အခန်း (၄၉)
Vol. 4 Ch. 49
ရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ ရုံးခန်းထဲသို့ ကျယ်လောင်စွာပြော၍ ဝင်ရောက်လာခဲ့သည်။
" ဘော့စ်လင် ၊ ကျန်းနန်မှာရှိတဲ့ ကုန်းမြေတစ်ခုကို လီချုံးအဖွဲ့နဲ့ ပူးပေါင်းပြီးတော့ ဖွံ့ဖြိုးတိုးတက်အောင် လုပ်မယ့် အစီအစဉ် မင်းမှာရှိတယ်လို့ ကျွန်တော်ကြားမိတယ် ၊အဲ့ဒါဟုတ်လား ? "
လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို တွေ့သောအခါ၌ ဝမ်းသာသွားခဲ့ပြီး အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
" အစ်ကိုရဲ့ ၊မင်း အလုပ်ပြန်ဆင်းပြီပေါ့။ အမှန်တကယ်တော့ ဒီသတင်းကောင်းကို ငါကိုယ်တိုင်မင်းကို ပြောမလို့ဘဲ။ ဒါပေမဲ့ မင်းကိုယ်တိုင် သိသွားလိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဟုတ်တယ် ၊ တကယ်ဘဲ လီချုံအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငါတို့ ပြင်ဆင်နေတယ်။ "
ထိုစကားကို ကြားလိုက်ရသောအခါ၌ ရဲ့ရှင်းချန်သည် စိုးရိမ်လာခဲ့ပြီး " ဘော့စ်လင် ၊ မင်း လုံးဝ သူတို့အဖွဲ့နဲ့ မပူးပေါင်းသင့်ဘူး။ "ဟု ပြောလိုက်သည်။
လင်ပေ့ဖန်သည် ပဟေဠိဖြစ်သွားခဲ့ပြီး " ဘာကြောင့် ငါတို့က မပူးပေါင်းရမှာလဲ " ဟု မေးလိုက်သည်။
" ဘော့စ်လင် ၊လက်ရှိအချိန်မှာ ကမ္ဘာ့စီးပွားရေးက ကျဆင်းနေတယ်။ ပြီးတော့ ရန်ပုံငွေတွေအပေါ် အမှီပြုရတဲ့ အိမ်ခြံမြေလုပ်ငန်းတွေက အခုချိန်မှာ အထိအနာဆုံးဖြစ်နေတယ်။ ဒါကြောင့် အခုချိန်မှာ အိမ်ခြံမြေလုပ်ငန်းထဲကို ဝင်ရောက်တာက ကျွန်တော်တို့အတွက် မထိုက်တန်ဘူး။ "ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
" ထူးဆန်းတယ် ၊ မင်းပဲ အရင်တုန်းက ငါ့ကို အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ကို အကြံပေးခဲ့တာ မဟုတ်ဘူးလား ? "
ရဲ့ရှင်းချန် ……. ):
ရဲ့ရှင်းချန်သည် အလျင်အမြန်ဘဲ ဆင်ခြေပြန်ပေးခဲ့သည်။
" ဟုတ်တယ် ၊အရင်တုန်းက ကျွန်တော် အကြံပေးခဲ့တယ်။ဒါပေမဲ့ ကျွန်တော်သေသေချာချာ ပြန်စဉ်းစားပြီးတဲ့နောက်မှာ အိမ်ခြံမြေလုပ်ငန်းကို ရင်းနှီးမြှုပ်နှံတာက ကောင်းတဲ့အကြံမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ခဲ့တယ်။ အထူးသဖြင့် မြို့ပြင်မှာ တည်ရှိတဲ့ ၊ ကျန်းနန်မှာရှိတဲ့ ကုန်းမြေဘဲ ။ ဒါ့အပြင် အဲ့ဒီကုန်းမြေရဲ့ အနီးနားမှာ ဘာအဆောက်အဦးတစ်ခုမှလည်း မရှိဘူး။ပြီးတော့ ပတ်ဝန်းကျင်ကလည်း မသာယာတဲ့အတွက် ဘာတန်ဖိုးမှမနိုင်ရှိဘူး။ ဒ့ါကြောင့် တန်ဖိုးမရှိတဲ့ အဲ့ဒီကုန်းမြေမှာ ကျွန်တော်တို့ရဲ့ပိုက်ဆံကို သုံးစွဲရမှာလဲ ?"
" အဲ့ဒီကုန်းမြေက လက်ရှိမှာ နည်းနည်းတန်ဖိုးရှိနေတယ်ဆုိပေမဲ့ အနာဂတ်မှာတော့ ဒီလိုပဲတန်ဖိုးရှိနေလိမ့်မယ်လို့ မသေချာဘူး။ "ဟု ရဲ့ရှင်းချန်က ဆက်ပြောလိုက်သည်။
လင်ပေ့ဖန်က သူတို့မြို့ရဲ့ မြေပုံကို ဖြန့်ထုတ်လိုက်ပြီး
" ဒီကိုကြည့်ကြည့် ၊ ဒါက ငါတို့ မိုဟိုင်မြို့ရဲ့ မြေပုံဘဲ။ တောင်ဘက်မှာရှိတဲ့ အဲ့ဒီကုန်းမြေကလွဲပြီးတော့ တစ်ခြားနေရာတွေအကုန်လုံးက ဖွံ့ဖြိုးတိုးတက်လုနီးပါးဖြစ်နေခဲ့ပြီ " ဟု ပြောလိုက်သည်။
" ငါတို့ နိုင်ငံရဲ့ စီးပွားရေးအချက်အချာကျတဲ့ မြို့တွေထဲက နိုင်ငံတကာအဆင့်မှီ မြို့ကြီးတစ်မြို့ဖြစ်တဲ့ မိုဟိုင်မြို့က ဆက်လက်ပြီးတော့ ဖွံ့ဖြိုးတိုးတက်လာမှာ အသေအချာဘဲ။ ဒါပေမဲ့ မိုဟိုင်မြို့ရဲ့ နေရာတော်တော်များက ဖွံ့ဖြိးတိုးတက်ပြီးပြီ။ဒါကြောင့် ဘယ်နေရာကို တိုးချဲ့သင့်တယ်လို့ မင်းထင်လဲ ? " ဟု လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို ပြောလိုက်သည်။
"မိုဟိုင်မြို့မှာ ဒီတောင်ပိုင်းဒေသကဘဲ ဖွံ့ဖြိုးတိုးတက်ဖို့ ကျန်နေတာ။ဒါ့ကြောင့် ငါက အဲ့ဒီကုန်းမြေကို ကြိုတင်ဝယ်ထားပြီးတော့ ရင်းနှီးမြှုပ်နှံဖို့ စီစဉ်နေတာဘဲ ။ "
ရဲ့ရှင်းချန်သည် မနေနိုင်ဘဲနဲ့ လင်ပေ့ဖန်၏ အမြင်ကို ချီးကျူးမိခဲ့သည်။
ထိုကုန်းမြေကို လအနည်းငယ်အကြာ၌ အမျိုးသားအဆင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်အဖြစ် နိုင်ငံတော်က သတ်မှတ်လိမ့်မည်ဖြစ်သည်။ ထို့နောက် အဲ့ဒီကုန်းမြေက အချိန်ကာလတစ်ခုအတွင်းမှာ အလျင်အမြန်ဘဲ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။
သူ့၏ အတိတ်ဘဝတုန်းကလည်း လင်ပေ့ဖန်သည် ၎င်းနည်းလမ်းဖြင့် ထိုကုန်းမြေကို ဝယ်ယူပြီး အလောင်းအစားပြုလုပ်ခဲ့သည်။ထိုကုန်းမြေကြောင့် သူသည် အောင်မြင်တိုးတက်လာခဲ့ပြီး သူ့၏ အချစ်လေးနှင့်လည်း ရင်းနှီးလာခဲ့သည်။
ထို့ကြောင့် လင်ပေ့ဖန်၏ ရန်သူတစ်ယောက်ဖြစ်တဲ့ ရဲ့ရှင်းချန်ကတော့ ထိုပူးပေါင်းဆောင်ရွက်မှုကို သေချာပေါက် ဖျက်ဆီးရမည်ဖြစ်သည်။
သူသည် လင်ပေ့ဖန်တိုးတက်လာမှာကိုလည်း ခွင့်မပြုနိုင်ပေ။
ပြီးတော့ လင်ပေ့ဖန်နှင့် သူ့ရဲ့အချစ်လေးတို့ ရင်းနှီးသွားမှာကိုလည်း သူ သေချာပေါက် ခွင့်မပြုနိုင်ပေ။
" ဘော့စ်လင် ၊ မင်းရဲ့ ခွဲခြမ်းစိတ်ဖြာမှုက တကယ်ပဲ အဓိပ္ပါယ်ရှိတယ်။ ဒါပေမဲ့ အဲ့ကုန်းမြေကို ရင်းနှီးမြှုပ်နှံရင် ငါတို့က ရန်ပုံငွေပမာဏအများကြီး လိုအပ်တယ်။ငါတို့က အခုမှ ဖွံ့ဖြိုးတိုးတက်လာတာဆိုတော့ ဒီငွေပမာဏအများကြီးကို ငါတို့ မတတ်နိုင်ဘူး။ ဒါကြောင့် ဒီကိစ္စကို ငါတို့ ခဏလောက်မေ့ထားသင့်တယ်လို့ ငါထင်တယ်။ ငါတို့ရဲ့ အဓိကရင်းနှီးမြှုပ်နှံမှုဖြစ်တဲ့ ရင်းနှီးမြှုပ်နှံရေး ဈေးကွက်မှာဘဲ ငါတို့ အာရုံစိုက်သင့်တယ်။ " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
လင်ပေ့ဖန်သည် ခေါင်းညိတ်လိုက်ပြီး " လိုအပ်တဲ့ ရန်ပုံငွေပမဏက တကယ်ဘဲ အရမ်းများတယ်ဆိုပေမဲ့ ငါတို့ ဖြေရှင်းနိုင်ပါသေးတယ်။ " ဟု ပြန်ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် ပဟေဠိဖြစ်သွားခဲ့ပြီး " ဖြေရှင်းနိုင်တယ် ၊ဟုတ်လား ? ။ဘယ်လို ဖြေရှင်းမလို့လဲ ?။ ငါတို့မှာ အဲ့လောက်များတဲ့ ရန်ပုံငွေမရှိဘူးလေ။ "ဟု ပြောလိုက်သည်။
" ငါတို့မှာ အခုမရှိသေးပေမဲ့ အနာဂတ်မှာ မရှိနိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာမို့လို့လဲ ?။" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က ဂုဏ်ယူစွာဖြင့် ဆက်ပြောလိုက်သည်။
" အစ်ကိုရဲ့ ၊ ဒီကို ကြည့်လိုက်ဦး။ အရင်ရက်တွေတုန်းက မင်းရဲ့ နတ်ဘုရားလို စီမံလုပ်ဆောင်မှုတွေကြောင့် ငါတို့ကုမ္ပဏီရဲ့ ရန်ပုံငွေပမာဏက ဆယ်ဆတိုးလာခဲ့ပြီးတော့ သန်း၃၀၀ကျော်တောင်ရောက်ရှိသွားခဲ့တယ်။ ဒါကြောင့် အချိန်နည်းနည်းထပ်ပေးလိုက်ရင် ဒီထက်ပိုပြီးတော့တောင် မင်းရှာနိုင်မှာ မဟုတ်ဘူးလား? "
" အဲ့ဒီကုန်းမြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ရန်ပုံငွေအများကြီးလိုအပ်တယ်ဆိုတာ မှန်တယ်။ ဒါပေမဲ့ ငါတို့သုံးစွဲတာထက်ကို ငါတို့ငွေရှာတဲ့နှုန်းက မြန်နေသ၍တော့ ဒါက ပြဿနာရှိမှာ မဟုတ်တော့ဘူး။အရင်တုန်းက ဒါကို လုပ်ဖို့အတွက် ငါ့စိတ်ထဲမှာတွန့်ဆုတ်နေသေးတယ်။ အဲ့ဒီအချိန်မှာ ငါ အစ်ကိုရဲ့ အကြောင်းကို တွေးမိပြီးတော့ ငါ ယုံကြည်မှုအပြည့်ရှိလာခဲ့တာဘဲ။ အစ်ကိုရဲ့ ၊ဒါကို လုပ်နိုင်ဖို့အတွက် မင်းက ငါ့ကို သတ္တိတွေပေးခဲ့တာ။မင်းက အင်ပါယာကျင်းရုထက်တောင်မှ ပိုကြီးမြတ်သေးတယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်က ပြုံးဖြဲဖြဲလုပ်၍ ရဲ့ရှင်းချန်၏ ပုခုံးကို ပုတ်လိုက်ပြီး " အစ်ကိုရဲ့ ၊ ငါတို့ရဲ့ တောက်ပတဲ့ အနာဂတ်က မင်းအပေါ်မှာဘဲ မူတည်နေတယ်။ " ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန် … .…
သူသည် သူ့ကိုယ်ကိုသူ အကြိမ်အနည်းငယ်လောက် ပါးပြန်ရိုက်သင့်တယ်လို့ ခံစားနေရသည်။
ထိုပြဿနာရဲ့ မူလအစက သူ့ဆီကနေ မြစ်ဖျားခံလာလိမ့်မယ်လို့ သူ အဆုံးသတ်မှာ မမျှော်လင့်ထားခဲ့ပေ။
ထိုအရာက သူသည် လင်ပေ့ဖန်အတွက် ပိုက်ဆံအများကြီးကို ကူညီပြီး ရှာပေးမိခဲ့တာကြောင့်ဖြစ်သည်။
ထို့ပြင် လင်ပေ့ဖန်ကို ရင်းနှီးမြှုပ်နှံရာ၌ စွန့်စားရဲတဲ့သတ္တိကို ပေးခဲ့သည့်လူကလည်း သူပဲ ဖြစ်နေသည်။
တစ်နည်းအားဖြင့် သူကသာ သူ့ရဲ့အချစ်လေးကို တစ်ခြားလူရဲ့ လက်မောင်းထဲသို့ ကိုယ်တိုင်တွန်းပို့ပေးခဲ့သူဖြစ်သည်။
* ရဲ့ရှင်းချန် ၊ မင်းက ဘာကြောင့် အရမ်းစက်ဆုပ်စရာကောင်းတဲ့ လူဖြစ်နေရတာလဲ ?* ဟု သူ့၏ စိတ်ထဲတွင် ကိုယ့်ကိုယ်ကို ဟိန်းဟောက်ပြီး အပြစ်တင်လိုက်သည်။
ထိုအချိန်တွင် လင်ပေ့ဖန်က ရဲ့ရှင်းချန်၏ ပုခုံးကို နောက်တစ်ကြိမ် ပုတ်လိုက်ပြီး ဖော်ရွေသော အမူအရာဖြင့် " အစ်ကိုရဲ့ ၊ အခု မင်းလည်း ပြန်လာပြီဆိုတော့ ငါ့ကို ကူညီပြီး ပိုက်ဆံမြန်မြန်ရှာပေးပါဦး။ ငါတို့ရဲ့ တောက်ပတဲ့ အနာဂတ်လေးက မင်းအပေါ်မှာဘဲ မူတည်နေတယ်။ အစ်ကိုရဲ့ ၊မင်းဘာသာမင်း လွတ်လွတ်လပ်လပ် ရင်းနှီးမြှုပ်နှံနိုင်တယ်။ ငါ မင်းကို လုံးဝ ဝင်နှောက်ယှက်မှာ မဟုတ်ဘူး။ " ဟု ပြောလိုက်သည်။
ထို့နောက် ရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ ရုံးခန်းထဲကနေပြီးတော့ စိတ်ဓာတ်ကျသောအမူအရာဖြင့် ထွက်ခွာလာခဲ့သည်။
သူသည် သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဘယ်လို ဖျက်ဆီးပစ်ရမလဲဆိုတဲ့ အကြောင်းကို စဥ်းစားတွေးတောနေခဲ့သည်။
ထိုအချိန်၌ ဝန်ထမ်းတစ်ယောက်က သူ့ဆီကို ချဉ်းကပ်လာခဲ့ပြီး လေးစားစွာဖြင့် ပြောလိုက်သည်။
" မစ်စတာရဲ့ ၊ ဘော့စ်လင်က ဒီနေ့ ရွှေဈေးကွက်ရဲ့ အတက် အကျက ဘာလဲဆိုတာ ကျွန်တော့်ကို မေးမြန်းခဲ့တယ်။ မင်းရဲ့ အစီအစဉ်ကရော ဘယ်လိုရှိလဲ ? "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်သည် စိတ်အနှောက်အယှက်ဖြစ်ပြီး ရှက်ရွံသလိုခံစားရတာကြောင့် ထိုဝန်ထမ်းကို ကျယ်လောင်စွာဖြင့် " ငါတို့မှာရှိတဲ့ အရာအားလုံးကို ရွှေဈေးကျမဲ့ဘက်ကို ပုံအောလိုက်"ဟု အော်ပြောလိုက်သည်။
ထို့နောက် ခဏအကြာတွင် ရောင်းဝယ်ရေးအခန်းထဲ၌ ချီးကျူးဂုဏ်ပြုသံများ ပေါက်ကွဲထွက်လာခဲ့သည်။
" Wow ! မစ်စတာရဲ့က တကယ့်ကို အံ့ဩစရာကောင်းတယ်။ သူပြောတဲ့အတိုင်းပဲ နောက်တစ်ကြိမ်ထပ်ပြီး ရွှေဈေးတွေက ထိုးကျသွားခဲ့တယ်။ "
" ဒီတစ်ကြိမ်လှုပ်ရှားမှုမှာ ငါတို့တွေ အနည်းဆုံးတော့ ယွမ်သန်း၇၀ ၊၈၀လောက်တော့ ရိတ်သိမ်းနိုင်လိမ့်မယ်။ "
" ဒါဆိုရင် ငါတို့ရဲ့ ရန်ပုံငွေပမာဏက သန်း၅၀၀လောက်ရောက်ရှိသွားပြီပေါ့။ဟားဟား…."
" ကုန်းမြေတစ်ခုမှာ ငွေသန်းရာဂဏန်းလောက်ကို သုံးစွဲတာက ကိစ္စကြီးတစ်ခုမဟုတ်ဘူးလို့ ငါ ရုတ်တရက်ခံစားရတယ်။ မင်းတို့ရော ၊ငါပြောတာကို သဘောတူတယ်မလား ? "
" မင်းပြောတာကို ငါလည်း အခုစဉ်းစားနေတာပဲ။ဟား.ဟား "
ရဲ့ရှင်းချန် : နင့်မေကြီးတော်