အခန်း (၆၉)
Vol. 5 Ch. 69
" နောက်တစ်ယောက် ၊ ဘယ်သူလာမလဲ ? " ဟု
လင်ပေ့ဖန်က ခေါ်လိုက်သည်။
" ကျွန်မ လာမယ် " ဟု ပြောပြီးနောက် အမျိုးသမီးတစ်ယောက်က အရှေ့သို့ ပြေးထွက်လာခဲ့သည်။
ထိုအမျိုးသမီး၏ ရုပ်ရည်သည် သာမန်ဖြစ်၍ သူမ၏ အရပ်ကတော့ ၁.၆မီတာအမြင့်ရှိပြီး သူမသည်သေးသွယ်တဲ့ လက်မောင်းတစ်စုံနှင့် သွယ်လှတဲ့ ခြေတံတစ်စုံကို ပိုင်ဆိုင်ထားသည်။ ထို့ပြင် သူမ၏ ခန္ဓာကိုယ်အလေးချိန်က ၄၅ကီလိုဂရမ် နီးပါးလောက်သာ ရှိပုံရပြီး သူမ၏ ခန္ဓာကိုယ်ကလည်း လေးပြင်းတိုက်လျှင် အဝေးကို ပါသွားနိုင်လောက်သည်။
လင်ပေ့ဖန်က ထိုအမျိုးသမီးကို ကြည့်၍ ပြောလိုက်သည်။
" ဒီမှာ အမိ ၊ ငါ မင်းကို လက်လျော့လိုက်ဖို့ အကြံပေးချင်တယ် "
သို့သော်လည်း ထိုအမျိုးသမီးက ပြတ်သားသော အမူအရာဖြင့် လင်ပေ့ဖန်ကို ပြောလိုက်သည်။
" မလုပ်ဘူး ၊ ကျွန်မ ဘယ်တော့မှ လက်လျော့မှာ မဟုတ်ဘူး "
လင်ပေ့ဖန်က သူမကို ဆက်လက်ပြီး ဖြောင်းဖြလိုက်သည်။
" အမိရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ဆိုရင် ဒီရေပုံးကို မ နိုင်မှာ မဟုတ်လောက်ဘူး "
ထိုအမျိုးသမီးကတော့ စိတ်ပိုင်းဖြတ်ထားပုံနှင့် ဆက်ရှိနေခဲ့သည်။
" မဟုတ်ဘူး ၊ကျွန်မ လုပ်နိုင်တယ် "
လင်ပေ့ဖန်က သူမကို ဆက်လက်၍ ဖြောင်းဖြခဲ့သည်။
" အမိ အတင်းအကျပ်မလုပ်နဲ့ …။ သိပ္ပံနည်းကျပြောရရင် အမိ ဒီရေပုံးကို တကယ် မ မနိုင်ဘူး ။ "
သူမက လင်ပေ့ဖန်ကို ပြန်ပြောလိုက်သည်။
" လူတိုင်းမှာ ယုံကြည်မှုရှိနေသ၍ ဘယ်အရာကိုမဆို လုပ်နိုင်တယ်လို့ ကျွန်မယုံကြည်တယ် "
ထိုစကားကို သူမပြောပြီးပြီးချင်း လက်ခုပ်တီးသံများက ထွက်လာခဲ့သည်။
Clap clap clap
သူမ၏ စကားကြောင့် လူတိုင်းက လှုံ့ဆော်ခံခဲ့ရပြီး သူမကို စိတ်အားထက်သန်စွာဖြင် ချီးကျူးခဲ့ကြသည်။
" ကောင်းတယ် ၊ပြောတာ ကောင်းတယ် "
" ငါ မင်းကို ထောက်ခံတယ် "
" လူတိုင်းမှာ ယုံကြည်မှုရှိနေသ၍ ဘယ်အရာကိုမဆို လုပ်နိုင်တယ် "
လူအုပ်ကြီး၏ အားပေးစကားများကြောင့် သူမသည် ပိုပြီးတော့တောင်မှ ယုံကြည်မှုရှိလာခဲ့သည်။
သူမသည် အသက်ပြင်းပြင်းနှစ်ချက်ရှုပြီးနောက်သူမ၏ ဝါးခြမ်းပြားလို သေးသွယ်တဲ့ ညာလက်ကို အရှေ့ကိုထုတ်လိုက်ပြီး ရေပုံး၏ ကိုင်းကို တင်းကျပ်စွာဖြင့် ဆုပ်ကိုင်ခဲ့သည်။
သူမ၏ ခန္ဓာကိုယ်ကိုအနည်းငယ် နောက်ဆုတ်ပြီးနောက် သူမရဲ့ ခွန်အားအကုန်လုံးကို စိုက်ထုတ်လိုက်ပြီး ကျယ်လောင်စွာဖြင့် အော်လိုက်သည်။
" ယား….."
သို့သော်လည်း ရေပုံးကတော့ မရွေ့လျားခဲ့ပေ။
ထိုအရာကို မြင်လိုက်ပြီးနောက် ကြည့်နေသူများက တိတ်ဆိတ်သွားခဲ့သည်။
သူမသည် သူမ၏ ကိုယ်နေဟန်ထားကို ပြောင်းလိုက်ပြီး နောက်တစ်ကြိမ်အော်၍ ရေပုံးကို မခဲ့ပြန်သည်။
" ယား…."
ရေပုံးကတော့ အရင်အတိုင်း ( သူမလို မပြောင်းလဲဘဲ )ဆက်ရှိနေခဲ့သည်။
ကြည့်နေသူများကလည်း တိတ်ဆိတ်စွာဖြင့် ဆက်ရှိနေခဲ့သည်။
ထိုသို့ အရှုံးမပေးချင်တာကြောင့် သူမသည် ကိုယ်နေဟန်ထားကို ထပ်ပြောင်းလိုက်ပြီး နောက်တစ်ကြိမ်အော်ဟစ်၍ ရေပုံးကို မလိုက်ပြန်သည်။
" Yamete kudasai 😝ယား……"
ဒါပေမဲ့လည်း ရေပုံးကတော့ တုတ်တုတ်တောင်မလှုပ်ခဲ့ပေ။
ကြည့်နေသူများကလည်း တိတ်ဆိတ်စွာဖြင့် ဆက်ရှိနေခဲ့သည်။
" ငါမယုံဘူး… ဒီရေပုံးကို ငါ မ မနိုင်ဘူးလို့ မယုံကြည်ဘူး "
" ယား… "
" ယား… "
" ကျွန်မ ထပ်ကြိုးစားဦးမယ် "
" ကျွန်မ ထပ်ကြိုးစားပြီး ၊ မ ကြည့်ဦးမယ်……"
လင်ပေ့ဖန်သည် စိတ်မရှည်တော့တာကြောင့် သူမကို ပြောလိုက်သည်။
" မင်း ကြိုးစားနေတာ ရပ်လိုက်တော့…။ အကယ်၍ မင်း မ မနိုင်ရင် ၊ ထပ် မ မနဲ့တော….။ နောက်တစ်ယောက်လာ…"
ထိုအမျိုးသမီးက စိုးရိမ်လာပြီး လင်ပေ့ဖန်ကို ပြောလိုက်သည်။
" ကျွန်မကို ကြိုးစားဖို့အတွက် နောက်ဆုံးအခွင့်အရေးလေးတစ်ခု ပေးပါဦး "
သူမ ရေပုံးကို မလိုက်ချိန်တွင် အသံတစ်ခု ထွက်လာခဲ့သည်။
" ကလစ် "
တစ်ကမ္ဘာလုံးက တိတ်ဆိတ်သွားပုံရသည်။
နောက်ဆုံးမှာတော့ လူအုပ်ကြီးက ခါးနာတာကြောင့် စိတ်ပျက်အားငယ်နေသော အမျိုးသမီးကို နီးစပ်ရာဆေးရုံစီသို့ ပို့ပေးခဲ့ရသည်။
" လူတစ်ယောက်က ကိုယ့်ရဲ့ ကန့်သတ်ချက်ကို ကိုယ်ကိုယ်တိုင် သိရမယ်။ အကယ်၍ မင်းတို့ မလုပ်နိုင်ရင် အရှုံးပေးလိုက်…."ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
သို့သော်လည်းပဲ ပါဝင်ယှဉ်ပြိုင်သည့် လူများကတော့ သူတို့၏ ကန့်သတ်ချက်ကို သူတို့ကိုယ်တိုင် မသိပုံရသည်။
ထို့ပြင် ရေပုံးကို မသည့် တယောက်စီတိုင်းကလည်း သူတို့၏ ခါးနှင့် လက်မောင်းကြွက်သားများ ဒဏ်ရာရခဲ့ကြပြီး ဒဏ်ရာရနှုန်းကလည်း မြင့်တက်လာခဲ့သည်။
သူတို့၏ မဆုတ်မနစ်ကြိုးစားမှုအောက်တွင် နောက်ဆုံးမှာတော့ လူတစ်ယောက်သည် ရေပုံးကို တစ်မိနစ်ကြာအောင် မနိုင်ခဲ့သည်။ဒါပေမဲ့လည်း သူ့မ၏ ခါးနှင့် လက်မောင်းကြွက်သားများတော့ ပြင်းထန်စွာ ဒဏ်ရာရခဲ့သည်။
……...
လုံယရင်းနှီးမြှုပ်နှံရေး ကုမ္ပဏီ၏ ဌာနချုပ်တွင်…
နဂါးဘုရင်ကျိုရှင်းသည် အတော်လေးကို စိတ်လှုပ်ရှားတာကြောင့် မျက်ရည်ကျလုနီးပါး ပျော်ရွှင်နေခဲ့သည်။
" နောက်ဆုံးတော့ အင်တာဗျူးကို တစ်ယောက်အောင်မြင်သွားခဲ့ပြီ…။ ဒါက တကယ့်ကို မလွယ်ကူဘူး။ "
" နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် ၊နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် " ဟု အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်စီတိုင်းက ညီညီညာညာဖြင့် အော်ပြောခဲ့သည်။
ထို့နောက် ကျိုးရှင်းသည် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
" ငါးဆယ်ကတ်တီအလေးချိန်ရှိတဲ့ ရေပုံးကို လက်ဖက်တည်းနဲ့ တစ်မိနစ်ပြည့်အောင် ထိန်းနိုင်ဖို့ဆိုတာ ဘယ်သူ့အတွက်မှ မလွယ်ကူဘူး။ ဒါက ပုံမှန်လေ့ကျင့်ခန်းလုပ်တဲ့ သူတွေအတွက်တောင် မလွယ်ကူဘူး။ ဒါကြောင့် ဒီရာထူးက ငါတို့အတွက်သေချာသွားပြီ ။ "
" နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် ၊နဂါးဘုရင်ကို ဂုဏ်ပြုပါတယ် " ဟု အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်စီတိုင်းက ညီညီညာညာဖြင့် နောက်တစ်ကြိမ် အော်ပြောခဲ့ပြန်သည်။
ကျိုရှင်းက အသံကျယ်ကျယ်ဖြင့် အော်ပြောခဲ့သည်။
" သူမက ငါတို့ရဲ့ သူရဲကောင်းပဲ…။ပြီးတော့ သူမရဲ့ ဆေးဖိုးဝါးခအကုန်လုံးကို ငါပေးချေမယ်။ဒါ့အပြင် သူမကို ဗီလာအိမ်တစ်လုံးနဲ့ ဇိမ်ခံကားနှစ်စီးကို ငါ လက်ဆောင်ပေးတယ်။ အကယ်၍ သူမ လင်ပေ့ဖန်ရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ပြီးလို့ ငါတို့ဆီ ပြန်လာတဲ့အခါကျရင် စီအီအို ရာထူးပေးမယ်။ သူမရဲ့ တစ်နှစ်လစာက ဆယ်သန်းကျော်ပဲ…."
" တိုတိုပြောရရင် ငါ သူမကို ထိုက်ထိုက်တန်တန်ဆုချမယ်။ "
" ကျေးဇူးတင်ပါတယ် ၊နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူများက တတိယအကြိမ် ညီညီညာညာဖြင့် ပြောလိုက်သည်။
ကျိုရှင်းသည် ၈၂နှစ်သက်တမ်းရှိပြီး ဖြစ်တဲ့ ဝိုင်ကို ဖန်ခွက်ထဲသို့ သူ့ဘာသာသူလောင်းထည့်လိုက်ပြီး ဝိုင်ခွက်ကို ညင်သာစွာဖြင့် လှုပ်ယမ်းခဲ့သည်။
ထို့နောက် သူ့၏ ပါးစပ်ထောင့်တွင်လည်း စဉ်းလဲကောက်ကျစ်တဲ့ အပြုံးတစ်ပွင့်ပေါ်လာခဲ့ပြီး ပြောလိုက်သည်။
" လင်ပေ့ဖန် ၊ ဒီတစ်ကြိမ်တော့ မင်း ငါနဲ့ ဘယ်လို ယှဉ်ပြိုင်မလဲဆိုတာ ကြည့်ကြရအောင် "
…....
ထိုအချိန်တွင် လင်ပေ့ဖန်သည် အားနည်းတဲ့မိန်းကလေးတစ်ယောက်က ငါးဆယ်ကတ်တီနီးပါးရှိတဲ့ ရေပုံးကို တစ်မိနစ်ပြည့်အောင် မ နိုင်လိမ့်မယ်လို့ သူမမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်းပဲ သူသည် တည်ငြိမ်စွာဖြင့် ဆက်ရှိနေပြီး ပြောလိုက်သည်။
" နောက်တစ်ယောက် ဘယ်သူလာမလဲ ? "
" ကျွန်တော် လာမယ် "
ထို့နောက် အင်တာဗျူးဖြေသူများ၏ လူအုပ်ထဲမှာ အေးဆေးတည်ငြိမ်ပုံရတဲ့ လူငယ်လေးတစ်ယောက်က လမ်းလျှောက်ထွက်လာခဲ့သည်။
သူသည် ပေါ့ပေါ့ပါးပါး အနက်ရောင်အဝတ်အစားနှင့် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး ပိန်ပိန်ရှည်ရှည်နှင့် ထက်ရှတဲ့ အသွင်အပြင်ကို ပိုင်ဆိုင်ထားသည်။ထို့ပြင် သူ့၏ မျက်လုံးများကလည်း နူးညံ့သိမ်မွေ့ပြီး ထူးခြားတဲ့ စိတ်နေစိတ်ထားကို ပိုင်ဆိုင်ထားသည်။
လင်ပေ့ဖန်က သူ့ကို အပြုံးဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
" မင်းရဲ့ နာမည်က ဝူကောဟုတ်။မင်းရဲ့ အသက်ကတော့ ၂၃နှစ်ပဲရှိသေးတယ်။ မင်းက တော်တော်ငယ်သေးတာပဲ။ ဘာကြောင့် ဒီကို လာပြီးတော့ မင်း သန့်ရှင်းရေးအလုပ်ကို လာလျှောက်ရတာလဲ ? "
ထိုလူက တည်ငြိမ်စွာဖြင့် လင်ပေ့ဖန်ကို ပြန်ဖြေခဲ့သည်။
" ကျွန်တော်ရဲ့ ပညာရေးအဆင့်အတန်းက နိမ့်တယ် ။ ပြီးတော့ ကျွန်ေတာ့်မှာ ဘွဲ့လက်မှတ်လည်း မရှိဘူး။ ဒါ့အပြင် ပိုက်ဆံရှာဖို့အတွက် ကျွန်တော့်မှာ အရည်အချင်းလည်းမရှိဘူး။ဒါကြောင့် ကျွန်တော် ဒီအလုပ်ကို လာလျှောက်ဖို့ စဉ်းစားခဲ့တာဘဲ ။ ဒါပေမဲ့ ကျွန်တော် မမျှော်လင့်ထားတာက…."
သူသည် သူ့၏ ဦးခေါင်းကို အနည်းငယ်လှည့်၍ ဒေါက်တာဘွဲ့ရများနှင့် မာစတာဘွဲ့ရများကို ကြည့်လိုက်၍ သူ့၏ ပါးစပ်ထောင့်သည် အနည်းငယ်ကော့တက်သွားခဲ့ပြီး ပြောလိုက်သည်။
" ငါ့နဲ့ ယှဉ်ပြိုင်မဲ့လူက အများကြီးပဲ ။ ပြီးတော့ ဒီလောက် ပညာအရည်အချင်းမြင့်တဲ့ သူတွေက သန့်ရှင်းရေးရာထူးအတွက် ငါနဲ့ ယှဉ်ပြိုင်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ "
ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ခါလိုက်ပြီး ပြောလိုက်သည်။
" အခု စကားပြောတာ လုံလောက်ပြီ။ ကျေးဇူးပြု၍ မင်းရဲ့ စွမ်းဆောင်ရည်ကို ပြသပေးပါ …"
ဝူကောသည် ခေါင်းညိတ်၍ ရေပုံးဆီသို့ ချဉ်းကပ်လာခဲ့သည်။ထို့နောက် သူသည် ရေပုံးကို လက်တစ်ဖက်တည်းဖြင့် 50 စင်တီမီတာရောက်တဲ့အထိ အားမစိုက်ထုတ်ဘဲနဲ့ ညင်သာစွာမလိုက်ပြီး ရေကို တည်ငြိမ်အောင်ထိန်းထားခဲ့သည်။
ထို့ပြင် သူ့၏ ခြေထောက်များကလည်း တဖြောင့်တည်းဖြစ်၍ သူ့၏မျက်နှာအမူအရာကလည်း သဘာဝအတိုင်း မပြောင်းလဲဘဲ ရှိနေခဲ့သည်။
သူ မ လိုက်တာက ငါးဆယ်ကတ်တီအလေးချိန်ရှိတဲ့ ရေပုံးကို မ လိုက်သလို မဟုတ်ဘဲနဲ့ ပလက်စတစ်အိတ်သေးသေးလေးကို မ လိုက်သလိုဖြစ်နေခဲ့သည်။
" မယုံနိုင်စရာဘဲ " ဟု လူတိုင်းက အော်ပြောခဲ့ကြသည်။
တစ်ခြားလူတွေအကုန်လုံးက သူတို့ရဲ့ ခွန်အားအကုန်လုံးကို မစိုက်ထုတ်ဘဲနဲ့ ရေပုံးကို မမြှောက်နိုင်ဘူးဆိုတာ သိထားရမည်ဖြစ်သည်။
ဒါပေမဲ့လည်း ဝူကောကတော့ သက်တောင့်သက်သာအမူအရာဖြင့် ရေပုံးကို မ ပြခဲ့သည်။
ထိုအရာက မယုံနိုင်စရာကောင်းသည်။
ထိုနည်းလမ်းဖြင့် သူသည် ရေပုံးကို တစ်မိနစ်ကြာအောင် အားမစိုက်ထုတ်ဘဲနဲ့ ထိန်းပြခဲ့သည်။
ထို့နောက် သူသည် နောက်ထပ်တစ်မိနစ်ကြာအောင် ထပ်ထိန်းပြခဲ့သည်။
ရေပုံးကို အောက်သို့ ချပြီးတဲ့နောက်တွင် သူသည် အေးဆေးစွာဖြင့် လင်ပေ့ဖန်ကို ပြောလိုက်သည်။
" ဒီလောက်ဆို လုံလောက်ပြီလား ? "
လင်ပေ့ဖန်သည် ခေါင်းညိတ်၍ ပြုံးပြလိုက်ပြီး ပြောလိုက်သည်။
" မှန်တာပေါ့ ၊လျှောက်ထားသူတွေအကုန်လုံးထဲမှာ မင်းက ရေပုံးကို အချိန်အကြာဆုံး ထိန်းထားနိုင်တဲ့သူပဲ…။အကယ်၍ မတော်တဆတစ်ခုခုမဖြစ်ခဲ့ရင် ဒီရာထူးက မင်းအတွက်ဘဲ ဖြစ်လိမ့်မယ်…။
" အကယ်၍ မတော်တဆတစ်ခုခုဖြစ်ခဲ့ရင်လည်း ငါတို့ နောက်တစ်ကြိမ် ထပ်ပြိုင်နိုင်တယ်…။ ငါ ဒီရေပုံးကို ငါးမိနစ်ကျော်လောက် ထိန်းထားနိုင်တယ် ။ " ဟု ဝူကောက ယုံကြည်မှု ရှိစွာဖြင့် လင်ပေ့ဖန်ကို ပြောလိုက်သည်။