← Chapters

အခန်း (၄၇)

Vol. 4 Ch. 47

အခန်း (၄၇)

Vol. 4 Ch. 47

နောက်ဆုံးမှာတော့ ချူရိုရွယ်က အကြောင်းပြချက်မျိုးစုံဖြင့် ငြင်းခုံလိုက်တာကြောင့် လင်ပေ့ဖန်နှင့် ညှိနှိုင်းနိုင်ခဲ့ပြီး ထိုကုန်းမြေ၏ ဈေးနှုန်းကိုလည်း ယွမ်သန်း၆၅ဝထိ တိုးနိုင်ခဲ့သည်။

သို့သော်လည်းပဲ သူမသည် သူမ၏ကုန်းမြေကိုသာလျှင် လက်လွှတ်ခဲ့ရတာ မဟုတ်ဘဲနဲ့ သူမတို့အဖွဲ့၏ လူများကိုပါ ထောက်ပံ့ပေးရသည့် အခြေအနေဖြစ်နေခဲ့သည်။

ဒါကတော့ လင်ပေ့ဖန်မှာလည်း အခြားနည်းလမ်းမရှိပေ။ဘာကြောင့်လဲဆိုတော့ လင်ပေ့ဖန်က အိမ်ခြံမြေလုပ်ငန်းနှင့် လုံးဝမရင်းနှီးသောကြောင့်ဖြစ်သည် ။

သို့သော်လည်းပဲ ချူရိုရွယ်ရဲ့ လီချုံးအဖွဲ့ကတော့ မတူညီပေ။ထို့ပြင် သူမတို့အဖွဲ့က ကောင်းမွန်စွာ ဖွဲ့စည်းထားတဲ့ ဖွံ့ဖြိုးတိုးတက်မှု စနစ် နဲ့ ကျွမ်းကျင်တဲ့ ဆောက်လုပ်ရေး အင်ဂျင်နီယာအများကြီးဖြင့် တည်ထောင်ထားတဲ့ အိမ်ခြံမြေကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ထို့ကြောင့် လင်ပေ့ဖန်က သူမတို့ကို မျက်သာပေးပြီးတော့ ခွင့်ပြုပေးခဲ့သည်။

ဒါတောင် ချူရိုရွယ်ကတော့ သူမ ရှုံးနိမ့်နေသလို ခံစားခဲ့ရသည်။

ထိုအရာက ဘာနဲ့တူလဲဆိုရင်တော့ သူမခန္ဓာကိုယ်က အသားကို လှီးထုတ်လိုက်တဲ့ ခံစားချက်နဲ့ သွားတူနေခဲ့သည်။

ထို့ကြောင့် သူမသည် အလွန်ဝမ်းနည်းစွာဖြင့် " ရှင်က ၊တကယ်ဘဲ လူကြီးလူကောင်း မဆန်တဲ့လူဘဲ။ ဒီလောက် အကျိုးအမြတ်နည်းနည်းလေးကိုတောင် ကျွန်မနဲ့ ငြင်းခုံနေသေးတယ်။ " ဟု လင်ပေ့ဖန်ကို ပြောလိုက်သည်။

လင်ပေ့ဖန်က လေးနက်သောအမူအရာဖြင့် သူမကို ပြန်ပြောလိုက်သည်။

" မင်း မှန်တယ်။ လူအများစုကတော့ ငါ့ကို ပလေးဘွိုင်း ၊ဒုတိယမျိုးဆက်သူဌေးသား နဲ့ အသုံးအဖြုန်းကြီးတဲ့သူလို့‌တော့ ခေါ်ကြတယ်။ပြီးတော့ ခေါ်တဲ့နာမည်တွေအကုန်လုံးက‌လည်း ကောင်းတာတစ်ခုမှ မပါဘူး။ဒါပေမဲ့ တစ်ယောက်မှ ငါ့ကို gentleman လို့တော့ မခေါ်ခဲ့ဖူးဘူး။"

ချူရိုရွယ် : ......

….

သူမသည် သူမ၏ အစာအိမ်ကို ပွတ်လိုက်ပြီး

" ဟင်းပွဲတွေ အဆင်သင့်ဖြစ်ပြီလား ?။ ကျွန်မ ဗိုက်ဆာနေပြီ။ " ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က လူခေါ် ခေါင်းလောင်းကို ဖိပြီး ပြောလိုက်သည်။

ထို့နောက် အချိန်သိပ်မကြာခင်မှာဘဲ ဟင်းပွဲများအားလုံးက သူတို့နှစ်ယောက်၏ ရှေ့မှောက်သို့ရောက်ရှိလာခဲ့သည်။

ချူရိုရွယ်၏ မျက်လုံးများက အံ့အားသင့်စွာဖြင့် ပြူးကျယ်သွားခဲ့ပြီး " ဝါး….၊ ဝက်နံရိုးကင်()၊ ကျောက်ငါးပေါင်း ၊ ဘဲသားချဉ်စပ် နဲ့ ရတနာရှစ်မျိုးဟင်းချိုတွေပဲ ။ပြီးတော့ ဒါတွေအားလုံးကလည်း ကျွန်မ အကြိုက်တွေချည်းပဲ။ ရှင်ဘယ်လိုလုပ်ပြီးတော့ သိ‌ေနတာလဲ ? " ‌ဟု မေးလိုက်သည်။

လင်ပေ့ဖန်သည် အနည်းငယ် ပြုံးလိုက်ပြီး

" မစ်စ်ချူကို အလုပ်ကိစ္စ ဆွေးနွေးဖို့အတွက် ငါက ဖိတ်ခဲ့တာလေ။ဒါကြောင့် ငါကြိုတင် ပြင်ဆင်ထားရတာပေါ့။ ငါ အခု လူကြီးလူကောင်းတစ်ယောက် ဖြစ်ဖို့အတွက် လုံလောက်ပြီလား? " ဟု ပြောလိုက်သည်။

လင်ပေ့ဖန်၏ တောက်ပတဲ့အပြုံးကို ကြည့်လိုက်ပြီး ချူရိုရွယ်သည် သူမ၏ နှလုံးခုန်နှုန်းတောင် မြန်လာသလို ခံစားခဲ့ရသည်။

ထို့ကြောင့် သူမသည် ရှက်ရွံ့စွာဖြင့် သူမ၏ ခေါင်းကို ငုံ့လိုက်ပြီး " အဆင်ပြေပါတယ် " ဟု ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် သူတို့၏ ဟင်းပွဲများကို ပျော်ရွင်စွာဖြင့် စားသောက်ခဲ့ကြသည်။

တစ်ခြားတစ်ဖက်မှာတော့ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌ တတိယဇာတ်လိုက်ဖြစ်တဲ့ ကျိုရှင်းကတော့ လီချုံးဂရုရဲ့ ငြင်းပယ်တဲ့စာကို လက်ခံရရှိပြီးနောက် လုံးဝ စိတ်ပျက်သွားခဲ့သည်။

" လီချုံးအဖွဲ့က တကယ်ဘဲ ငါ့ကို ငြင်းခဲ့တာလား? "

" သူတို့က ငါ့ကို ငြင်းပယ်တဲ့အပြင် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီနဲ့တောင် သွားပြီးတော့ ပူးပေါင်းခဲ့တာလား ? "

" ဒါက ‌ဘာကြောင့်လဲ ? ။ ငါကမ်းလှမ်းတဲ့ ငွေပမာဏက သူတို့အတွက် မလုံလောက်လို့လား? "

ကျိုရှင်းသည် ထိုအချက်ကို နားမလည်နိုင်ဘဲဖြစ်နေခဲ့သည်။ထို့ပြင် သူကမ်းလှမ်းခဲ့တဲ့ ငွေပမာဏကလည်း တော်တော်လေးများသည်။လက်ရှိမှာ ထိုကုန်းမြေ၏ အများဆုံးတန်ကြေးက ယွမ်သန်း၆၀၀ တန်ပေမဲ့လည်း သူ ကမ်းလှမ်းခဲ့တဲ့ ငွေပမာဏကတော့ ယွမ်သန်း ၉၀၀ကျော်ဖြစ်နေခဲ့သည်။

*ဒါတောင် မလုံလောက်သေးဘူးလား။?*

အကယ်၍ ဒါက မလုံလောက်ရင်လည်း သူ ဒီထက် ပိုပြီး‌ေတာ့ ကမ်းလှမ်းလိမ့်မည်ဖြစ်သည်။

ထို့ပြင် နောက်ဆုံးမှာတော့ ထိုကုန်းမြေကဘဲ သူ့ဆီကို အမြတ်ဆယ်ဆကို ပြန်ယူလာပေးလိမ့်မည်ဖြစ်သည်။

*ဒါကြောင့် ပိုက်ဆံ နည်းနည်းထပ်ဆိုက်ရတာ ၊ဘာဖြစ်နိုင်မှာမို့လို့လဲ?*

သူသည် ဒီအခွင့်အရေးကို ယူ၍ သူ့ရဲ့ ရန်သူ လင်ပေ့ဖန်ကို ရှုံးနိမ့်စေပြီးတော့ သူ့ရဲ့လက်ထဲကနေလည်း အခွင့်အရေးကို လုယူချင်ခဲ့သည်။

*ဘာကြောင့် ငါက မလုပ်နိုင်ရတာလဲ ? *

အကယ်၍ လီချုံးအဖွဲ့က သူ့ကို မရောင်းချင်ရင်တောင် သူသည် သူတို့အတွက် အကောင်း‌ဆုံးစီးပွါးဘက်ဖြစ်လိမ့်မည်ဖြစ်သည်။

*သူတို့မှာ ချမ်းသာပြီး ရက်ရောတဲ့ စီးပွါးဘက်ရှိတာ သူတို့အတွက် မကောင်းဘူးလား ? *

ထို့နောက် ဇာတ်လိုက် ကျိုရှင်းသည် သူ့၏ ဒေါသကို လျော့လိုက်ပြီး " မင်း ၊လီချုံးအဖွဲ့ကို ငါတို့ရဲ့ အခြေအ‌နေတွေ မရှင်းပြခဲ့ဘူးလား ? ။အကယ်၍ သူတို့မရောင်းချင်ရင်တောင် ငါတို့နဲ့ ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်တယ်လေ။ သူတို့မှာက ကုန်းမြေရှိတယ်၊ ငါတို့မှာက ပိုက်ဆံရှိတယ်၊ ဒါကြောင့် ငါတို့နှစ်ဖွဲ့ပူးပေါင်းတာက မပြည့်စုံဘူးလား? "ဟု မေးလိုက်သည်။

" ကျွန်တော် အဲ့အကြောင်း သူတို့ကို ပြောခဲ့ပါသေးတယ်။ဒါတောင် သူတို့က ငြင်းပယ်ခဲ့တုန်းဘဲ။ " ဟု ကျုရှင်း၏ ‌အရှေ့မှာရှိတဲ့ သက်လက်ပိုင်းလူကြီးတစ်ယောက်က ခါးသီးသောအမူအရာဖြင့် ပြောခဲ့သည်။

ကျိုရှင်းသည် ဒေါသထွက်ပြီး စိတ်ရှုပ်သလို ခံစားခဲ့ရသည်။သူပြန်လည် မွေးဖွားလာပြီးနောက် လင်ပေ့ဖန်နဲ့ ပထမအကြိမ် ထိပ်တိုက်တွေ့ဆုံရာမှာ ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ရလိမ့်မယ်လို့ သူ မမျှော်လင့်ခဲ့ပေ။

ဒါက သူပြန်လည်မမွေးဖွားခင် လင်ပေ့ဖန်၏ ထိန်းချုပ်မှုကိုခံထားရချိန်တုန်းက သူ့၏ ကြောက်မက်ဖွယ်ကောင်းတဲ့ အတွေ့အကြုံကို သွားသတိရမိခဲ့သည်။

ဒါကို သူ လက်မခံနိုင်ပေ။

*သူပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာလည်း သူက လင်ပေ့ဖန်ကို အရင်လိုပဲ ထပ်ရှုံးနိမ့်ရဦးမှာလား ?*

ကျိုရှင်းသည် သူ့၏လက်ကို ဝှေ့ယမ်းလိုက်ပြီး " မင်း အရင်ထွက်သွားနိုင်တယ်၊ ငါ စဉ်းစားဖို့အတွက် အချိန်လိုအပ်တယ်။ " ဟု ပြောလိုက်သည် ။

" ဟုတ်ကဲ့ပါ၊ နဂါးဘုရင် "ဟု သက်လက်ပိုင်းလူကြီးက ပြောခဲ့သည်။

ထို့နောက် ကျိုရှင်းသည် သူ့၏ရုံးခန်းကို သူ့ဘာသာသူ ပိတ်လိုက်ပြီး လေးလေးနက်နက် စဉ်းစားခဲ့သည်။ နောက်ဆုံးမှာတော့ သူ ရှုံးနိမ့်ရခြင်း၏ နောက်ကွယ်က အကြောင်းပြချက်ကို သူ နားလည်သဘောပေါက်ခဲ့သည်။

*လင်ပေ့ဖန်ရဲ့ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ငွေရှိပြီးတော့ ပြည်တွင်း မိုဟိုင်မြို့မှာလည်း ဩဇာအာဏာရှိတယ်။ ဒါ့အပြင် လင်ဂရုကြီးကပါ သူတို့ကို ထောက်ပံ့ပေးထားခဲ့တယ်။*

*အကယ်၍ သူသာ လီချုံးအဖွဲ့ရဲ့ လက်ရှိအခြေအနေမှာ ရှိနေပါက ပြည်ပမှာရှိတဲ့ အဖွဲ့ကို ပူးပေါင်းမဲ့အစား လင်ပေ့ဖန်နဲ့သာ အသေအချာကို ပူးပေါင်းမိလိမ့်မည်ဖြစ်သည်။*

ထိုအရာကို နားလည်သွားပြီးတဲ့နောက် သူသည် သူ့၏ ယုံကြည်မှုကို ပြန်လည်ရရှိခဲ့ပြီး လှောင်ပြုံးပြုံးလိုက်သည်။

" လင်ပေ့ဖန် ၊မင်း ငါ့ကို တကယ်ဘဲ လျော့တွက်‌လွန်း‌နေပြီ။ ငါပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ အနည်းငယ် မာနကြီးပြီးတော့ မင်းကို လျော့တွက်မိခဲ့တာကို ငါဝန်ခံတယ်။ဒါပေမဲ့ ၊ဒီတစ်ကြိမ်တော့ အဲ့လို နောက်ထပ် ထပ်မဖြစ်နိုင်တော့ဘူး။ ငါမင်းကို ငါ့ရဲ့ ရန်သူအစစ်လိုဘဲ ဆက်ဆံတော့မယ်။ မင်းအဆင့်သင့်ဖြစ်ပြီလား ? " ဟု ပြောလိုက်သည်။

" ဝင်လာခဲ့ " ဟု ကျိုရှင်းက အော်ပြောခဲ့သည်။

ထို့နောက် အနက်ရောင်ဝတ်လူများက ချက်ချင်းဘဲ တစ်တန်းတည်း လမ်းလျှောက်ဝင်လာခဲ့ပြီး ညီညီညာညာဖြင့် " နဂါးဘုရင် ၊ မင်း ငါတို့ကို ဘာအမိန့်ပေးစရာများရှိလို့လဲ ? " ဟု ပြောလိုက်သည်။

" လင်ပေ့ဖန် ၊ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ နဲ့ လင် ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့နောက်ကွယ်က ဖြစ်ရပ်တွေကို အခုချက်ချင်းဘဲ ငါ မင်းတို့ကို စစ်ဆေးပေးစေချင်တယ်။ ပြီးတော့ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ဘာတစ်ခုမှ မလွတ်စေဘဲနဲ့ ငါ့အစား စောင့်ကြည့်ပေးပါ။ " ဟု ကျိုရှင်းက အနက်ရောင်ဝတ်လူများကို ပြောလိုက်သည်။

" ဟုတ်ကဲ့၊ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူများက ပြန်ပြောခဲ့သည်။

သုံးနာရီအကြာတွင် အသေးစိတ်‌ဖော်ပြထားတဲ့ အစီအရင်ခံစာတစ်စောင်ကို အနက်ရောင်ဝတ်လူများက သူ့၏ရှေ့မှောက်သို့ တင်ပြလာခဲ့သည်။

ထို့နောက် သူသည် အချက်အလက်တွေထဲက လူနှစ်ယောက်ကို သတိထားမိလိုက်ပြီးနောက် ဒေါသထွက်လာခဲ့သည်။

" ရှောင်ချန်း ၊ ရဲ့ရှင်းချန် ! မင်းတို့နှစ်ယောက်က သစ္စာဖေါက်တွေပဲ။ "

" ရှောင်ချန်း၊ မင်းနဲ့ စေ့စပ်ထားတဲ့သူကို လင်ပေ့ဖန်ကဘဲ ခိုးသွားတာလေ။ပြီးတော့ သူကဘဲ မင်းရဲ့အသက်မွေးဝမ်းကြောင်းအလုပ်တွေအားလုံးကိုလည်း ဖျက်ဆီးခဲ့တယ်လေ။ဒါကို မင်းက သူ့ကို အစ်ကိုလို့တောင် ခေါ်နိုင်သေးတယ်ပေါ့၊ဟုတ်လား ?။ မင်းမှာ အရှက်‌‌ရောရှိသေးရဲ့လား ? "

" ရဲ့ရှင်းချန်၊ မင်းက သူ့ထက်တောင် ပိုဆိုးသေးတယ်။ မင်းရဲ့ကောင်မလေးကို လင်ပေ့ဖန်က အဝေးကို ခေါ်သွားခဲ့တာလေ ။ပြီးတော့ သူကဘဲ မင်းရဲ့ ညီအစ်ကိုတွေ နဲ့ လက်အောက်ငယ်သားတွေကိုလည ထောင်ထဲပို့ခဲ့တာလေ။ဒါကို မင်းက သူ့ကိုကူညီပြီးတော့ ပိုက်ဆံ သန်းရာပေါင်းများစွာကို သူ့အတွက်တောင် ရှာပေးလိုက်သေးတယ်ပေါ့၊ ဟုတ်လား ?။ "

" မင်းတို့နှစ်ယောက်က တကယ့်ကို စူပါသစ္စာဖောက်တွေပဲ။ငါ မင်းတို့နှစ်ယောက်နဲ့ တစ်ဖက်တည်း အတူတူဖြစ်နေတာက ငါ့အတွက်တော့ အရှက်ရစရာဘဲ။ “

All Chapters