အခန်း (၆၀)
Vol. 4 Ch. 60
ထို့နောက် ဒုတိယနေ့တွင် ဇာတ်လိုက် ရဲ့ရှင်းချန်သည် အွန်လိုင်းပေါ်တွင် ကျော်ကြားနေသော သူ့ရဲ့ အကဗီဒီယိုကို နောက်တစ်ဖန် မြင်လိုက်ရပြီးနောက် သူသည် သေချင်လောက်အောင်ကို စိတ်ဓာတ်ကျသွားခဲ့သည် ။
ကံကောင်းချင်တော့ ဒါက ပထမဆုံးအကြိမ်မဟုတ်တာကြောင့် သူသည် နေသားကျသွားခဲ့သည်။
ဒါပေမဲ့လည်း သူသည် ဗီဒီယိုကို ထပ်မံပြီးကြည့်ရှုခဲ့သည်။ထိုဗီဒီယိုထဲ၌ သူကတာက အရမ်းကို ဆက်စီကျပြီးတော့ ဟော့လွန်းနေသည်။
ရဲ့ရှင်းချန်သည် သူအရက်မူးချိန်၌ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုပုံစံမျိုးနဲ့ အဆုံးသတ်သွားရတာလဲဆိုတာကို သူနားမလည်နိုင်ဘဲဖြစ်ေနခဲ့သည်။။
ထို့ပြင် သူသည် သူ့ကိုယ်သူတောင် မမှတ်မိတော့ပေ။
" ဟူး.... ငါ ဘယ်တော့မှာ အရက်ထပ်မသောက်တော့ဘူး။ ငါလုံးဝကို ထပ်မသောက်တော့ဘူး။ အကယ်၍ အနာဂတ်မှာ ငါ အရက်ထပ်သောက်မိရင်တော့ ဒီအရှက်တရားကနေ ငါ့ကိုယ်ကိုငါ ကယ်တင်ဖို့အတွက် တိုက်ပေါ်က ခုန်ချပြီးတော့ ကိုယ့်ကိုယ်ကို သတ်သေမှဘဲ ရလိမ့်မယ်။"
ထို့နောက် သူ့၏ ဦးခေါင်းကို ပွတ်၍ ရဲ့ရှင်းချန်သည် အရက်နာကြောင့် ခေါင်းကိုက်သလို ခံစားခဲ့ရသည်။
ထို့ကြောင့် ရဲ့ရှင်းချန်သည် သူ့၏ဖုန်းကို ကောက်ကိုင်လိုက်ပြီး ခွင့်တစ်ရက်တောင်းရန် လင်ပေ့ဖန်ဆီသို့ စာတစ်စောင် ပေးပို့ခဲ့သည်။လင်ပေ့ဖန်ကလည်း ချက်ချင်းဘဲ သူ့ကို ခွင့်ပြုပေးခဲ့သည်။
ရဲ့ရှင်းချန်သည် တစ်နေ့လုံးအိပ်၍ ညနေရောက်မှဘဲ နိုးထလာခဲ့သည်။ သူ့၏ စိတ်သည်လည်း လန်းဆန်းသွားသလို ခံစားခဲ့ရသည်။
သို့သော်လည်းပဲ သူ့၏အစာအိမ်ကတော့ ဆာလောင်မှုကြောင့် တဂွီဂွီ တဂွမ်ဂွမ်ဖြင့် ဆန္ဒပြနေခဲ့သည်။
ထို့ကြောင့် ရဲ့ရှင်းချန်သည် တစ်ခုခုစားစရာရှာဖို့အတွက် အောက်ထပ်သို့ ဆင်းသွားခဲ့သည်။
ရဲ့ရှင်းချန်သည် ထမင်းစားပြီးနောက် လူပျက်သောလမ်းတစ်ခုပေါ်တွင် တစ်ယောက်ထဲ လမ်းလျှောက်ထွက်ခဲ့သည်။ သူသည် ထိုနေရာမှ တိုက်ခတ်လာသော လေပြေလေညှင်းလေးများကြောင့် သူ့ရဲ့စိတ်များကြည်လင်သွားလိမ့်မယ်လို့ မျှော်လင့်နေခဲ့သည်။
ရဲ့ရှင်းချန်သည် ရုတ်တရက် သတ်ဖြတ်ခြင်းရည်ရွယ်ချက် လှိုင်းတစ်ခုက သူ့ဆီသို့ ဦးတည်ပြီး လာနေသလို ခံစားလိုက်ရသည်။
ထိုအချိန်၌ မျက်နှာဖုံးတပ်ထားသော အနက်ရောင်အင်္ကျီဝတ် အမျိုးသားရှစ်ယောက်သည် လမ်းကြားတစ်ခုရဲ့ အနက်ပိုင်းကနေ ပေါ်ထွက်လာခဲ့ပြီး ရဲ့ရှင်းချန်၏ ပတ်ပတ်လည်ကို ဝိုင်းရံလိုက်သည်။
" မင်းတို့ ဘယ်သူတွေလဲ ? မင်းတို့ ငါ့ဆီကနေ ဘာလိုချင်လို့လဲ? " ဟု ပြောပြီးနောက် ရဲ့ရှင်းချန်၏ အကြည့်များက နိုးကြားလာခဲ့သည်။ ထို့ပြင် သူ့၏ ကြွက်သားများကပါ တင်းမာလာခဲ့သည်။
ရဲ့ရှင်းချန်သည် သူတို့နှင့်မတိုက်ခိုက်ရသေးသော်လည်း ထိုလူရှစ်ယောက်လုံးက အရမ်းသန်မာလွန်းသည်ဟု သူ့စိတ်ထဲကနေ အလိုလိုနေရင်းသိ နေသည်။ထို့ပြင် သူတို့တစ်ယောက်ချင်းစီတိုင်း၏ ခွန်အားကလည်း သူ့အောက် အနည်းငယ်သာ နိမ့်ကျပြီး သူတို့ရဲ့ခွန်အားက ကြေးစားအဖွဲ့ခေါင်းဆောင်တစ်ယောက်၏ ခွန်အားနှင့် ညီမျှသည်။
ထိုလူရှစ်ယောက်လုံး ပေါင်းစည်းခဲ့ချိန်၌ သူသည် အန္တရာယ်ကို ခံစားခဲ့ရသည်။
လင်ပေ့ဖန်က သူ့ကို သတ်ဖို့အတွက် ထိုလူတွေကို လွှတ်လိုက်သည်ဟု သူ့၏စိတ်ထဲတွင် ပထမဆုံးတွေးမိခဲ့သည်။ဒါပေမဲ့လည်း ထိုအတွေးကို သူ အလျင်အမြန်ဘဲ ဖယ်ရှားလိုက်သည်။
*သူသည် ယခုပြန်လည်မွေးလာပြီးနောက်ပိုင်းတွင်
လင်ပေ့ဖန်နှင့်သူသည် သူငယ်ချင်းများဖြစ်ကြသည်။ ရန်သူတွေမဟုတ်ကြပါ။ ထို့ပြင် သူသည် ယခုအချိန်၌ လင်ပေ့ဖန်အတွက် ပိုက်ဆံအများကြီးကိုရှာထားပေးခဲ့ပြီး လင်ပေ့ဖန်၏ ယုံကြည်မှုကိုလည်း ရရှိထားခဲ့သည်။ထိုအချက်ကြောင့် လင်ပေ့ဖန်က သူ့ကို သတ်ဖို့အတွက် တစ်စုံတစ်ယောက်ကို စေလွှတ်ခဲ့သည်မှာ လုံးဝမဖြစ်နိုင်ပေ။*
*ထို့အပြင် လင်ပေ့ဖန်သည် ထိုကဲ့သို့ စက်ဆုပ်ဖွယ်ကောင်းတဲ့ နည်းလမ်းများကို အသုံးပြုလိမ့်မည်မဟုတ်ပေ။ *
သူသည် တရားဝင်နည်းလမ်းများကိုသာ အမြဲတမ်းအသုံးပြုပြီး တရားဥပဒေနှင့် လူ့ကျင့်ဝတ်ဘောင်အတွင်း၌သာ လုပ်ဆောင်တတ်သည်။ထို့နောက်သူသည် သူ့၏ရန်သူများကို တရားမျှတစွာဖြင့် အနိုင်ယူလိမ့်မည်ဖြစ်ပြီး သူတို့ကိုလည်း ခွန်အားမဲ့စေသလို ခံစားစေသည်။
*ဒါဆိုရင် ဒီလူတွေက ဘယ်သူတွေလဲ ?*
*သူတို့ကို ဘယ်သူက ပို့လိုက်တာလဲ?*
*ဘာကြောင့် သူတို့က ငါ့ကို သတ်ချင်ရတာလဲ? *
* ဖြစ်နိုင်တာက သူတို့က ငါ့ရဲ့ရန်သူဟောင်းတွေပဲလား?*
" သတ်….."
အနက်ရောင်အင်္ကျီဝတ်အမျိုးသားများသည် ရဲ့ရှင်းချန်ကို အချိန်မဆွဲဘဲနဲ့ တိုက်ရိုက်တိုက်ခိုက်ခဲ့ကြသည်။
ရဲ့ရှင်းချန်၏ ခွန်အားသည် အရမ်းသန်မာသော်လည်း သူ့၏လက်နှစ်ဖက်တည်းဖြင့် သူသည် လက်လေးဖက်ကို မကိုင်တွယ်နိုင်ပေ။ လက်ဆယ့်ခြောက်ဖက်ကို တစ်ယောက်ထဲ ကိုင်တွယ်ရရင်တော့ ပြောနေစရာတောင် မလိုတော့ပေ.........
ထို့ပြင် ထိုလူများသည် ကိုယ်ခံပညာ၌ သန်မာသူများဖြစ်သည်။
အချိန်တိုလေးအတွင်းပင် ရဲ့ရှင်းချန်သည် သူ့ရန်သူများ၏ လက်သီးပြင်းပြင်းနှစ်ချက်ကို အထိုးခံလိုက်ရသည်။ထိုထိုးချက်ကြောင့် သူ့၏ရင်ဘတ်သည် တုန်ခါသွားခဲ့ပြီး အသက်ရှုကြပ်သွားသလိုခံစားခဲ့ရသည်။
သူသည် ထိုနေရာမှ ချိုးဖောက်ပြီး လွတ်မြောက်ချင်ပေမဲ့လည်း သူ့ရဲ့ ရန်သူတွေက ဘယ်တော့မှ သူ့ကို အခွင့်အရေးတစ်ခုတောင် မပေးခဲ့ပေ။
" ငါ ဘာလုပ်ရမလဲ? "
ရဲ့ရှင်းချန်သည် အတော်လေးကို စိုးရိမ်သွားပြီး သူ့စိတ်ထဲမှာလည်း လျင်မြန်စွာဖြင့် တွေးတောနေခဲ့သည်။
ထိုအချိန်တွင် သူသည် လင်ပေ့ဖန်ကို ပထမဆုံးတွေးမိလိုက်သည်။
သူသည် လင်ပေ့ဖန်ကို မုန်းသော်လည်း လင်ပေ့ဖန်၏ ခွန်အားသည် အမှန်တကယ်ကို သန်မာပြီး အရမ်းအစွမ်းထက်တာကိုတော့ သူ ဝန်ခံရမည်ဖြစ်သည်။
အကယ်၍ ဒီနေရာမှာ လင်ပေ့ဖန်သာရှိပါက သူသည်ထိုလူများကို လွယ်ကူစွာဖြင့် ကိုင်တွယ်နိုင်လိမ့်မည်ဖြစ်သည်။
*နေပါဦး ၊လင်ပေ့ဖန်က ဒီနေရာနဲ့ နီးနီးလေးမှာ ရှိနေတာမဟုတ်ဘူးလား*
မကြာသေးမီက သူသည် လင်ပေ့ဖန် နှင့် WeChatကနေ ဆက်သွယ်မှုရှိခဲ့ပြီး လင်ပေ့ဖန်က ဒီအနီးအနားဘဲ ထမင်းစားနေခဲ့တာကြောင့် သုံးမိနစ် လေးမိနစ်အတွင်းမှာပင် သူ ဒီနေရာကို ရောက်လာနိုင်သည်။
အကယ်၍ သူတို့နှစ်ယောက်သာ ပူးပေါင်းလိုက်ပါက ထိုလူတွေကို သူတို့ သေချာပေါက် ကိုင်တွယ်နိုင်လိမ့်မည်ဖြစ်သည်။ထို့ပြင် နောက်ကွယ်ကနေ ကြိုးကိုင်သူကိုလည်း သူတို့ ရှာဖွယ်နိုင်လိမ့်မည်ဖြစ်သည်။
ထို့ကြောင့် ရဲ့ရှင်းချန်သည် သူ့၏ဖုန်းကို ချက်ချင်းဘဲ ထုတ်လိုက်ပြီး လင်ပေ့ဖန်၏ ဖုန်းနံပါတ်ကို လျင်မြန်စွာဖြင့် ဆက်သွယ်ခဲ့သည်။
သူ့၏ ဖုန်းခေါ်ဆိုမှုက လျင်မြန်စွာဘဲ ချိတ်ဆက်သွားခဲ့ပြီး တစ်ဖက်မှ လင်ပေ့ဖန်၏ ဟက်ဟက်ပက်ပက်ရယ်မောသံက အရင်ထွက်ပေါ်လာခဲ့သည်။
" အစ်ကိုရဲ့ ၊ မင်းညမှ ဖုန်းခေါ်တာက အရက်သောက်ဖို့အတွက် ငါ့ကို ဖိတ်ခေါ်မလို့လား? "
ရဲ့ရှင်းချန်က စိုးရိမ်စွာဖြင့် လင်ပေ့ဖန်ကို ပြောလိုက်သည်။
" ဘော့စ်လင် ၊ လူတစ်စုက ငါ့ကို လိုက်ဖမ်းနေတယ်။ငါ အခု ချာချာလမ်းရဲ့ မြစ်ကမ်းနံဘေးရဲ့ လမ်းကြားမှာရှိတယ်။ငါ့ကို ကယ်ပါဦး။"
ထိုစကားကို သူပြောပြီးပြီးချင်း သူ့၏ဖုန်းသည် အဝေးကို ကန်ထုတ်ခံလိုက်ရပြီး မြေပြင်ပေါ်သို့ကျ၍ ကွဲသွားခဲ့သည်။
…....
တစ်ခြားတစ်ဖက်မှာတော့…...
လင်ပေ့ဖန်သည် အသံပျောက်သွားသော ဖုန်းကို ကြည့်၍ မျက်တောင်ခတ်လိုက်ပြီးတွေးလိုက်သည်။
*ရဲ့ရှင်းချန်က အလိုက်ခံနေရတာလား?*
*ပြီးတော့ သူက အကူအညီတောင် တောင်းလိုက်သေးတယ်လား?*
*မင်းက ခွန်အားကြီးတဲ့ စစ်ပွဲနတ်ဘုရားမဟုတ်ဘူးလားဟ။မင်းကို ဘယ်သူက ရိုက်နိုင်မှာမို့လို့လဲ?*
*ဒါက ထောင်ချောက်တစ်ခုလား?*
*ဒါပေမဲ့ သူပြောတဲ့ အသံက အတုအယောင်ေတာ့မဟုတ်ဘူး။*
" ဘာဖြစ်လို့လဲ ?" ဟု ဆောင်းယုချင်းက စိုးရိမ်စွာဖြင့် မေးခဲ့သည်။
" ငါ့မှာ အရေးတကြီးကိုင်တွယ်စရာ ကိစ္စတစ်ခုရှိတယ်။ မင်း ဒီမှာပဲနေပြီးတော့ အေးအေးဆေးဆေး ဆက်စားနေဦး။ ငါ သွားပြီးတော့ ခဏနေရင် ပြန်လာခဲ့မယ်။" ဟု ပြောပြီးနောက် လင်ပေ့ဖန်က မတ်တပ်ထရပ်ခဲ့သည်။
" အိုကေ ၊ မြန်မြန် သွားပြီးတော့ မြန်မြန်ပြန်လာခဲ့ "ဟု ဆောင်းယုချင်းက လင်ပေ့ဖန်ကို ပြောလိုက်သည်။
ထို့နောက် လင်ပေ့ဖန်သည် လမ်းလျှောက်နေစဉ်တွင် ဖုန်းခေါ်ဆိုမှု တစ်ခုကို ပြုလုပ်ခဲ့သည်။
" ဟယ်လို ရဲအရာရှိကြီး။ သူငယ်ချင်းတစ်ဆီကနေ အကူအညီတောင်းတဲ့ ဖုန်းခေါ်ဆိုမှု တစ်ခုကို ကျွန်တော် လက်ခံရရှိခဲ့တယ်။ သူ ကျွန်တော့်ကို ပြောတာတော့ သူအခု အန္တရာယ်ရှိနေပြီတဲ့။ဒါကြောင့် ကျေးဇူးပြုပြီးတော့ သူ့ကို အမြန်ကယ်ပေးပါဦး။"
ရဲကို အကြောင်းကြားပြီးနောက် လင်ပေ့ဖန်သည် တိတ်ဆိတ်စွာဖြင့် စနစ်ဆီကနေ ဆုတစ်ခုကို တောင်းခဲ့သည်။
" အစ်ကိုရဲ့ တောင့်ထားဦး ၊ ငါမင်းရဲ့စွမ်းရည်တွေကိုမြှင့်တင်ပေးလိုက်မယ်။"
[ ငါတိုက်ခိုက်တဲ့အချိန်တိုင်း ၊အကယ်၍ ငါ တစ်ချက်ထိုးခံထိရင် နာကျင်မှုက နှစ်ဆဖြစ်သွားပြီးေတာ့ အကယ်၍ ငါရဲ့ ခုခံမှုက ကျိုးပျက်သွားရင် ထိခိုက်မှုက နှစ်ဆဖြစ်သွားပါစေ လို့ ငါဆုတောင်းတယ်စနစ်။]( မင်းဟာက ကူညီတာရောဟုတ်ရဲ့လားဟ)
[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စည်းပေးလိုက်ပါသည်။ ]
" အစ်ကိုရဲ့ ၊မင်းတောင့်ထားဦး။ ငါမင်းကို မကြာခင် လာကယ်တင်မယ်"
စနစ်ဆီကနေဆုတောင်းပြီးနောက် လင်ပေ့ဖန်သည် တစ်နာရီလျှင် ၄ကီလိုမီတာ အမြန်နှုန်းဖြင့် အခင်းဖြစ်ပွားရာ နေရာသို့ အပြေးအလွှားသွားခဲ့သည်။