အခန်း (၅၃)
Vol. 4 Ch. 53
" ဥက္ကဌချူ ၊ ရွှေဈေးကွက်မှာ အမြတ်ထွက်အောင်လုပ်တာက အချိန်အချို့တော့ယူရတယ်။ ပြီးတော့ ရလဒ်ကလည်း အရမ်းမြန်မြန်မထွက်လာဘူး။ဒါကြောင့် ငါတို့ တစ်ခုခုသောက်ပြီးတော့ အောင်ပွဲရဲ့ ရလဒ်ကို အတူတူစောင့်ကြည့်ကြမလား? ။မင်းရော ဘယ်လိုထင်လဲ ?" ဟု ရဲ့ရှင်းချန်က ချူရိုရွယ်ကို ပြောလိုက်သည်။
" မစ်စတာရဲ့ပြောတာ အရမ်းပဲ ကျိုးကြောင်းဆီလျော်တယ်။ မစ်စတာရဲ့ ၊ရှင် ဘာသောက်ချင်လဲ ?။ ကျွန်မ ရှင့်အတွက် တစ်ယောက်ယောက်ကို သွားပြီးေတာ့ ပြင်ဆင်ခိုင်းလိုက်မယ်။ " ဟု ချူရိုရွယ်က ပြောလိုက်သည်။
" ဘာပဲဖြစ်ဖြစ် ၊ ဥက္ကဌချူသောက်တဲ့ ဘယ်အရာကိုမဆို ငါသောက်မယ်။ " ဟု ရဲ့ရှင်းချန်ကပြောလိုက်သည်။
ထို့နောက် သူတို့နှစ်ယောက်သည် ကော်ဖီသောက်ပြီး ပေါ့ပေါ့ပါးပါး စကားစမြည်း ပြောဆိုနေကြသည်။
ရဲ့ရှင်းချန်သည် သူ့၏ရင်ထဲ၌ စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နေခဲ့သည်။
ဒီမတိုင်ခင်က သူ့ဘဝနှစ်ခုစလုံးတွင် သူသည် ဘယ်သောအခါမှ သူ့၏နတ်ဘုရားမနှင့် ဒီလောက် မနီးစပ်ခဲ့ဖူးပေ။
ထို့ပြင် သူသည် ကော်ဖီအတူတူသောက်ပြီး သူမ နှင့်လည်း တစ်ခါမှ စကားစမြည်း မပြောခဲ့ဖူးပေ။
ဒါက ဘာကို ဆိုလိုတာလဲ ?
ဆိုလိုချင်တာကတော့ သူသည် ရှေ့သို့ ခြေလှမ်းကြီးတစ်လှမ်းလှမ်းခဲ့ပြီဟု ဆိုလိုခြင်းဖြစ်သည်။
သူသည် အောင်မြင်မှုဆီသို့ ခြေလှမ်းတစ်လှမ်း နီးစပ်ခဲ့ပြီ ဖြစ်သည်။
ထို့နောက် ရဲ့ရှင်းချန်သည် သူ့၏အရှေ့မှ ချောမောလှပတဲ့မျက်နှာလေးကို ကြည့်လိုက်ပြီး သူ မနေနိုင်ဘဲနဲ့ နောက်တစ်ကြိမ် ထပ်၍ စိတ်ကူးယဉ်မိပြန်သည်။
အမြတ်ထွက်ပြီးတဲ့နောက်မှာ ရိုရွယ်က သူ့ကို ကျေနပ်ဝမ်းသာစွာဖြင့် ကြည့်လိမ့်မည်မှာ အသေအချာဘဲဖြစ်သည်။
ထို့နောက် သူမသည် သူ့ကို တန်ဖိုးထားလိမ့်မည် ၊သူ့ကို ချီးမွမ်းလိမ့်မည်ဖြစ်သည်။ ပြီးတော့ သူမရဲ့ ငွေအားလုံးကိုလည်း စီစဉ်ဖို့အတွက် သူ့ကို အပ်နှံလိမ့်မည်ဖြစ်သည်။
ထိုပိုက်ဆံဖြင့် သူသည် ငွေကြေးစတော့ဈေးကွက်များတွင် ရင်းနှီးမြှုပ်နှံပြီး ကျန်းနန်မှာရှိတဲ့ ထိုကုန်းမြေကို ဖွံ့ဖြိုးတိုးတက်ဖို့အတွက် သူ့ရဲ့အချစ်လေးလိုအပ်တဲ့ ရန်ပုံငွေပမာဏကိုလည်း ရရှိလိမ့်မည်ဖြစ်သည်။
ဤသို့ဖြင့် သူတို့နှစ်ယောက် အတူတူအချိန်ဖြုန်းလာတာနဲ့အမျှ သူတို့နှစ်ယောက်သည် သဘာဝအတိုင်းဘဲ ချစ်သူရည်းစားတွေ ဖြစ်လာကြလိမ့်မည်ဖြစ်သည်။
ဒါက ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းတစ်ခုဘဲဖြစ်သည်။
ထို့ပြင် ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်တစ်ခုလည်း ဖြစ်သည်။
လင်ပေ့ဖန်အတွက်ကတော့ သူ့ဘာသာသူ နေချင်တဲ့နေရာမှာ သူနေနိုင်သည်။
" ဒါက ဇာတ်လိုက်တွေအတွက်တော့ မှန်ကန်တဲ့ နည်းလမ်းဘဲ " ဟု တိုးတိုးလေးပြော၍ ရဲ့ရှင်းချန်က သက်ပြင်းချခဲ့သည်။
သို့သော်လည်းပဲ ရွှေဈေးကွက်က အမြဲတမ်းပြောငလဲနေခဲ့သည်။
သူစိတ်ကူးယဉ်နေချိန်၌ ရွှေဈေးက ရုတ်တရက် တစ်ရာခိုင်နှုန်းအမှတ်ဖြင့် တက်လာခဲ့သည်။
ရဲ့ရှင်းချန်သည် ရွှေဈေးကျမည့်ဘက်ကို ၂၀ဆဖြင့်အသုံးပြု၍ အကုန်လုံးအောထားခဲ့ပြီး သူသည် ရှုံးမှတ်ကို မသတ်မှတ်ရသေးဘဲဖြစ်နေခဲ့သည်။
ထို့ကြောင့် ရလဒ်အနေဖြင့် ချူရိုရွယ်၏ အကောင့်ထဲ၌ ၂၀ရာခိုင်နှုန်းခန့် ဆုံးရှုံးတာကို ပြသခဲ့တာကြောင့် သူမသည် ငွေ ဆယ်သန်းဆုံးရှုံးသွားခဲ့ရသည်။
ချူရိုရွယ်သည် ရဲ့ရှင်းချန်ကို လှည့်ကြည့်လိုက်ပြီး
" မစ်တာရဲ့ ၊ဒါက …..." ဟု မေးမြန်းလိုက်သည်။
ရဲ့ရှင်းချန်သည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ထို့ပြင် သူသည် ဒီမတိုင်ခင်ကလည်း ဒီလိုအခြေအနေမျိုးကို ဘယ်သောအခါမှ မတွေ့ကြုံခဲ့ဖူးပေ။
သူသည် အရင်ကလည်း အကြိမ်ရေတစ်ဒါဇင်နီးပါးရောင်းဝယ်ခဲ့ဖူးပြီး တစ်ခါမှလညိး အရှုံးမပေါ်ဖူးပေ။ယေဘုယျအားဖြင့်တော့ သူ ဝယ်ပြီးလို့ မကြာခင်မှာဘဲ အမြတ်ရလာတတ်သည်။
ထိုအရာကြောင့် သူသည် အနည်းငယ် အံ့အားသင့်သွားခဲ့သော်လည်း သူ့၏ နတ်ဘုရားမရှေ့တွင်တော့ ဆက်လက်၍ တည်ငြိမ်နေခဲ့ပြီး
" မစိုးရိမ်ပါနဲ့ ၊ ဒါက ရွှေဈေးကွက်ရဲ့ ပုံမှန်အတက်အကျပါဘဲ။ ပြီးတော့ အရာအားလုံးကလည်း ကျွန်တော့်ရဲ့ မျှော်လင့်ချက်အတွင်းမှာပဲ ရှိတယ်။ မင်းစောင့်ကြည့်နေလိုက် ၊ ဒါက မကြာခင်မှာဘဲ ပြန်ကျသွားလိမ့်မယ်။ " ဟု ပြောလိုက်သည်။
" မစ်စတာရဲ့က ဒီလို ပြောနေမှတော့ ၊ ကျွန်မလည်း အေးအေးဆေးဆေးပဲ စောင့်ပြီး ကြည့်လိုက်တော့မယ်။ " ဟု ပြောပြီးနောက် ချူရိုရွယ်သည် ပြုံး၍ ခေါင်းညိတ်ခဲ့သည်။
ဒါပေမဲ့လည်း နောက်တစ်ကြိမ် သူပြောတာမှားတာကို လျင်လျင်မြန်မြန်ပဲ သက်သေပြလာခဲ့သည်။
ထို့နောက် ရွှေဈေးက နောက်ထပ်တစ်ရာခိုင်နှုန်းအမှတ်ဖြင့် ထပ်ကျသွားခဲ့သည်။
ထို့ကြောင့် ချူရိုရွယ်၏ အကောင့်ထဲ၌ လေးဆယ်ရာခိုင်နှုန်းခန့် ဆုံးရှုံးသွားတာကို ပြသခဲ့တာကြောင့် ရလဒ်အနေဖြင့် သူမသည် သန်း၂၀ဆုံးရှုံးသွားခဲ့ရသည်။
ရဲ့ရှင်းချန် : ????
ထိုအရာကို မြင်ပြီးနောက် ချူရိုရွယ်သည် ဒီအတိုင်း အေးအေးဆေးဆေး မထိုင်နိုင်တော့ဘဲနဲ့ ပြောလိုက်သည်။
" မစ်စတာရဲ့ ၊ ဒါက ဘာအခြေအနေကြီးလဲ ? "
ဒီတစ်ကြိမ်၌ ရဲ့ရှင်းချန်သည်လည်းပဲ အနည်းငယ်ထိတ်လန့်သွားခဲ့သည်။
*ဘာကြောင့် နောက်တစ်ကြိမ် ထပ်တက်လာပြန်တာလဲ ? *
*ဘာကြောင့် သူ့ရဲ့အရင်ကလုပ်ခဲ့တဲ့ အရောင်းအဝယ်တွေနဲ့ မတူရတာလဲ ?*
ပုံမှန်ဆိုရင်တော့ သူသည် အမြတ်နှင့်အရှုံးကို စိုးရိမ်စရာမလိုပေ။ ဘာကြောင့်လဲဆိုတော့ သူဝယ်လိုက်တာနဲ့ အကျိုးအမြတ်တန်းရတတ်တာေကြာင့်ဖြစ်သည်။
ဒါပေမဲ့လည်း ဒီနေ့ ရွှေဈေးကွက်ကိုကြည့်ရတာက အနည်းငယ် မူမမှန်ပုံရသည်။
သို့သော်လည်း သူ့၏နတ်ဘုရားမရှေ့တွင် သူသည် တည်ငြိမ်ဟန်ဆောင်နေ၍ " ဒါက အရမ်းပုံမှန်ပါဘဲ။ရွှေဈေးကွက်ရဲ့ နေ့စဉ်အတက်အကျက အမြဲတမ်း ၁ရာခိုင်နှုန်းနဲ့ ၂ရာခိုင်နှုန်းကြားမှာဘဲရှိတယ်။ပြီးေတာ့ အခုက နှစ်ရာခိုင်နှုန်းတောင် တိုးလာတာဆိုတော့ ဒါက မကြာခင်မှာဘဲ ပြန်ကျသွားလိမ့်မယ်။"ဟု ပြောလိုက်သည်။
" ရှင်ပြောတာ တကယ်လား? " ဟု ပြော၍ ချူရိုရွယ်သည် စတင်ပြီး သံသယဖြစ်လာခဲ့သည်။
" ငါပြောတာ အမှန်ဘဲ။ ဒါမှမဟုတ်ရင် ၊ငါဘယ်လိုလုပ်ပြီးတော့ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို ဘီလီယံပေါင်းများစွာရအောင် ကူညီပေးနိုင်မှာလဲ ? " ဟု ရဲ့ရှင်းချန်က ယုံကြည်မှုရှိစွာဖြင့် ပြန်ပြောလိုက်သည်။
ထိုအကြောင်းကို စဉ်းစားပြီးနောက် ချူရိုရွယ်သည် အနည်းငယ်စိတ်သက်သာရာရလာခဲ့သည်။
ဒါပေမဲ့လည်း ကံကြမ္မာက တစ်စုံတစ်ယောက်၏ စကားကို ဆန့်ကျင်ချင်နေပုံရသည်။
ထိုစကားကို သူပြောပြီးနောက် ရွှေဈေးက နောက်ထပ် ၀.၅ရာခိုင်နှုန်းအမှတ် ထပ်ကျသွားခဲ့ပြန်သည်။
ချူရိုရွယ်၏အကောင့်ထဲ၌ ရှုံးနိမ့်မှုအမှတ်ရာခိုင်နှုန်းသည် ၅၀ရာခိုင်နှုန်းသို့ ရောက်ရှိသွားခဲ့သည်။
ဆိုလိုချင်တာကတော့ သူမသည် ယွမ်၂၅သန်းရှုံးသွားခဲ့ပြီဖြစ်သည်။
ရဲ့ရှင်းချန် : " နိမေကလွှား "
ထိုအရာက သူ့မျက်နှာကို ဖြတ်ရိုက်ခြင်းပင်ဖြစ်သည်။
ချူရိုရွယ်သည် ဒီထက်ပိုပြီး အေးအေးဆေးဆေး မနေနိုင်တော့ပေ။
သူမအတွက်တောင်မှ ယွမ်၂၅သန်းက အများကြီးပဲဖြစ်သည်။
သူမသည် လီချုံးအဖွဲ့ရဲ့ စီအီအိုအချောလေးဖြစ်၊ ချမ်းသာတဲ့ မိသားစုရဲ့ အမွေဆက်ခံသူတစ်ယောက်ဖြစ်သော်လည်း ငွေရှာရတာ ဘယ်လောက်ခက်ခဲသည်ကို သူမသိသည်။
ထို့ပြင် ကော်ဖီတစ်ခွက်သောက်ချိန်အတွင်းမှာဘဲ ငွေ၂၅သန်းကို ဆုံးရှုံးရတာက သူမအတွက် ဘယ်လိုလုပ်ပြီးတော့ စိတ်တည်ငြိမ်နိုင်မှာလဲ ?
" မစ်စတာရဲ့ ၊ ရွှေဈေးက ပြန်ကျမယ်ဆိုတာ ရှင်သေချာရဲ့လား? " ဟု သူမသည် ရဲ့ရှင်းချန်ကို မေးမြန်းလိုက်သည်။
ရဲ့ရှင်းချန်သည် အားပျော့စွာဖြင့် " အဲ့လိုဘဲ ဖြစ်သင့်တယ်မလား? " ဟု ပြန်ပြောလိုက်သည်။
" ဒီလောက်အချိန်တိုလေးအတွင်းမှာ ရွှေဈေးက ၂.၅ရာခိုင်နှုန်းလောက် တက်သွားခဲ့တယ်။ကျွန်မသိရသလောက်တော့ ရွှေစျေးတွေ ဒီလိုသိသိသာသာ တက်လာတာက စျေးကွက်ရဲ့ အတက်အကျကို လှုံ့ဆော်ပေးနိုင်တဲ့ ၊ အရေးပါတဲ့အပြုသဘောဆောင် သတင်းတွေကြောင့်ဘဲ။ ဒီသတင်းကြောင့်ဘဲ ရွှေဈေးတွေက မကျတော့တာဖြစ်နိုင်တယ်။ဟိုမှာကြည့်ဦး ၊ ရွှေဈေးကွက်မှာ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းကောင်းတစ်ပုဒ်ရှိတယ် ။" ဟု ချူရိုရွယ်က ကွန်ပျူတာဖန်သားပြင်မှာ ရွေ့လျားနေတဲ့ အပြုသဘောဆောင်တဲ့ သတင်းကောင်းတစ်ပုဒ်ကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
နိုင်ငံတစ်နိုင်ငံက ပိုက်ဆံအများကြီးထုတ်လုပ်ဖို့ ပြင်ဆင်နေတာကြောင့် ၎င်းနိုင်ငံ၏ ငွေကြေးတန်ဖိုးက ကျဆင်းသွားခဲ့သည်။ထို့ကြောင့် ရွှေဈေးကလည်း မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
ထိုသတင်းကို မြင်ပြီးနောက် ရဲ့ရှင်းချန်သည် မှင်သက်သွားခဲ့သည်။
ထို့နောက် သူသည် အထိတ်တလန့်ဖြင့် ချူရိုရွယ်ကို ပြောလိုက်သည်။
" ဥက္ကဋ္ဌချူ ၊ကျွန်တော်တောင်းပန်ပါတယ် ။ဒါက တော်တော်လေး ရုတ်တရက်နိုင်တဲ့အတွက် ကျွန်တော်ဒီသတင်းကို မမြင်မိလိုက်ဘူး ဖြစ်သွားတယ်။ ဒါက ကျွန်တော်အမှားမဟုတ်ဘူး ၊အဲ့ဒီဈေးကွက်ရဲ့အမှားဘဲ။ အခုတော့ ရွှေဈေးတိုးမယ့်ဘက်ကို ကျွန်တော် ပြနိလောင်းလိုက်မယ်။ "
ရဲ့ရှင်းချန်သည် သူရွှေဈေးကျမည့်ဘက်ကို လောင်းထားတဲ့ ငွေအားလုံးကို ပိတ်လိုက်သည်။
ထို့နောက် သူသည် နောက်တစ်ကြိမ်ထပ်ပြီးတော့ ရွှေဈေးတက်မည့်ဘက်ကို အကုန်လုံးပုံအော၍ လောင်းခဲ့သည်။