← Chapters

အခန်း (၄၂)

Vol. 3 Ch. 42

အခန်း (၄၂)

Vol. 3 Ch. 42

" ငါ့မှာ အခုလောလောဆယ်တော့ ပိုက်ဆံ သန်း၅၀၀မရှိသေးဘူး။ဒါပေမဲ့ ငါ့လက်ထဲမှာ ပိုက်ဆံ သန်း၃၀၀တော့ရှိတယ်။ငါ့ကို အချိန်တစ်လလောက်ပေးရင်တော့ အဲ့ဒီပိုက်ဆံ သန်း၅၀၀နဲ့အတူ မင်းရဲ့ကုန်းမြေကို ဝယ်ယူဖို့က ငါ့အတွက် မဖြစ်နိုင်တာတော့ မဟုတ်ဘူး။" ဟု လင်ပေ့ဖန်က ပြုံးပြီး ပြောလိုက်သည်။

ချူရိုရွယ်သည် အလွန်အမင် အံ့အားသင့်သွားခဲ့၍

" အို့! ရှင့်မှာ အမှန်တကယ်ဘဲ ပိုက်ဆံအများကြီးရှိတာလား?။ အဲ့ဒီပိုက်ဆံတွေကို ရှင့်အဖေဆီကနေ ရခဲ့တာလား?။ဟု ပြောလိုက်သည်။

" မစ်စ်ချူ၊ မင်း မစ်စတာလင်ကို အထင်‌လွဲနေပြီ။" ဟု လင်‌ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဥက္ကဌက အပြုံးလေးတစ်ပွင့်ဖြင့် ဝင်ရောက်ပြောဆိုခဲ့သည်။

" ဒီပိုက်ဆံအားလုံးကို မစ်စတာလင်က သူ့ဘာသာသူပဲ ရှာထားခဲ့တာ။ဒါ့အပြင် မစ်စတာလင်က ဒီကုမ္ပဏီကိုလည်း လွန်ခဲ့တဲ့ လဝက်ခန့်ကမှ ပူးပေါင်းခဲ့ပြီးတော့ အဲ့ဒီအချိန်မှာ သူရရှိတဲ့ရန်ပုံငွေပမာဏကလည်း သန်း၁၀၀ပဲရှိတယ် ။ ဒါပေမဲ့လည်း လဝက်မပြည့်ခင်မှာဘဲ သူက လုပ်ငန်းအမျိုးမျိုးနဲ့ စတော့ဈေးကွက်အမျိုးမျိုးရောင်းဝယ်ခြင်းဖြင့် ရန်ပုံငွေပမာဏကို သန်း၃၀၀အဖြစ် ပြောင်းလဲနိုင်ခဲ့တယ်။ငါတို့ရဲ့ ရင်းနှီးမြှုပ်နှံရေးနယ်ပယ်မှာတော့ မစ်စတာလင်က လုံးဝထိပ်တန်းအဆင့်မှာရှိတယ်။ " ဟု ပြောလိုက်သည်။

ချူရိုရွယ်သည် ပင့်သက်ရှိုက်လိုက်ပြီး " သူက လဝက်မပြည့်ခင်အချိန်အတွင်းမှာဘဲ ရန်ပုံငွေသန်း၁၀၀ကနေ သန်း၃၀၀ဖြစ်အောင် ရှာနိုင်ခဲ့တယ် ပေါ့။ "ဟု ပြောလိုက်သည်။

*ဒါက တကယ့်ကို အံ့ဩဖွယ်ရာဘဲ။*

*ဒီလိုရူးသွပ်ချင်စရာကောင်းတဲ့ဖြစ်ရပ်ကို သူမဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။ *

*သူမရှေ့က ပလေးဘွိုင်းကို သူမသည် အမြင်သစ်ဖြင့် ကြည့်လိုက်မိသည်။*

လင်ပေ့ဖန်က နှိမ့်ချစွာဖြင့် ပြန်ပြောလိုက်သည်။

" ဒါက ငါတစ်ယောက်ထဲ ကြိုးစားခဲ့တာမဟုတ်ပါဘူး၊လူတိုင်းက အတူတူကြိုးစားခဲ့‌တာကြောင့် ဒီရလဒ်က ထွက်လာခဲ့တာဘဲ။ ပြီးတော့ အမှန်တကယ် တန်း ချီးကျူးရမဲ့သူကလည်း ငါ့အစ်ကိုရဲ့ဘဲ။ သူမပါဘဲနဲ့ ငါတို့ဒီလောက် အောင်မြင်နိုင်မှာမဟုတ်ဘူး။သူက အမှန်တကယ်ကို ငါတို့ရဲ့ အသိအမှတ်ပြုမှုနဲ့ထိုက်တန်တယ်။"

ထိုအရာကြောင့် လူတိုင်းက လင်ပေ့ဖန်ကို ပိုလို့တောင်မှဘဲ လေးစားလာခဲ့ကြသည်။

ဒီအချိန်မှာတောင် သူက ကိုယ့်ကိုကို ဆက်လက် နှိမ့်ချနေတုန်းဘဲ။ဒါ့အပြင် သူ့၏ဝန်ထမ်းများ နှင့် သူ့၏ ညီအစ်ကိုများကို ကူညီရန်လည်း သူမမေ့ခဲ့ပေ။

ထိုကဲ့သို့ ခေါင်းဆောင်လက်အောက်တွင် အလုပ်လုပ်ရတာက သူတို့၏ အနာဂတ်ကိုလည်း တောက်ပစေလိမ့်မည်ဖြစ်သည်။

" မစ်စတာလင်၊ မင်းကိုယ့်ကိုကို အဲ့လောက်ထိလည်း နှိမ့်ချနေဖို့ မလိုပါဘူး "

" မစ်စတာရဲ့ ရဲ့ အကျိုးဆောင်မှုက အရေးပါတယ်ဆိုပေမဲ့ မင်းရဲ့ ကုမ္ပဏီအတွက် အကျိုးဆောင်မှုကလည်း နည်းတာမှမဟုတ်တာ။ "

" မင်းလိုမျိုး သဘောထားကြီးတဲ့လူကသာ တစ်ခြားလူကို မင်းရဲ့အာဏာ နဲ့ ပိုက်ဆံကို ပေးဖို့အတွက် ဆန္ဒရှိလိမ့်မယ်။ "

" အရမ်းထူးချွန်တဲ့ အရည်အချင်းရှိသူတွေက ရှားပါးပေမဲ့လည်း ခေါင်းဆောင်ကောင်းတွေက ပိုပြီးတော့တောင်မှ ရှားပါးသေးတယ်။ "

" ငါ့ဘဝမှာ အလေးစားရဆုံးလူကတော့ ဥက္ကဋ္ဌလင်အပြင် မင်းကို အလေးစားဆုံးဘဲ။ ဟားဟား…"

ထိုလူအုပ်ကြီး၏ အပြုအမှုများက အတုအယောင်မဟုတ်တာကို မြင်လိုက်ရတာကြောင့် ချူရိုရွယ်က ရုတ်တရက် လင်ပေ့ဖန်ကို လေးစားစွာဖြင့် ကြည့်လိုက်ပြီး သူမသည် သူ့အ‌‌ကြောင်းကို နောက်တစ်ဖန်သိလာခဲ့သည်။

" ရှင်က ကျွန်မကို တကယ်အံ့ဩစေတယ်။ ကျွန်မတို့ရဲ့ မိုဟိုင်မြို့မှာ နောက်ထပ် ထူးချွန်ထက်မြက်တဲ့သူတစ်ယောက် ပေါ်လာပုံရတယ်။ "

" မစ်စ်ချူ ၊ အဲ့လောက်ထိလည်း ငါ့ကို မမြှောက်ပြောပါနဲ့ ။မင်းကလည်း အထင်ကြီးစရာကောင်းတဲ့ လူတစ်ယောက်ဘဲကို။ မင်း မိသားစုရဲ့ စီးပွားရေးတာဝန်ကို အသက်ငယ်ငယ်လေးနဲ့ ကောင်းကောင်းကိုင်တွယ်နိုင်တာက အမှန်တကယ့်ကို လေးစားဖို့ ထိုက်တန်တယ်။ "ဟု လင်ပေ့ဖန်က သူမကို ပြန်လည်မြှောက်ပင့်၍ ပြောဆိြခဲ့သည်။

ထိုနေရာရှိ လေထုကလည်း တော်တော်လေးကို ဖော်ရွေလာခဲ့သည်။( တစ်ယောက်နဲ့တစ်ယောက် ခင်ခင်မင်ရှိတာကို ဆိုလိုတာပါဗျ )

" ကုန်းမြေနှင့်ပတ်သက်ပြီးတော့…." ချူရိုရွယ်သည် လေးလေးနက်နက်စဉ်းစဉ်းလိုက်ပြီး " ကျွန်မ အဲ့ဒီကုန်းမြေကိုဝယ်ယူရာမှာ ရန်ပုံငွေအများကြီးသုံးခဲ့တာကြောင့် ကျွန်မရှင့်ကို အခုချက်ချင်းတော့ တိတိကျကျ အဖြေမပေးနိုင်သေးဘူး။ ဒါကြောင့် ကျွန်မကို အချိန်သုံးရက်‌ လောက်ပေးပါ။ နောက်သုံးရက်ကြာမှဘဲ ရှင့်ကို ကျွန်မအကြောင်းပြန်ပေးပါ့မယ်။ ရှင် အဆင်ပြေတယ်မလား?။"ဟု ပြောလိုက်သည်။

" ရတာပေါ့ " ဟု လင်ပေ့ဖန်က ခေါင်းညိတ်၍ ပြောလိုက်သည်။

စီးပွားရေးကိစ္စများကို ဆွေးနွေးပြီးနောက်တွင် ချူရိုရွယ်က အလျင်လိုစွာဖြင့် ပြန်သွားခဲ့သည်။

**သူမသည် ပြန်လာပြီးနောက် သူမ၏ အတွင်းရေးမှူးကို ချက်ချင်းအမိန့်ပေး၍ လင်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမှာရှိတဲ့ လင်ပေ့ဖန်၏ အခြေအနေနှင့် သူတို့ပြောတဲ့ စကားက မှန်မမှန်ဆိုတာကို စစ်ဆေးခိုင်းခဲ့သည်။သူတို့ လဝက်အတွင်းမှာ ပိုက်ဆံသန်း၃၀၀ကို တကယ်ရှာနိုင်ခဲ့တာလား?**

" ဟုတ်ကဲ့ပါ၊မစ်စ်ချူ " ဟု အတွင်းရေးမှူးက ခေါင်းညိတ်၍ ပြောခဲ့သည်။

" အဲ့ဒီမြေကွက်ကိုလည်း နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ဦး။ ပြီးတော့ ငါတို့မရှာတွေ့သေးတဲ့ အဲ့ဒီ‌ကုန်းမြေရဲ့ ဖုန်းကွယ်ထားတဲ့ တန်ဖိုး‌ေတွရှိမရှိကို လည်း စစ်ဆေးကြည့်လိုက်ဦး။ "

" ကောင်းပါပြီ၊မစ်ချူ။ ကျွန်မတို့ ဒီမတိုင်ခင်က အဲ့ဒီကုန်းမြေကို သေသေချာချာ စစ်ဆေးကြည့်ပြီးပြီးမလား? ။ တန်ဖိုးရှိတဲ့ အ‌ရာတွေကိုလည်း ဘာတစ်ခုမှ မတွေ့မိပါဘူး။ ဒါကြောင့် အဲ့ဒီကုန်းမြေရဲ့ စုစုပေါင်းတန်ကြေးက သန်း၅၀၀ ကနေ သန်း၆၀၀ ကြားဘဲရှိတာ‌ေပါ့။" ဟု အတွင်းရေးမှူးမိန်းကလေးက ပဟေဠိဖြစ်စွာဖြင့် ပြောခဲ့သည်။

ချူရိုရွယ်သည် သူမ၏ ဦးခေါင်းကို ခါလိုက်ပြီး " နင် ၊နားမလည်သေးပါဘူး။အကယ်၍ လင်ပေ့ဖန်ရဲ့ အဖွဲ့က သန်း၁၀၀ကနေ သန်း၃၀၀ရ‌ရှိအောင် လဝက်အတွင်းရှာနိုင်ခဲ့တယ်ဆိုရင်တော့ သူတို့ရင်းနှီးမြှုပ်နှံတဲ့‌နေရာမှာ ထက်မြက်တဲ့အမြင်ရှိတယ်လို့ သတ်မှတ်လို့ရတယ်။ဘာကြောင့် သူတို့က ထပ်ပြီးတန်ဖိုးမမြှင့်တက်နိုင်တော့တဲ့ အဲ့ဒီကုန်းမြေကို ဝယ်ယူဖို့အတွက် စိတ်ဝင်စားနေရတာလဲ?။"ဟု ပြောလိုက်သည်။

" ပြီးတော့ ဒီကုန်းမြေကိုဝယ်ယူရာမှာလည်း ပိုက်ဆံအများကြီးကို သုံးစွဲဖို့အတွက် သူတို့ဆန္ဒရှိတယ်ဆိုတာက ဒီကုန်းမြေမှာ ငါတို့မသိရသေးတဲ့ အချက်တွေ ရှိနေလိမ့်မယ်။ သူတို့နဲ့ ဈေးနှုန်း မဆွေးနွေးရသေးခင်မှာ အဲ့ဒီကုန်းမြေကို စစ်ဆေးဖို့အတွက် ငါတို့အချိန်သုံးရက်လိုအပ်တယ်။အဲ့ဒါကြောင့်ငါ သူတို့ကို အချိန်ဆွဲလိုက်ရတာဘဲ "

" မစ်စ်ချူ၊ ရှင်က အရမ်းတော်တာဘဲ။ကျွန်မ အဲ့ဒီကိစ္စကိုလုပ်ဖို့အတွက် သွားလိုက်ဦးမယ်။ " ဟု ပြော၍ အတွင်းရေးမှူးမိန်းကလေးက ထွက်ခွာသွားခဲ့သည်။

ထိုအချိန်တွင် တစ်ခြားတစ်ဖက်မှာတော့ လျိုယုမေ့က စိတ်ရှုပ်စွာဖြင့် လင်ပေ့ဖန်ကို မေးမြန်းခဲ့သည်။

" ဘာကြောင့် အဲ့ဒီကုန်းမြေကို ရှင် ရုတ်တရက်ကြီး ဝယ်ချင်သွားရတာလဲ ?"

သူမ၏ထင်မြင်ချက်ကတော့ အဲ့ဒီကုန်းမြေကို ရန်ပုံငွေအများကြီးသုံး၍ ဝယ်ယူခြင်းက ဖြုန်းတီးမှု တစ်ရပ်သာ ဖြစ်သည်။

*၎င်းတို့၏ လက်ရှိပိုက်ဆံရှာနေတဲ့ အမြန်နှုန်းဖြင့်ဆိုရင်တော့ နှစ်လ၊သုံးလ‌လောက်အတွင်းမှာပင် သူတို့၏ ရန်ပုံငွေပမာဏက နှစ်ဆဖြစ်သွားလိမ့်မည်ဖြစ်သည်။ဒါက ကုန်းမြေတစ်ခုကို ဝယ်ယူတာထက်စာရင် ပိုပြီးတော့ ဆွဲဆောင်မှုရှိတယ်မဟုတ်လား?*

** နောက်ပြီးတော့ အဲ့ဒီကုန်းမြေရဲ့ တန်ဖိုးကလည်း အချိန်တိုလေးအတွင်းမှာ နှစ်ဆ ပြန်ရနိုင်လို့လား? **

" အကယ်၍ ငါက အခုချိန်မှာ မင်းကိုပြောပြရင်၊ မင်းယုံမှာမဟုတ်ဘူး။ နောက်ပိုင်းကျမှ မင်း နားလည်လာပါလိမ့်မယ်။ "ဟု ပြောပြီးနောက် လင်ပေ့ဖန်က သူ့၏ဦးခေါင်းကို ခါ၍ ဘာမှ ထပ်မရှင်းပြတော့ပေ။

*တကယ်တော့ အဲ့ဒီကုန်းမြေက မြို့ပြင်မှာ တည်ရှိတာကြောင့် ဘာတန်းဖိုးမှ မရှိဘူးလို့ထင်ရပုံရသည်။*

* ဒါပေမဲ့ လအနည်းငယ်အကြာမှတော့ နိုင်ငံတော်က အဲ့ဒီကုန်းမြေနဲ့ အနီးတဝိုက်မှာရှိတဲ့ ကုန်းမြေတွေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရည်ရွယ်၍ အမျိုးသားအဆင့် စီးပွားရေး၊ဖွံ့ဖြိုးတိုးမှုဇုန်တစ်ခုကို တည်ထောင်ဖို့ ကြေညာခဲ့သည်။ *

*ရလဒ်အနေနဲ့ အဲ့ဒီကုန်းမြေတွေရဲ့ တန်ဖိုးက ချက်ချင်းဘဲထိုးတက်သွား၍ မူရင်းတန်ဖိုး၏ နှစ်ဆဖြစ်သွားခဲ့သည်။*

*အကယ်၍ အဲ့ဒီကုန်းမြေတစ်ဝိုက်၌ ကူးသန်းရောင်းဝယ်ရေးဇုန်တစ်ခု တည်ထောင်လိုက်ပါက နှစ်စဉ်နှစ်တိုင်း ပိုက်ဆံဘီလီယံနဲ့ချီပြီး အဲ့ဒီနေရာကနေ ရရှိနေလိမ့်မည်ဖြစ်သည်။ဒါကြောင့် အဲ့ဒီကုန်းမြေက ရတနာသိုက် တစ်ခုကဲ့သို့ ဖြစ်‌နေသည်။ *

*အကယ်၍ အခုချိန်မှာမှ အဲ့ဒီအခွင့်အရေးကို သူတို့က မဆုပ်ကိုင်ရင် ၊ဘယ်အချိန်မှာ သွားဆုပ်ကိုင်မလို့လဲ ? *

All Chapters