အခန်း (၅၁)
Vol. 4 Ch. 51
သူတို့နှစ်ယောက်ကြားမှာ ရှိတဲ့ ကွာခြားချက်က တော်တော်လေးကို ကြီးမားလွန်းတယ်။
အကယ်၍ သူက လင်ပေ့ဖန်ကို ကိုယ်စားပြုပြီးလာတယ်ဆိုရင်တော့ ဒါက သာမှန်ဘဲလို့ တွေးနိုင်သေးတယ်။ဒါကြောင့် သူမက သူ့ကို စီးပွားရေးစည်းမျဉ်းများအတိုင်းဘဲ ဆက်ဆံလိမ့်မယ်။ဒါပေမဲ့လည်း သူ့ကိုယ်ကိုသူ ကိုယ်စားပြုပြီးလာတယ်ဆိုရင်တော့ ဒါက ကွဲပြားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်သွားခဲ့ပြီဖြစ်သည်။
ထိုအရာက လုပ်ငန်းခွင်မှာ တားမြစ်ထားတဲ့ အဓိကတားမြစ်ချက်ကြီး တစ်ခုဖြစ်သည်။
၎င်းက တိုက်ဆိုင်တာမဟုတ်ဘူးဆိုရင် ဘယ်သူဌေးကမှ သူ့ရဲ့လက်အောက်ငယ်သားတွေကို သူ့ခွင့်ပြုချက်မပါဘဲနဲ့ တစ်ခြားသူဌေးတွေနဲ့ မတွေ့ဆုံစေချင်ကြပေ။
အကယ်၍ တွေ့ဆုံပါက တစ်ခြားလူမှာ မကောင်းတဲ့ရည်ရွယ်ချက်တွေ ရှိနေပြီလို့ ဆိုလိုချင်တာဖြစ်သည်။
"ဒီတစ်ကြိမ်တော့ ငါ့ဘာသာငါ ကိုယ်စားပြုပြီးလာခဲ့တာ။ " ဟု ရဲ့ရှင်းချန်က လေးနက်စွာဖြင့် ပြန်ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်၏ မျက်လုံးများသည် တစ်ချက်လက်သွားခဲ့ပြီး သူမ၏အနောက်က ထိုင်ခုံကို အထာကျကျမှီလိုက်၍
" ရှင့်ကိုယ်ကိုရှင် ကိုယ်စားပြုပြီး လာတာလား ? ။ရှင့်မှာ ကျွန်မနဲ့ ပုဂ္ဂိုလ်ရေးအရ စီးပွားရေးကိစ္စရှိလို့လား ? " ဟု မေးလိုက်သည်။
" မစ်စ်ချူ ၊ လင်ပေ့ဖန်က ယုံကြည်ဖို့ မထိုက်တန်ဖူးဆိုတာကို ၊ မင်းကို ငါပြောချင်တယ်။ သူ၊ မင်းနဲ့ပူးပေါင်းတာက အဲ့ဒီကုန်းမြေတစ်ခုထဲကိုလိုချင်တာကြောင့် မဟုတ်ဘူး။ သူက မင်းကိုယ်ပါ လိုချင်တဲ့အတွက် မင်းနဲ့ ပူးပေါင်းတာဘဲ။ ဒါကြောင့် သူ့နဲ့ပူးပေါင်းဆောင်ရွက်တာကို ဖျက်မယ်လို့ ငါ မျှော်လင့်ပါတယ်။"ဟု ရဲ့ရှင်းချန်ကပြောလိုက်သည်။
ချူရိုရွယ်၏ မျက်ခုံးများသည် ပင့်တက်သွားခဲ့ပြီး
" ဟမ် ၊ ရှင်၊ ကျွန်မကို ပြောချင်တာ ၊ဒါအကုန်ပဲလား ? "ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်သည် ကြက်သေသေသွားခဲ့ပြီး " ဒီအချက်က မလုံလောက်သေးဘူးလား? " ဟု မေးလိုက်သည်။
ချူရိုရွယ်သည် အေးဆေးတည်ငြိမ်စွာဖြင့် ဆက်ရှိနေပြီး
" ရိုးရိုးသားသားပြောရရင် ၊ ကျွန်မကို ပိုင်ဆိုင်ချင်နေတဲ့ ယောက်ျားတွေက အများကြီးဘဲ။ ဒီကနေ တန်းစီလိုက်ရင် ကိုကြီးရဲ့ ရင်ခွင်ထဲထိတောင်မှ ရောက်လိမ့်မယ်()။ ဒါက ဘယ်တော့မှ ဆုံးမှာ မဟုတ်ဘူး။ပြီးတော့ လင်ပေ့ဖန်က အရင်ထဲက ပလေးဘွိုင်းတစ်ယောက်ပဲလေ။ သူ ကျွန်မကို ပိုင်ဆိုင်ချင်တာက ပုံမှန်ဘဲ မဟုတ်ဘူးလား ? ။ " ဟု ချူရိုရွယ်က ဈေးဗန်းခင်းပြီး ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် စကားပြန်မပြောနိုင်လောက်အောင်ဖြစ်သွားခဲ့သည်။
ထို့နောက် ချူရိုရွယ်သည် နူးညံစွာဖြင့် တခစ်ခစ်ရယ်လိုက်ပြီး " အကယ်၍ သူ့မှာ အစွမ်းရှိလို့ ကျွန်မကို လိုက်နိုင်တယ်ဆိုရင် ၊ဘာကြောင့် ကျွန်မက သူ့အမျိုးသမီး မဖြစ်နိုင်ရမှာလဲ ? ။ မစ်စတာရဲ့ ၊အကယ်၍ ရှင် ကျွန်မကို ပြောချင်တာက ဒီစကားပဲဆိုရင်တော့ ကျေးဇူးပြုပြီး ထွက်သွားပေးပါ။ " ဟု ပြောလိုက်သည်။
" မစ်စ်ချူ ၊ ငါ့မှာမင်းကို ပြောချင်တဲ့အကြောင်းအရာတစ်ခုရှိသေးတယ်။ မင်း ၊ လင်ပေ့ဖန် နဲ့ စီးပွားရေး အတူတူမလုပ်နဲ့။ ဘာကြောင့်လဲဆိုေတာ့ အဲ့ဒီကုန်းေမြက အရမ်းပဲ တန်ဖိုးကြီးလွန်းတယ် ၊အကယ်၍ မင်း သူနဲ့ ပူးပေါင်းဆောင်ရွက်ရင်တော့ မင်းကြီးမားတဲ့ ဆုံးရှုံးမှုကြီးတစ်ခုကို ခံစားရလိမ့်မယ်။ " ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။
ချူရိုရွယ်၏ မျက်လုံးများက လက်သွားခဲ့ပြီး " ကြည့် ရတာ ရှင် အဲ့ကုန်းမြေရဲ့ တန်ဖိုးအမှန်ကို သိတာလား? "ဟု ပြောလိုက်သည်။
ရဲ့ရှင်းချန်သည် ဝင့်ကြွားစွာဖြင့် ပြန်ပြောလိုက်သည်။
" သေချာတာပေါ့ ၊ငါ သိတယ်လေ။ "
ချူရိုရွယ်၏မျက်နှာပေါ်တွင် လှပသော အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး " ဒါဆိုရင်လည်း ၊ ရှင် ကျွန်မကို အဲ့ဒီကုန်းမြေရဲ့ တန်ဖိုးကို ပြောပြပေးနိုင်မလား ? ။ အကယ်၍ ရှင် ကျွန်မကို အဲ့ကုန်းမြေကဲ့ တန်ဖိုးကိုပြောပြပေးရင် လင်ပေ့ဖန်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ဖျက်ပစ်ဖို့အတွက် ကျွန်မစဉ်းစားပေးမယ်။ "ဟု ပြောလိုက်သည်။
" ငါမင်းကို သေချာပေါက် ပြောပြပေးနိုင်တာပေါ့"
ထို့နောက် ရဲ့ရှင်းချန်သည် စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောလိုက်သည်။
" မစ်စ်ချူ ၊ ငါ မင်းကိုပြောပြမယ်။ အဲ့ကုန်းမြေရဲ့ တန်ဖိုးက တော်တော်လေးကို မြင့်မားတယ်။ နောက်လအနည်းငယ်အကြာမှာ နိုင်ငံတော်က ကျန်းနန်မှာ ရှိတဲ့ အဲ့ကုန်းမြေရဲ့ အနီးတစ်ဝိုက်ကို အမျိုးသားအဆင့်ဖွံ့ဖြိုးတိုးတက်မှုဇုန်အဖြစ် တည်ထောင်လိမ့်မယ်။ ပြီးတော့ အဲ့ဒီကုန်းမြေရဲ့နေရာက ဖွံ့ဖြိုးတိုးတက်မှုဇုန်ရဲ့ အလယ်ဗဟိုမှာဖြစ်နေတယ်။ဒါဆိုရင် မင်းအဲ့ဒီကုန်းမြေရဲ့ တန်ဖိုးကို တွေးကြည့်နိုင်ပြီပေါ့ ? "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်၏ မျက်လုံးများက ပြူးကျယ်သွားခဲ့သည်။
ထိုအခါမှ သူမသည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းသိသွားခဲ့သည်။
လင်ပေ့ဖန် နဲ့ လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ နှစ်ခုစလုံးက အဲ့ကုန်းမြေကို ပိုင်ဆိုင်ဖို့အတွက် အချင်းချင်းယှဉ်ပြိုင်နေကြတာ အံ့ဩစရာမဟုတ်တော့ပေ။ထိုကုန်းမြေက အရမ်းပဲ အဖိုးတန်လို့ဖြစ်သည်။
အကယ်၍ နိုင်ငံတော်က ကျန်းနန်မှာ အမျိုးသားအဆင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဇုန်အဖြစ် အမှန်တကယ်တည်ထောင်ခဲ့ပါက ထိုကုန်းမြေ၏ တန်ကြေးက လုံးဝမြှင့်တက်သွားလိမ့်မည်ဖြစ်ပြီး သူမလက်ထဲမှာရှိတဲ့ အဲ့ကုန်းမြေ၏တန်ဖိုးကလည်း နှစ်ဆကျော်တိုးတက်လာလိမ့်မည်ဖြစ်သည်။
ထို့အပြင် အဲ့ကုန်းမြေတစ်ဝိုက်တွင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ပါက ၊ ၎င်းကေနအကျိုးကျေးဇူးများကို စဉ်ဆက်မပြတ် ရရှိလိမ့်မည်ဖြစ်သည်။
ချူရိုရွယ်၏ အသက်ရူနှုန်းများကအကြောင်းတစ်ခုခုကြောင့် မြန်ဆန်လာခဲ့သည်။
ထို့နောက် သူမသည် ရဲ့ရှင်းချန်ကို " ဒီသတင်းကို ရှင် ဘယ်ကနေရခဲ့တာလဲ ? ။လင်ပေ့ဖန်က ရှင့်ကို ပြောပြခဲ့တာလား? "ဟု မေးမြန်းလိုက်သည်။
ရဲ့ရှင်းချန်က ဝင့်ကြားစွာဖြင့် သူမကို ပြန်ပြောလိုက်သည်။
" ဒါက ငါ့ကို လင်ပေ့ဖန်ပြောပြတာမဟုတ်ဘူး၊ ငါ့မှာလည်း သဘာဝအတိုင်းဘဲ ငါ့လမ်းကြောင်းနဲ့ငါ ရှိတာပေါ့။
ချူရိုရွယ်သည် သူမ၏စိတ်ထဲ၌ နှာခေါင်းရှုတ်လိုက်ပြီး စိတ်ထဲကနေပြောလိုက်သည်။
*ရှင့်လို သက်တော်စောင့်မဖြစ်စလောက်လေးက ဘယ်လိုမျိုး သတင်းရနိုင်တဲ့ လမ်းကြောင်းတွေရှိမှာ မို့လို့လဲ ?။ *
*ကျွန်မတို့ လီချုံးအဖွဲ့မှာတောင် မရှိဘူး။*
*ဒါက ရှင့်ကို လင်ပေ့ဖန်ပြောပြတာပဲ နေမှာ။ *
* လင်ပေ့ဖန်က ရှင့်ကို ညီအစ်ကိုလို ဆက်ဆံပြီးတော့ ဒီလောက်အရေးကြီးတဲ့ သတင်းကိုတောင်မှ ရှင့်ကိုပြောပြတယ်။ ဒါပေမဲ့ ရှင်ကတော့ သူ့ကိုတောင်
သစ္စာပြန်ဖောက်လိုက်သေးတယ်။ *
*သစ္စာဖေါက်တစ်ယောက်ကို ဘယ်နေရာကမှ မကြိုဆိုဘူး။*
*ထိုအချိန်တွင် သူမ၏စိတ်ထဲ၌ ရဲ့ရှင်းချန်ကို အန်ကယ်ကတော့ နိုးပါဟု သတ်မှတ်ပြီးပြီဖြစ်သည်။ *
ထိုအရာကို ရဲ့ရှင်းချန်က သတိမထားမိဘဲနဲ့ ဆက်လက်ပြီး ပြောနေခဲ့သည်။
" ဒါကြောင့် ဥက္ကဌချူ ၊ မင်း လင်ပေ့ဖန်နဲ့ ဆက်ပြီးတော့ မပူးပေါင်းနေသင့်တော့ဘူး။ အဲ့ကုန်းမြေကို မင်း လက်ထဲမှာဘဲ ကောင်းကောင်းထိန်းသိမ်းထားပြီးတော့ မင်းဘာသာမင်း ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပြီး
ငွေရှာတာက ပိုကောင်းတယ်။ "
ချူရိုရွယ်သည် နှာခေါင်းရှုတ်လိုက်ပြီး " ရှင်ပြောတာတော့ လွယ်လွယ်လေးပဲ ၊ ကျွန်မတို့ဘာသာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမှာလား? ။ ကျွန်မတို့အဖွဲ့က အဲ့ကုန်းမြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့အတွက် ဘယ်ကနေ ပိုက်ဆံရမှာလဲ ? ။ " ဟု ပြောလိုက်သည်။
" အခုချိန်မှာ ကမ္ဘာ့စီးပွားရေးက ကျဆင်းနေတဲ့အတွက် ငွေေရးေကြးေရး အကြပ်အတည်းတွေဖြစ်နေတယ်။ ပြီးတော့ ပုဂ္ဂလိက ချေးငွေတွေမဆိုထားနဲ့ ဘဏ်ကတောင် ကျွန်မတို့အဖွဲ့ ကို ပိုက်ဆံတစ်ပြားတစ်ချပ်မှ မချေးပေးဘူး။ အိမ်ရောင်းပြီးတော့ ပိုက်ဆံရှာရတာက ပိုတောင်ခက်နေသေးတယ်။ အကယ်၍ ကျွန်မတို့က တစ်ခြား စီးပွားဖက်ကို မရှာဘူးဆိုရင် ၊ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် ကျွန်မတို့က လုပ်ရမှာလဲ ?" ဟု ချူရိုရွယ်က ပြောလိုက်သည်။
ရဲ့ရှင်းချန်က သူမကို အမြန်ပြန်ပြောလိုက်သည်။
" ဒါပေမဲ့ မင်းတို့က တစ်ခြားလူတွေကို အကျိုးအမြတ်ခံစားစေလို့ မဖြစ်ဘူးလေ။ "
ချူရိုရွယ်သည် သူမ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး
" ကျွန်မတို့ အခုချိန်မှာ တစ်ခြားလူတွေကို ပေးသည် ဖြစ်စေ ၊မပေးသည်ဖြစ်စေ ဒါက ကျွန်မတို့အဖွဲ့ရဲ့ ရှင်သန်ရေးကိစ္စနဲ့ သက်ဆိုင်နေတယ်။ လက်ရှိမှာ ကျွန်မတို့အဖွဲ့ ခံစားနေရတဲ့ အကြီးမားဆုံးပြဿနာက ရန်ပုံငွေပြတ်လပ်မှုနဲ့ ကျွန်မတို့အဖွဲ့ လည်ပတ်ဖို့အတွက် အရင်းအနှီးပြဿနာပဲ။အကယ်၍ ကျွန်မတို့က ဒီယိုပေါက်ကို မြန်မြန်ပြန်မဖြည့်ဖူးဆိုရင် ၊လအနည်းငယ်အတွင်းမှာ ကျွန်မတို့အဖွဲ့ ဒေဝါလီခံရပြီးတော့ ပိတ်သိမ်းသွားရလိမ့်မယ်။ဒါကြောင့် အဲ့ကုန်းမြေကို ကျွန်မလက်ထဲမှာ ကိုင်ထားရမှာလဲ ? ။ ဒါဆိုရင် ဘာကြောင့် ဒီကုန်းမြေကို ကျွန်မတို့က အသုံးမပြုရမှာလဲ"ဟု ပြန်ပြောလိုက်သည်။
ထို့နောက် ချူရိုရွယ်သည် တခစ်ခစ်ရယ်မောလိုက်ပြီး " လင်ပေ့ဖန်မှာက ပိုက်ဆံရှိတယ်လေ ၊ကျွန်မတို့မှာက ကုန်းမြေရှိတယ် ၊ဒါကြောင့် ကျွန်မတို့နှစ်ယောက် ပူးပေါင်းလိုက်ရင် ကျွန်မတို့မှာ အားကောင်းတဲ့မဟာမိတ်တစ်ယောက် ရရှိသွားလိမ့်မယ်။ ပထမအနေနဲ့ ဒါက ကျွန်မတို့အဖွဲ့ရဲ့ ရန်ပုံငွေပြဿနာကို ဖြေရှင်းနိုင်ပြီးတော့ ဒုတိယအနေနဲ့ကတော့ အဲ့ကုန်းမြေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်တဲ့အခါမှာ ကျွန်မတို့အဖွဲ့ က လူအများကြီးသုံးရတယ်။ အမြတ်ရတော့ နည်းနည်းလေးရပေမဲ့လည်း အနည်းဆုံးတော့ ကျွန်မတို့အဖွဲ့ ရှင်သန်နိုင်သေးတာပေါ့။ပြီးတော့ အနာဂတ်မှာ ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် ကျွန်မတို့အဖွဲ့မှာ အခွင့်အရေးအများကြီးရှိသေးတယ်။ "ဟု ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်သည် အသက်ရူကျပ်သွားသလို ခံစားခဲ့ရသည်။
* အဆုံးမှာတော့ သူမက လင်ပေ့ဖန်နဲ့ ပူးပေါင်းချင်နေတုန်းပဲပေါ့*
*ဒီအခြေအနေကို ငါ မဖြေရှင်းနိုင်တော့ဘူးလား?*
* နေဦး *
*ဖြေရှင်းဖို့အတွက် နည်းလမ်းရှိသေးတယ်*
ထို့နောက် ရဲ့ရှင်းချန်သည် ယုံကြည်မှုပြန်ရှိလာခဲ့ပြီး
" ဥက္ကဌချူ ၊ဒါက မင်းတို့အဖွဲ့မှာ ပိုက်ဆံမရှိတာကြောင့်ဟုတ် ! အကယ်၍ ငါက မင်းရဲ့ ငွေကြေးပြဿနာကို ကူညီပြီး ဖြေရှင်းပေးမယ်ဆိုရင် မင်း ၊လင်ပေ့ဖန်နဲ့ ပူးပေါင်းစရာမလိုတော့ဘူးမလား ? " ဟု မေးလိုက်သည်။
ချူရိုရွယ်သည် ခေါင်းညိတ်လိုက်ပြီး " အမှန်ဘဲ ၊ ဒါပေမဲ့ ကျွန်မရဲ့ ငွေကြေးပြဿနာကို ရှင် ဘယ်လိုကူညီပြီးတော့ ဖြေရှင်းပေးမှာမို့လို့လဲ ?။ ရှင် သိထားသင့်တာက ကျွန်မမှာ ပိုက်ဆံ သန်းအနည်းလောက်က မပြတ်လပ်ဘူးဆိုတာဘဲ။ဒါပေမဲ့ ပိုက်ဆံ သန်းရာဂဏန်း နဲ့ ဘီလီယံလောက်ဆိုရင်တော့ ….။ "ဟု ပြောလိုက်သည်။