အခန်း (၄၃)
Vol. 3 Ch. 43
သို့သော်လည်းပဲ လင်ပေ့ဖန်သည် ထိုကုန်းမြေကို ရရှိလိမ့်မည်ဆိုတဲ့ မျှော်လင့်ချက်ကို မဆုပ်ကိုင်ထားခဲ့ပေ။
ဘာကြောင့်လဲဆိုတော့ ချူရိုရွယ်က အလွန်အကင်းပါးသောကြောင့်ဖြစ်သည်။
ထို့ပြင် သူမက အရိပ်အမွက်လေးနည်းနည်းရလိုက်သ၍တော့ အဲ့ဒီကုန်းမြေကို အပိုင်သိမ်းထားလိမ့်မည်ဖြစ်သည်။သူမပြောခဲ့တဲ့ စဉ်းစားဖို့အတွက် အချိန်၃ရက်လိုအပ်တယ်ဆိုတာက၊ တကယ်တန်း ထိုအချိန်သုံးရက်ကို အသုံးပြုပြီးတော့ အဲ့ဒီကုန်းမြေကို စစ်ဆေးဖို့အတွက်နဲ့ အဲ့ဒီကုန်းမြေရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့အတွက်ဖြစ်သည် ။
သူ့၏အတိတ်ဘဝတွင်လည်း လင်ပေ့ဖန်သည် ထိုကုန်းမြေကို ဝယ်ယူလို့မရခဲ့ပေ။
ထို့ပြင် နောက်ဆုံးမှာတော့ သူတို့နှစ်ေယာက်သည်တစ်ယောက်နှင့်တစ်ယောက် ပူးပေါင်းခြင်းဖြင့်သာ အဆုံးသတ်ခဲ့ရသည်။
ချူရိုရွယ်က ထိုကုန်းမြေကို ထောက်ပံ့နေစဉ်တွင် လင်ပေ့ဖန်ကလည်း ရန်ပုံငွေကို ထောက်ပံ့ပေးရ၍ သူတို့နှစ်ယောက်သည် အတူတကွ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ခဲ့ကြသည် ။
ထိုသို့အပြန်အလှန်ဆက်ဆံခြင်းဖြင့် သူတို့နှစ်ယောက်သည် သဘာဝကျစွာ တစ်ယောက်နှင့်တစ်ယောက်ရင်းနှီးလာကြပြီး သူတို့ရဲ့ ဆက်ဆံရေးကလည်းတိုးတက်လာခဲ့သည်။ထို့နောက် ဟီဟီ ………ကိုယ့်ဘာသာစဉ်းစားတော့။
အခု သူပြန်လည်မွေးဖွားပြီးတဲ့နောက် အနာဂတ်မှာလည်း သူမက တူညီတဲ့လမ်းကြောင်းကိုဘဲလိုက်လိမ့်မည်ဟု လင်ပေ့ဖန်က ယုံကြည်ခဲ့သည်။
အခြားတစ်ဖက်မှာတော့……
တစ်ရက်ကုန်ဆုံးပြီးနောက်တွင်လည်း ချူရိုရွယ်သည် ထိုကုန်းမြေ၏တန်ဖိုးကို မရှာနိုင်သေးပေ။
ထိုအစား သူမသည် လင်ပေ့ဖန်၏စွမ်းရည်များနှင့် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ အကြောင်းကိုသာ စုံစမ်းလေ့လာခဲ့ပြီးနောက် သူမသည် လင်ပေ့ဖန်တို့က တစ်လခွဲအတွင်း ရန်ပုံငွေသန်း၃၀၀ရှာနိုင်ခဲ့တာကို နားလည်သဘောပေါက်ခဲ့သည်။
"ဖြစ်နိုင်တာက၊ ငါပဲ သံသယဖြစ်လွန်းနေတာလား?" ချူရိုရွယ်သည် သူမ၏ မျက်မှောင်ကိုကြုတ်၍ စဉ်းစားခဲ့သည်။
*သူမတို့အဖွဲ့က အိမ်ခြံမြေလုပ်ငန်းထဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တာက နှစ်ပေါင်းများစွာရှိနေခဲ့တာကြောင့် သတင်းအချက်အလက်အမျိုးမျိုး နှင့် မူဝဒါပြောင်းလဲမှုများကို နှောကျေနေခဲ့ပြီ ဖြစ်သည်။ ထို့ပြင် သူမတို့အဖွဲ့က ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီသေးသေးလေးထက် ဆိုးရွားနေတာတော့ မဖြစ်နိုင်ပေ။*
* ထို့ပြင် ထိုမြေကွက်ကိုလည်း အခြားလူက ၎င်းတို့၏ ပိုင်ဆိုင်မှုအားလုံးကို သုံးစွဲပြီးတော့ အံ့ဩဖွယ်တန်ဖိုးဖြင့် ဝယ်ယူဖို့အတွက် ဆန္ဒရှိနေခဲ့သည်။*
*ဒါပေမဲ့လည်း သူမတို့အဖွဲ့က အဲ့ဒီကုန်းမြေအကြောင်းကို စုံးစမ်းစစ်ဆေးရာတွင် ဘာသတင်းအချက်အလက်မှကို မရှာတွေ့တာက ၊အတော်လေးကို ထူးဆန်းနေခဲ့သည်။*
ထိုအချိန်တွင် အတွင်းရေးမှူးမလေးက လမ်းလျှောက်ဝင်လာခဲ့ပြီး " ဥက္ကဌချူ ၊ တော်ဝင်မြို့တော်မှာရှိတဲ့ လုံယရင်းနှီးမြှုပ်နှံရေးလုပ်ငန်းကလည်း ကျန်းနန်မှာရှိတဲ့ အဲ့ဒီကုန်းမြေကို ရောင်းမှာလားလို့ မေးခိုင်းတဲ့ စာတစ်စောင်ပို့လာတယ်။ ပြီးတော့ သူတို့က အဲ့ကုန်းမြေကို ဝယ်ယူချင်တယ်တဲ့။ "ဟု ပြောလိုက်သည်။
" ငါတို့မှာ အဲ့ကုန်းမြေကို ဝယ်ယူဖို့အတွက် နောက်ထပ်ဝယ်ယူတဲ့အဖွဲ့တစ်ဖွဲ့ ထပ်တိုးလာပြန်ပြီ။ ဒါက အခုမှဘဲ စိတ်ဝင်စားဖို့ကောင်းလာတာ။ "ဟု ပြော၍ ချူရိုရွယ်၏ နှုတ်ခမ်းများက အနည်းငယ်ကွေးသွားခဲ့သည်။
ထို့နောက် သူမသည် နောက်တစ်ဖန်မျက်မှောင်ကြုတ်လိုက်၍" လုံယရင်းနှီးမြှုပ်နှံရေးလုပ်ငန်းလား?။ ဒီနာမည်ကို ကြားရတာက ထူးဆန်းနေတယ်။တော်ဝင်မြို့တော်မှာ အဲ့ဒီနာမည်နဲ့ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ ရှိလို့လား? " ဟု မေးလိုက်သည်။
အတွင်းရေးမှူးမလေးက ချက်ချင်းဘဲ ပြန်ဖြေခဲ့သည်။
" ကျွန်မရှာတွေ့ထားတဲ့ အချက်အလက်ပေါ်မူတည်ပြီး ပြောရရင်တော့၊ အဲ့ဒီ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက မကြာသေးခင်ကမှ တည်ထောင်ထားခဲ့တာဘဲ။ သူတို့က အခုမှစတင်ပြီး တည်ထောင်ခဲ့ပေမဲ့ သူတို့စာရင်းသွင်းထားတဲ့ ရင်းနှီးငွေကတော့ ရန်ပုံငွေ သန်း၁၀၀ထိ ရှိတယ်။ပြီးေတာ့ သူတို့နဲ့တရားဝင်ပူးပေါင်းထားတဲ့ကိုယ်စားလှယ်တွေကလည်း စက်မှုလုပ်ငန်းနယ်ပယ်တွေမှာ ကျော်ကြားတဲ့သူတွေကြီးဘဲ။"ဟု ပြောလိုက်သည်။
ချူရိုရွယ်သည် အတွင်းရေးမှူးမလေး၏ တင်ပြတာကို နားထောင်ပြီးနောက် သူမလက်ထဲမှာရှိတဲ့ အဲ့ကုန်းမြေရဲ့အကြောင်းကို ပို၍ သိချင်လာခဲ့သည်။
* ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနှစ်ခုကိုတောင် ယှဉ်လုရတဲ့အထိဖြစ်စေရအောင်၊ အဲ့ဒီကုန်းမြေက ဘာတန်ဖိုးရှိလို့လဲ? *
" တစ်ခြားလူက ဘာရည်ရွယ်ချက်ကြောင့် အဲ့ဒီကုန်းမြေကို ဝယ်ယူချင်ရတာလဲဆိုတာကိုရော နင်မေးခဲ့သေးလား? "
" ကျွန်မ မေးခဲ့ပါတယ်။ဒါပေမဲ့ ရင်းနှီးမြှုပ်နှံဖို့အတွက်လို့ သူတို့က ကျွန်မကို ယောင်ဝါးဝါးပဲ ပြန်ဖြေခဲ့တယ်။ဒါကြောင့် တိတိကျကျတော့ တစ်ခုမှ မသိခဲ့ရဘူး။ " ဟု အတွင်ရေးမှူးမလေးက ချူရိုရွယ်ကို ပြန်ဖြေခဲ့သည်။
ချူရိုရွယ်သည် မချင့်မရဲဖြစ်နေသလို ခံစားခဲ့ရသည်။
ထိုခံစားချက်က ဘာနဲ့တူလဲဆိုရင်တော့ သူမက အဖိုးတန်တဲ့ ရတနာတစ်ခုကို ကိုင်ထားရပေမဲ့ အဲ့ဒီရတနာအကြောင်းကို ဘာတစ်ခုမှမသိသကဲ့သို့ ဖြစ်နေသည်။
ဒီခံစားချက်က သူမကို ရူးသွပ်စေသည်။
ဒါပေမဲ့လည်း အဲ့ဒီအကြောင်းကို တွေးတောပြီးနောက် သူမသည် စိတ်သက်သာရာရခဲ့သည်။
သူမလက်ထဲက ရတနာကိုပိုင်ဆိုင်တာကြောင့် သူမက အသာစီးရနေသည်။
ထို့နောက် သူမ၏မျက်နှာပေါ်တွင် ဘဝင်ခိုက်နေသော အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး " ဈေးပိုပေးတဲ့ကုမ္ပဏီနဲ့ ပူးပေါင်းမယ်ဆိုတဲ့အကြောင်း၊ လုံယရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီနဲ့ လင်ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီကို သွားပြီးအကြောင်းကြားလိုက်။ " ဟု ပြောလိုက်သည်။
" ဟုတ်ကဲ့ပါ၊ ဥက္ကဌချူ။ "
ထို့စကားက လင်ပေ့ဖန်၏နားဆီသို့ အလျင်အမြန်ပဲ ရောက်ရှိခဲ့သည်။
" လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီလား?။ တတိယဇာတ်လိုက်က အစောကြီး ပေါ်ထွက်လာတာလား?" ။ဟု ပြော၍ လင်ပေ့ဖန်က တခစ်ခစ်ရယ်မောခဲ့သည်။
ဒီ တတိယဇာတ်လိုက်ရဲ ဇာတ်ကောင်ကတော့ အသုံးမကျတဲ့သမက် ဇာတ်လမ်းအမျိုးအစားထဲမှ ဖြစ်သည်။
ဇာတ်လမ်းအစမှာတင် သူက သူ့မိန်းမရဲ့ ခြေထောက်ကို ဆေးခဲ့ရသည်။
ထို့ပြင် သူ့ကို လူအများကလည်း ကလိမ်ကကျစ်နဂါးဘုရင်ဟု သိကြသည်။
အမှန်တကယ်မှာတော့ သူက စူပါလျှို့ဝှက်မိသားစုတစ်စုရဲ့ လူငယ်သခင်လေးတစ်ေယာက်ဖြစ်သည်။သူတို့ရဲ့ မိသားစုစည်းမျဉ်းတွေကြောင့် သူသည် အပြင်ထွက်၍ အတွေ့အကြုံရှာရာ၌ သူ့၏နောက်ခံနှင့် မိသားစုရဲ့လွှမ်းမိုးမှုကိုလည်း အသုံးမပြုဘဲနဲ့ အပြင်မှာဘဲ သုံးနှစ်နေရမည်ဖြစ်သည်။
သူသည်လက်ထပ်ပြီးနောက် ချမ်းသာတဲ့မိသားစုသေးသေးလေးရဲ့ အသုံးမကျတဲ့သမက်လေးတစ်ယောက်ဖြစ်လာခဲ့သည်။
ထို့ပြင် သူ့၏ဘဝကလည်း အလွန်ကိုမှ ဖိနှိပ်ခံခဲ့ရပြီး နေ့စဉ်နေ့တိုင်း သူ့၏ မိန်းမ နှင့် ယောက္ခမ ရဲ့ ခြေထောက်များကိုလည်း ဆေးကြောခဲ့ရသည်။
သူသည် သုံးနှစ်ပြည့်ပြီးနောက် သူ့ရဲ့ အတိတ်က ခံစားခဲ့ရတဲ့ နာကြည်းမှုတွေအကုန်လုံးကို ပစ်မှတ်တစ်ခုရှာ၍ ရှင်းထုတ်ပစ်ချင်ခဲ့သည်။
ထိုအချိန်၌ လင်ပေ့ဖန်က သူ့ဘေးနားကနေ ဖြတ်သွားခဲ့သည်။
လင်ပေ့ဖန်၏ ဗီလိန်အော်ရာက သူ့ကို စွဲဆောင်ခဲ့တာကြောင့် သူသည် လူတိုင်း၏ရှေ့တွင် လင်ပေ့ဖန်ကို အရှက်ခွဲ၍ သူ့၏ စွမ်းရည်ကို ပြသချင်ခဲ့သည်။
ရလဒ်အနေဖြင့် သူသည် လင်ပေ့ဖန်၏ မျက်နှာဖြတ်ရိုက်ခြင်းကိုသာ ခံခဲ့ရသည်။
ထို့နောက် သူမကျေနပ်သေးတာကြောင့် လင်ပေ့ဖန်ကို ပြဿနာ ဆက်ရှာခဲ့သည်။
ဒါပေမဲ့လည်း ကံမကောင်းစွာဖြင့် လင်ပေ့ဖန်၏ နောက်တစ်ကြိမ် မျက်နှာဖြတ်ရိုက်ခြင်းကိုသာလျှင် သူ ခံခဲ့ရသည်။
ထိုဖြစ်ရပ်ကြောင့် သူ့၏ လွှမ်းမိုးမှု နှင့် သူ့မိသားစု၏ စွမ်းအား နှစ်ခုစလုံးကလည်း လင်ပေ့ဖန်ကြောင့် ဖြိုခွဲခံခဲ့ရသည်။
နောက်ဆုံးမှာတော့ သူသည် သူ့ယောက္ခမ၏ ကန်ထုတ်ခြင်းကိုလည်းခံခဲ့ရပြီး သူ့မှာ ရှိတာဆိုလို့ အသုံးမကျတဲ့သမက်အဆင့်အတန်းတစ်ခုသာလျှင် ကျန်ရှိေတာ့သည်။
ဇာတ်လိုက်အကုန်လုံးထဲမှာမှ သူတစ်ယောက်ထဲကသာ လင်ပေ့ဖန်ကို အကြီးမာဆုံးခြိမ်းခြောက်တဲ့သူဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သူ့မှာ မိသားစုရဲ့ ပါဝါသာလျှင် ရှိတာမဟုတ်ဘဲနဲ့ သူ့ရဲ့ ကိုယ်ပိုင် ခွန်အားကလည်း အရမ်းကြီးတာကြောင့်ဖြစ်သည်။ထို့ပြင်၊ သူ့သည် ကောင်းကင်၏ ကောင်းချီးကိုလည်း ခံထားရပုံရပြီး အရာအားလုံးကလည်း သူ့လမ်းကြောင်းနှင့်သူသာသွားသည်။
ကံဆိုးချင်တော့ သူက ထိန်းမနိုင်သိမ်းမနိုင်တဲ့ နတ်ဆိုးဘုရင် လင်ပေ့ဖန်နှင့်မှ တွေ့ဆုံခဲ့ရသည်။
" ဒါဆိုသူကလည်း ကျန်းနန်မှာရှိတဲ့ အဲ့ဒီကုန်းမြေကို ဝယ်ယူချင်နေတာပေါ့။ဒါက စိတ်ဝင်စားဖို့ တော့ကောင်းလာပြီ။ငါ ပြန်လည်းမွေးဖွားလာပြီးတဲ့နောက်မှ ပိုပြီးတော့တောင်မှ စိတ်ဝင်စားဖို့ကောင်းလာတယ်လို့ ပြောရလိမ့်မယ်။ဒါ့အပြင် ဇာတ်လိုက်အကုန်လုံးကလည်း အရင်ဘဝကသူတို့ရဲ့ပုံစံတွေကို ဆန့်ကျင်ပြီးတော့ အလွန်ဆန်းကြယ်တဲ့နည်းလမ်းတွေနဲ့ သူတို့ရဲ့ ကဒ်တွေကို ကစားနေကြတယ်။" ဟု ပြော၍ လင်ပေ့ဖန်က ပိုပြီးတော့တောင်မှ စိတ်လှုပ်ရှားလာခဲ့သည်။
*ပုံမှန်မှာဘဝတစ်ခုရဲ့ အဓိပ္ပါယ်ကဘာလဲ?။*
"ဟုတ်တာပေါ့၊ ဘဝမှာ စိန်ခေါ်မှုတွေရှိမှဘဲ စိတ်ဝင်စားဖို့ကောင်းမှာပေါ့*
*အထူးသဖြင့် ဇာတ်လိုက်များကို သူ့၏လက်ဖဝါးအောက်တွင် ကစားရတဲ့ခံစားချက်က သူ့ကို ပိုပြီးတော့တောင်မှ စိတ်ကျေနပ်စေသည်*
*မင်းတို့ ငါ့ကို မကျေမချမ်းဖြစ်ပြီးတော့ ဘာမှ မလုပ်နိုင်တဲ့အချိန်ကို ငါသဘောကျတယ်။*