ချန်းက မေးလိုက်သည်။

ဝတုတ်မကြီးသည် သူမ၏ ဦးခေါင်းကို သိမ်ငယ်စွာဖြင့် ငုံ့လိုက်ပြီး " ကျွန်မက အရမ်းဝလွန်းတယ်လို့ ခံစားရတယ်။ဒါကြောင့် ညတိုင်း ပုံမှန်ပြေးပြီးတော့ ဝိတ်ချဖို့အတွက် ကျွန်မဆုံးဖြတ်ခဲ့တာဘဲ။ ပြီးတော့ ရှင့်ကို ကျွန်မ ပြောပြရဦးမယ်၊ ကျွန်မ၁၀ကီလိုဂရမ်လောက်တောင် ဝိတ်ကျသွားခဲ့တယ်။ဒါ့အပြင် ဝိတ်ကျတာကလည်း တော်တော်လေးကို သိသာတယ်။ " ဟု ပြောခဲ့သည်။

ထိုသို့ပြောပြီးနောက် သူမ၏ မျက်နှာပေါ်တွင်လည်း ဂုဏ်ယူသော အမူအရာဖြစ်လာခဲ့သည်။

ဒါပေမဲ့လည်း သူမသည် ရှောင်ချန်း၏ ဖျော့တော့သော မျက်နှာ နှင့် သူ့၏ နှာဖူးထက်က ကျဆင်းလာခဲ့သော ချွေးသီးချွေးပေါက်များကို မြင်ပြီးနောက် သူမသည် ထိတ်လန့်၍ စိုးရိမ်လာခဲ့ပြီး " ရှင် နေကောင်းလား ?။ ရှင်ပုံစံကို ကြည့်ရတာက အရမ်းနာကျင်နေသလိုဘဲ ။ " ဟု ပြောလိုက်သည်။

ထို့နောက် ရှောင်ချန်းသည် စိတ်တိုစွာဖြင့် " ငါ့ရဲ့ နံရိုးတွေ နောက်တစ်ကြိမ်ထပ်ကျိုးသွားပြန်ပြီ။အဲ့ဒါကမင်းကိုပဲ ကျေးဇူးတင်ရမယ်။ " ဟု ပြောလိုက်သည်။

ဝတုတ်မကြီးသည် ပိုပြီးတော့တောင်မှ ပျာယာခတ်လာခဲ့ပြီး " ကျွန်မရှင့်ကို ဆေးရုံခေါ်သွားပေးပါရစေ " ဟု ပြောခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရှောင်ချန်းသည် ထိတ်လန့်သွားခဲ့ပြီး " ငါ ဆေးရုံကို မသွားချင်ဘူး။ ကျေးဇူးပြုပြီးတော့ ငါမင်းကို အနူးအညွတ် တောင်းပန်ပါတယ်၊ငါ့ကို ဆေးရုံမပို့ပါနဲ့ " ဟု ပြောလိုက်သည်။

" ရှင်ငြင်းလို့မရဘူး။ပြီးတော့ ရှင့်မှာ ဒီလို ဒဏ်ရာ‌ တွေက အများကြီးဘဲ။ဒါကြောင့် ကျွန်မပြောတာကို လက်ခံလိုက်ပါ။ " ဟု ဝတုတ်မကြီးက ပြောလိုက်သည်။

သည်လိုနဲ့ပဲ ဇာတ်လိုက်ရှောင်ချန်းသည် ဆေးရုံသို့ နောက်တစ်ဖန် ရောက်လာခဲ့ပြီး သူ့အရင်တုန်းကနေခဲ့တဲ့ လူနာဆောင်မှာဘဲ လှဲနေခဲ့ရသည်။

ထို့ပြင် တစ်ခုတည်းသော ခြားနားချက်ကတော့ သူ့၏ခန္ဓာကိုယ်မှာ အရင်တုန်းကထက် ပတ်တီးများ ပိုများနေခြင်းပင်ဖြစ်သည်။ ဒါ့အပြင် သူ့၏ အမူအရာကလည်း ပိုပြီးတော့တောင်မှ ထုံထိုင်းနေခဲ့သည်။

*ငါက ဆေးရုံကနေ ထွက်သွားနိုင်ဖို့အတွက်ကြိုးစားခဲ့တာလေ၊ ဒါ့ကို ဘာကြောင့် ဆေးရုံကို ပြန်ပို့ခံရတာလဲဆိုတာကို သူနားမလည်နိုင်‌ေတာ့ပေ။*

* ပြီးတော့ ဖြစ်စဉ်ကလည်း အတူတူပဲ။ * (ဆေးရုံရောက်တဲ့ဖြစ်စဉ်ကိုပြောတာပါဗျ )

*အို ကောင်းကင်ကြီး ၊ ဘာကြောင့် ငါ့ကို ဒီလိုပုံစံနဲ့ ‌ဆက်ဆံရတာလဲ ? *

……

နာရီဝက်လောက်အကြာတွင် လင်ပေ့ဖန် နှင့် ဆောင်းယုချင်းတို့သည် ဆေးရုံသို့ ရောက်ရှိလာခဲ့ကြသည်။

ထို့နောက် လင်ပေ့ဖန်သည် စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

" အစ်ကိုရှောင် ၊မင်းအဆင်ပြေရဲ့လား ? "

ရှောင်ချန်းသည် သူ့၏သွားများကို ကြိတ်လိုက်ပြီး

" ငါအဆင်ပြေတယ်။ မင်းရဲ့ စိုးရိမ်မှုအတွက်လည်း ကျေးဇူးတင်ပါတယ်။ " ဟု ‌ပြန်ပြောလိုက်သည်။

" မင်းကိုယ်မင်းလည်း ကြည့်လိုက်ဦး၊။ ပြီးတော့ မင်းရဲ့ဒဏ်ရာတွေ အကုန်လုံးကလည်း သက်သာလာ‌တော့မယ်ဟာကို မင်းက ဆေးရုံကနေထွက်ပြေးသွားတယ် ။အခုတော့ မင်းရဲ့ ဒဏ်ရာတွေက ပိုဆိုးသွားလို့ အချိန်အကြာကြီး ကုသရတော့မယ်။ မင်း၊သုံးလလောက် ဆေးရုံမှာ မလှဲအိပ်နေဘဲနဲ့ မင်းရဲ့ ဒဏ်ရာတွေက ပြန်ကောင်းမလာနိုင်ဘူး။ ဒါကြောင့် အနာဂတ်မှာ ဒီလို မထွက်ပြေးပါနဲ့တော့၊ ငါပြောတာ မင်းသိတယ်မလား? " ဟု လင်ပေ့ဖန်သည် စိုးရိမ်သောအမူအရာဖြင့် အပြစ်တင်ပြောဆိုခဲ့သည်။

ရှောင်ချန်းက သူ့ကို စိုက်ကြည့်လိုက်သည်။

*မပြေးရဘူးလား ? *

*ဒါဆိုရင် ငါဘဝတစ်သက်လုံးကို မင်းစောင့်ကြည့်မှုအောက်မှာဘဲ နေရမှာလား?။*

" ဟုတ်တယ်။အနာဂတ်မှာ ဒီလို ထွက်‌မပြေးဘဲနဲ့ ဆေးရုံမှာဘဲ နေပြီးတော့ ရှင့်ရဲ့ဒဏ်ရာတွေကို ကုသသင့်တယ်။အသက်ကဖြင့် သေခါနီးနေပြီး သူတို့ကိုယ်သူတို့ ဘယ်လိုဂရုစိုက်ရမလဲဆိုတာတောင် အခုချိန်ထိမသိသေးဘူး။" ဟု ဆောင်းယုချင်းက နာကြည်းမှုအရိပ်အမွက်ပါသော ပုံစံဖြင့် ပြောလိုက်သည်။

.

သူမနှင့် လင်ပေ့ဖန်တို့၏ ပျော်စရာကောင်းပြီး ကြည်နူးဖွယ်ကောင်းသော ဒိတ်လေးက သူ့ကြောင့် ပျက်ဆီးခဲ့ရသည်။

ထို့ကြောင့် သူမ၏ စိတ်ထဲတွင်တော့ ရှောင်ချန်းကို နာကြည်း နေခဲ့သည်။

လင်ပေ့ဖန်သည် သက်ပြင်းချလိုက်ပြီး " ကောင်းပြီ၊စကားအများကြီးထပ်မပြောနဲ့တော။ ကောင်းကောင်းအနားယူလိုက်ဦး။ငါတို့အခု ပြန်လိုက်ဦးမယ်။ "ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ဆောင်းယုချင်း၏ လက်ကို ကိုင်လိုက်သည်။

ရှောင်ချန်းသည် ထိတ်လန့်သွားခဲ့ပြီး " မင်းတို့နှစ်ယောက်က……"

" အစ်ကိုရှောင်၊ ငါမင်းကို မိတ်ဆက်ပေးပါရစေ။ " ဟု လင်‌ပေ့ဖန်က မော်ကြွားစွာဖြင့် ပြောလိုက်သည်။

" ယုချင်းက အခု ငါ့ကောင်မ‌လေး ဖြစ်သွားပြီ။ငါတို့အတူတူ အချိန်ဖြုန်းပြီးတဲ့နောက်မှာ တစ်ယောက်အကြောင်းကို တစ်ယောက် သိပြီးတော့ ရည်းစားတွေဖြစ်ခဲ့ကြတယ်။ "

ဆောင်းယုချင်း၏မျက်နှာသည် အနည်းငယ် နီသွားခဲ့ပေမဲ့လည်း သူမသည်၊မငြင်းပယ်ခဲ့ပေ။

ရှောင်ချန်းသည် အလွန်ဒေါသထွက်လွန်းတာကြောင့် သွေးတစ်လုတ် အန်ထုတ်လုနီးပါး ဖြစ်ခဲ့ရသည်။

*ဒါက ၁၀ရက်ကျော်ကျော်ပဲရှိ‌ေသးတယ်လေ။ ရည်းစားတွေ ဖြစ်‌နေကြပြီလား?*

" ဒါကအရမ်းမြန်လွန်းတယ်။"

*အရှက်မရှိလိုက်တာ!*

* တကယ့်က်ု အရှက်မရှိတာဘဲ။*

ရှောင်ချန်းသည် သူ့၏ ခေါင်းပေါ်တွင် နောက်တစ်ကြိမ်ထပ်ပြီး အစိမ်းရောင်အလင်းတန်းလေး ထုတ်လွှတ်နေသလို ခံစားခဲ့ရသည်။

* ပြီးတော့ အရောင်ကလည်း အစိမ်းရောင်တောက်တောက်လေး!*

ထိုအရာက သူ့၏နှလုံးကို တုန်လှုပ်အောင် ပြုလုပ်ခဲ့သည်။

" ကောင်းပြီ။ငါတို့ ဆက်မပြောတော့ဘူး။ ယုချင်းနဲ့ငါ ၊ငါတို့ချိန်း‌တွေ့တာကို ဆက်လုပ်လိုက်ဦးမယ်။ မင်းကိုယ်ကို မင်းပဲဂရုစိုက်လိုက်တော့။ အကယ်၍ မင်းရဲ့ဒဏ်ရာတွေပြန်သက်သာလာရင်တော့ ငါတို့မင်္ဂလာဆောင်သကြားလုံးကို မင်း စားရလိမ့်မယ်။ဟားဟား.."ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရှောင်ချန်း၏ ရင်ထဲတွင်တော့ ဒူးရင်းသီးတွေ သီးနေခဲ့သည်။

*သူက ငါ့ရဲ့စေ့စပ်ထားသူက ခိုးပြီးတော့ ငါ့ရဲ့ ရှေ့မှာတောင် ကြွားလုံးလာထုတ်သွားသေးတယ်။*

*မောက်မာလိုက်တာ*

* တော်တော်လေးကို မောက်မာလွန်းတာဘဲ *

* သူ့၏ နံရိုးက နာကျင်မှုသည် သူ့၏နှလုံးသားထဲက နာကျင်မှုနှင့် မနှိုင်းယှဉ်နိုင်ပေ။ *

"လင်‌ပေ့ဖန်၊ မင်းနဲ့ငါက ကမ္ဘာမကြေရန်သူ‌တွေဖြစ်သွားပြီး ။"

" အခုကစ‌ပြီးတော့ မင်း မဟုတ်ရင် ငါ သေမှဘဲ ဒီရန်ငြိုးက ပြေလည်သွားလိမ့်မယ်။ "

" ငါတို့သွားတော့မယ်၊ နူတ်ဆက်ပါတယ် "ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ဆောင်းယုချင်း၏ လက်ကိုကိုင်၍ အခုဖတ်နေတဲ့fa‌လေးများကို ဂရုမစိုက်သောအမူအရာဖြင့် ဆေးရုံကနေ ထွက်ခွာသွားခဲ့သည်။

" အာ..." ဟူသော စိတ်တိုစွာဖြင့် အော်လိုက်သောအသံသည် ဆေးရုံတစ်ခုလုံးသို့ ပဲ့တင်သံထပ်သွားစေခဲ့သည်။

All Chapters