← Chapters

အခန်း (၄၆)

Vol. 4 Ch. 46

အခန်း (၄၆)

Vol. 4 Ch. 46

ချူရိုရွယ်သည် အနည်းငယ်ပြုံးလိုက်ပြီး "လင်ပေ့ဖန်ကို ငါဘာကြောင့် ရွေးချယ်ရတာလဲဆိုတော့ သူက ငါတို့အတွက် အကောင်းဆုံး ရွေးချယ်မှုဖြစ်လို့ဘဲ " ဟု ပြောလိုက်သည်။

" ပထမအချက်ကတော့ အခုမှ အသစ်ပေါ်ထွက်လာတဲ့ လုံယရင်းနှီးမြှုပ်နှံ‌ရေးကုမ္ပဏီနဲ့ယှဉ်ရင် ငါတို့က လင်ပေ့ဖန်နဲ့ ပိုရင်းနှီးတယ်။ပြီးတော့ ငါတို့အားလုံးက မိုဟိုင်မြို့ထဲမှာ လုပ်နေတာကြောင့် ငါတို့အချင်းချင်း မကြာခဏတွေ့ဆုံနိုင်တယ်လေ။ ငါတို့အဖွဲ့နဲ့ ပူးပေါင်းမဲ့သူကို ရှာတဲ့အခါမှာလည်း ၊ငါတို့မသိတဲ့အဖွဲ့နဲ့ ပူးပေါင်းတာထက်ကို ငါတို့သိတဲ့ အဖွဲ့နဲ့ ပူးပေါင်းတာက ပိုကောင်းတယ်လေ။ " ဟု ပြောလိုက်သည်။

" ဒုတိယအချက်အနေနဲ့ လင်ပေ့ဖန်က ချမ်းသာပြီးတော့ သူ့မှာ တောက်ပတဲ့ အနာဂတ်လည်း ရှိတယ်လေ။ ပြီးတော့ သူက တစ်လမပြည့်ခင်မှာဘဲ သူ့မှာရှိတဲ့ ရန်ပုံငွေသန်းတစ်ရာနဲ့ သန်းရာပေါင်းများစွာရရှိအောင် လုပ်ဆောင်ပြီးတော့ သူ့ရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံရေးစွမ်းရည်ကို ပြသခဲ့‌တယ်။အကယ်၍ အနာဂတ်မှာ သူ အမှားတစ်ခုခုမလုပ်သ၍တော့ မိုဟိုင်မြို့မှာတင်မကဘဲနဲ့ တစ်နိုင်ငံလုံး‌မှာတောင် ထိပ်ဆုံးကနေ ရပ်တည်နိုင်တဲ့သူ ဖြစ်လာမှာ မလွဲ‌ဧကန်ဘဲ။ဒါကြောင့် ငါတို့နဲ့ပူးပေါင်းမယ့်သူကို ရွေးချယ်တဲ့အခါမှာ အလားအလာရှိတဲ့ လူတစ်ယောက်ကို ငါတို့ရွေးချယ်သင့်တယ် " ဟု ပြောလိုက်သည်။

"ဒါ့အပြင် ကမ္ဘာ့စီးပွားရေး ဆက်တိုက်ကျဆင်းလာတာက ငါတို့ရဲ့ အိမ်ခြံမြေလုပ်ငန်းအတွက် ပိုမိုခက်ခဲလာပြီးတော့ ငွေရှာရတာကလည်း ပိုတောင်ခက်ခဲလာတာကိုတော့ ငါတို့ ဝန်ခံရမယ်။ ပြီးတော့ ဒီအခြေအနေက ဘယ်အချိန်မှ ပြီးမှာလဲဆိုတာကိုလည်း ငါတို့မသိဘူး။ " ဟု ပြောလိုက်သည်။

" ဘာပဲဖြစ်ဖြစ် ၊အကယ်၍ ငါတို့က လင်ပေ့ဖန်နဲ့ ဆက်ဆံရေးတစ်ခုခုတည်ထောင်နိုင်ရင် ဒီအခွင့်အရေးကို အသုံးပြုပြီးတော့ ငါတို့က သူစီကနေ ရန်ပုံငွေလည်း ချေးနိုင်ပြီးတော့ ငါတို့ရဲ့ လက်ရှိအခက်အခဲကိုလည်း ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မယ်။ဒါက ငါတို့အဖွဲ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှု အတွက် အလွန်အရေးပါပြီးတော့ ဒုတိယအကြိမ် မြင့်တက် အောင်မြင်လာတာတောင် ဖြစ်နိုင်တယ်။ " ဟု ပြောလိုက်သည်။

" တတိယအချက်အနေနဲ့ လင်ပေ့ဖန်က လင်ဂရုရဲ့အ‌မွေဆက်ခံသူဖြစ်တယ်။ ဒါကြောင့် ငါတို့ သူနဲ့ ပူးပေါင်းလိုက်တာက လင်ဂရုနဲ့ အမှန်တကယ် ပူးပေါင်းလိုက်သလိုဘဲ။ ဒါ့အပြင် လင်ဂရုက ပြည်တွင်းမှာ ငါတို့အဖွဲ့ထက် မနိမ့်ကျတဲ့ အဖွဲ့တစ်ဖွဲ့လည်း ဖြစ်ပြီးတော့ ပြည်တွင်းမှာလည်း စွမ်းအားနဲ့ လွှမ်းမိုးမှုအနည်းငယ် ရှိတယ်။ ဒါကြောင့် သူတို့နဲ့ ပူးပေါင်းတာက လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့ ပူးပေါင်းတာထက်ကို ပိုပြီးတော့ ကောင်းတယ်မဟုတ်ဘူးလား? " ဟု ပြောလိုက်သည်။

" ဒါကြောင့် လင်ပေ့ဖန်နဲ့ ပူးပေါင်းဖို့အတွက် ငါတို့ရွေးချယ်လိုက်ရင် အကျိုးအမြတ်အများကြီးရတယ် ။အဲ့ဒါနဲ့ ယှဉ်ရင် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ပိုက်ဆံအပြင် ငါတို့ကို တစ်ခြား ဘာပေးနိုင်လို့လဲ ? "

" ကျွန်မသိပြီ။ ဥက္ကဌချူ ၊ ရှင်က အမှန်တကယ်ဘဲ အမြော်အမြင်ကြီးတာဘဲ။ " ဟု အတွင်းရေးမှူးမလေးက မြှောက်ပင့်ခဲ့သည်။

ချူရိုရွယ်သည် ထိုမြှောက်ပင့်မှုကို အားရကျေနပ်နေခဲ့သည်။

ဒါပေမဲ့လည်း သူမသည် ရုတ်တရက် လင်ပေ့ဖန်၏ ဆန်းကြယ်တဲ့ အပြုံးကို သွားသတိရမိခဲ့သည်။

ထို့နောက် သူမသည် ခါးသီးပြီး ဒေါသထွက်သလို ခံစားရ၍ ဒေါသထွက်စွာဖြင့် သူမ၏သွားများကိုကြိတ်လိုက်ပြီး " သေစမ်း၊ ဖြစ်နိုင်တာက သူ ငါ့စိတ်ကို ကြိုသိနေတာလား ?" ဟု ပြောလိုက်သည်။

ထိုအချိန်၌ သူမ၏ဖုန်းတွင် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

{ မစ်စ်ချူ ၊ ဒီနေ့ည အားလား?။ ငါတို့ ညစာအတူတူစားပြီးတော့ ပူးပေါင်းမဲ့ကိစ္စကို ဆွေးကြရအောင်။ မင်းဘယ်လိုထင်လဲ ? }

ထိုစာက လင်ပေ့ဖန်စီကနေ လာတဲ့ စာဖြစ်သည်။

ချူရိုရွယ်သည် ဒေါသထွက်စွာဖြင့် စားပွဲခုံကို ရိုက်လိုက်ပြီး " သေစမ်း၊ သူ တကယ်ဘဲ ငါ့စိတ်ကို သိနေတာဘဲ။ " ဟု ပြောလိုက်သည်။

မူလက သူမသည် သူမ၏ဖုန်းကို ပိတ်၍ စာကို မမြင်သလို ဟန်ဆောင်ချင်ခဲ့သည်။ဒါ့မှဘဲ သူမသည် ဒီစာကို ဘယ်သောအခါမှ လက်ခံမရရှိမှာဖြစ်သည်။

ဒါပေမဲ့လည်း သူမသည် အနည်းငယ်တွေးတောလိုက်ပြီးနောက် သူမ၏ ဖုန်းကို ကောက်ကိုင်လိုက်၍ စာလုံးလေးလုံးဖြင့် အကြောင်းပြန်ခဲ့သည်။

{ အချိန်၊နေရာ }

" ဒါက အလုပ်အတွက်ဘဲ၊ ဟမ်! "

ထိုညတွင် သူတို့နှစ်ယောက်သည် မြင်ကွင်းကောင်းတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ရောက်ရှိခဲ့ကြသည်။

ဒါပေမဲ့လည်း သူတို့ မစားသောက်ရသေးခင်မှာဘဲ သူမက ကုန်းမြေကိုသာ ထောက်ပံ့ပေးပြီးတော့ ပိုက်ဆံတစ်ပြားမှ မထောက်ပံ့ပေးနိုင်ဘူးဟု သူ့ကို ပြောလာခဲ့သည်။

ထိုကုန်းမြေတစ်ခုလုံးကို အပြည့်အဝဖွံ့ဖြိုးတိုးတက်လာဖို့အတွက် အနည်းဆုံး ပိုက်ဆံ ၁၅ဘီလီ‌ယံလောက် လိုနိုင်သည်ဟု လင်ပေ့ဖန်က ခန့်မှန်းခဲ့သည်။

ဒါကို တစ်ခြားလူက တစ်ပြားတစ်ချပ်မှမပေးဘူးဆို‌ တော့ သူတစ်ယောက်ထဲ ပိုက်ဆံဆိုက်ရမှာလား?။

ထို့အပြင် သူမတို့အဖွဲ့ရဲ့ လက်ရှိအခက်အခဲများကို ဖြတ်ကျော်နိုင်ရန်အတွက် သူမအား အတိုးနည်းနည်းဖြင့် ချေးငွေ ယွမ် သန်း ၁၀၀ ကိုလည်း ချေးပေးရမည်ဟု သူမက ပြောလာခဲ့ပြန်သည်။

လင်ပေ့ဖန်သည် သူမကို အလွန်လေးနက်‌သောအကြည့်တစ်ခုဖြင့် ကြည့်လိုက်ပြီး " မစ်စ်ချူ ၊အကယ်၍ မင်း ဒီနည်းလမ်းအတိုင်းပဲ လုပ်နေရင်တော့ မင်းမှာ ဘာသူငယ်ချင်းမှ ရှိမှာမဟုတ်တော့ဘူး" ဟု ပြောလိုက်သည်။

သူ့၏ မျက်လုံးထဲက မခံချိမခံသာ ဖြစ်နေတဲ့ အကြည့်ကို မြင်လိုက်ရ၍ ချူရိုရွယ်သည် အနည်းငယ် ဘဝင်ခိုက်သွားသလို ခံစားလိုက်ရသည်။

" ဒါက ကျွန်မဘက်က အခြေအနေ‌ေတွပဲ။အကယ်၍ ကျွန်မတို့အဖွဲ့မှာ ပိုက်ဆံမရှိရင် ဒီကုန်းမြေကို ရှင့်ရဲ့ အကူအညီမပါဘဲနဲ့ ဘယ်လို ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်မှာလဲ ? "

လင်ပေ့ဖန်သည် ခေါင်းညိတ်လိုက်ပြီး " ကောင်းပြီလေ၊ ‌ဒါဆိုရင်လည်း သဘောတူစာချုပ်မှာ ထိုးလိုက်ကြရအောင်။ ငါတို့ကုမ္ပဏီက ယွမ်၁၅ဘီလီယံ ထောက်ပံ့ပေးမယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ချူရိုရွယ်၏ မျက်ခွံများက လှုပ်သွားခဲ့သည်။

* သူက ယွမ်၁၅ဘီလီယံကို ပေါ့ပေါ့ပါးပါးဘဲ ပြောလိုက်‌တယ်ပေါ့လေ *

ထို့ကြောင့် သူမသည် မနေနိုင်ဘဲနဲ့ မေးကြည့်လိုက်မိသည်။

" ရှင် အဲ့ဒီပိုက်ဆံအများကြီးကို အမှန်တကယ်ဘဲ ဒီကိုယူလာပြီး လာခဲ့တာလား? "

လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကို ခါလိုက်ပြီး " အခုတော့ မပါလာဘူး " ဟု ပြောလိုက်သည်။

ချူရိုရွယ်သည် စိတ်သက်သာရာရစွာဖြင့် အသက်ရှုလိုက်ပြီး " ကျွန်မတွေးထားတဲ့အတိုင်းပဲ " ဟု ပြောလိုက်သည်။

" အခုလက်ရှိတော့ ငါ့မှာ ယွမ်သန်း၄၀၀ဘဲရှိတယ်။အဲ့လောက် ပိုက်ဆံအများကြီးနဲ့ ငါဒီကို မလာဘူး။" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါတွင် ချူရိုရွယ်က တခစ်ခစ်ရယ်မောခဲ့သည်။

" ဒါပေမဲ့ ၊ အဲ့လောက်ပိုက်ဆံကို ရှာဖို့အတွက် ငါ အချိန်နှစ်လ‌ေလာက်ဘဲ လိုတယ်။ ဒါကြောင့် ဒါက ငါ့အတွက်တော့ ပြဿနာမရှိနိုင်ဘူး။ ပြီးတော့ အဲ့ဒီ ယွမ် ၁၅ ဘီလီယံကိုလည်း နှစ်နှစ်အတွင်း ပေးချေမှာဖြစ်ပြီးတော့ ပျမ်းမျှ တစ်လကိုလည်း အနည်းဆုံး ယွမ် သန်း ၁၀၀ ပေးချေမယ်။ လောစရာ မလိုပါဘူး " ဟု လင်ပေ့ဖန်က ချူရိုရွယ်ကို ပြောလိုက်သည်။

ချူရိုရွယ်သည် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်ပြီး " ရက်အနည်းငယ်နဲ့ နောက်ထပ် ယွမ်သန်း၁၀၀ကို ရှင် ရှာနိုင်တယ်ပေါ့လေ ? " ဟု မေးမြန်းလိုက်သည်။

လင်ပေ့ဖန်သည် သက်ပြင်းချလိုက်ပြီး " ဒီပိုက်ဆံရှာတဲ့ အမြန်နှုန်းက အတော်လေး နှေးတယ်ဆိုတာကို မင်းသိလား? ။ အစ်ကိုရဲ့ ၊ငါ့ဘေးနားမှာ ရှိတုန်းကဆိုရင် အနည်းဆုံး၂ရက်ထဲနဲ့ ယွမ်သန်း၁၀၀ရအောင် ငါ့ကို ကူညီပြီးရှာပေးနိုင်တယ်။အစ်ကိုရဲ့၊ ငါ့ဘေးနားမှာ ရှိတဲ့အချိန်တွေကို ငါတကယ်ဘဲ သတိရမိတယ်။ " ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်‌‌ရပြီးနောက် ချူရိုရွယ်က တခစ်ခစ်ရယ်မောခဲ့သည်။

ထိုအချိန်၌ ပိုက်ဆံကို တော်တော်လေးလိုအပ်‌နေတဲ့ ချူရိုရွယ်ကတော့ သူမ၏ စိတ်ထဲတွင် မနာလို ငြူစူမှုများဖြင့် ပြည့်နှက်နေသလို ခံစားခဲ့ရသည်။

*ရက်အနည်းငယ်ထဲနဲ့ ယွမ်သန်း၁၀၀ရှာနိုင်တာက နည်းသေးတယ်ပေါ့လေ ? *

* မအေမွေးလေး ၊မွေးလာထဲက အသေလေးမွေးလာရမှာ*

" ဒါကို ရှင်းရှင်းလင်းလင်းလုပ်လိုက်ကြရအောင်။ ငါ ယွမ်၁၅ဘီလီယံ ထောက်ပံပေးမယ်။ အဲ့ဒီထောက်ပံ့ပေးတဲ့ ငွေကိုလည်း အစုရှယ်ယာအဖြစ် ထည့်တွက်ရမယ်။ ပြီးတော့ မင်းရဲ့ကုန်းမြေအတွက်ကတော့ ယွမ်သန်း၆၀၀ပဲ တန်ကြေးရှိတာကြောင့် အဲ့ဒီငွေကိုဘဲ အစုရှယ်ယာအဖြစ် ထည့်တွက်ရလိမ့်မယ်။ နောက်ဆုံးအမြတ်ငွေများကိုတော့ ဒီအစုရှယ်ယာအချိုးအတိုင်းပဲ ခွဲ‌‌ဝေပေးရမယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။(ရှုတ်သွားရင် တောင်းပန်ပါတယ်ဗျ)

ချူရိုရွယ်သည် သူမ၏ခြေထောက်ကို ဆောင့်လိုက်၍ အံ့အားသင့်စွာဖြင့် " ဘာကြောင့်လဲ ?။ ကျွန်မတို့ကို လုံယရင်းနှီးမြှုပ်‌နှံ‌ရေးကုမ္ပဏီက သန်း၉၅၀ပေးမယ်လို့ ကမ်းလှမ်းလာတုန်းကတောင် ကျွန်မ လက်မခံခဲ့ဘူး။ ဘာကြောင့် အဲ့ကုန်းမြေရဲ့ တန်ကြေးက သန်း၆၀၀ပဲ တန်ကြေးရှိရတာလဲ ? " ဟု မေးမြန်းလိုက်သည်။

အစုရှယ်ယာအတိုးက အလွန်ဘဲ အရေးကြီးသည်။

အကယ်၍ ဒီအချိန်မှာ မိမိအစုရှယ်ယာကနည်းနေလျှင် ဒါက အနာဂတ်မှာတော့ ဆုံးရှုံးမှုတစ်ခုဖြစ်လိမ့်မည်ဖြစ်သည်။

လင်ပေ့ဖန်က သူ့၏လက်ကို ဖြန့်လိုက်ပြီး

" ကောင်း‌ပြီလေ၊ အကယ်၍ မင်း လုံယရင်းနှီးမြှုပ်နှံ‌ ရေး ကုမ္ပဏီနဲ့ ပူးပေါင်းချင်တယ်ဆိုရင်လည်း သူတို့ကို သွားရှာနိုင်တယ်။ ငါမင်းကို တားမှာ မဟုတ်ဘူး။ဒါပေမဲ့ အကယ်၍ တစ်ခုခုမှားသွားရင်တော့ ငါ့ကို အပြစ်လာမတင်နဲ့။ " ဟု ပြောလိုက်သည်။

*ဘယ်အရာက မှားမှာမို့လို့လဲ ?*

လင်ပေ့ဖန်က ချမ်းသာတဲ့ ပလေးဘွိုင်းတစ်ယောက်လည်းဖြစ်တာကြောင့် သူ့ကို ဘယ်သူကမှ ပြဿနာရှာလိမ့်မည်မဟုတ်ပေ။

ထို့ပြင် သူသည် ပြည်တွင်းသူဌေးတစ်ယောက်လည်းဖြစ်တာကြောင့် သူ့အတွက်တော့ ပြဿနာတွေ ဖန်တီးရတာက အရမ်းကို လွယ်ကူလွန်းသည် ။

ထိုအချက်ကြောင့် ချူရိုရွယ်သည် လင်ပေ့ဖန်နှင့် ပိုပြီးတော့တောင်မှ ပူးပေါင်းဖို့အတွက် ဆန္ဒရှိလာခဲ့သည်။

အနည်းဆုံးတော့ မလိုအပ်တဲ့ ပြဿနာတွေကို သူမတို့ ရှောင်နိုင်မည်ဖြစ်သည်။

" သေစမ်း " ဟု ချူရိုရွယ်က သူမ၏ သွားများကြိတ်ပြီး ပြောလိုက်သည်။

All Chapters