← Chapters

အခန်း (၅၈)

Vol. 4 Ch. 58

အခန်း (၅၈)

Vol. 4 Ch. 58

ထို့နောက် သူတို့နှစ်ယောက်သည် အပြင်သို့ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် ရင်သပ်ရှုမော‌ဖွယ်ကောင်းသော အမျိုးသမီးတစ်ယောက်က သူတို့နောက်ကနေ လိုက်ပါလာခဲ့သည်။

" ကျွန်မကို စောင့်ဦး ၊ ကျွန်မလည်း ရှင်တို့နဲ့ အတူတူလိုက်မယ် "ဟု အမျိုးသမီးကပြောလိုက်သည်။

ထိုအမျိုးသမီးကတော့ တစ်ခြားလူမဟုတ်ပေ။ လင်ပေ့ဖန်၏ အတွင်းရေးမှူးအလှလေးဖြစ်သော လျိုယုမေ့ပဲဖြစ်သည်။သူမသည် သူမ၏ ညို့ဓာတ်ပါသောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး " ကျွန်မ ရှင့်ကိုကျွန်မမျက်စိ‌နဲ့ အချိန်ပြည့်စောင့်ကြည့်ပေးမယ်လို့ ကျွန်မ ချင်းချင်းကို ကတိပေးထားတယ်။ ဒါမှဘဲ ရှင်မပွေရှုပ်နိုင်မှာ…." ဟု လင်ပေ့ဖန်ကို ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် လင်ပေ့ဖန်သည် ရယ်မောလိုက်ပြီး " အော် ၊ဟုတ်လား?" ဟု ပြန်ပြောလိုက်သည်။

လျိုယုမေ့သည် သူ့၏အကြည့်အောက်၌ အနည်းငယ်ပျာယာခတ်သွားခဲ့ပြီး ပေကပ်ကပ်ဖြင့် ပြန်ပြောလိုက်သည်။

" ဟုတ်တယ် ၊ကျွန်မက ကျွန်မပြောပြီးသားစကားကိုတည်တဲ့ လူတစ်ယောက်ပဲ "

ဇာတ်လိုက်ရဲ့ရှင်းချန်သည် သူတို့နှစ်ယောက်ကြားက အပြန်အလှန်ပြောဆိုမှုများကို ကြည့်ပြီး သူ့၏ရင်ထဲ၌ အနည်းငယ်နာကျင်သွားသလို ခံစားခဲ့ရသည်။

*သေသင့်တဲ့ လဒကောင် ၊ မင်းက လျိုယုမေ့ကိုတောင် ဆွဲဆောင်နိုင်နေပြီပေါ့။ ငါကတော့ ဒီမှာ အခုချိန်ထိ တစ်ကိုယ်တည်းဖြစ်နေတုန်းပဲ။ပြီးတော့ ငါ့ကြိုက်တဲ့ ရိုရွယ်ကတောင် ငါ့ကို မုန်းနေပြီ ….*

*မင်းတို့နှစ်ယောက် ငါ့ရဲ့ခံစားချက်တွေကို ထည့်မတွက်နိုင်ဘူးလား….?*

* မေ့လိုက်တော့ ၊ ငါဒီအကြောင်းကို ထပ်မတွေးတော့ဘူး။ဒီည ငါ့ရဲ့ ဝမ်းနည်းမှုတွေကို အရက်နဲ့ပဲ ဖြေသိမ့်လိုက်တော့မယ်။ *

" ဒါဆိုရင်လည်း ငါတို့အတူတူသွားကြမယ်။"

အချိန်ခဏကြာ‌ပြီးနောက် သူတို့သည် အရင်တစ် ခေါက်ကဘားကိုပဲ ထပ်ရောက်လာခဲ့ပြန်သည်။

သူတို့‌ရောက်လာခဲ့သည့် နောက်ဆုံးအကြိမ်ကနဲ့ နှိုင်းယှဉ်ရင် ယခုချိန်၌ ဘားက ပိုပြီးတော့တောင်မှ အသက်ဝင်နေခဲ့သည်။

သူတို့ဘားထဲကို ဝင်ပြီးနောက် မကြာခင်မှာဘဲ ဘားပိုင်ရှင်ဖြစ်တဲ့ ဟဲရွှီဝမ်က ပျော်ရွှင်သောအပြုံးဖြင့် သူ့၏ လက်မောင်းများကို ဖွင့်လိုက်ပြီး လင်ပေ့ဖန်ကို နွေးထွေးစွာဖြင့် ပွေ့ဖက်လိုက်၍ ပြောလိုက်သည်။

" ဟားဟား....ဘရို မင်းဒီကို လာပြီပေါ့။ မကြာသေးခင်က မင်းအလုပ်မှာ အရမ်းအဆင်ပြေနေတယ်လို့ ငါကြားမိတယ်။ "

လင်ပေ့ဖန်က ပြုံးလိုက်ပြီး " ဟုတ်တယ် ၊မကြာသေးခင်က ငါ့အလုပ်မှာ တော်တော်လေး အဆင်ပြေနေတယ်။ဒါကြောင့် ငါဒီကိုလာပြီးတော့ နည်းနည်းလာအပန်းဖြေတာ။ဒါ့အပြင်....."

ထို့‌နောက်လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ ပုခုံးကိုပုတ်လိုက်ပြီး " ငါ့သူငယ်ချင်းရဲ့က အသည်းကွဲပြီးတော့ စိတ်ခံစားချက်တွေ မကောင်းနေဘူး။ဒါကြောင့် အရက်သောက်ပြီးတော့ ထွက်ပေါက်ရှာဖို့အတွက် သူဒီနေရာကို လာတာပဲ။ကျေးဇူးပြုပြီးတော့ သူ့ကို ငါ့အစား ဂရုစိုက်ပေးလိုက်ဦး ….။" ဟု ပြောလိုက်သည်။

‌ဟဲရွှီဝမ်သည် ရဲ့ရှင်းချန်ကို မြင်လိုက်ရချိန်တွင် သူ့၏မျက်လုံးများက လက်သွားခဲ့ပြီး " အသည်းကွဲနေတာလား? ဒါက ကောင်းတဲ့အရာတစ်ခုပဲ မဟုတ်ဘူးလား? " ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန် : ……..

" အဟွတ်..အဟွတ် ၊ ငါဆိုလိုချင်တာက အသည်းကွဲတာက ဘာကိစ္စမို့လို့ ကိစ္စကြီးတစ်ခုဖြစ်ရမှာလဲ?။ ငါတော့ လတိုင်းမှာ အကြိမ်တစ်ဒါဇင်လောက် အသည်းကွဲဖူးတဲ့ အတွေ့အကြုံရှိတယ်။ မင်းဒီလို မကြာခဏ တွေ့ဆုံဖူးရင် ၊ မင်းနေသားကျသွားလိမ့်မယ်။ " ဟု ဟဲရွှီဝမ်က ခပ်တည်တည်နဲ့ ပြောလိုက်သည်။

လင်ပေ့ဖန်က ရယ်မော၍ ဟဲရွှီဝမ်ကို ဆူပူလိုက်သည်။

" မင်းက သူနဲ့ ယှဉ်နိုင်လို့လား? အိပ်ယာထဲရောက်တဲ့အချိန်မှာဘဲ မင်းက ချစ်တာမလား။ပြီးတော့ မင်းအိပ်ယာနိုးတာနဲ့ မင်းအဲ့ကောင်မလေးတွေကို လမ်းခွဲလိုက်ရော။အဲ့ဒါက အချစ်ကို မင်းရဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲ မလား။ငါ့သူငယ်ချင်းရဲ့က အမှန်တကယ်အသည်းကွဲပြီးတော့ ခံစားနေရတာ…. "

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဟဲရွှီဝမ်သည် ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။

" စကားပြောတာ လုံလောက်ပြီ။ ဝိုင်က စိုးရိမ်ပူပန်မှုတစ်ထောင်ကို ပြေပျောက်စေနိုင်တယ်။ဒါ‌ေကြာင့်ငါတို့မမူးမချင်း မပြန်ဘဲနဲ့ ဒီညသောက်ကြမယ်။ "

ဟဲရွှီဝမ်သည် လူတိုင်းကို VIPအခန်းထဲသို့ နောက်တစ်ကြိမ်‌ဖိတ်ခေါ်၍ ထိုင်ခိုင်းခဲ့သည်။

ထို့နောက်သူသည် အရက်ပြင်းပြင်းထည့်ထားသော ပုလင်းအများကြီးကို ယူလာခဲ့ပြီး သူ နှင့် ရဲ့ရှင်းချန်တို့ကြားတွင် ထားခဲ့သည်။

သူ့၏ စိတ်ထဲတွင်တော့ ဟဲရွှီဝမ်သည် ရဲ့ရှင်းချန်ကို အရက်မူးအောင်လုပ်ဖို့ကို အစီအစဉ်ရှိနေခဲ့သည်။

*ပြီးရင်တော့ သူ့ကို စင်ပေါ်ကို လွှတ်လိုက်မယ် ၊ဟီးဟီး…….*

ဒီတစ်ကြိမ်မှာတော့ ရဲ့ရှင်းချန်သည် မငြင်းပယ်ခဲ့သည့်အပြင် သူ့ဘာသာသူ ပုလင်းကို ဖောက်လိုက်ပြီး သူ့၏လည်ချောင်းထဲသို့ လောင်းချ၍ အရက်ကို ရေသောက်သလို သောက်ခဲ့သည်။

ဟဲရွှီဝမ်သည် စိတ်လှုပ်ရှားစွာဖြင့် သူ့ကို လက်မထောင်ပြလိုက်ပြီး " ဘရို ၊ မင်းတကယ်ပဲ သောက်နိုင်တာပဲ။ လာ ငါတို့အတူတူသောက်ကြရအောင် "ဟု ပြောလိုက်သည်။

ရဲ့ရှင်းချန်သည် ကျယ်လောင်စွာဖြင့် အော်ပြောလိုက်ပြီး " လာ သောက်မယ် လာ "ဟု ပြောလိုက်သည်။

လင်ပေ့ဖန်သည် သူ့၏ ဖန်ခွက်ကို ကိုင်လိုက်ချိန်တွင် သူ့အနီးက ချောင်ဆိုးသံတစ်ခုကို သူကြားလိုက်ရသည်။

ထို့နောက် သူ့၏ဦးခေါင်းကို လှည့်၍ ကြည့်လိုက်ချိန်တွင် သူသည် မဖော်ရွေတဲ့ မျက်ဝန်းတစ်စုံနှင့် တွေ့ဆုံလိုက်ရပြီး ဒီအချိန်က အရက်သောက်တာ မသင့်လျော်မှန်း သူသိလိုက်သည်။

ထို့ကြောင့် လင်ပေ့ဖန်သည် သူ့၏ဖန်ခွက်ကို တိတ်တဆိတ် ပြန်ချလိုက်ပြီး သီးစုံဖျော်ရည်ပုလင်းကို ဖွင့်လိုက်၍ သူ့ဘာသာသူ ဖန်ခွက်ထဲသို့ အရင်လောင်းထည့်လိုက်သည်။ထို့နောက်သူသည် လျိုယုမေ့အတွက်လည်း လောင်းထည့်ပေးလိုက်ပြီး " အလှလေး ၊သောက်ကြရအောင်"ဟု ပြောလိုက်သည်။

" သေချာတာပေါ့ " ဟု ပြော၍ လျိုယုမေ့သည် သူမအတွက်ထည့်ပေးထားသော ဖန်ခွက်ကို ကောက်ကိုင်လိုက်သည်။ သူမ၏ မျက်လုံးထဲတွင်လည်း ‌အပျော်များဖြင့် ပြည့်နှက်နေခဲ့သည်။

ထို့နောက် လင်ပေ့ဖန် နှင့် ဆောင်းယုချင်းတို့သည် သူတို့၏ အရက်မပါသောဖျော်ရည်ကို သောက်၍ တီးတိုးစကားပြောနေကြသည်။ထို့ပြင် သူတို့စီမှ ရံဖန်ရံခါရယ်မောသံများ ထွက်လာခဲ့သည်။

ရဲ့ရှင်းချန် နှင့် ဟဲရွှီဝမ်တို့သည် သူတို့နှစ်ယောက်ရဲ့ အရက်သောက်ပြိုင်ပွဲကိုသာ ဆက်လက်ယှဉ်ပြိုင်ခဲ့ကြသည်။

သို့သော်လည်းပဲ ဒီတစ်ကြိမ်မှာတော့ ရဲ့ရှင်းချန်သည် ဘယ်လောက်ပဲသောက်သောက် အရက်မမူးခဲ့ပေ။

ဒါပေမဲ့ ဟဲရွှီဝမ်ကတော့ ဒီထက်ပိုပြီး မသောက်နိုင်တော့တာကြောင့် ခါးသက်သက်အပြုံးတစ်ပွင့်ဖြင့် အားတင်ပြီး ပြုံးလိုက်၍ " သူငယ်ချင်းရဲ့ ၊ ဘယ်လိုလုပ်ပြီးတော့ မင်းရဲ့ အရက်သောက်နိုင်စွမ်းက ရက်အနည်းငယ်ထဲနဲ့ ပိုကောင်းလာရတာလဲ ? " ဟု မေးလိုက်သည်။

" မင်းထင်တာက ၊ငါဒီလောက်အရက်နည်းနည်းလေးကို သောက်ပြီးတော့ မူးမယ်‌ပေါ့၊ဟုတ်လား? " ဟု ပြောလိုက်သည်။

ထို့နောက် ရဲ့ရှင်းချန်သည် အေးစက်စွာဖြင့် ရယ်မောလိုက်ပြီး အထင်အမြင်သေးမှုအပြည့်ဖြင့် ပြောလိုက်သည်။

" ငါမင်းကို ပြောပြမယ်၊ ငါ ခွက်တစ်ထောင်လောက်ကို မမူးဘဲနဲ့ သောက်နိုင်တယ်။ အရင်တစ်ခေါက်က မတော်တဆဖြစ်သွားတာဘဲ။ ဒါကြောင့် မင်းဖင်ကြီးကို မြဲမြဲထိုင်ပြီးတော့ မိုးလင်းတဲ့အထိ ငါတို့ဆက်သောက်ကြမယ်။"

" ဒီထက်ပိုပြီး ငါ မသောက်နိုင်တော့ဘူး။မင်းနဲ့အတူတူသောက်ဖို့အတွက် တစ်ယောက်ယောက်ကိုရှာရင်ရှာ ၊ဒါမှမဟုတ်လည်း မင်း လင်ပေ့ဖန်စီသွား။" ဟု ဟဲရွှီဝမ်က မဲ့ပြုံးပြုံးပြီး ပြောလိုက်သည်။

ထိုအချိန်၌ လင်ပေ့ဖန်သည် နာရီကို ကြည့်လိုက်ပြီး စနစ်စီကနေ ဆု‌တစ်ခုပြုလုပ်လို့ရပြီဆိုတာကို သူ နားလည်သဘောပေါက်ခဲ့သည်။

ထို့နောက် လင်ပေ့ဖန်သည် အရက်မမူးသေးသော ရဲ့ရှင်းချန်ကို ကြည့်လိုက်ပြီး " ငါ့သူငယ်ချင်းက မူးချင် နေတော့လည်း ငါက သူ့ရဲ့ ဆန္ဒကို ဖြည့်စည်းပေးရမှာပေါ့ " ဟု ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်သည် သနားကြင်နာတတ်သောနှလုံးသားလေးဖြင့် သူ့၏စိတ်ထဲ၌ စနစ်စီကနေ ဆု‌တစ်ခုကို တောင်းလိုက်သည်။

…......

ရဲ့ရှင်းချန်သည် သူ့ဘာသာသူ ဆက်သောက်နေခဲ့ပြီး သူတောင်မသိလိုက်ဘဲနဲ့ အရက်မူးသွားခဲ့သည်။

ထို့ပြင် သူသည် အတော်လေးကိုစိတ်လှုပ်ရှားပြီး အတော်လေးကို ဂနာမငြိမ်ဖြစ်နေသလို ခံစားခဲ့ရသည်။အထူးသဖြင့် သူသည် စိတ်အားထက်သန်စွာသီချင်းကို ကျယ်လောင်စွာ အော်ဆိုပြီး က ချင်နေခဲ့သည်။

စင်ပေါ်တွင် သီချင်းဆိုနေသော အဆိုတော်ကို မြင်လိုက်ရချိန်၌ သူသည် စိတ်အနှောက်အယှက်ဖြစ်သလို ခံစားခဲ့ရသည်။ထို့ကြောင့် သူသည် စင်ပေါ်သို့ နောက်တစ်ဖန် ပြေးတက်သွားခဲ့ပြီး အဆိုတော်ဆီက မိုက်ကို လုယု၍ အားရပါးရ သီချင်း အော်ဆိုခဲ့သည်။

ဟဲရွှီဝမ်သည် သူ့၏လက်များဖြင့် လက်ခုပ်တီးလိုက်ပြီး ရယ်မော၍ ပြောလိုက်သည်။

" ဟားဟား ၊ နောက်ဆုံးတော့ သူငယ်ချင်းရဲ့က သူ့ရဲ့အစစ်အမှန်ဘဝကို ပြန်‌ရောက်လာခဲ့ပြီ ။ ဒီဖြစ်ရပ်ကို အမြန်ဗီဒီယိုရိုက်လိုက်။ပြီးရင် ငါတို့ရဲ့ဘားကို ကြော်ငြာဖို့အတွက် TikTok နဲ့ Snack Video မှာတင်လိုက် "

ထို့နောက် ပိုင်ရှင်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ငါတို့ရဲ့ လုံးတီးကတဲ့ ဆွဲဆောင်ရှိတဲ့‌အမျိုးသား လေး ပြန်လာပြီ ။သူကတာ ဘယ်လိုတောင် ဆွဲဆောင်မှုရှိလဲဆိုတာကို ကြည့်လိုက်ဦး။ပြီးတော့ သူသီချင်းဆိုတာကလည်း ဘယ်လိုတောင် အရူးအမူးဖြစ်နေလဲဆိုတာကို ကြည့်ကြည့်။ ဒါကြောင့် ငါတို့ရဲ့ လုံးတီးကတဲ့ ဆွဲဆောင်မှုရှိတဲ့အမျိုးသားလေးကို နွေးထွေးသော လက်ခုပ်သံများဖြင့် ကြိုဆိုလိုက်ကြရအောင် "

ရဲ့ရှင်းချန်သည် ကျယ်လောင်စွာဖြင့် အော်ပြောလိုက်သည်။

" ပေါက်ကရပြောနေတာ ရပ်ပြီးတော့ လူတိုင်း ငါနဲ့အတူတူလိုက်ကကြရအောင်။ အခုချိန်မှာ ငါ့ရဲ့ စိတ်အားထက်သန်မှုက မီးတောက်တစ်ခုလိုဘဲ ဖြစ်နေတယ် ။ "

ထို့နောက် ရဲ့ရှင်းချန်သည် စိတ်အားထက်သန်လာပြီး လုံးတီးကတဲ့ဖျော်ဖြေပွဲကို နောက်တစ်ဖန် ပြုလုပ်ခဲ့သည်။

သူသည် အဝတ်အစားချွတ်နေစဉ်တွင်လည်း မပေါ့်‌တပေါ့်လုပ်၍ ကပြခဲ့သည်။

ဒါက လုံးဝကို အထူးဖျော်ဖြေပွဲတစ်ခုဖြစ်သည်။

သူ့တွင် ချွတ်စရာဆိုလို့ သူ့၏ အတွင်းခံတစ်ထည်ပဲ ကျန်ခဲ့ချိန်၌ လူတစ်ယောက်က သူ့ကို စင်အောက်သို့ ဆွဲခေါ်သွားခဲ့သည်။

ထိုအဖြစ်အပျက်ကို မှတ်တမ်းတင်ထားခဲ့ပြီး လျင်မြန်စွာဖြင့် အွန်လိုင်းပလက်ဖောင်း အမျိုးမျိုးကို ပျံ့နှံ့သွားခဲ့သည်။ထိုသတင်းသည် နောက်တစ်ကြိမ် ထပ်ပြီး ဟစ်ဖြစ်လာမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။ထို့ပြင် ထိုသတင်းသည် ခေတ်စားနေသော သတင်းတစ်ခုဖြစ်တာကြောင့် လူအများကြီးက မြင်ခဲ့ကြသည်။

" လုံးတီးကတဲ့ ဆွဲဆောင်မှုရှိတဲ့ အမျိုးသားပြန်လာပြီ"

" ဒီတစ်ဘဝလုံးမှာ မင်းဒီလို ဆက်စီကျတဲ့ အမျိုးသားကို တစ်ခါဘဲ မြင်ရလိမ့်မယ်။ "

" ဆက်စီကျတာနဲ့ ပတ်သက်လာရင်တော့ ငါ ဒီဘဲ တစ်ယောက်ထဲကိုပဲ သဘောကျတယ်။"

" မင်းက အရမ်းဆက်စီကျတာပဲ ၊ငါကြိုက်တယ်"

….....

ထိုသတင်းကို နောက်ထပ်လူတစ်ယောက်ကလည်း မြင်သွားခဲ့သည်။ ထိုလူကတော့ တစ်ခြားလူမဟုတ်ပေ ၊ချူရိုရွယ်ပဲဖြစ်သည်။

လူငယ်တစ်ယောက်ဖြစ်တာကြောင့် သူမလည်း အပန်းဖြေဖို့အတွက် TikTokကနေ ဗွီဒီယိုတွေကြည့်ရတာကို နှစ်သက်သည်။

သူမသည် မမျှော်လင့်ဘဲနဲ့ ထိုဗွီဒီယိုကို မြင်လိုက်ရချိန်တွင် လုံးတီးကတဲ့ ဆွဲဆောင်မှုရှိတဲ့လူက ရဲ့ရှင်းချန်ဖြစ်တာကို ချက်ချင်းပဲ မှတ်မိခဲ့သည်။ထို့‌နောက်သူမ၏ မျက်နှာက ရွံရှာမှုများဖြင့် ပြည့်လာခဲ့ပြီး

" အီး….... ဒီလူက တော်တော်ရွံစရာကောင်းတာဘဲ။ဒီလို ရွံရှာစရာကောင်းတဲ့လူက ဘယ်လိုလုပ်ပြီးတော့ ကမ္ဘာပေါ်မှာရှိနေရတာလဲ? "ဟု ပြောလိုက်သည်။

သူမ၏ မျက်လုံးကလေးများ ညစ်ညမ်းသွားမှာကြောက်တာကြောင့် ထိုဗွီဒီယိုကို သူမ အမြန်ပဲ ကျော်လိုက်သည်။

ထို့ပြင် သူမ၏စိတ်ထဲတွင်လည်း ဒီရွံစရာကောင်းတဲ့လူနဲ့ သူမ ခပ်ဝေးဝေးနေရမယ်လို့ တွေးလိုက်သည်။

ထိုဗွီဒီယိုကို လုံယရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီရဲ့ နောက်ကွယ်က ဆရာကြီးဖြစ်တဲ့ ကျိုရှင်းကလည်း တွေ့လိုက်ရသည်။

သူ့၏ မျက်လုံးများက ပြူးကျယ်သွား၍ သူ့၏ ပါးစပ်ကလည်း အဟောင်းသားဖြစ်သွားခဲ့သည်။အကယ်၍ ယခုချိန်၌ သူသည် ကြက်ဥတစ်လုံးကို မြိုချပါက မြိုချလို့ရလိမ့်မည်ဖြစ်သည်။

" ဒါ...ဒါက တကယ်ဘဲ စစ်ပွဲနတ်ဘုရားလား? "

" သူကတာ အရမ်းဆက်စီကျတာပဲဟ "

All Chapters