အခန်း (၄၄)
Vol. 3 Ch. 44
ထိုအချိန်တွင် တစ်ခြားတစ်ဖက်မှာတော့ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကလည်း ထိုသတင်းကို ရရှိခဲ့သည်။
" ဘာ ?။လင်ပေ့ဖန်ရဲ့ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကလည်း ငါတို့နဲ့ အတူတူဘဲ အဲ့ကုန်းမြေကို စိတ်ဝင်စားနေတာလား ? "
လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် ချောမော ပြီး ခံ့ညားတဲ့ လူငယ်တစ်ယောက်သည် ထိုသတင်းကို ကြားလိုက်ရသောအခါတွင် ထိတ်လန့်မှုကြောင့် သူ့လက်ထဲက ဝိုင်နီထည့်ထားသော ဖန်ခွက်သည် လွတ်ကျသွားခဲ့၍ သူသောက်ထားတဲ့ ဝိုင်တွေကိုလည်း ကြမ်းပြင်ပေါ်သို့ ထွေးထုတ်မိသွားခဲ့သည်။
" နေပါဦး ၊ ငါက ပြန်လည်မွေးဖွားလာတာလေ။ ဒါကြောင့် သူက ငါ့အကြောင်းကို မသိနိုင်ဘူးဆိုတော့ ငါကြောက်စရာမလိုဘူးပေါ့ ။ "
" ဒီကမ္ဘာမှာရှိတဲ့ နတ်ဆိုးလင်ပေ့ဖန်က ကြောက်စရာမဟုတ်ဘူးေလ။ "
ထိုသို့ပြောပြီးနောက် လူငယ်လေးသည် သူ့၏ တည်ငြိမ်မှုကို ပြန်လည်ရရှိခဲ့ပေမဲ့လည်း သူ့၏ မျက်လုံးထဲမှာတော့ အမုန်းမီးတောက်များဖြင့် ပြည့်နှက်၍ လောင်ကျွမ်းနေခဲ့သည်။
ထိုလူငယ်လေး၏ နာမည်က ကျိုရှင်းဖြစ်ပြီးတော့ သူသည် ပြန်လည်မွေးဖွားလာသူတွေထဲကလည်း တစ်ယောက်အပါအဝင်ဖြစ်သည်။
ထို့ပြင် သူပြန်လည်မမွေးဖွားလာခင်က သူသည် ချမ်းသာတဲ့ မိသားစုငယ်လေးရဲ့ သမက်လေးတစ်ယောက်ဖြစ်ခဲ့သည်။ သူသည် နေ့စဉ်နေ့တိုင်း သူ့ ယောက္ခမ နှင့် သူ့ မိန်းမတို့၏ လိုအပ်ချက်များကိုလည်း ဂရုစိုက်ရပြီး စိတ်ပျက်ဖွယ်ဘဝဖြင့် အသက်ရှင်၍ အလုပ်အကျွေးပြုခဲ့ရသည်။
ဒါပေမဲ့လည်း သူ့၏ လျှို့ဝှက်ချက်ကတော့ သူသည် လျှို့ဝှက်မိသားစုတစ်စုထဲက တစ်စုအပါအဝင်ဖြစ်တဲ့ ကျို မိသားစု၏ အမွေဆက်ခံသူတစ်ယောက်လည်း ဖြစ်သည်။ထို့ပြင် တစ်နည်းအားဖြင့် သူသည် ထိပ်တန်းပလေးဘွိုင်းတစ်ယောက်လည်း ဖြစ်၍ အံ့မခန်းလူတစ်ယောက်လည်း ဖြစ်သည်။
သူတို့၏ မိသားစု စည်းမျဉ်းများကြောင့် သူသည် အပြင်ထွက်၍ အတွေ့အကြုံသုံးနှစ်ရှာရပြီး အတွေ့ရှာနေစဉ်တွင် သူ့၏ နောက်ခံကိုလည်း ထုတ်ဖော်၍ မရဘဲ နဲ့ သူ့ မိသားစု၏လွှမ်းမိုးမှုကိုလည်း အသုံးမပြုနိုင်ပေ။
ထို့ကြောင့် သူသည် သည်းခံပြီး ထိုစိတ်ပျက်ဖွယ်ရာ သုံးနှစ်ကို ဖြတ်သန်းခဲ့ရသည်။
ဤသို့ဖြင့် သုံးနှစ်ပြည့်ပြီးနောက် သူ့ပိုင်ဆိုင်တဲ့ အရာများကို နောက်ဆုံးမှာ သူပြန်လည်ရရှိခဲ့သည်။( မိသားစုနောက်ခံ ကို ပြောတာပါ )
ထို့နောက် သူ့၏နောက်ခံကို ထုတ်ဖော်တော့မည်အချိန်တွင် သူ့မိန်းမက တစ်ခြားလူကိုကြည့်၍ လေးစားမြတ်နိုးပြီးတွယ်တာနေတာက သူ့ကို မပျော်မရွှင်ဖြစ်စေခဲ့သည်။
ထို့ကြောင့် သူ့၏ စွမ်းရည်များကို သုံး၍ အဲ့လူကို
သူ့မိန်းမ၏ရှေ့တွင် သင်ခန်းစာပေးချင်ခဲ့သည်။
ထိုအရာက သူ့ကို မမျှော်လင့်စွာနဲ့ ဝမ်းနည်းဖွယ်ကောင်းတဲ့ ဘဝဆီသို့ ဦးတည်စေခဲ့သည် ။
ထိုလူငယ်လေးပုံစံကို ကြည့်လိုက်လျှင် သာမန်လို့ထင်ရပေမဲ့လည်း အမှန်တကယ်မှာတော့ သူက ရွက်ပုန်းသီး ဆရာတစ်ဆူဖြစ်နေခဲ့သည်။
ထို့ပြင် ထိုလူငယ်လေးသည် သူ့၏ လက်ဝါးလေးတစ်ချက်ဖြင့် ကျိုရှင်းကို ဖိနှိပ်ခဲ့ပြီး ကျိုရှင်း၏မျက်နှာကိုတောင်မှ ဖြတ်ရိုက်ခဲ့တာကြောင့် ကျိုရှင်းသည် သူ့၏မိန်းမနှင့် လူတိုင်းရှေ့တွင် မျက်နှာပျက်ခဲ့ရသည် ။
သူသည် အရှုံးကို လက်မခံနိုင်တာကြောင့် သူ့မိသားစုရဲ့ နောက်ခံကို အသုံးပြု၍ လက်တုံ့ပြန်ခဲ့သည်။
ဒါပေမဲ့လည်း တစ်ခြားလူ၏နောက်ခံ နှင့်စွမ်းအားက သူ့ထက်သာနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
ထိုလူက ကျိုရှင်း၏ စီပွားရေးကိုသာလျှင် ဖြိုခွဲခဲ့တာမဟုတ်ဘဲနဲ့ ကျိုရှင်း၏ နောက်ကွယ်၌ သူ့၏မိသားစုကိုလည်း ဖြိုခွဲခဲ့ပြီး အရာအားလုံးကို ဆုံးရှုံးစေခဲ့သည်။
နောက်ဆုံးမှာတော့ ကျိုရှင်းသည် သူ့မိန်းမ၏ ကန်ထုတ်ခြင်းကိုလည်း ခံခဲ့ရသည်။
*ဒါကြောင့် သူသည် ထိုလူကို ဘယ်တော့မှ မမေ့နိုင်ပေ။ *
* သူသည် ထိုလူကို အိပ်မက်ထဲကနေတောင်မှဘဲ သတ်ပစ်ချင်ခဲ့သည်။*
* ကံကောင်းချင်တော့ သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး အစကနေလည်း ပြန်စခဲ့ရတာကြောင့် အရာအားလုံးကို ပြန်လည်ပြင်ဆင်ဖို့အတွက် သူ့မှာ အချိန်ရှိသေးသည်။*
*သူသည် ထိုလူကို လက်စားပြန်ချေပြီး ပြန်လည် တိုက်ခိုက်လိမ့်မည်ဖြစ်သည်။*
ထို့ကြောင့် သူပြန်လည်မွေးဖွားလာပြီးနောက် အရင်ဆုံးလုပ်သည့် အရာကတော့ ..... သုံးနှစ်သဘောတူညီမှုကနေထွက်ရန်ဖြစ်သည်။ ( သုံးနှစ်အတွေ့အကြုံရှာရာကနေထွက်တာကို ပြောတာပါဗျ )
ထို့နောက်သူသည် ချက်ချင်းဘဲ သူ့၏စွမ်းအားကိုပြန်ရခဲ့ပြီးနောက် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို တည်ထောင်ခဲ့သည်။
*ငါ အဲ့ဒီလူဆီမှာရှိတဲ့ အရာအားလုံးကို ပြန်ယူပစ်မယ်*
* သူ့အလုပ်ဘဲဖြစ်ဖြစ်၊ သူ့မိသားစုဘဲဖြစ်ဖြစ် ၊ဒါမဟုတ်ရင် သူ့မိန်းကလေးဖြစ်ဖြစ် သူ့ဆီကနေ ပြန် ယူပစ်မယ်*
* ပြီးတော့ သူ့ကိုလည်း ရိုက်နှက်ခံထားရတဲ့ ခွေးတစ်ကောင်လို ငါ့ခြေထောက်အောက်ကနေ တွားသွားစေချင်တယ်။*
ထို့ကြောင့် သူသည် ကုမ္ပဏီတည်ထောင်ပြီးနောက် ချက်ချင်းဘဲ လီချုံးဂရုနဲ့ ဆက်သွယ်ဖို့ကို ကြိုးစားခဲ့ပြီး ထိုမြေကွက်ကို လုယူ၍ လင်ပေ့ဖန်၏ အောင်မြင်မှုလမ်းကြောင်းကို ပိတ်ဆို့ချင်ခဲ့သည်။
ဒါပေမဲ့လည်း သူ့ရန်သူ လင်ပေ့ဖန်ကပါ အဲ့ဒီကုန်းမြေအပေါ်ကို မျက်စိကျနေလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့ပေ။
" လင်ပေ့ဖန်၊ မင်းက အမှန်တကယ်ဘဲ ဘဏ္ဍာရေးဘီလူးကြီးဆိုတဲ့ ခေါင်းစဉ်နဲ့ ထိုက်တန်တယ်လို့ ပြောရမယ်။ " ဟု ပြောပြီးနောက် ကျိုရှင်း၏အသံက အကြောက်တရားများဖြင့် ပြည့်နေခဲ့သည်။
ကျိုရှင်းသည် လင်ပေ့ဖန်ကို မုန်းသော်လည်းပဲ လင်ပေ့ဖန်၏ စွမ်းရည်များကိုတော့ သူ လေးစားအားကျမိသည်။
သူသည် လင်ပေ့ဖန်နှင့် ယှဉ်ပြိုင်ဖို့အတွက် သူ့၏ အချက်အလက်တွေကို စုံစမ်းရှာဖွေခဲ့သည်။
ထိုလူက ရင်းနှီးမြှုပ်နှံရေးနယ်ပယ်တွင် အတော်ဆုံးဖြစ်ကြောင်းကို သူ ရှာဖွေတွေ့ရှိခဲ့သည်။
ထို့ပြင် သူ ဘာစတော့ဈေးကွက်ကိုပဲဝယ်ဝယ် အဲ့ဒီဈေးကွက်အကုန်လုံးက မြှင့်တက်လာလိမ့်မည်ဖြစ်သည်။သူ ဘာပဲရင်းနှီးမြှုပ်နှံပါစေ အမြတ်ရလာလိမ့်မည်ဖြစ်သည်။
သူ့၏ စူးရှထက်မြက်တဲ့ အမြင် နှင့် သူ့၏ ရင်းနှီးမြှုပ်နှံရေးစွမ်းရည်တို့ကြောင့် သူသည် နှစ်အနည်းငယ်အတွင်း၌ ဘီလီယံပေါင်းများစွာတန် ကြေးရှိတဲ့ စီးပွားရေးအင်ပါယာတစ်ခုကို တည်ဆောက်ခဲ့ပြီး တစ်ကမ္ဘာလုံး၏ အထွတ်အထိပ်၌ ရပ်တည်နိုင်ခဲ့သည်။
ထို့အပြင် လင်ပေ့ဖန်သည် သင်ယူစရာမလိုဘဲနဲ့ အရာအားလုံးကိုလည်း ကျွမ်းကျင်ပိုင်နိုင်ပုံရသည်။
အရမ်းကိုပါဖက် ဖြစ်နေတာကြောင့် သူ့ကို လူလို့တောင်မထင်ရပေ။
ထိုအချိန်၌ သူသာလျှင် လင်ပေ့ဖန်ကို ရှုံးနိမ့်ခဲ့တာမဟုတ်ဘဲ နဲ့ အရမ်းထူးချွန်တဲ့ လူငယ်တော်တော်များများကလည်း လင်ပေ့ဖန်ကြောင့် ရှုံးနိမ့်ခဲ့ရသည်။
ထို့ပြင် သူတို့သည် သူတို့၏လုပ်ငန်းများကိုသာလျှင် ဆုံးရှုံးခဲ့တာ မဟုတ်ဘဲ နဲ့ သူတို့၏ မိန်းမများကိုပါ ဆုံးရှုံးခဲ့ရသည်။
ထိုအရာက တော်တော်လေးကို သနားစရာကောင်းလွန်းသည်။
" ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အရင်လို မတူတော့ဘူး "
" လင်ပေ့ဖန်၊ ငါ ဘယ်တော့မှမင်းကို ရှုံးနိမ့်မှာမဟုတ်ဘူး။ "
ထို့နောက် ကျိုရှင်းက သူ့၏လက်သီးများကို ကျစ်ကျစ်ဆုပ်ခဲ့သည်။
သူသည် ပြန်လည်မွေးဖွားလာခဲ့ပြီး ကမ္ဘာကြီး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုလမ်းေကြာင်းများကိုလည်း အကုန်သိတာက သူ့အတွက် အရေးသာနေခဲ့သည်။
ထို့ပြင် ကျိုမိသားစု၏ အထောက်အပံ့ဖြင့် သူသည် များပြားလွန်းတဲ့ ရင်းနှီးမြှုပ်နှံရေးငွေ နှင့် စွမ်းအားကိုလည်း ပိုင်ဆိုင်ထားခဲ့သည်။
ထိုအရာက သူ့၏တိုးတက်မှုအတွက် အနှောင့်အယှက်များအားလုံးကို ရှင်းပေးခဲ့သည်။
တစ်ခြားလူအတွက်ကတော့ လက်ရှိ၌ သူသည် တစ်ယောက်ထဲဖြစ်နေခဲ့သည်။
" ဘာကြောင့် ငါက သူ့ကို ရှုံးနိမ့်ရမှာလဲ ? "
ထိုအကြောင်းကို သူပိုပြီးတွေးလေလေ ကျိုရှင်းသည် ပို၍ယုံကြည်မှုရှိလာပြီး တည်ငြိမ်မှုလည်း ရလာခဲ့သည်။
သူသည် မနေနိုင်ဘဲ လှောင်ပြုံးပြုံလိုက်ပြီး "လင်ပေ့ဖန်၊ မင်း အဆင့်သင်ဖြစ်ပြီလား ? ။ ဒါဆိုရင် ငါစပြီးလှုပ်ရှားတော့မယ်။ " ဟု ပြောလိုက်သည်။
" မင်းဆီကနေ အရာအားလုံးကို ငါယူမယ်၊ အခုတော့ ဒီကုန်းမြေနဲ့ အရင်ဆုံးစလိုက်ကြရအောင်။"
" ဝင်လာခဲ့ " ဟု ကျိုရှင်းက ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။
ထို့နောက် တံခါးပွင်လာခဲ့၍ အနက်ရောင်ဝတ်စုံ ဝတ်ထားတဲ့ အမျိုးသားတစ်စုက လမ်းလျှောက်ဝင်လာခဲ့ပြီး ညီညီညာညာဖြင့်ဦးညွတ်၍ ပြောလိုက်သည်။
" နဂါးဘုရင်၊ မင်း ငါတို့ကို ဘာအမိန့်များ ပေးစရာရှိလို့လဲ ? "
" အောက်မှာရှိတဲ့ လူတွေကို ဒီသတင်းပေးလိုက်ဦး။ပြီးတော့ လီချုံးမှာရှိတဲ့ အဲ့ကုန်းမြေကို ငါ ရရှိဖို့ ဆုံးဖြတ်ထားတယ်ဆိုတဲ့အကြောင်းကိုလည်း သူတို့ကိုပြောလိုက်ဦး။ ပိုက်ဆံဘယ်လောက်ပဲကုန်ကုန် အဲ့ကုန်းမြေကို ငါလိုချင်တယ်။ " ဟု ကျိုရှင်းက မာန်ပါပါဖြင့် ပြောခဲ့သည်။
" ဟုတ်ကဲ့ပါ၊ နဂါးဘုရင်🐉 "ဟု သူတို့က သံပြိုင်ပြောလိုက်ပြီး ညီညီညာညာထွက်ခွာသွားကြသည်။
" ဟက်! လင်ပေ့ဖန်၊မင်းငါ့ကို ဘယ်လို ဆန့်ကျင်တိုက်ခိုက်မလဲဆိုတာကို ကြည့်ကြရအောင်။" ဟု ပြော၍ ကျိုရှင်းက လှောင်ပြုံးပြုံးလိုက်သည်။