အခန်း (၅၅)
Vol. 4 Ch. 55
လီချုံးအဖွဲ့၏ စီအီအို ရုံးခန်းထဲတွင် စီအီအိုအလှလေးချူရိုရွယ်သည် အခုချိန်ထိတိုင်အောင် ဒေါသမပြေသေးဘဲဖြစ်နေခဲ့သည်။
သူမသည် လီချုံအဖွဲ့၏ စီအီအိုလည်း ဖြစ်၍ ဥက္ကဋ္ဌ၏ သမီးရတနာလေးလည်းဖြစ်တာကြောင့် သူမသည် ငွေဇွန်းကိုက်၍ ကြီးပြင်းလာခဲ့သည်။ဒါပေမဲ့လည်း ယွမ်သန်း၅၀က သူမအတွက်တောင်မှ သေးငယ်တဲ့ငွေပမာဏလေး မဟုတ်ခဲ့ပေ။ ထိုငွေများက သူမ နှစ်ရှည်လပေါင်းများစွာ စုခဲ့ရတဲ့ မုန့်ဖိုးများဖြစ်သည်။ ဒါပေမဲ့လည်း အခုတော့ မိနစ်ပိုင်းလေးအတွင်းမှာဘဲ သူမ ပိုက်ဆံအားလုံးက ကုန်သွားခဲ့သည်။
ထိုထက်ပိုဆိုးတာက သူမကိုယ်တိုင် ထိုငွေများအားလုံးကို မသုံးစွဲခဲ့ပေ။ တစ်စုံတစ်ယောက်က သူမငွေအကုန်လုံးကို ဆုံးရှုံးသွားအောင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် မိနစ်အနည်းငယ်လေးအတွင်း၌ သူမ၏ စောင့်ကြည်နေမှုအောက်တွင် ထိုငွေများအားလုံးက ဆုံးရှုံးသွားခဲ့သည်။
ထိုအကြောင်းကိုတွေးတာက သူမကို အသက်ရူရတာ မွန်းကျပ်အောင် ပြုလုပ်သလို ခံစားခဲ့ရသည်။
" သေသင့်တဲ့ ရဲ့ရှင်းချန် "
" အလကား ၊သုံးစားမရတဲ့ကောင် "
" သူက ဘာအရည်အချင်းမှမရှိတဲ့ လူညာတစ်ယောက်ဆိုတာ ရှင်းနေတာပဲ။ ဒါတောင် သူ့ကိုယ်ကိုသူ ဆရာကြီးလိုလို ၊ဘာလိုလို ဟန်ဆောင်လိုက်သေးတယ်။အကယ်၍ သူသာ ငါ့စီကို သတင်းကောင်းမယူလာပေးခဲ့ရင် ၊ငါ အစောကြီးတည်းက သူ့ကို ဒီကနေ ကန်ထိုတ်လိုက်ပြီ။ "
" ရှင့်ကို ကျွန်မ နောက်ထပ်မမြင်စေနဲ့ ၊မဟုတ်ရင် ….ဟမ်"
သူမ၏ ဒေါသကို ဖြေဖျောက်ပြီးနောက်တွင် ချူရိုရွယ်သည် ထိုအကြောင်းကို ပြန်ပြီးတော့ လေးလေးနက်နက်စဉ်းစားခဲ့သည်။
ရဲ့ရှင်းချန်စီမှာ ဘာရင်းနှီးမြှုပ်နှံမှုစွမ်းရည်မှ မရှိဘူးဆိုတာ အခုအခြေအနေ၌ သိသာနေခဲ့သည်။
ထို့ပြင်သူက အရောင်းအဝယ်ပြုလုပ်ရာတွင်လည်း သူမလိုပြင်ပလူထက်တောင်မှ ပိုပြီးတော့ မဆင်မခြင်ပြုမူနေခဲ့သည်။
သို့သော်လည်းပဲ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌ သူ့၏စွမ်းရည်များက အံ့အားသင့်စရာကောင်းနေခဲ့သည်။ထို့ပြင် သူသည် လဝတ်အတွင်းမှာပဲ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို အမြတ်ဆယ်ဆရအောင် စီစဉ်နိုင်ခဲ့သည်။
ထို့ကြောင့် သူ့၏နောက်ကွယ်တွင် သူ့ကို ကူညီပေးနေသည့် ကျွမ်းကျင်သူတစ်ယောက်ရှိတယ်ဆိုတာကို ဒီအချက်က သက်သေပြနေခဲ့သည်။
ထို့ပြင် ထိုလူကလည်း လင်ပေ့ဖန်သာလျှင် ဖြစ်လိမ့်မည်ဖြစ်သည်။
လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌ ရင်းနှီးမြှုပ်နှံရာတွင် လင်ပေ့ဖန်သည် အတော်ဆုံးဖြစ်၍ ဒုတိယ အတော်ဆုံးလူကတော့ ရဲ့ရှင်းချန်ဖြစ်သည်ဟု အတွင်းပိုင်းကောလဟာများ ထွက်ပေါ်နေခဲ့သည်။ထို့ပြင် လင်ပေ့ဖန် ရောင်းဝယ်ခဲ့သည့် စတော့ဈေးကွက်များ အားလုံးနီးပါးကလည်း သိသိသာသာ မြင့်တက်လာခဲ့သည်။
ရဲ့ရှင်းချန် ခွင့်ယူတဲ့ နေ့များတွင်လည်း လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီသည် လျင်မြန်စွာဖြင့် ဆက်လက်တိုးတက်လာခဲ့ပြီး ရက်အနည်းငယ်အတွင်း၌ ရန်ပုံငွေ သန်းရာပေါင်းများစွာကို ရှာဖွေနိုင်ခဲ့သည်။ ထို့ပြင် ထိုအရာအားလုံး၏ နောက်ကွယ်ကနေ စီစဉ်တဲ့ လူကလည်း လင်ပေ့ဖန်ဖြစ်နေခဲ့သည်။
လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို အတော်လေးကြင်နာပြီးေတာ့ သူ့ရဲ့ ညီအစ်ကိုများထက်တောင်မှ ရင်းရင်းနှီးနှီးဆက်ဆံခဲ့သေးသည်။ထို့ကြောင့် သူသည် ရဲ့ရှင်းချန်ကို လမ်းပြကူညီတာကြောင့် အောင်မြင်မှုအတွက်တော့ သူ့ကို ချီးကျူးဂုဏ်ပြုရန် မဖြစ်နိုင်ပေ။
" ဒါပေမဲ့ ဒီရဲ့ရှင်းချန်ကတော့ ကွဲပြားခြားနားတယ်။ သူက ကျေးဇူးဘဲ ကန်းတာမဟုတ်ဘူး။ သူက ငါ့ရဲ့ ကိုယ်ပိုင် ရန်ပုံငွေအားလုံးကိုတောင်မှ ဖြုန်းတီးပစ်ခဲ့သေးတယ်။"
"သူက တကယ့်ကို အလကားလူဘဲ။"
ချူရိုရွယ်သည် ထိုကိစ္စ၏ နောက်ကွယ်က အမှန်တရားကို အလွယ်တကူ ခန့်မှန်းနိုင်ခဲ့သည်။
အထူးသဖြင့် သူမသည် ထိုသို့သော အခြေအနေအောက်တွင် သစ္စာဖောက်တဲ့ လူကို အထင်အမြင်သေးသည်။
* သူက သူမစီကို မျက်နှာပြောင်တိုက်ပြီးတော့ ဘယ်လိုသတ္တိနဲ့ လာတွေ့တာလည်းဆိုတာကို သူမ အခုချိန်ထိ နားမလည်နိုင်သေးဘူး။ ပြီးတော့ သူ့ရဲ့ ကျေးဇူးရှင်ကို သစ္စာဖောက်ရုံတင်မကဘဲနဲ့ သူတို့ရဲ့အောင်မြင်မှုတွေကိုပါ သူက အရှက်မဲ့စွာဖြင့် ယူလိုက်သေးတယ်*
ဤလူသည် ကိုယ်ကျင့်သိက္ခာမရှိဘဲနဲ့ လူ့ကျင့်ဝတ်အားလုံးကို ချိုးဖောက်ခဲ့သည်။
သူမသည် အနာဂတ်မှာ ထိုလူနှင့် အဆက်အသွယ်မလုပ်ရင် သူမအတွက် ပိုကောင်းသည်။
" ကြည့်ရတာတော့ ငါ လင်ပေ့ဖန်နဲ့ ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သေးတယ် ထင်တယ်။ သူက အမှန်တကယ်ပဲ ဘဏ္ဍာရေးလုပ်ငန်းကို ကျွမ်းကျင်တယ်။သူ့နဲ့ဆိုရင် ငါ ရန်ပုံငွေ ပျက်မှာမဟုတ်တော့ဘူး။ ဒါပေမဲ့ ကျန်းနန်ကုန်းမြေရဲ့ ဈေးနှုန်းကိုတော့ သူ့နဲ့ ပြန်လည်စေ့စပ်ဆွေးနွေးဖို့အတွက် လိုအပ်လိမ့်မယ်။ "
ထိုစိတ်ကူးဖြင့် ချူရိုရွယ်သည် သူမ၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး လင်ပေ့ဖန်၏ ဖုန်းနံပါတ်ကို ဆက်သွယ်ခဲ့သည်။
ဖုန်းဝင်သွားပြီးနောက်တွင် လင်ပေ့ဖန်၏ ရွှင်မြူးစွာဖြင့် ရယ်မော၍ ပြောလိုက်သောအသံကို သူမကြားလိုက်ရသည်။
" မစ်စ်ချူ ၊ မင်းဘာကြောင့် ဒီအချိန်မှ ငါ့ကို ဖုန်းခေါ်ရတာလဲ ?။ မင်း ငါ့ကို အပြင်မှာ ညစာစားဖို့အတွက် ဖိတ်ဖို့ အစီအစဉ်ရှိတာလား? "
" လင်ပေ့ဖန် ၊ ရှင် ကျွန်မ မသိအောင်လို့ အဲ့ဒီကုန်းမြေရဲ့ အကြောင်းကို တော်တော်ဖုန်းကွယ်ထားနိုင်တာဘဲ။ ဒါကိုရှာရတာ ကျွန်မအတွက်တော့ တော်တော်ခက်ခဲတယ်။ "ဟု ချူရိုရွယ်က ရွှင်မြူးသော အပြုံးဖြင့် ပြန်ပြောလိုက်သည်။
" အစိုးရက ကျန်းနန်ရဲ့တောင်ဘက်ပိုင်းမှာ အမျိုးသားအဆင့် စီးပွားရေးဖွံ့ဖြိုးတိုးမှုဇုန်အဖြစ် တည်ထောင်ဖို့ စီစဉ်နေတယ်။ဒါကြောင့် ကျန်းနန်ရဲ့ေတာင်ဘက်ပိုင်းမှာရှိတဲ့ ကုန်းမြေတွေရဲ့ တန်ဖိုးေတွက ထောင်တက်သွားလိမ့်မယ်။ ဒါတောင် ရှင်က ကျွန်မစီကနေ အဲ့ဒီကုန်းမြေကို ဈေးနည်းနည်းလေးပေးပြီးတော့ ရချင်တယ်ပေါ့လေ ၊ ကျွန်မပြောတာ မှန်တယ်မလား? "
ထို့နောက် လင်ပေ့ဖန်၏ အံ့အားသင့်စွာပြောလိုက်သောအသံက တစ်ဖက်ဖုန်းကနေ ထွက်လာခဲ့သည်။
" ဒါကို မင်းဘယ်လိုသိတာလဲ ? ။မင်းကို ဘယ်သူပြောတာလဲ ? "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်သည် ပိုပြီးတော့တောင်မှ ပျော်ရွှင်လာခဲ့သည်။သူမသည် လင်ပေ့ဖန်နှင့် အကြိမ်ပေါင်းများစွာ ဖုန်းပြောခဲ့ဖူးသော်လည်း နောက်ဆုံးမှာတော့ သူမဘက်ကနေစပြီးတော့ သူ့ကို လက်ဦးမှုရယူနိုင်ခဲ့သည်။
" ကျွန်မမှာလည်း ကျွန်မနည်းလမ်း နဲ့ ကျွန်မရှိတာပေါ့ " ဟု ချူရိုရွယ်က ရဲ့ရှင်းချန်ပြောပြတာကို ထုတ်ဖော်မပြောပဲနဲ့ ပြောလိုက်သည်။
ထို့ပြင် ရဲ့ရှင်းချန်က သူမအတွက် ထိုသတင်းကို ယူလာပေး၍ သူမကို အကျိုးကျေးဇူးများစွာ ရစေခဲ့တာကြောင့် သူ့အကြောင်းကို ဖော်ထုတ်ခြင်းက ဂုဏ်သိက္ခာမရှိသလို သူမကို ခံစားရစေသည်။
သူမသည် ရဲ့ရှင်းချန်လို မရိုးဖြောင့်တဲ့လူ မဟုတ်ပေ။ သူမမှာလည်း သူမရဲ့ ကိုယ်ပိုင်စည်းမျဉ်းများရှိသည်။
လင်ပေ့ဖန်၏ ဝမ်းနည်းစွာဖြင့် သက်ပြင်းချလိုက်သော အသံက တစ်ဖက်ဖုန်းကနေ ထွက်လာခဲ့သည်။
" ဒါက ရဲ့ရှင်းချန် မင်းကို ပြောခဲ့တာမလား ? "
ထိုစကားကိုကြားလိုက်ရသောအခါတွင် ချူရိုရွယ်သည် ထိတ်လန့်သွားခဲ့သည်။
သူမ ဘာတစ်ခု မပြောပေမဲ့လည်း တစ်ခြားလူကတော့ မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သေးသည်။
ချူရိုရွယ်သည် လုံးဝ မဝန်ခံဘဲနဲ့ ပြန်ပြောလိုက်သည်။
" ဘာကြောင့် သူလို့ပဲ ရှင်ထင်ရတာလဲ ? ။ လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရော မဖြစ်နိုင်ဘူးလား ? "
" ဘာကြောင့်လဲဆိုတောဘ ဒီမတိုင်ခင်က လုံယ ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက မင်းတို့အဖွဲ့နဲ့ ပူးပေါင်းချင်ခဲ့တယ်။ ဒါပေမဲ့ သူတို့က မင်းကို သူတို့ပူးပေါင်းချင်တဲ့ အကြောင်းပြချက်ကိုတော့ မပြောပြခဲ့ဘူး။ ဒ့ါအပြင် မင်းတို့က သူတို့နဲ့ ပူးပေါင်းဆောင်ရွက်မှုကို ငြင်းလိုက်ေတာ့ ၊လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက ပိုပြီးတော့တောင်မှ ဖြစ်နိုင်ချေနည်းသွားတယ်။ ဒါကြောင့် ဒီသတင်းက ငါဘက်ကနေဘဲ ပေါက်ကြားသွားတာ ဖြစ်နိုင်တယ်။ ပြီးတော့ ဒီသတင်းကို ငါ ၊ရဲ့ရှင်းချန်တစ်ယောက်ထဲကိုဘဲ ပြောခဲ့ဖူးတယ်။" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဟူး….." ကြီးစွာသော ဝမ်းနည်းမှုဖြင့် သက်ပြင်းချလိုက်တဲ့ အသံတစ်ခုကို တစ်ဖက်ဖုန်းကနေဖြတ်ပြီးတော့ သူမကြားလိုက်ရသည်။
ချူရိုရွယ်သည် ဘာပြန်ပြောရမလဲဆိုတာကို သူမ မသိတော့ပေ။ထို့ပြင်သူမသည် နှစ်သိမ့်စကားကိုတောင်မှ မပြောနိုင်ခဲ့ပေ။
တစ်ဖက်ဖုန်းမှ လင်ပေ့ဖန်သည် အခုချိန်၌ တော်တော်လေးဝမ်းနည်းနေမယ်ဆိုတာကို သူမ ခံစားနေရသည်။
မိမိ အရင်းနှီးဆုံးနှင့်အယုံကြည်ရဆုံးသူ၏ သစ္စာဖောက်ခြင်း ခံရတာကို ဘယ်သူကမှ ခံစားနိုင်မှာ မဟုတ်ပေ။
အကယ်၍ တစ်စုံတစ်ယောက်က မိမိညီအစ်ကို ၊မောင်နှမများ၏ သစ္စာဖောက်ခြင်းကို ခံရလျှင် သေချာပေါက် အရမ်းနာကျင်ခံစားရလိမ့်မည်ဖြစ်သည်။
" ရှင် အဲ့ဒီအကြောင်းကို အရမ်းကြီး မတွေးနေနဲ့တော့။တစ်ခြားရှုထောင့်ကနေကြည့်လိုက်၊၊ အနည်းဆုံးတော့ ရှင် သူ့ရဲ့ မျက်နှာအစစ်အမှန်ကို သိသွားတော့ ရှင် ဆုံးရှုံးမှုအများကြီးကနေ ရှောင်နိုင်တာေပါ့။ " ဟု ချူရိုရွယ်က နူးညံစွာဖြင့် နှစ်သိမ်ခဲ့သည်။
" ငါသိတယ်။ ဒါပေမဲ့ ငါ့ရင်ထဲမှာတ ဒီအကျပ်အတည်းကို အခုချိန်ထိတိုင်အောင် မကျော်ဖြတ်နိုင်သေးဘူး။ ဘာကြောင့် သူငါ့ကို သစ္စာဖောက်ရတာလဲဆိုတာ ငါနားမလည်နိုင်သေးဘူး။ပြီးတော့ ငါငါသူ့ကို ကောင်းကောင်းလည်းဆက်ဆံတယ်။ငါ့ အစ်ကို တစ်ယောက်လိုလည်း ရင်းရင်းနှီးနှီးဆက်ဆံတယ်။သူလိုအပ်တဲ့ အရာအားလုံးကိုလည်း ငါပေးတယ်။ဒါတောင် ဘာကြောင့် သူငါ့ကို ဒီလို ဆက်ဆံရတာလဲ?"ဟု ပြောလိုက်သော လင်ပေ့ဖန်၏ အသံတွင် အကူအညီမဲ့မှု နှင့် စိတ်ရှုပ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
" ရှင် ၊တစ်ချို့လူတွေရဲ့ အပေါ်ယံ မျက်နှာပြင်ကို သိနိုင်ပေမဲ့ သူတို့ရဲ့ အတွင်းစိတ်ကိုတော့ မသိနိုင်ဘူး လေ။ သဘာဝအားဖြင့် သူတို့မှာ ရက်စက်တဲ့နှလုံးသားတွေ ကြတယ်။ "
ထို့နောက် ချူရိုရွယ်က နာကြည်းမှုအပြည့်ဖြင့် ပြောလိုက်သည်။
" ဒါက လယ်သမား နဲ့ မြွေ ၊ တုံကွေ့နဲ့ ဝံပုလွေတွေလိုဘဲ။ရှင်က သူတို့အပေါ် ဘယ်လောက်ပဲကောင်းကောင်းမွန်မွန်ဆက်ဆံပြီး အစာကျွေးပါစေ၊ သူတို့က ရှင်ကို သစ္စာရှိမှာမဟုတ်ဘူး။အကယ်၍ သူတို့က အခွင့်အရေးရတာနဲ့ ရှင့်ကိုတောင် ပြန်ပြီးတော့ ကိုက်လိမ့်မယ်။ ဒါကြောင့် သူတို့လို့ လူတွေ အတွက်နဲ့ ရှင်စိတ်မကောင်းဖြစ်စရာမလိုပါဘူး။ သူတို့က ဒီကမ္ဘာပေါ်မှာ ရှင်စိတ်မကောင်းဖြစ်ရတာနဲ့ မထိုက်တန်ဘူး။ " ဟု ပြောလိုက်သည်။