အခန်း (၅၇)
Vol. 4 Ch. 57
ထို့နောက် လင်ပေ့ဖန်သည် ရောင်းဝယ်ရေးခန်းမထဲသို့ လမ်းလျှောက်၍ ဝင်သွားခဲ့သည်။
ထိုအချိန်တွင် ဇာတ်လိုက်ရဲ့ရှင်းချန်သည် မျက်နှာသေအမူအရာဖြင့် ကြမ်းပြင်ပေါ်တွင် လှဲလျောင်းနေ၍ မျက်နှာကျက်ကို ကြည့်နေခဲ့သည်။ထို့ပြင် သူ့၏အမူအရာကလည်း စိတ်ရှုပ်ထွေးမှုနှင့် စိတ်ပျက်အားငယ်မှုများဖြင့် ပြည့်နှက်နေ၍ မျှော်လင့်ချက်မဲ့နေတဲ့ အသွင်အပြင်ကို ပြသနေခဲ့သည်။
ထိုအဖြစ်အပျက်ကို ကြည့်ရှု၍ လင်ပေ့ဖန်၏ စိတ်ထဲ၌ မနေနိုင်ဘဲနဲ့ လက်ခုပ်တီး၍ ချီးကျူးဂုဏ်ပြုချင်သလို ခံစားခဲ့ရသည်။
ဒါပေမဲ့လည်း သူ့၏ မျက်နှာပေါ်တွင်တော့ ကရုဏာသက်သောအမူအရာကို ပေါ်လွင်အောင် ဟန်ဆောင်၍ နှေးကွေးစွာဖြင့် ရဲ့ရှင်းချန်စီသို့ လမ်းလျှောက်သွားခဲ့သည်။ထို့နောက် သူသည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။
" အစ်ကိုရဲ့ ၊ ဘာကြောင့် မင်းအဲ့အကြောင်းကိုပဲ အခုချိန်ထိ စဉ်းစားနေရတာလဲ?"
ထိုစကားကို ကြားလိုက်ရသောအချိန်တွင်လည်း ရဲ့ရှင်းချန်၏ မျက်နှာအမူအရာက မပြောင်းလဲသွားဘဲနဲ့ အရင်အတိုင်းပဲ ဆက်ရှိနေခဲ့သည်။
လင်ပေ့ဖန်သည် နောက်တစ်ကြိမ် သက်ပြင်းချလိုက်၍ ပြောလိုက်ပြန်သည်။
" မင်း အခုချိန်မှာ ဘယ်လိုခံစားနေရတာလဲဆိုတာကို ငါလုံးဝ နားလည်တယ်။ဒါ့အပြင် ငါ့ကို ချူရိုရွယ်က ဖုန်းခေါ်ပြီးတော့ အရာအားလုံးကို ပြောပြပြီးသွားပြီ "
နောက်ဆုံးမှာတော့ ရဲ့ရှင်းချန်၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူ့၏ မျက်လုံးများက အနည်းငယ်လက်သွားခဲ့ပြီး မျက်နှာသေအမူအရာဖြင့် သူ ပြန်ပြောလိုက်သည်။
" ဒါဆို မင်းဒီကို လာတာက ငါ့ကို ၊အဝေးကို မောင်းထုတ်ဖို့အတွက်လား?"
သူ သစ္စာဖောက်ဖို့ကို ဆုံးဖြတ်လိုက်ကတည်းက သူ ဒီမှာ ဆက်မနေနိုင်တော့တဲ့အပြင် လင်ပေ့ဖန်ဘေးနားမှာလည်း ဆက်မနေနိုင်တော့ဘူးဆိုတာကို သူ သိနေခဲ့သည်။ ထို့အပြင် သူသည် လင်ပေ့ဖန်ကို လက်စားချေဖို့အတွက် အခွင့်အရေးအများကြီးကိုလည်း လွဲချော်သွားလိမ့်မည်ဖြစ်သည်။
နောက်ဆုံးတော့လည်း သစ္စာဖေါက်တာကို ဘယ်သူကမှ မကြိုက်ကြပေ။
အကယ်၍ သူ့ကို နောက်ထပ်အခွင့်အရေးထပ်ပေးပါက သူသည် ဒီအတိုင်းပဲ တူညီစွာနဲ့ လုပ်လိမ့်မည်ဖြစ်သည်။
အဲ့လိုမှ မဟုတ်ရင်တော့ သူ့အမျိုးသမီးကို အနှေး နဲ့ အမြန် သူဆုံးရှုံးရလိမ့်မည်ဖြစ်သည်။
ထိုအရာအားလုံးက သူ့၏ တွက်ချက်မှုများ အတွင်း၌သာ ရှိသည်။ သို့သော်လည်းပဲ သူ့၏ အချစ်လေးရိုရွယ်ရှေ့တွင်တော့ သူ့၏ စွမ်းရည်များက ညံ့ဖျင်းလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မမျှော်လင့်ခဲ့ဖူးပေ။
ထို့ပြင် သူသည် သူမ၏ပိုက်ဆံ ယွမ်သန်း၅၀ကိုလည်း မိနစ်အနည်းငယ်အတွင်း၌ ဆုံးရှုံးစေခဲ့သည်။
ထိုအချိန်၌ သူသည် အမှန်တကယ်ကို သေချင်နေခဲ့သည်။
ဒါပေမဲ့လည်း သူ ပြန်လာပြီးနောက် သူ့၏စွမ်းရည်များကို စမ်းသပ်ကြည့်ချိန်တွင် မမျှော်လင့်ဘဲနဲ့ သူသည် သူ့ရန်သူဖြစ်တဲ့ လင်ပေ့ဖန်အတွက် ပိုက်ဆံသန်းရာပေါင်းများစွာကို ရရှိအောင်လို့ နောက်ဆုံး၌ ကူညီပြီးရှာပေးမိခဲ့ပြန်သည်။
ထိုအချိန်၌ သူသည် ပိုပြီးတော့တောင်မှ သေချင်လာခဲ့သည်။
" ငါက မင်းကို ဘာကြောင့် အဝေးကို မောင်းထုတ်ရမှာလဲ? " ဟု လင်ပေ့ဖန်က ပဟေဠိဖြစ်စွာဖြင့် ပြောလိုက်သည်။
" ပရိုပို့စ်လုပ်တာကို ငြင်းပယ်လိုက်တာ တစ်ခုပဲ မဟုတ်ဘူးလား? ။ ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး။ပြီးတော့ အဲ့ဒါက ငါတို့ရဲ့အလုပ်ကိုလည်း မထိခိုက်စေဘူးလေ။ ဒီကိစ္စလေးကြောင့် ငါက မင်းကို ဘယ်လိုဖြစ်ပြီးတော့ အဝေးကို မောင်းထုတ်ဖို့ဖြစ်နိုင်မှာလဲ?" ဟု ပြောလိုက်ပြန်သည်။
" ပရိုပို့စ်လုပ်တာကို ငြင်းပယ်လိုက်တာတစ်ခုပဲလား?" ဟု ပြောပြီးနောက် ရဲ့ရှင်းချန်၏ ရင်ထဲ၌ တုန်ခါသွားခဲ့သည်။
လင်ပေ့ဖန်သည် သက်ပြင်းချ၍ ကြမ်းပြင်ပေါ်မှာတိုက်ရိုက်ထိုင်ချလိုက်ပြီး ပြောလိုက်သည်။
" ချူရိုရွယ်က ငါ့ကို အရာအားလုံး ပြောပြပြီးသွားပြီ။ ဒီနေ့ မင်းက သူမကို ရုတ်တရက်ဝန်ခံခဲ့တဲ့အတွက် သူမ ထိတ်လန့်သွားခဲ့တယ်လို့ ငါ့ကို သူမပြောပြတယ်။ဒါကြောင့်ပဲ သူမစိတ်ဆိုးပြီးတော့ မင်းကို အဝေးကို မောင်းထုတ်မိခဲ့တယ် ။ မင်းက သူမငြင်းပယ်တာကို မခံစားနိုင်လို့ ၊ မင်းကိုယ်ကိုမင်းအပြစ်ပေးဖို့အတွက် ဒီလ်ိုလုပ်နေတာဟုတ် ၊ငါပြောတာမှန်တယ်မလား? "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်၏ ရင်ထဲ၌ အလွန်ထိတ်လန့်သွားခဲ့သည်။
*ရိုရွယ်က ငါ့အကြောင်းကို မဖော်ထုတ်ခဲ့ဖူးပေါ့ *
* သူမက ဒီလောက် အရေးကြီးတဲ့ကိစ္စကိုတောင် မဖော်ထုတ်ခဲ့ဘူးလား?။*
* ဟီးဟီး ၊ သူမစီမှာ ငါ့အတွက် ခံစားချက်တွေ ရှိနေ သေးတယ်ဆိုတာ ငါသိနေတယ်။ *
* ဒါဆိုရင်တော့ ငါ့မှာ အခုချိန်ထိတောင် အခွင့်အရေးရှိသေးတယ်။ *
ထို့နောက် ရဲ့ရှင်းချန်သည် ရုတ်တရက် အသက်ပြန်ရှင်သန်လာပုံရပြီး သူ့၏ အရှေ့ကလူကို မာနကြီးတဲ့အမူအရာ အရိပ်အမွက်ပါသော အကြည့်ဖြင့် ကြည့်လိုက်သည်။
* မင်း မြင်လား?*
* ရိုရွယ်မှာ ငါ့အတွက် ခံစားချက်တွေ အခုချိန်ထိ ရှိနေသေးတယ်ကွ*
* ရိုရွယ်မှာ ငါ့အတွက် ခံစားချက်တွေ အခုချိန်ထိ ရှိနေသေးတယ်ကွ*
* ရိုရွယ်မှာ ငါ့အတွက် ခံစားချက်တွေ အခုချိန်ထိ ရှိနေသေးတယ်ကွ .…ဟားဟား*
*နေပါဦး *
* ဆိုလိုချင်တာက လင်ပေ့ဖန်က ငါသူ့ကို သစ္စာဖောက်တာကို မသိသေးဘူးလား….....*
*ဒါဆိုရင်တော့ ငါ သူ့ဘေးနားမှာ ဆက်ပြီးနေနိုင်သေးတယ်မဟုတ်လား?
*ဟာ ကောင်းလှချည်လားဟ*
* ဒါက တစ်ပြိုင်တည်းနဲ့ ပျော်ရွှင်မှု နှစ်ဆခံစားရသလိုဘဲ *
* ငါလေးက တကယ်ဘဲ ကောင်းကင်က ချစ်မြတ်နိုးရတဲ့ ကောင်းကင်ရဲ့သားတော်ပဲဟ*
ထိုအချိန်၌ အခြေအနေကို သတိမထားမိပုံရသည့်
လင်ပေ့ဖန်က ဆက်လက်ပြီး ဆွဲဆောင်နေခဲ့သည်။
" အစ်ကိုရဲ့ ၊ ဒါက မင်းကို မိန်းမတစ်ယောက်က ငြင်းပယ်တာလေးပဲ မဟုတ်ဘူးလား?။ဒါက ကိစ္စကြီးတစ်ခုမဟုတ်ဘူးေလ။ ပြီးတော့ ကမ္ဘာပေါ်မှာ မိန်းမတွေက အများကြီးရှိတယ်။ ဒါကြောင့် မင်းမှာ ကြိုးစားဖို့အတွက် အခွင့်အရေးအများကြီးရှိသေးတယ်။ "
" ဘာကြောင့် မင်းက မိန်းမတစ်ယောက်ထဲကိုဘဲ အရမ်း စွဲလမ်းနေရတာလဲ? ။ မင်းက အခုချိန်မှာ အရမ်းချမ်းသာပြီးတော့ တောက်ပတဲ့ အနာဂတ်ကိုလည်း ပိုင်ဆိုင်ထားတယ်။ဒါ့အပြင် မင်းက ရုပ်ချော ပြီးတော့ ပါရမီလည်း ရှိတယ်။ မင်းက မိန်းကလေးအများကြီးရဲ့မျက်လုံးထဲမှာတော့ ပြည့်စုံတဲ့ လက်တွဲဖော်ကောင်းတစ်ယောက်ပဲ။အဲ့ဒီမိန်းကလေးတွေရဲ့ အမေတွေကတောင် မင်းေကြာင့် သူမတို့ရဲ့ နှလုံးသားလေးတွေ ခုန်ကောင်းခုန်နေနိုင်တယ်။ဘာကြောင့် တစ်ခြားမိန်းမကို မရှာဘဲနဲ့ မင်း စိုးရိမ်နေရတာလဲ? "
" မင်းလုပ်ရမှာက မင်းရဲ့ အဝတ်အစားေတွကိုကောင်းကောင်းဝတ်၊ မင်းရဲ့ ချမ်းသာမှုကို ပြပြီးတော့ သူမတို့ကို လက်ယှက်ခေါ်လိုက်တာနဲ့ မိန်းမတွေက မင်းရဲ့အိပ်ယာပေါ်ကို အလိုလိုရောက်လာလိမ့်မယ်။အဲ့ဒီအပိုင်းမှာတော့ ငါ့မှာ အတွေ့အကြုံအများကြီးရှိတယ်။ ခုဖတ်နေတဲ့ Faတွေတော့မပါဘူး။" ဟု ပြောလိုက်သည်။
" မိန်းမတစ်ယောက်အတွက်နဲ့ အသည်းကွဲရတာက မထိုက်တန်ဘူး။ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်၏ ရင်ထဲ၌ အထင်အမြင်သေးမှုများဖြင့် ပြည့်နေခဲ့သည်။
* အဲ့လို ချူစားနေတဲ့ မိန်းမတွေ နဲ့အသိဉာဏ်နည်းပါးတဲ့ မိန်းမတွေက ဘယ်လိုလုပ်ပြီးတော့ ငါ့အချစ်လေး ရိုရွယ်နဲ့ နှိုင်းယှဉ်နိုင်မှာလဲဟ?*
* ငါက ကြီးမြတ်တဲ့ စစ်ပွဲနတ်ဘုရား နဲ့ ကြေးစားကမ္ဘာရဲ့ ဘုရင်တစ်ပါးလည်းဖြစ်တယ်။ဒါေကြာင့် ငါလိုချင်တဲ့ ဘယ်လို မိန်းမမျိုးကိုမဆို၊ အေးအေးဆေးဆေး ခေါင်းခေါက်ပြီးတော့ ရွေး ယူလို့ရတယ်ဆိုတာကို မင်းနားလည်လား? *
*ဒါပေမဲ့ ရိုရွယ်တစ်ယောက်ထဲကိုပဲ ငါကြိုက်တယ်*
*သူမက ကြော့ရှင်းပြီးတော့ စွဲမက်ဖွယ်ကောင်းတယ်။*
* သူမက သန့်စင်တဲ့ ကျောက်စိမ်းတုံးလေးလိုဘဲ အပြစ်ကင်းစင်တယ်*
* နောက်ပြီးတော့ သူမက ဘယ်သူနဲ့မှ မတူဘူး ၊တစ်မူထူးခြားတယ်*
ဒါပေမဲ့လည်း သူမရှေ့မှာ ပြသခဲ့တဲ့ သူရဲ့သနားစရာကောင်းတဲ့ စွမ်းရည် နဲ့ သူမသူ့ကို ဘယ်လို နှင်ထုတ်ခဲ့လဲဆိုတဲ့ အကြောင်းကို ပြန်တွေးမိချိန်၌ သူသည် ဝမ်းနည်းလာမိပြန်သည်။
ထို့ပြင် သူ့၏ရင်ထဲမှာလည်း ငိုချင်စိတ်တွေ ပေါက်လာခဲ့သည်။
လင်ပေ့ဖန်သည် သက်ပြင်းချလိုက်ပြီး " အစ်ကိုရဲ့ ၊မင်းအခုချိန်ထိဝောာင် အဲ့အကြောင်းကို နားမလည်နိုင်သေးတဲ့ပုံဘဲ။ ဒါဆိုရင် ငါတို့ ဘာလို့ ဘားကို သွားပြီးတော့ သွားမပျော်ရမှာလဲ ?။ အရက်သောက်ပြီးတော့ မဖြေရှင်းနိုင်တဲ့ ပြဿနာဆိုတာ မရှိဘူး။" ဟု ပြောလိုက်သည်။( တစ်ခဏတာပဲ ဖြေရှင်းနိုင်တယ်)
ထိုစကားကြောင့် ရဲ့ရှင်းချန်သည် သူအရက်မူးတဲ့နေတုန်းက လုံးတီးနဲ့ ကမိတဲ့ သူ့ရဲ့အဖြစ်ကို သွားသတိရမိခဲ့သည်။ထို့ေကြာင့် သူ့၏ ရင်ထဲ၌ တုန်လှုပ်သွားခဲ့ပြီး သူ့၏ ခေါင်းကို အမြန်ခါယမ်းလိုက်၍ ပြောလိုက်သည်။
" မသွားဘူး ၊ ငါ အဲ့ဒီနေရာကို လုံးဝမသွားဘူး "
" အစ်ကိုရဲ့ ၊ မင်းဒီလိုလုပ်လို့မရဘူး။ မစ်စ်ချူက မင်းကို ဘာကြောင့် ငြင်းတာလဲဆိုတာကို ၊မင်းသိလား?" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဘာကြောင့်ငြင်းတာလဲ?" ဟု ရဲ့ရှင်းချန်က မေးလိုက်သည်။
" ဘာကြောင့်လဲဆိုတော့ မင်း ဆိုးတာ မလုံလောက်သေးလို့ဘဲ"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ငါ ဆိုးတာ မလုံလောက်သေးဘူး၊ဟုတ်လား?"ဟု ရဲ့ရှင်းချန်က ပြန်မေးလိုက်ပြန်သည်။
" ပွင့်ပွင့်လင်းလင်းပြောရရင် ၊ မင်းက အရမ်းရိုးသားလွန်းတယ် "
ထို့နောက်လင်ပေ့ဖန်သည် အတွေ့အကြုံရှိတဲ့ ယောက်ျားကြီးတစ်ယောက်လို ပုံစံဖြင့် ပြောလိုက်သည်။
" ဒီနေ့ခေတ်မိန်းမတွေက သူတို့ရဲ့အသက်ရွယ် ဘယ်လောက်ပဲရှိရှိ ၊သူတို့တွေက ကောင်ဇိုးလေးတွေကို ပိုပြီးတော့ သဘောကျတယ်။ ငါအမှားဘဲ ။ငါဆိုလိုချင်တာက ကစားချိန်မှာကစားတဲ့သူ ၊သောက်ချိန်မှာသောက်တဲ့သူ၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲနဲ့ ကိုယ်လုပ်ချင်တာကို ယုံကြည်မှုရှိရှိနဲ့ လုပ်တဲ့သူတွေကိုတော့ သူမတို့တွေက ဂရုမစိုက်ဘူးဆိုတာ အသေအချာဘဲ။ မင်းကအရမ်းပဲ ရိုးသားလွန်းတဲ့အတွက် သူတို့ရဲ့အမြင်မှာတော့ မင်းက ဆွဲဆောင်မှုမရှိနေဘူး။ "
ရဲ့ရှင်းချန်သည် သူ့ဘာသာသူ တွေးတောခဲ့သည်။
*သူပြောတာ မှန်တယ်ဟ *
*ထို့ပြင် သူ့ရဲ့ အရှေ့မှ လဒက သူ့ရန်သူဖြစ်သော်လည်းပဲ မိန်းမတွေကိုဆွဲဆောင်ရာ၌ မာစတာတစ်ယောက်ဖြစ်တယ်ဆိုတာကိုတော့ သူ သံသယမရှိ ပေ။*
*သူ့၏အတိတ်ဘဝတုန်းကလည်း ထိုလဒက ချောမောပြီး ထူးခြားတဲ့ အမျိုးသမီးအများကြီးကိုလည အောင်မြင်စွာနဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လေ။ထိုထဲ၌ သူ့၏ အချစ်လေးရိုရွယ်ပါ အပါအဝင်ဖြစ်တယ်။*
*သူ့ရဲ့အတွေ့အကြုံတွေက အမှန်တတကယ် အဖိုးတန်မှာဘဲ *
*အကယ်၍ ငါသာ သူ့ရဲ့နည်းလမ်းတွေကို သင်ယူနိုင်ရင် ရိုရွယ်လေးက ငါ့လက်ထဲကနေ အဝေးကို ချော်မထွက်သွားနိုင်တော့ဘူး *
ထို့ပြင် သူသည် သူ့၏ရင်ထဲကနာကျင်မှုများကို အရက်သောက်၍ ဖြေသိမ့်ချင်ခဲ့သည်။
" ကောင်းပြီ ၊ဒါဆိုရင် ငါလည်း မင်းနဲ့အတူတူလိုက်မယ် "ဟု ရဲ့ရှင်းချန်က ပြောလိုက်သည်။