← Chapters

အခန်း (၄၁)

Vol. 3 Ch. 41

အခန်း (၄၁)

Vol. 3 Ch. 41

နောက်တစ်နေ့တွင် ဒုတိယအမျိုးသမီးဇာတ်လိုက် ချူရိုရွယ်သည် သူမ၏အဖွဲ့ကို ဦးဆောင်၍

လင်ပေ့ဖန်၏ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီဆီသို့ ရောက်ရှိလာခဲ့သည်။

ထိုနေရာရဲ့ အိမ်ရှင်ဖြစ်သည့် လင်ပေ့ဖန်ကတော့ သူမကို နွေးထွေးစွာဖြင့် ကြိုဆိုခဲ့ပြီး " မစ်ချူ ၊ငါတို့ကုမ္ပဏီကနေ မင်းကို ဝမ်း‌မြောက်စွာနဲ့ ကြိုဆိုပါတယ်။မင်း ၊ငါတို့ကုမ္ပဏီကို ရောက်လာတာက ငါတို့အတွက်တော့ ဂုဏ်ယူစရာဘဲ။ "ဟု ပြောလိုက်သည် ။

" ရှင်၊ ကျွန်မကို မြောက်လွန်းနေပါပြီ။ ပြီးတော့ ရှင်တို့ဆီကို လာရောက် နှောက်ယှက်မိတဲ့အတွက်လည်း ကျွန်မ တောင်းပန်ပါတယ်။ " ဟု ချူရိုရွယ်က လှပသောအပြုံးဖြင့် ပြောလိုက်သည်။ထို့ပြင် သူမ၏ မျက်နှာပေါ်တွင်လည်း ကိုယ့်ကိုကို ယုံကြည်မှုရှိပြီးရည်မွန်တဲ့ ပုံစံပေါ်လာခဲ့၍ သူမ၏ မာနကြီးတဲ့ အရိပ်အယောင်ကတော့ ပျောက်ကွယ်နေခဲ့သည်။

*လက်တွေ့မှာ သာမန်လူဘယ်လောက်များများက ဥက္ကဌတစ်ယောက် ဖြစ်လာနိုင်လို့လဲ ?။*

စီးပွားရေးနယ်ပယ်မှာတော့ သူတို့ရဲ့ ပုံစံအမှန်ကို ဖုန်းကွယ်၍ လူတိုင်းကို ယဉ်ကျေးစွာဖြင့် ဆက်ဆံခြင်းက အခြေခံအကျဆုံး အချက်ဖြစ်သည်။

" မစ်ချူ ၊ငါ မင်းကို ငါ့ကုမ္ပဏီကလူတွေနဲ့ မိတ်ဆက်ပေးပါရစေ " ဟု ပြောပြီးနောက် လင်ပေ့ဖန်က ရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီမှာရှိတဲ့ လူ‌တွေနှင့်သူမကို မိတ်ဆက်ပေးခဲ့သည်။

ထို့နောက် သူသည် ဥက္ကဌ ၊ဒုဥက္ကဌ နှင့် မန်နေဂျာများကိုပါ သူမနှင့် မိတ်ဆက်ပေးလိုက်သည်။

ချူရိုရွယ်သည် လင်ပေ့ဖန်ကို ကြည့်လိုက်ပြီး " ဒီကုမ္ပဏီမှာ တကယ့်ကို ရှင် ကောင်းကောင်းလုပ်နိုင်ပုံရတယ် ။" ဟု ပြောလိုက်သည်။

စီးပွားရေးနယ်ပယ်များတွင် ဧည့်ခံပွဲများအတွက် မမြင်နိုင်သည့် စည်းမျဉ်းများရှိကြသည်။ထို့ပြင် ဧည့်ခံသည့်အခါတွင်လည်း တစ်ဖက်က ဧည့်သည်က အလုပ်သမားဆို ၊ဧည့်ခံတဲ့လူကလည်း အလုပ်သမား၊တစ်ဖက်က စီအီအိုဆို ဧည့်ခံတဲ့ လူကလည်း စီအီအိုဖြစ်ရမည်ဖြစ်၍ ရာထူးချင်းကလည်းတူညီနေရမည်ဖြစ်သည်။

အကယ်၍ ဧည့်ခံတဲ့လူက တစ်ဖက်လူနှင့် ရာထူးချင်းမတူညီပါက လူအများ၏ ကဲ့ရဲ့ရှုံ့ချခြင်းကို ခံရလိမ့်မည်ဖြစ်သည်။

ထို့ပြင် လင်ပေ့ဖန်သည် ချူရိုရွယ်ကို တိုက်ရိုက်လက်ခံတွေ့ဆုံနိုင်ခြင်းက ဒီကုမ္ပဏီတွင် သူသည် အကောင်ကြီးတစ်ကောင်ဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

" ဒါဆိုရင်၊ ဒီလောက်ပဲ မိတ်ဆက်ပေးလိုက်တော့မယ်။ " ဟု လင်ပေ့ဖန်က ပြုံး၍ ပြောခဲ့သည်။

အခုလက်ရှိ၌ သူရဲ့ရာထူးက ဒုဥက္ကဋ္ဌ ဖြစ်သော်လည်းပဲ သူ့၏အံ့အားသင့်ဖွယ် လုပ်ဆောင်မှုများနှင့် သူ့၏နောက်ခံကြောင့် သူသည် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌ နံပါတ်တစ် ဩဇာအာဏာရှိသူဖြစ်သည်။

" မစ်ချူ ၊ အပြင်မှာနေရတာက လေအရမ်းတိုက်လွန်းတယ်။ကျေးဇူးပြု‌ပြီးတော့ အထဲကို ကြွပါဦး " ဟု လင်ပေ့ဖန်က ပြောပြီးနောက် သူတို့သည် အစည်းအဝေးခန်းမထဲသို့ ဝင်လာခဲ့သည်။

လက်ဖက်ရည်တစ်ခွက်သောက်ပြီးနောက်တွင် ချူရိုရွယ်သည် ရှက်သွေးဖြာ၍ ပြောလိုက်သည်။

" ကျွန်မ ဒီတစ်ကြိမ်လာရတဲ့ အကြောင်းအရင်းကတော့ လုပ်ငန်းလည်ပတ်ဖို့အတွက် ရှင့်ဆီကနေ ရန်ပုံငွေအချို့ကို ချေးပြီးတော့ အကူအညီတောင်းချင်လို့ပါ။''

အကယ်၍ သူမမှာ အခြားရွေးချယ်စရာမရှိတာကြောင့်သာ မဟုတ်ရင်တော့ သူမသည် ဒီပလေးဘွိုင်း လင်ပေ့ဖန်ကို လာရှာလိမ့်မည် မဟုတ်ပေ။

ယခုချိန်၌ ကမ္ဘာ့စီးပွားရေးတစ်ခုလုံးကလည်း ကျဆင်းနေခဲ့တာကြောင့် လူတိုင်းက အကြွေးများထူပြီးမွဲနေကြသည်။ထို့ပြင် ဘဏ်များကလည်း သူတို့၏ ငွေချေး‌‌မှုများကိုပါ တင်းကျပ်လိုက်တာကြောင့် ဘဏ်များကနေငွေချေးဖို့အတွက် အ‌တော့်ကို ခက်ခဲသွားခဲ့သည်။

စက်မှုလုပ်ငန်းအားလုံးထဲမှာမှ ရန်ပုံငွေဖြင့် လုပ်ငန်းကို လည်ပတ်ရသော အိမ်ခြံမြေလုပ်ငန်းကတော့ ထိခိုက်မှုအများဆုံးဖြစ်ခဲ့သည်။

သူမတို့၏ လီချုံးဂရုသည် ဈေးဝယ်စင်တာများရဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွင်ပါဝင်နေခဲ့ပြီး အိမ်ခြံမြေလုပ်ငန်းများ ဖွံ့ဖြိုးတိုး‌တက်ရေးကိုသာ အဓိကအားဖြင့် လုပ်ဆောင်နေသည်။

ဒါပေမဲ့လည်း ယခုချိန်၌ စီးပွားရေးလွှမ်းမိုးမှုများကြောင့် သူမတို့သည် ဘဏ်ကနေ ငွေချေးယူလို့မရတော့ပေ။ထို့ကြောင် သူမတို့လီချုံဂရုသည် ရန်ပုံငွေလည်ပတ်ဖို့အတွက် ငွေကြေးပြဿနာနှင့် ကြုံတွေ့နေရသည်။

သူမသည် ဒီရက်ထဲ၌ ငွေရေးကြေးရေးအခက်အခဲများကြောင့် စိုးရိမ်နေခဲ့ရသည်။

လင်ပေ့ဖန်သည် လက်ရှိ၌ ရင်းနှီးမြှုပ်နှံရေးလုပ်ငန်းကို လုပ်နေတာကြောင့် သူ့မှာ ပိုက်ဆံရှိလိမ့်မည်ဟု သူမသည် ‌မနေ့ညက လင်ပေ့ဖန်နှင့်တွေဆုံမိပြီးနောက် ထိုအ‌ေကြာင်းကို စဉ်းစားမိခဲ့သည်။ထို့ကြောင့် သူမသည် လင်‌ပေ့ဖန်ဆီသို့ လာရောက်လည်ပတ်ရခြင်းဖြစ်သည်။

" ငါသိပြီ။ " ဟု ပြော၍ လင်ပေ့ဖန်က ခေါင်းညိတ်လိုက်သည်။ ထို့ပြင် သူသည် ဒီကိစ္စကို နဂိုကတည်းက ခံမှန်းမိခဲ့သည်။

မူရင်းဇာတ်လမ်းထဲမှာတော့ သူမသည် ဒီပြဿနာကို ကြုံ‌တွေ့ရပေမဲ့လည်း ၎င်းက လအနည်းငယ်အကြာမှ ဖြစ်သည်။ ထို့ပြင် စီးပွားရေးကျဆင်းမှုကလည်း ဆက်လက်ဖြစ်ပေါ်‌ နေခဲ့ပြီး အခြေအနေက ပိုလို့တောင် ဆိုးရွားလာခဲ့သည်။

နောက်ဆုံးမှာတော့ ဒီပြဿနာကို ဒုတိယဇာတ်လိုက်ဖြစ်တဲ့ ရဲ့ရှင်းချန်က သူမကို လျို့ဝှက်စွာဖြင့် ကူညီပေးခဲ့သည်။

သူမ၏ သက်တော်စောင့်အဖြစ် ဟန်ဆောင်နေစဉ်အတွင်းတွင် သူသည် သူ့၏စစ်နတ်ဘုရား အာဏာနှင့် ဩဇာလွှမ်းမိုးမှုများကို အသုံးပြု၍ သူမကို ထိုအခက်အခဲကနေ ဖြတ်ကျော်နိုင်စေရန် ကူညီပေးခဲ့သည်။

ထို့နောက် ရဲ့ရှင်းချန်သည် သူ့အာဏာကိုသုံး၍ ဗီလိန်များကို ဟန်ဆောင်စေပြီးတော့ မျက်နှာဖြတ်ရိုက်ခဲ့သည်။ ဒါကတော့ ဖန်တစ်ရာထပ်နေတဲ့ ဇာတ်ကွက်တစ်ခုဘဲဖြစ်သည်။

သို့သော်လည်းပဲ တစ်ခြားလူ၏ ဇာတ်ကွက်က မစတင်‌ရသေးခင်မှာဘဲ လင်ပေ့ဖန်က ကြားဖြတ်ဝင်ရောက်ခဲ့သည်။

ယခုအချိန်မှာတော့ လင်ပေ့ဖန်သည် အတော်လေးကို ချမ်းသာနေခဲ့ပြီဖြစ်သည်။

သူသည် ယခုအချိန်၌ ပိုက်ဆံသန်း၁၀၀ကို ချက်ချင်းသုံးစွဲလိုက်လျှင် သူမ၏ အခက်အခဲများကို ကူညီနိုင်ရုံသာမကဘဲနဲ့ သူမ၏ နှလုံးသားကိုလည်း ရယူနိုင်လိမ့်မည်ဖြစ်သည်။

" မင်း ပိုက်ဆံဘယ်လောက်များများ ချေးချင်လို့လဲ ?"

ဟု လင်ပေ့ဖန်က မေးလိုက်သည်။

ချူရိုရွယ်က အမြန်ပဲ ပြန်ပြောလိုက်သည်။

" ငါတို့ရဲ့လုပ်ငန်းတွေ ပြန်လည် လည်ပတ်လာဖို့အတွက် ရန်ပုံငွေ သန်းတစ်ရာဘဲ ငါတို့လိုအပ်တယ်။အတိုးကိုတော့ အခုလက်ရှိဘဏ်ကချေးဌားတဲ့ အတိုးတစ်ရာခိုင်နှုန်းအတိုင်းဘဲ ငါတို့တွက်ချက်မယ်။ "

လင်ပေ့ဖန်သည် စားပွဲခုံကို ခေါက်၍ အတွေးနက်နေခဲ့သည်။

ချူရိုရွယ်သည် လင်ပေ့ဖန်ကို လျို့ဝှက်စွာဖြင့် ကြည့်ရှုစစ်ဆေးလိုက်ချိန်တွင် သူ့၏မျက်ခုံးများက တွန့်ကွေးနေတာကို သူမမြင်လိုက်ရပြီးနောက် သူမ၏ နှလုံးသားလေးသည် ပို၍ပို၍ လေးလံလာခဲ့သည်။

.

" ငါရဲ့ထင်မြင်ချက်ကတော့ ရန်ပုံငွေ သန်းတစ်ရာလောက်နဲ့ ပြဿနာအများကြီးကို မဖြေရှင်းနိုင်လောက်ဘူး။ " ဟု လင်ပေ့ဖန်က လေးနက်စွာဖြင့် ပိုင်းခြားစိစစ်ပြခဲ့သည်။

" ရှင်ဘာကို ဆိုလိုတာလဲ ? " ဟု ‌ချူရိုရွယ်က မေးမြန်းလိုက်သည်။

ထို့နောက် လင်ပေ့ဖန်က စိတ်ပါလက်ပါဖြင့် ရှင်းပြခဲ့သည်။

"အခုလက်ရှိမှာ ကမ္ဘာ့စီးပွားရေးက ကျဆင်းနေတယ်။ဒါကြောင့် လူတိုင်းက အကြွေးထူပြီး‌ေတာ့ဆင်းရဲနေကြတယ်။ပြီးတော့ လုပ်ငန်းတိုင်းကလည်း အဆင်မပြေနေကြဘူး။အထူးသဖြင့် မင်းတို့လို ရန်ပုံငွေကို မှီခိုနေရတဲ့ အိမ်ခြံမြေလုပ်ငန်းတွေ‌က ပိုပြီးတော့တောင်မှ ခက်‌ခဲနေဦးမယ်။မင်းပြောတဲ့ ရန်ပုံငွေသန်းတစ်ရာနဲ့ အခက်အခဲဘယ်လောက်များများကို ပြေလည်စေနိုင်မှာလဲ? ။အဲ့ဒါက ငါးကြင်ဆီ နဲ့ ငါးကြင်ပြန်ကြော်နေသလိုဖြစ်နေတယ်။ "ဟု ပြောလိုက်သည်။

ချူရိုရွယ်သည် အားတင်း၍ ပြုံးလိုက်ပြီး " ဒါက ဒေဝါလီ ခံရတာနဲ့ ပိတ်သိမ်းခံရတာထက်စာရင်တော့ ပို‌ ကောင်းသေးတယ်မလား?။" ဟု ပြောလိုက်သည်။

*သူမက ဒီအခြေအနေကို ဘယ်လိုသိနိုင်မှာလဲ?*

* ဒီအ‌ခြေအနေက တော်တော်လေးကို အကူအညီမဲ့‌ နေသည်။*

*ယခုနေ့ရက်များ၌ လူတိုင်းက ‌ဒီအခက်အခဲ၌ ဘယ်သူကြာကြာနေနိုင်မလဲဆိုတာကို အချင်းချင်းယဉ်ပြိုင်နေကြသည်။*

*အကယ်၍ ဒီအကျပ်အတည်းကို သူတို့ ဖြတ်ကျော်နိုင်ရင်တော့ သူတို့အတွက်မျှော်လင့်ချက်ရှိသေးသည်။ *

*အကယ်၍ ဒီအကျပ်အတည်းကနေ သူတို့မဖြတ်ကျော်နိုင်ရင်တော့ သူတို့၏ ဘဝကြီး ပြီးဆုံးသွားပြီဖြစ်သည်။*

ထို့နောက် လင်ပေ့ဖန်က ရုတ်တရက် မေးမြန်းခဲ့သည်။

" ကျန်းနန်မှာ မင်းတို့ လီချူံးဂရုပိုင်ဆိုင်တဲ့ ကုန်းမြေတစ်ခု ရှိတယ်မလား? "

ချူရိုရွယ်သည် ပဟေဠိဖြစ်သွားခဲ့ပြီး " ဟုတ်တယ်လေ၊ ဘာလို့လဲ? " ဟု ပြောလိုက်သည်။

" ငါ အဲ့ဒီကုန်းမြေကို ကြိုက်လို့ပါ။" ဟု ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်က ပြုံး၍ " ဘယ်လိုလဲ ငါ့ကို ရောင်းပေးမလား? " ဟု ဆက်ပြောလိုက်သည်။

" ရှင် အဲ့ဒီကုန်းမြေကို ဝယ်ချင်လို့လား?။" ဟု ချူရိုရွယ်က အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်သည်။

လင်ပေ့ဖန်သည် သူ့၏လက်များကို ဖြန့်ပြလိုက်ပြီး

" ဘာလို့မဖြစ်နိုင်ရမှာလဲ? " ဟု ပြောလိုက်သည်။

ချူရိုရွယ်သည် သူမ၏ ဦးခေါင်းကို ခါလိုက်ပြီး

" ရိုးရိုးသားသားပြောရရင်တော့ ၊ရှင် အဲ့ဒီကုန်းမြေကို ဝယ်ဖို့အတွက် မတတ်နိုင်လောက်ဘူး " ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က "ဘာကြောင့် ငါက ဝယ်ဖို့အတွက် မတတ်နိုင်ရမှာလဲ? " ဟု မေးမြန်းလိုက်သည်။

" ဘာကြောင့်လဲဆိုတော့ ရှင့်မှာ ပိုက်ဆံလုံလုံလောက်လောက် မရှိလောက်ဘူး။ကျွန်မတို့ အဲ့ဒီကုန်းမြေကို ဝယ်ယူတုန်းက ပိုက်ဆံ သန်း၆၀၀ကျော်လောက် သုံးစွဲခဲ့ရတယ်။အကယ်၍ ကျွန်မရှင့်ကို အခုချိန်မှာ ဈေးလျော့ပေးပြီးရောင်းရင်တောင် အနည်းဆုံး တော့သန်း၅၀၀လောက်မှဘဲ အဲ့ဒီကုန်းမြေကို ဝယ်လို့ရနိုင်လိမ့်မယ်။ရှင့်မှာ အဲ့လောက် ပိုက်ဆံအများကြီးရှိလို့လား ? " ဟု ချူရိုရွယ်က လင်ပေ့ဖန်ကို ပြန်ပြောခဲ့သည်။

All Chapters