← Chapters

အခန်း (၄၅)

Vol. 3 Ch. 45

အခန်း (၄၅)

Vol. 3 Ch. 45

ထို့နောက်လီချုံးအဖွဲ့သည် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆီမှ ပြန်ကြားချက်ကို လျင်လျင်မြန်မြန်ဘဲ ရရှိခဲ့သည်။

" လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက သန်း၈၀၀ပေးမယ်လို့ ကမ်းလှမ်းလာတယ်ပေါ့ "

ချူရိုရွယ်က အံ့အားသင့်သွားခဲ့သည်။ထို့ပြင် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက သူမလက်ထဲမှာရှိတဲ့ ကုန်းမြေကို သန်း၈၀၀ပေး၍ ဝယ်ယူဖို့အတွက် ဆန္ဒရှိ‌လိမ့်မယ်လို့ သူမ မမျှော်လင့်ထားခဲ့ပေ။

သူမတို့အဖွဲ့သည် အဲ့ဒီကုန်းမြေကို ဝယ်ယူခဲ့တုန်းက သန်း၆၀၀သာ သုံးစွဲခဲ့ရသည်ကို သိရှိထားရမည်ဖြစ်သည်။

သူမတို့အဖွဲ့က ဒီအရောင်းအဝယ်ကို လက်ခံလိုက်လျှင် အသားတင် အမြတ်‌ငွေ သန်း၂၀၀ ရှာနိုင်လိမ့်မည်ဖြစ်သည်။

ထိုအရာက သူမတို့အဖွဲ့၏ လက်ရှိခံစားနေရတဲ့ ဘဏ္ဍာရေးအခက်အခဲပြဿနာကိုလည်း ‌လုံးဝဖြေရှင်းနိုင်လိမ့်မည် ဖြစ်သည်။

ထို့ပြင် အမြတ်အချို့ကိုတောင်မှဘဲ ရရှိလိမ့်မည်ဖြစ်သည်။

* လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကလည်း မူရင်းဝယ်ဈေးထက်ကို ‌သန်း၂၀၀ထပ်တိုးပြီးတော့ ဝယ်ယူဖို့အတွက် ဆန္ဒရှိနေတာက၊ ဒီကုန်းမြေကနေ အကျိုးအမြတ်အများကြီးရရှိလိမ့်မယ်လို့ ပြ‌သနေတယ်။ ဒါကြောင့် ငါ ဒီကုန်းမြေကို လွယ်လွယ်နဲ့ မရောင်းသင့်ဘူး။*

ချူရိုရွယ်က သူမ၏ စိတ်ထဲတွင် ပိုပြီးတော့ အသေးစိတ် တွက်ချက်လာခဲ့သည်။

" လင်ပေ့ဖန် နဲ့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဘက်ကရော အကြောင်းပြန်သေးလား ? " ဟု ချူရိုရွယ်က အတွင်းရေးမှူးမလေးကို မေးလိုက်သည်။

အတွင်းရေးမှူးမ‌လေးက ပြန်ပြောခဲ့သည်။

" ဘာမှ အကြောင်းမပြန်သေးပါဘူး၊ ဥက္ကဌချူ "

" လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ကမ်းလှမ်းလာတဲ့အကြောင်းကို လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆီ ၊နင်သွားပြီးတော့ အကြောင်းလိုက်။ သူတို့ ဒီသတင်းကို ကြားရင် ဒီအတိုင်းပဲ ငြိမ်နေမယ်လို့ ငါ မယုံဘူး " ဟု ချူရိုရွယ်က ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ၊ ဥက္ကဌချူ "

ထို့နောက် နောက်တစ်နေ့သို့ ရောက်လာခဲ့သည်။

ချူရိုရွယ်က မနေနိုင်ဘဲ မေးလိုက်မိသည်။

" လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဘက်ကရော တစ်ခုခုများအကြောင်းပြန်သေးလား ? "

" ဘာမှ မပြန်သေးပါဘူး။ " ဟု အတွင်းရေးမှူးမလေးက ပြန်ပြောခဲ့သည်။

ချူရိုရွယ်သည် အနည်းငယ် စိတ်ပျက်သွားသလို ခံစားခဲ့သည်။

" ဒါပေမဲ့…."

" ဘာ ‌ဒါပေမဲ့လဲ ? " ဟု ချူရိုရွယ်က သူမ၏ ဦးခေါင်းကို မော့လိုက်ပြီး မေးခဲ့သည်။

" ဒါပေမဲ့ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဘက်က အရင်ကမ်းလှမ်းတာထက်ကို သန်း၅၀ထပ်တိုးပေးပြီးတော့ သန်း၈၅၀ ပေးမယ်လို့ နောက်ထပ် ကမ်းလှမ်းလာပါတယ်။ " ဟု အတွင်းရေးမှူးမလေးက ပြောလိုက်သည်။

ချူရိုရွယ်သည် ကြက်သေသေသွားခဲ့သည်။

*သူမဘက်ကနေ အကြောင်မပြန်တာတောင်မှ တစ်ခြားလူက ဈေးနှုန်းကို အပို သန်း၅၀ထပ်တိုး၍ ကမ်းလှမ်းလာခဲ့ပြန်သည်။သူတို့က အမှန်တကယ်ဘဲ ပိုက်ဆံကို ပိုက်ဆံလို့ မဆက်ဆံဘူး။ *

*သူတို့ဘဲ ရူးနေတာလား၊ ဒါမှမဟုတ်ရင် အဲ့ကုန်းမြေက အမှန်တကယ်ဘဲ အဖိုးတန်တာလား?။*

" နင် ဒီအခြေအနေကို ထပ်ပြီးတော့ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီစီ အကြောင်းကြားလိုက်ဦး !"ဟု ချူရိုရွယ်က ပြောလိုက်သည်။

" ဟုတ်ကဲ့၊ ဥက္ကဌချူ "

ထို့နောက် နောက်တစ်‌နေ့သို့ ကူးပြောင်းသွားခဲ့ပြန်သည် ။

ချိူရိုရွယ်က မနေနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။

" လင်ပေ့ဖန်ဆီကနေ တုံ့ပြန်မှုတစ်ခုခုရှိလား?"

အတွင်းရေးမှူးမလေးက ချူရိုရွယ်ကို ပြန်ဖြေခဲ့သည်။

" ဘာမှ မရှိပါဘူး။ဒါပေမဲ့ လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက သန်း၉၀၀ပေးမယ်လို့ နောက်ထပ် ကမ်းလှမ်းချက်တစ်ခုကို ပြုလုပ်လာပါတယ်။ "

" Dao Salt ငါ့ ယောက်ျား " ဟု ချူရိုရွယ်က အာမေဍိတ်သံဖြင့် အံ့အားသင့်စွာပြောခဲ့သည်။

သူမသည် ယခုအခါ၌ လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ရဲတင်းသောရွေ့ကွက်များကြောင့် တုန်လှုပ်နေခဲ့သည်။

တစ်ရက်ထဲမှာပင် ဝယ်တဲ့ဈေးက သန်း၅၀၀သို့ တိုးသွားခဲ့သည်။

ထိုအရာက သူမကို ပိုက်ဆံရှိတဲ့လူတွေက ရူးမိုက်တယ် ၊ မြန်မြန်သာ ရောင်းလိုက်လို့ ရှင်းရှင်း‌လင်းလင်းပြောနေခဲ့သည်။

သူမသည် အခုချက်ချင်းဘဲ ထိုကုန်းမြေကို ရောင်းလိုက်လျှင် ပိုက်ဆံသန်း၉၀၀ကို သူမ၏ အိတ်ကပ်ထဲသို့ သိမ်းနိုင်လိမ့်မည်ဖြစ်သည်။

သို့သော်လည်း သူမ၏အသိစိတ်က သူမကို လွယ်လွယ် မရောင်းနဲ့လို့ ပြောနေခဲ့သည်။

သူတို့က ပိုက်ဆံသန်း၉၀၀ကို သုံးစွဲဖို့အတွက် ဆန္ဒရှိရှိတယ်ဆိုကတည်းက ထိုကုန်းမြေ၏ တန်ဖိုးက ဒီထက်အများကြီးထိုက်တန်တယ်လို့‌ ဖော်ပြနေခဲ့သည်။

အကယ်၍ အခုချိန်မှာ သူမ ရောင်းလိုက်လျှင် သူမဆုံးရှုံးလိမ့်မည်ဖြစ်သည်။

" ဒီအကြောင်းကို လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီစီကို ထပ်ပြီး အကြောင်းကြားလိုက်ဦး " ဟု ချူရိုရွယ်က ပြောလိုက်သည်။

" ဟုတ်ကဲ့ ၊ ဥက္ကဌချူ " ဟု အတွင်းရေးမှူးမလေးက ပြန်ဖြေခဲ့သည်။

" နေဦး၊ ငါ့ဘာသာငါပဲ သူ့ကို ခေါ်လိုက်တော့မယ် "ဟု ချူရိုရွယ်က ပြောလိုက်သည်။

ထို့နောက် ဖုန်းက တက်ဖက်သို့ အလျင်အမြန်ပဲ ဝင်သွားခဲ့ပြီး လင်ပေ့ဖန်၏ ပြန်ဖြေသံက ထွက်ပေါ်လာခဲ့သည်။

" ဥက္ကဌချူ ၊ ဘာကိစ္စရှိလို့လဲ ? ။ ဘာကြောင့် မင်း ငါ့ကို ဖုန်းဆက်ရတာလဲ ? " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ချူရိုရွယ်က စိတ်ကသိကအောက်ဖြစ်စွာဖြင့် ပြန်ဖြေခဲ့သည်။

" ဘာကိစ္စရှိလဲ ၊ဟုတ်လား ? ။ ကျန်းနန်မှာရှိတဲ့ ကုန်းမြေအကြောင်းပဲပေါ့။လုံယ ရင်းနှီးမြှုပ်နှံကုမ္ပဏီရဲ့ ကမ်းလှမ်းချက်က အခုချိန်မှာ သန်း၉၀၀ရောက်ရှိနေပြီးတော့ မူရင်းဝယ်ဈေးထက်ကို ၅၀ရာခိုင်နှုန်း‌ေတာင်မှ ကျော်နေပြီ ဒါက ကျွန်မကို လေးလေးနက်နက် စဉ်းစားရအောင် ပြုလုပ်နေတယ်။ ကျွန်မတို့က ရှင့်ဘက်ကနေ အကြောင်းပြန်တာကို စောင့်‌နေတာ။ ရှင့်ဘက်ကရော ဘာအခြေအနေရှိလဲ ? ။ ပြီးတော့ ရှင် ဝယ်မှာလား၊ မဝယ်ဘူးလား?။ကျွန်မကို ‌အခုချက်ချင်း အဖြေပြန်ပေးပါ။ " ဟု ချူရိုရွယ်က လင်ပေ့ဖန်ကို ပြောလိုက်သည်။

လင်ပေ့ဖန်၏ အေးဆေးတည်ငြိမ်တဲ့ အသံက သူမ ဖုန်းကို ဖြတ်၍ ထွက်ပေါ်လာခဲ့သည်။

" ဒီကိစ္စက ဖြစ်နိုင်လို့လား ?။ မင်းမှာ ဘယ်တုန်းကမှအဲ့ကုန်းမြေကို ရောင်းဖို့အတွက် ရည်ရွယ်ချက် မရှိဘူးလေ။ "

ချူရိုရွယ်၏ မျက်ခုံးများက ကျုံ့သွားခဲ့ပြီး သူမ၏ ဦးခေါင်းကို လက်သည်းဖြင့် ကုတ်ခြစ်နေသလို ခံစားခဲ့ရသည်။

ထို့နောက် သူမက လေသံမာမာဖြင့် ပြန်ပြောလိုက်သည်။

" ကျွန်မ ‌မ‌ေရာင်းဘူးလို့ ဘယ်သူပြောလဲ ?။ ဒီဈေးနှုန်းကို ကျွန်မ မကြိုက်သေးလို့ မရောင်းသေးတာဘဲ။ပြီးတော့ ရှင်ရဲ့ ထင်မြင်ချက်ကို ကျွန်မ စောင့်‌နေတာ။ "

" ကောင်း‌ပြီ‌လေ၊ငါမင်းကို အခု ရှင်းရှင်းလင်းလင်းဖြစ်သွားအောင် လုပ်ပေးမယ်။ ငါ အဲ့ကုန်းမြေကို မဝယ်တော့ဘူး။ ဒါကြောင့် မင်း လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့ ဆက်ပြောနိုင်တယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ချူရိုရွယ်ဘက်က အသံတိတ်သွားခဲ့သည်။

" အကယ်၍ မင်းမှာ ပြောစရာ ဘာမှမရှိတော့ဘူးဆိုရင်လည်း ငါ ဖုန်းချလိုက်တော့မယ် " ဟု ပြောပြီးနောက် လင်ပေ့ဖန်က ဖုန်းချဖို့ လုပ်လိုက်သည်။

" သေစမ်း " ဟု ချူရိုရွယ်က ရေရွတ်ခဲ့သည်။

ထို့နောက် သူမသည် သူမ၏ သွားများကိုတင်းတင်းကြိတ်လိုက်သည်။

သူမက တစ်ခြားလူ၏ လုံးဝ ထိန်းချုပ်ခြင်းကို ခံထားရသလို ခံစားနေရသည်။

ချူရိုရွယ်က အမြန်ဘဲ ‌ပြန်ပြောလိုက်သည်။

" ခဏ ၊ဖုန်းမချသေးပါနဲ့ဦး၊ ကျွန်မမှာ ရှင့်ကို မေးစရာ အချို့ရှိသေးလို့ပါ။ "

" ပြော " ဟု လင်ပေ့ဖန်က ပြန်တုံ့ပြန်ခဲ့သည်။

ချူရိုရွယ်က " ရှင် နဲ့ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ နှစ်ခုစလုံးက အဲ့ကုန်းမြေကို ဘာလို့ မျက်စိကျနေရတာလဲ ?။ အဲ့ကုန်းမြေရဲ့ တန်ဖိုးကရော ဘယ်လောက်တန်လို့လဲ?။ ရှင်၊ ကျွန်မကို ပြောပြပေးနိုင်မလား?။ ကျွန်မ ဒီကျေးဇူးကို ပြန်ဆပ်ပါ့မယ်။ " ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က " လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို သွားမေးကြည့်ပေါ့။ သူတို့က ပိုက်ဆံအများကြီးသုံးစွဲဖို့ ဆန္ဒရှိတဲ့အတွက် အဲ့ကုန်းမြေရဲ့ တန်ဖိုးကို သူတို့သိလိမ့်မယ်။ " ဟု ပြန်ဖြေခဲ့သည်။

ချူရိုရွယ်က " ကျွန်မမေးကြည့်ပြီးပြီ၊ ဒါပေမဲ့ သူတို့က ဘာမှပြန်မပြောဘူး " ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က " ဒါဆိုရင်တော့ ငါလည်း မင်းကို မကူညီနိုင်ဘူး။ နှုတ်ဆက်ပါတယ် " ဟု ပြန်ပြောခဲ့သည်။

ထို့နောက် လင်ပေ့ဖန်ဘက်ကနေ စတင်ပြီးတော့ ဖုန်းချခဲ့သည် ။

ချူရိုရွယ်သည် ဒေါသထွက်လွန်းတာကြောင့် သူမ၏ ဖုန်းကို အဝေးသို့ ပစ်ထုတ်ချင်ခဲ့သည်။

သူမသည် လင်ပေ့ဖန်နှင့် ဆုံတွေ့တဲ့အချိန်တိုင်းမှာ ကံမကောင်းသလို ခံစားခဲ့ရသည်။

ချူရိုရွယ်သည် သူမ၏ ရုံးခန်းတံခါးကို သူမဘာသာပိတ်ပြီးနောက် သူမသည် ထိုကိစ္စ၏ အားသာချက်များ နှင့် အားနည်းချက်များကို စေ့စေ့စပ်စပ်စဉ်းစားခဲ့သည်။

ထို့နောက် ခဏအကြာတွင် အတွင်းရေးမှူးမလေးသည် လမ်းလျှောက်ဝင်လာခဲ့ပြီး " ဥက္ကဌချူ ၊လုံယရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီက နောက်ထပ် ကမ်းလှမ်းမှုပြုလုပ်လာပါတယ်။ ဒီတစ်ကြိမ်ကမ်းလှမ်းတာကတော့ သန်း၉၅၀ပါ။ " ဟု ပြောလိုက်သည်။

ချူရိုရွယ်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး

" ထပ်ပြီး မကမ်းလှမ်းနဲ့‌တော့လို့ သူတို့ကို ပြောလိုက်။ပြီးတော့ အဲ့ဒီကုန်းမြေကို ဝယ်ယူဖို့အတွက် သူတို့ ပိုက်ဆံဘယ်လောက်ပဲ ကမ်းလှမ်းလာ၊ကမ်းလှမ်းလာ ငါတို့ အဲ့ကုန်းမြေကို မရောင်းဘူး။ ငါတို့ဘာသာ ငါတို့ပဲ အဲ့ကုန်းမြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်မယ်။ " ဟု ပြောလိုက်သည်။

အတွင်းရေးမှူးမလေးသည် အံ့အားသင့်သွားခဲ့ပြီး

" ကျွန်မတို့ဘာသာ ကျွန်မတို့ ဖွံ့ဖြုးတိုးတက်အောင် လုပ်မလို့လား ?။ ဒါပေမဲ့ ဥက္ကဌချူ ကျွန်မတို့မှာ ပိုက်ဆံမရှိဘူးလေ။ " ဟု ပြောလိုက်သည်။

"ဒါကြောင့်ဘဲ ငါတို့က ချမ်းသာတဲ့စီးပွားရေးလုပ်ဖော်ကိုင်ဖက် တစ်ယောက်ကို လိုအပ်တယ်! " ဟု ပြောလိုက်သည်။

ထို့နောက် ချူရိုရွယ်က အနည်းငယ်ပြုံးလိုက်ပြီး

" လင်ပေ့ဖန်ရဲ့ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ငါတို့အတွက်တော့ အလွန်ကောင်းတဲ့ လုပ်ဖော်ကိုင်ဖက်ဘဲ ။ " ဟု ပြောလိုက်သည်။

အတွင်းရေးမှူးမလေးသည် ပိုပြီးတော့တောင်မှ အံ့အားသင့်သွားခဲ့ပြီး " ဥက္ကဌချူ ၊ဘာကြောင့် ရိုးရိုးသားသား ကမ်းလှမ်းလာတဲ့ လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို မ‌ရွေးချယ်ဘဲ နဲ့ ၊လင်ပေ့ဖန်နဲ့ ပူးပေါင်းဖို့အတွက် ရွေးချယ်ရတာလဲ ။ "ဟု မေးလိုက်သည်။

All Chapters