← Chapters

အခန်း (၅၉)

Vol. 4 Ch. 59

အခန်း (၅၉)

Vol. 4 Ch. 59

ကျိုရှင်းရဲ့ စိတ်ထဲမှာတော့ စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်၏ ပုံစံသည် အမြဲတမ်း အေးစက်ပြီး တသီးတခြားဆန်တဲ့သူ ဖြစ်သည်။

ထို့ပြင် သူသည် ကြောက်စရာကောင်းတဲ့ စွမ်းရည်များကိုလည်း ပိုင်ဆိုင်ထားသည်။

သူသည် ဇွဲလည်း ကြီးပြီး ကြီးစိုးတဲ့ ပင်ကိုယ်စရိုက်လည်းရှိသည်။

သူချစ်ရတဲ့ ချူရိုရွယ်နဲ့ မျက်နှာချင်းဆိုင်ချိန်မှလွဲ၍ တစ်ခြားအချိန်များတွင် သူသည် အမြဲတမ်း အလွန်လေးနက်ပြီး အေးစက်စက်နိုင်သည်။

သူပြန်လည်မမွေးဖွားခင်တုန်းက ကျိုရှင်းသည် လူအနည်းငယ်ကိုသာ လေးစားခဲ့သည်။ထိုထဲ၌ စစ်ပွဲနတ်ဘုရားက တစ်ယောက်အပါအဝင်ဖြစ်သည်။

*ဒါပေမဲ့ အခုချိန်မှာတော့ ဒီအရာကို ငါမြင်အောင်လို့ မင်းက တကယ်လုပ်ခဲ့တာလား?…....*

*ဒီစစ်ပွဲနတ်ဘုရားကတာ အရမ်းပဲဆက်စီကျတာကိုတော့ ငါဝန်ခံတယ်။*

* ပြီးတော့ သူကတာ အရမ်းပဲမိုက်တယ်*

ကျိုရှင်းသည် မနေနိုင်ဘဲနဲ့ စည်းချက်အတိုင်း အတူတူလိုက်ပါ ကမိခဲ့သည်။

" သူက အမှန်တကယ်ဘဲ ကိုယ်ခံပညာကို လေ့ကျင့်ထားတာဘဲ။ဒီအကက အရမ်းပဲ ဆက်စီကျလွန်းတယ်။သူကတာကလည်း ပျော့ပြောင်းပြီးတော့ ကြမ်းတမ်းတယ် ၊ဟားဟား...။ ငါဒီဗီဒီယိုကို သိမ်းထားရမယ်။ အနာဂတ်မှာ ဒီဗီဒီယိုနဲ့ ငါသူ့ကို ပြန်လှောင်ပြောင်လို့ရတယ်။ "

ကျိုရှင်းသည် ဗီဒီယိုကို တစ်ကြိမ်ကြည့်ပြီးနောက် မလုံလောက်သလို ခံစားရ‌တာကြောင့် ‌ဒုတိယအကြိမ် ထပ်မံကြည့်ရှုခဲ့သည်။

ဒါပေမဲ့ ဒုတိယအကြိမ်က မလုံလောက်ဖူးလို့ ထင်တာကြောင့် သူသည် တတိယအကြိမ်ထပ်မံပြီး ကြည့်ရှုခဲ့ပြန်သည်။

ထို့နောက် သူသည် အွန်လိုင်းကနေ အရည်အသွေးကောင်းတဲ့ ဗီဒီယိုအကြည်ကို ရှာခဲ့သည်။

ထိုအချိန်၌ သူ့ရုံးခန်းအပြင်ဘက်က‌‌နေ တံခါးခေါက်သံတစ်သံထွက်လာခဲ့သည်။

ကျိုရှင်းသည် သူ့၏ဖုန်းကို ချက်ချင်းဘဲ ချလိုက်ပြီး ဝိုင်ခွက်ကို ကောက်ကိုင်ခဲ့သည်။ ထို့နောက် သူသည်အေးစက်ပြီး ဂုဏ်သိက္ခာရှိတဲ့ နဂါးဘုရင်ရဲ့ အမူအရာသို့ ပြောင်းလိုက်၍ ပြောလိုက်သည်။

" ဝင်လာခဲ့….. "

အနက်ရောင်ဝတ်စုံဝတ်လူတစ်ယောက်သည် သူ့၏လက်ထဲတွင် ဖိုင်တစ်ခုကိုင်၍ လမ်းလျှောက်ဝင်လာခဲ့ပြီး " နဂါးဘုရင်ကို နှုတ်ဆက်ပါတယ်"ဟုလေးလေးစားစား ပြောလိုက်သည်။

" လင်ပေ့ဖန် နဲ့ ပတ်သက်တဲ့ သတင်း တစ်ခုခုရှိလို့လား? ငါ့ကို ပြောပြစမ်း "ဟု ကျိုရှင်းက ပြောလိုက်သည်။

သူသည် သူ့ရဲ့ အစွမ်းထက်တဲ့ ရန်သူ လင်ပေ့ဖန်နဲ့ ဆက်ဆံရန်အတွက် ၊လင်ပေ့ဖန်နှင့် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ လှုပ်ရှားမှုများကို အနီးကပ် စောင့်ကြည့်ထားရန် အနက်ရောင်ဝတ်လူများကို အမိန့်ပေးထားခဲ့သည်။ထို့ပြင် တစ်ခုခုထူးခြားတာရှိရင်လည်း သူ့ကို ချက်ချင်းတင်ပြရန် ‌ ပြောထားခဲ့သည်။

" နဂါးဘုရင် ၊ တကယ်ဘဲ တစ်ခုခုဖြစ်သွားခဲ့တယ်။" ဟု အနက်ရောင်ဝတ်လူက ‌ကျိုရှင်းကို ပြောခဲ့သည်။

ထို့နောက် ထိုလူက အလျင်အမြန်ဘဲ တင်ပြခဲ့သည်။

" ဒီနေ့ ခွင့်ရက်ရှည် ယူထားတဲ့ ရဲ့ရှင်းချန်က လင်‌ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီကို ပြန်လာခဲ့တယ်။အဲ့ဒီနေ့မှာဘဲ သူက မကြာခဏ ရောင်းဝယ်ရေးလုပ်ငန်းတွေမှာ အရောင်းအဝယ်လုပ်ပြီးတော့ အကြိမ်ပေါင်းများစွာ အောင်မြင်ခဲ့တယ်။ ဒါ့အပြင် သူက နေ့တစ်ဝက်အတွင်းမှာတင် လင်ပေ့ဖန်ကို ကူညီပြီးတော့ ရန်ပုံငွေ သန်း၄၅၀ကို ရှာပေးခဲ့ပါတယ်။ "

ထိုတင်ပြတာကို ကြားလိုက်ရသောအခါတွင် ကျိုရှင်းသည် ချက်ချင်းဘဲ ထိတ်လန့်သွားခဲ့ပြီး " သူက နေ့တစ်ဝက်ထဲနဲ့ ရန်ပုံငွေ သန်း၄၅၀ကိုရှာပြီးတော့ လင်ပေ့ဖန်ကို ကူညီခဲ့တယ်ပေါ့ ၊ဟုတ်လား?" ဟု မေးလိုက်သည်။

ထို့ပြင် သန်း၄၅၀ဆိုသည့် ငွေပမာဏက သေးငယ်တဲ့ ငွေပမာဏတစ်ခုမဟုတ်ပေ။

ထိုပိုက်ဆံနှင့် အထပ်မြင့်အဆောက်အဦးတစ်ခုလုံးကိုတောင်မှ ဝယ်နိုင်လိမ့်မည်ဖြစ်သည်။

ငွေရေးကြေးရေးအားကောင်းတဲ့ သူ့ရဲ့ကျိုမိသားစုတောင်မှ ဒီလောက်ရန်ပုံငွေအများကြီးကို အချိန်တိုလေးအတွင်း၌ သူတို့ မရှာနိုင်ပေ။

ထို့ကြောင့် နေ့ဝက်ထဲနဲ့ ထိုပိုက်ဆံအများကြီးကို ရရှိအောင် ပြုလုပ်ဖို့ဆိုတာက ပိုပြီးတော့တောင်မှ မဖြစ်နိုင်ပေ။

*ဒါတောင် နေ့တစ်ဝက်ထဲနဲ့ မင်းက သန်း၄၅၀ရှာပြီးတော့ လင်ပေ့ဖန်ကို ကူညီပေးခဲ့တယ်ပေါ့ …...*

* မင်းအကယအညီကြောင့် လင်ပေ့ဖန်က ရန်ပုံငွေသန်း၄၅၀ကို ထပ်ရသွားပြီ။ဒါ့ကြောင့် သူ့ရဲ့ပိုင်ဆိုင်မှုက နှစ်ဆဖြစ်သွားပြီးတော့ ၁ဘီလီယံကျော်တောင် ရောက်သွားလိမ့်မယ်။အခုသူ့နဲ့ ဆက်ဆံရတာ ငါ့အတွက် ပိုပြီးတော့တောင်မှ ခက်လာပြီ။*

ကျိုရှင်းသည် စောစောက ဆက်စီဆန်ဆန်ကတဲ့ ရဲ့ရှင်းချန်ရဲ့ ဗီဒီယိုအကြောင်းကို ပြန်တွေးမိလိုက်သည်။

*သူငွေအများကြီးရှာနိုင်တဲ့အတွက် အရမ်းပျော်ပြီးတော့ ဘားမှာ အောင်ပွဲသွားခံတာဘဲ ဖြစ်မယ်။*

*မင်း အောင်မြင်မှုမရဘဲနဲ့တော့ ဒီလို ဆက်စီဆန်ဆန်ကမှာမဟုတ်လောက်ဘူး*

ကျိုရှင်းသည် တွေးရင်းတွေးရင်း ဒေါသထွက်လာတာကြောင့် သူ့၏လက်ထဲက ဝိုင်ထည့်ထားသောဖန်ခွက်ကို ကြမ်းကြုတ်စွာဖြင့် ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်လိုက်ပြီး " ရဲ့ရှင်းချန် ၊အစတုန်းက ငါ့မှာ မင်းကို လွှတ်ပေးဖို့ အစီအစဉ်ရှိတယ်။ ဒါပေမဲ့ မင်းက နတ်ဆိုးလင်ပေ့ဖန်ကို ကူညီနေမယ်လို့ ငါမမျှော်လင့်ထားဘူး။ အစောင့်တွေ ဝင်လာခဲ့စမ်း "ဟု ပြောလိုက်သည်။

" နဂါးဘုရင် " ဟု ပြော၍ နောက်ထပ်အနက်ရောင်အင်္ကျီဝတ် အမျိုးသားသုံး‌ယောက်သည် အပြင်ဘက်ကနေ အပြေးအလွှားရောက်ရှိလာခဲ့သည်။

ထို့နောက် ကျိုရှင်းက ဒေါသတကြီးဖြင့် " အခုချက်ချင်း မဟာဗာဂျရာ ရှစ်ယောက်လုံးကို ဆင့် ခေါ်ပြီးတော့ ငါ့အစား ရဲ့ရှင်းချန်ကို သင်ခန်းစာပေးလိုက်" ဟု ပြောလိုက်သည်။

ထိုလူတွေထဲက အနက်ရောင်ဝတ်ယောက်ျားတစ်ယောက်သည် အံ့အားသင့်စွာဖြင့် ကျိုရှင်းကို မေးမြန်းလိုက်သည်။

" နဂါးဘုရင် ၊ မဟာဗာဂျရာ ရှစ်ယောက်‌လုံးကို ဆင့်ခေါ်ရမှာလား? ။ မင်း ရဲ့ရှင်းချန်ကို အရမ်းပဲ အထင်ကြီးလွန်းမနေဘူးလား?"

မဟာဗာဂျရာရှစ်ယောက်သည် ကျိုမိသားစုမှ လေ့ကျင့်ပေးထားသည့် ထိပ်တန်းကျွမ်းကျင်သူများဖြစ်သည်။ သူတို့သည် သေခြင်း ၊ရှင်ခြင်း တိုက်ပွဲများကိုလည်း တိုက်ခိုက်ဖူးခဲ့ကြပြီး မယုံနိုင်လောက်အောင်လည်း အတိုက်အခိုက်ကောင်းကြသည်။

ထို့ပြင် သူတို့သည် လူတစ်ဒါဇင်နီးပါးကိုလည်း တစ်ယောက်ထဲနဲ့ ကိုင်တွယ်နိုင်ကြသည်။ထိုလူများသည် ရှေးခေတ်တွင်ရှိပါက သူတို့သည် အစွမ်းထက်သော ဗိုလ်ချုပ်များဖြစ်လိမ့်မည်ဖြစ်သည်။

ဒါပေမဲ့လည်း နဂါးဘုရင်က ရဲ့ရှင်းချန်နဲ့ ဆက်ဆံရန်အတွက် မဟာဗာဂျရာရှစ်ယောက်လုံးကို တကယ်ဘဲ ခေါ်ခိုင်းစေချင်ခဲ့သည်။

" ရဲ့ရှင်းချန်ကို မင်း လုံးဝလျော့တွက်လို့မရဘူး "

ထို့နောက် ကျိုရှင်းသည် သူ့၏ မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး " သူက အရမ်းအစွမ်းထက်တဲ့ စစ်ပွဲနတ်ဘုရားဘဲ။ပြီးတော့ သူက ကြေးစားလောကရဲ့ ဘုရင်တစ်ပါးလည်းဖြစ်တယ်။ ခွန်အားအရဆိုရင်တော့ ငါမြင်ဖူးတဲ့လူတွေထဲမှာ သူက လုံးဝကို ထိပ်ဆုံးသုံးယောက်ထဲဝင်လိမ့်မယ်။သူ့ရဲ့ခွန်အားက ငါ့အောက်မနိမ့်ဘူး။ "ဟု ပြောလိုက်သည်။

ထိုစကားကိုကြားလိုက်ရသောအခါတွင် အနက်ရောင်ဝတ်လူများက ထိတ်လန့်သွားခဲ့သည်။ သူတို့ရဲ့ နဂါးဘုရင်သည် ကိုယ်ခံပညာ၌ ထူးချွန်သူတစ်ယောက်ဖြစ်သည်။ထို့ပြင် သူ့ရဲ့ အစွမ်းထက်တဲ့ခွန်အားကလည်း လူတိုင်းကို တုန်လှုပ်စေနိုင်သည်။ထိုခွန်အားကြောင့် သူတို့က သူ့ကို နဂါးဘုရင်ဟု လိုလိုလားလား ခေါ်ဆိုကြခြင်းဖြစ်သည်။

ဒါပေမဲ့လည်း ရဲ့ရှင်းချန်က အရမ်းအစွမ်းထက်တဲ့ ခွန်အားကို ပိုင်ဆိုင်ထားလိမ့်မယ်လို့ သူတို့ မမျှော်လင့်ထားခဲ့ပေ။

ကျိုရှင်းသည် သူ့၏လည်ပင်းကို လိမ်၍ အသံထွက်အောင် ပြုလုပ်လိုက်သည်။ထို့နောက် သူ့၏ ပါးစပ်ထောင့်ကလည်း အလိုလိုနေရင်း တွန့်သွားခဲ့ပြီး

" မဟာဗာဂျရာရှစ်ယောက်က အများဆုံး သူ့ကို ဒဏ်ရာပဲ ရစေလိမ့်မယ်။ ဒါပေမဲ့ သူ့ရဲ့အသက်ကိုတော့ လုံးဝခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး။ ဘာပဲဖြစ်ဖြစ် ၊ငါက သူ့ကို သင်ခန်းစာတစ်ခုပဲ ‌ပေးချင်တာ။ ပြီးတော့ နတ်ဆိုးလင်ပေ့ဖန်ကို ကူညီရင် ဒီလို အကျိုးဆက်ကို ခံစားရမယ်ဆိုတာ ငါသူ့ကိုသိစေချင်တာဘဲ။အခု မင်းတို့ ထွက်သွားနိုင်ပြီ " ဟု ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ ၊နဂါးဘုရင် "ဟု ပြောပြီးနောက် အနက်ရောင်ဝင်လူများက နောက်ပြန်ဆုတ်သွားခဲ့သည်။

" ခဏနေဦး "

" နဂါးဘုရင် ၊ မင်းမှာ တစ်ခြားအမိန့်များပေးစရာရှိသေးလို့လား ? " ဟု သူတို့ထဲက တစ်ယောက်က ကျိုရှင်းကို မေးမြန်းခဲ့သည်။

" အကယ်၍ မင်းတို့ လင်ပေ့ဖန် တွေ့ဆုံခဲ့ရင်

ချက်ချင်းထွက်သွားပါ။ မင်းတို့ သူ့နဲ့ ရန်မဖြစ်မိစေနဲ့" ဟု ကျိုရှင်းက ပြောလိုက်သည်။

" အာ? ဘာကြောင့်လဲ ? " ဟု ပြော၍ အနက်ရောင်ဝတ်လူတိုင်းက ပဟေဠိဖြစ်သွားခဲ့သည်။

" ဘာကြောင့်လဲဆိုတော့ အဲ့လူက အရမ်းကြောက်စရာကောင်းလို့ဘဲ ။" ဟု ကျိုရှင်းက ပြောလိုက်သည်။

ထို့နောက် ကျိုရှင်း၏ အသံက ကြောက်ရွံ့မှုအပြည့်ဖြင့် " အကယ်၍ မဟာဗာဂျရာရှစ်ယောက်လုံး သူ့ဆီကိုသွားရင် သူတို့ ပြန်မလာနိုင်တော့မှာကို ငါစိုးရိမ်မိတယ်။ "ဟု ပြောလိုက်သည်။

သူ့၏အတိတ်ဘဝတုန်းကလည်း သူသည် ဒေါသအရမ်းထွက်ပြီး လင်ပေ့ဖန်ကို တိုက်ခိုက်ခဲ့ဖူးသည်။ဒါပေမဲ့လည်း သူသည် နှစ်ကွက် ဒါမှမဟုတ် သုံးကွက်လောက်မှာတင် လင်ပေ့ဖန်ကို ရှုံးနိမ့်သွားခဲ့သည်။

ထို့ပြင် သူသည် လင်ပေ့ဖန်၏ မျက်နှာဖြတ်ရိုက်ခြင်းကိုလည်း ခံခဲ့ရသည်။နောက်ပိုင်းတွင် သူသည် မဟာဗာဂျရာ ၁၂ယောက်နှင့် အခြားကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာကိုလည်း လင်ပေ့ဖန်နှင့် ရင်ဆိုင်ရန် စေလွှတ်ခဲ့သည်။ဒါပေမဲ့လည်း သူတို့သည် လင်ပေ့ဖန်၏ လက်တစ်ဖက်တည်းဖြင့် ကိုင်တွယ်မှုအောက်၌ ရှုံးနိမ့်ခဲ့ရသည်။

သူက အရမ်းပဲ စွမ်းအားကြီးတယ်…...

အရမ်းလည်း ကြောက်စရာကောင်းတယ်……

မင်းဘယ်တော့မှ သူ့ရဲ့ ကန့်သန့်ချက်ကို သိရမှာ မဟုတ်ဘူး…..

သူက အရမ်းပဲ စွမ်းအားကြီးတာကြောင့် သူ့ကို လူလို့တောင် မထင်ရဘူး........

ထို့ကြောင့် သူပြန်လည်မွေးဖွားလာပြီးနောက်တွင် သူသည် ထိုအရာကို သင်ခန်းစာယူ၍ သူသည် လင်ပေ့ဖန်ကို အားသုံးပြီး မတိုက်ခိုက်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။ ထို့ပြင် သူသည် မျက်နှာမျက်ရိုက်ခြင်းကိုလည် ထပ်ပြီးမခံစားချင်‌ေတာ့ပေ။

" တိုတိုပြောရရင်တော့ ငါပြောတာကိုဘဲ မင်းတို့နားထောင် "ဟု ပြောလိုက်သည်။

" ဟုတ်ကဲ့ပါ ၊နဂါးဘုရင် " ဟု အနက်‌ရောင်ဝတ်လူများက ပြောလိုက်သည်။

All Chapters