အခန်း (၅၀)
Vol. 4 Ch. 50
ရဲ့ရှင်းချန်သည် ထိုပူးပေါင်းဆောင်ရွက်မှုကို ဖျက်ဆီးဖို့အတွက် လင်ပေ့ဖန်ကို လှည့်စားလို့ မအောင်မြင်တာကြောင့် ချူရိုရွယ်ဆီသို့ သူ့၏ မြှားဦးကို ဦးတည်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
ထိုအရာကြောင့် သူသည် လင်ပေ့ဖန်ဘေးနားမှာ ဆက်လက်၍ ပုန်းကွယ်ပြီး မနေနိုင်သော်လည်းပဲ သူသည် ထိုအကြောင်းကို ဒီထက်ပိုပြီး ဂရုမစိုက်နိုင်တော့ပေ။
ထို့ပြင် သူသည် သူ့၏အချစ်လေးကို တစ်ခြားလူက သူ့၏လက်မောင်းထဲမှာ နောက်တစ်ကြိမ်ထပ်ပြီး ပွေ့ဖက်ခံရမည်ကို သူ သည်းမခံနိုင်ပေ။
……
လီချုံးအဖွဲ့ ၏ စီအီအိုရုံးခန်းထဲတွင်
" ဥက္ကဌချူ ၊လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ ရဲ့ရှင်းချန်က ဒီကိုလာလည်ပါတယ် ။ သူပြောတာကတော့ သူ့မှာ ဥက္ကဌနဲ့ ပြောစရာ အရေးကြီးကိစ္စတစ်ခုရှိတယ်တဲ့။ "ဟု အတွင်းရေးမှူးမလေးက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်သည် အတော်လေး အံ့ဩသွားခဲ့ပြီး " ရဲ့ရှင်းချန်က ငါ့ကို လာရှာတယ်၊ ဟုတ်လား ? " ဟု ပြောလိုက်သည်။
သူမသည် ထိုလူကို ကောင်းကောင်းသိသည်။ ထိုလူသည် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ မြှင့်တက်လာရခြင်း၌ အရေးပါသောနေရာကနေ ပါဝင်ခဲ့သည်ဟု ပြောနိုင်သည်။
မူလက သူသည် လင်ပေ့ဖန်၏ ဘေးနားမှာနေတဲ့ သာမန်သက်တော်စောင့်တစ်ယောက်သာဖြစ်ပေမဲ့ သူသည် ရားထူးတိုးခြင်းကို ခံရပြီးနောက် လင်ပေ့ဖန်၏လမ်းညွှန်မှုအောက်၌ ငွေကြေးဈေးကွက်များတွင် သူ့၏ ထူးချွန်ထက်မြက်တဲ့ စွမ်းရည်များကို ပြသခဲ့သည်။
ထို့ပြင် သူ့တွင် အံ့ဩဖွယ်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံရေး အမြင်တစ်ခုရှိပြီး ထိုအမြင်ကြောင့် သူသည် ရွှေ နှင့် ရေနံစိမ်း ရောင်းဝယ်ရေးလုပ်ငန်းများတွင် တစ်ခါမှ မရှုံးနိမ့်ဘဲနဲ့ ပိုက်ဆံရှာနိုင်ခဲ့သည်။
သူသည် တိုတောင်းလွန်းတဲ့ ဆယ်ရက်အတွင်း၌ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို ယွမ်သန်း၃၀၀ရှာပေးခဲ့သည်။သူ့၏ တစ်ဦးချင်းအလိုက်စွမ်းဆောင်ရည်များကလည်း အမှန်တကယ်ကို မယုံနိုင်စရာကောင်းသည်။
သူက သူမကို လာရှာလိမ့်မယ်လို့ သူမ ဘယ်တော့မှ မမျှော်လင့်ခဲ့ဖူးပေ။
ချူရိုရွယ်သည် ထိုလူအကြောင်းကို အလွန်သိချင်သွားပြီး " ငါအခုချိန် အားနေသေးတယ်။ သူ့ကို သွားခေါ်လိုက် ၊ငါသူ့ကို တွေ့လိုက်မယ်။ " ဟု ပြောလိုက်သည်။
ချူရိုရွယ်၏ ခွင့်ပြုချက်ကို လက်ခံရရှိပြီးနောက် ရဲ့ရှင်းချန်သည် လီချုံးအဖွဲ့၏ အဆောက်အဦးထဲသို့ နောက်ဆုံး၌ ဝင်ရောက်နိုင်ခဲ့သည်။
ထို့နောက် သူသည် အဆောက်အဦးထဲမှ ရင်းနှီးနေသောမြင်ကွင်းများကို ကြည့်လိုက်ပြီး သူ့၏စိတ်ထဲတွင် အတိတ်ဘဝက ခံစားချက် ၊အမှတ်တရများ လိမ့်တက်လာသလို ခံစားခဲ့ရသည်။
ရဲ့ရှင်းချန်သည် " ငါ ပြန်လာပြီ "ဟု တိုးတိုးလေးရေရွတ်လိုက်သည်။
သူသည် ပြန်လည်မမွေးဖွားခင်က ဒီနေရာ၌ လုံခြုံရေးအစောင့်အဖြစ် အလုပ်လုပ်ခဲ့ဖူးသည်။
မူလက သူသည် စိတ်အေးလက်အေးဖြင့် အပန်းဖြေ၍ အချိန်ဖြုန်းချင်ခဲ့သည်။ ဒါပေမဲ့လည်း သူသည် လီချုံးဂရုရဲ့ စီအီအို အချောလေးဖြစ်တဲ့ချူရိုရွယ်နဲ့ အမှတ်မထင် တွေ့ဆုံခဲ့ရသည်။
သူမရဲ့ နတ်သမီးတွေတောင် အရှုံးပေးရလောက်တဲ့အထိ လှပတဲ့ မျက်နှာနဲ့ ကျက်သရေရှိတဲ့ ပုံပန်းသဏ္ဌာန်တွေက သူ့ရဲ့စိတ်ထဲ၌ အမြဲတစေစိုးမိုးနေခဲ့သည်။
ထိုအချိန်၌ သူသည် သူမက သူ့ဘဝတစ်လျှောက်လုံး ကာကွယ်ပေးချင်သည့် အမျိုးသမီး ဖြစ်တယ်လို့ သူ ဆုံးဖြတ်ချက်ချခဲ့သည်။
ထို့ပြင် သူမလို အမျိုးသမီးမျိုးကသာ သူ့လို စစ်ပွဲနတ်ဘုရားနှင့် ထိုက်တန်ပေသည်။
သို့ပေမဲ့ သူဒီထက်ပိုပြီး မလှုပ်ရှားရသေးခင်မှာဘဲ စက်ဆုပ်ဖွယ်ကောင်းတဲ့ လင်ပေ့ဖန်က ပေါ်လာခဲ့ပြီး ပျားရည်လို ချိုမြိန်တဲ့ စကားလုံးများဖြင့် သူ့၏ အမျိုးသမီးကို ခိုးသွား၍ အဝေးကို ခေါ်သွားခဲ့သည်။ ထို့ပြင် လင်ပေ့ဖန်က သူ ၊သူမအတွက်လုပ်ပေးခဲ့တဲ့ အရာအားလုံးကိုလည်း ဖျက်ဆီးပစ်ခဲ့သေးသည်။
ရဲ့ရှင်းချန်သည် သူ့၏လက်သီးများကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်ပြီး " ဒီတစ်ကြိမ်တော့ ၊ငါ ရှုံးမှာ မဟုတ်ဘူး " ဟု ပြောလိုက်သည်။
"ရိုရွယ်လို မိန်းကလေးမျိုးက ငါ့လိုစစ်ပွဲနတ်ဘုရားနဲ့ပဲ ထိုက်တန်တယ်။ "
"ငါကသာ သူမအတွက် ပျော်ရွှင်မှုကို ယူလာပေးနိုင်တယ်။ "
အတွင်ရေးမှူးမလေး၏ လမ်းပြမှုကြောင့် ရဲ့ရှင်းချန်သည် နောက်ဆုံးမှာတော့ စီအီအို ရုံးခန်းထဲသို့ ခြေလှမ်းချနိုင်ခဲ့သည်။
ထို့နောက် သူသည် သူ့အိမ်မက်ထဲမှာ အမြဲတစေမြင်မက်နေတဲ့ စွဲမက်ဖွယ်ကောင်းတဲ့ မျက်နှာလေးကို သူ မြင်လိုက်ရသည်။
သူမသည် သူ့၏ အတိတ်ဘဝကလိုဘဲ ပြီးပြည့်စုံပြီး ခြောက်ပစ်ကင်း သဲလဲစင်သော ပုံစံဖြင့် ရှိနေတုန်းဘဲ ဖြစ်သည်။
သူသည် သူ့၏ ခန္ဓာကိုယ်ကို လျှပ်စီးထိမှန်သလို ခံစားခဲ့ရပြီး အနည်းငယ်တုန်ခါ၍ ထိုနေရာမှာ မလှုပ်ရှားနိုင်ဘဲ ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် သူသည် သူ့၏အရှေ့က အလှလေးကို ပြင်းပြစွာ ပြေးဖက်ချင်နေခဲ့သည်။ထို့နောက်သူသည် သူမကို နူးညံစွာဖြင့် *ရိုရွယ် ငါရောက်လာပြီ။ ဒီတစ်ကြိမ်တော့ မင်းကို ငါ့ဘေးနားကနေ လုံးဝ ထွက်သွားခွင့်ပြုမှာ မဟုတ်တော့ဘူး * ဟု ပြောချင်နေခဲ့သည်။
….
ချူရိုရွယ်သည် ရဲ့ရှင်းချန်၏ ပုံစံက အနည်းငယ် ထူးဆန်းနေသလို ခံစားခဲ့ရသည်။
သူသည် အခန်းထဲသို့ ခြေလှမ်းလှမ်းနေစဉ်မှာဘဲ သအေးခဲ၍ မလှုပ်ရှားတော့ဘဲ အဲ့ဒီနေရာ၌ ရပ်နေပြီး သူ့၏ခန္ဓာကိုယ်ကလည်း တုန်ခါနေခဲသည်။
အထူးသဖြင့် သူမကို သူ့၏ ချစ်စိတ်ပြင်းပြစွာ ကကြည့်နေသော အကြည့်က သူမကို အတော်လေး မအီမသာဖြစ်စေပြီး အနည်းငယ်စက်ဆုပ်သလို ခံစားရအောင် ပြုလုပ်နေခဲ့သည်။
ဒီမတိုင်ခင်က သူမသည် ပလေးဘွိုင်း အမျိုးသားအများကြီးနှင့် တွေ့ဆုံဖူးပေမဲ့လည်း သူ့လို ပေါ်တင်ကြီးနှာထတဲ့သူကိုတော့ သူမ ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။
သူမ၏ ရင်ထဲ၌ နားမလည်နိုင်လောက်အောင် သူ့ကို ရွံရှာစက်ဆုပ်လာခဲ့သည်။
ထို့ကြောင့် သူမသည် အေးစက်စက် အသံဖြင့် သူ့ကိုပြောလိုက်သည်။
" မစ်စတာရဲ့ ၊ကျွန်မ ရှင့်နာမည်ကို ကြားဖူးတာ တော်တော်ကြာနေပြီ။ ခုမှဘဲ လူချင်း တွေ့ဖူးတော့တယ်။ ကျေးဇူးပြုပြီး ၊ ထိုင်ပါဦး ။ "
ထိုစကားကို ကြားလိုက်ရသောအခါမှ ရဲ့ရှင်းချန်သည် အတွေးကနေ နိုးထလာခဲ့ပြီး " အို့ ! ထိုင်ရမှာပေါ့ … " ဟု ပြောလိုက်သည်။
သူသည် ကိုးရိုးကားယားဖြင့် ထိုင်ချလိုက်သည်။ ထို့နောက် သူသည် အခြေအနေအမျိုးမျိုးကို ကြုံတွေ့ခဲ့ရဖူးတဲ့ စစ်ပွဲနတ်ဘုရားဖြစ်တယ်ဆိုတာကို သူ့ဘာသာသူ သတိရမိခဲ့သည်။ဒါကြောင့် သူသည် ကိုးရိုးကားယား ဖြစ်စရာမလိုဘူးလို့ ခံစားခဲ့ရသည်။
" မစ်စတာရဲ့ ၊ ကျွန်မ ရှင့်အကြောင်းတွေကို အများကြီးကြားဖူးတယ်။ ဒီမတိုင်ခင် ကျွန်မ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို သွားလည်ချိန်တုန်းကလည်း မစ်စတာလင် နဲ့ တစ်ခြားလူတွေက ရှင့်အကြောင်းကို ချီးကျူးနေတာ မရပ်တော့ဘူး။ သူတို့ပြောတာကတော့ ရှင်က ရင်းနှီးမြှုပ်နှံရေးမှာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ပြီးေတာ့ ရွှေနဲ့ရေနံစိမ်း ရောင်းဝယ်ရေးတွေမှာလည်း ရှင့်ရဲ့တိကျတဲ့ အမြင်တွေကြောင့် တစ်ခါမှ အရှုံးမပေါ်ဖူးဘူးတဲ့။ မစ်စတာရဲ့ ၊ရှင်က တကယ်ဘဲ အံ့ဩစရာကောင်းလွန်းတယ်။ " ဟု ချူရိုရွယ်က ရဲ့ရှင်းချန်ကို မြှောက်ပြောခဲ့သည်။
ထိုစကားကို ကြားလိုက်ရေသာအခါတွင် ရဲ့ရှင်းချန်သည် သူ့၏စိတ်ထဲ၌ အလွန်ပျော်ရွှင်သွားခဲ့သည်။ ဒါက သူ့ဘဝနှစ်ခုလုံးမှာ သူ့ရဲ့အချစ်လေး ချူရိုရွယ်က သူ့ကို ပထမဆုံးအကြိမ် ချီးကျူးခြင်းဖြစ်သည်။သူ့၏ ရင်ထဲတွင်တော့ ချိုမြိန်တဲ့ခံစားမှုလေးတစ်ခု စီးဆင်းသွားသလိုခံစားခဲ့သည်။
ထိုကြောင့် သူသည် တက်ကြွသည့် ကြက်ဖကြီးလို့ သူ့၏ ဦးခေါင်းကို မြှောက်၍ ရင်ဘတ်ကိုကော့လိုက်ပြီး ဂုဏ်ယူစွာဖြင့် ပြန်ပြောလိုက်သည်။
" ဥက္ကဌချူ ၊ မင်းငါ့ကို မြှောက်ပြောနေပြန်ပါပြီ။ တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး။ "
ချူရိုရွယ်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး *ဒီရဲ့ရှင်းချန်က တော်တော်လေးကို မောက်မာတာဘဲ * ဟု တွေးလိုက်သည်။
*သူက ရက်အနည်းငယ်ထဲနဲ့ ယွမ်သန်း၁၀၀ကနေ ယွမ်သန်း၃၀၀ရရှိအောင်လုပ်နိုင်ခဲ့တယ်။ဒါကို သူက ဘာမှမဟုတ်ဘူးဆိုတော့။ ဘယ်ဟာကို အရေးပါတယ်လို့ ပြောမလို့လဲ ? *
သူမ၏ စိတ်ထဲ၌* မပြည့်တဲ့အိုး ဘောင်ပင်ခတ်သလို* ဟူသော ရှေးလူကြီးများပြောသော စကားတစ်ခွန်းပေါ်လာခဲ့သည်။
သူမသည် မရည်ရွယ်ဘဲနဲ့ သူ့ကို လင်ပေ့ဖန်နှင့် နှိုင်းယှဉ်မိခဲ့သည်။ လင်ပေ့ဖန်သည် ပလေးဘွိုင်းတစ်ယောက်ဖြစ်သော်လည်း လူတိုင်းနှင့် ဆက်ဆံရာတွင် သူသည် ထူးချွန်လွန်းသည်။
သူသည် အမြဲတမ်း သူ့ကိုယ်ကိုသူ နှိမ့်ချ၍ သူအောင်မြင်သောအခါတွင်လည်း သူ့၏ လက်အောက်ငယ်သားများကို အမှတ်ရနေတတ်သည်။ ထို့ပြင် သူသည် ရဲ့ရှင်းချန်ကို သူ့၏ ညီအစ်ကိုကောင်းတစ်ယောက်လို သဘောထား၍ သူ့၏အာဏာနှင့် ငွေကိုလည်း ပေးဖို့ဆန္ဒရှိပြီး သူသည် မကြာခဏဆိုသလို သူ့၏ ဂရုစိုက်မှုနှင့် ချီးကျူးမှုကိုလည်း ပြသတတ်သည်။
သူမသည် လင်ပေ့ဖန်ကို အကျင့်ကောင်းပြီး အောင်မြင်တဲ့ ခေါင်းဆောင်ကောင်းတစ်ဦးအဖြစ်လေးစားခဲ့သည်။
သူမသာ သူ့နေရာမှာဆိုရင် ဒီလိုလုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူမဘာသာ သူမသိနေခဲ့သည်။
ထို့ကြောင့် သူမ၏ အရှေ့ကလူကို ကြည့်၍ သူမ၏ အသံသည် အနည်းငယ်ကွဲပြားသွားခဲ့ပြီး " မစ်စတာရဲ့ ၊ ကျွန်မမှာ ရှင့်ကို မေးခွန်းတစ်ခု မေးချင်တာရှိတယ်။ "ဟု ပြောလိုက်သည်။
" ဥက္ကဌချူ ၊ ကျေးဇူးပြုပြီး မေးပါ။ မင်းမေးတာ မှန်သမျှကို ငါ မှန်မှန်ဖြေပေးပါ့မယ်။ " ဟု ရဲ့ရှင်းချန်က တည်ကြည်စွာဖြင့် ပြောလိုက်သည်။
" ကျွန်မသိချင်တာက ၊ဒီတစ်ကြိမ် ရှင် ကျွန်မဆီလာတာ မစ်စတာလင်ရဲ့ ခွင့်ပြုချက်နဲ့လား ၊ဒါမဟုတ် ရှင့် သဘောနဲ့ ရှင် ဒီကိုလာတာလား ? ။ဟု ချူရိုရွယ်က ရဲ့ရှင်းချန်ကို မေးလိုက်သည်။