အခန်း (၇၂)
Vol. 5 Ch. 72
ဒုတိယနေ့တွင် ဇာတ်လိုက်ဝူကောသည် ကုမ္ပဏီ၌ အလုပ်စလုပ်ရန် မစောင့်နိုင်တော့ပေ။
" ရှောင်ဝူ ၊ အန်တီတို့ကုမ္ပဏီက သိပ်မကြီးဘူး ။ ကုမ္ပဏီမှာ ဝန်ထမ်းတစ်ရာအောက်ပဲရှိတယ်။ ဒီကုမ္ပဏီက တကယ်တော့ လင်ဂရုရဲ့ လက်အောက်ခံကုမ္ပဏီတစ်ခုပဲ ဖြစ်တယ်။ ပြီးတော့ ရင်းနှီးမြှုပ်နှံရေးအတွက် အဓိက တာဝန်ယူရတယ်။ "
" လွန်ခဲ့တဲ့တစ်လလောက်က အန်တီတို့ကုမ္ပဏီရဲ့ ရန်ပုံငွေစုစုပေါင်းက ယွမ်သန်းတစ်ရာနီးပါးပဲရှိတယ်။ ဒါပေမဲ့ မစ်စတာလင် ရောက်လာပြီးတဲ့နောက်မှာ အန်တီတို့ကုမ္ပဏီက နေ့တိုင်းနီးပါး ပြောင်းလဲတိုးတက်လာခဲ့တယ်။ ဒါ့အပြင် အခု အန်တီတို့ကုမ္ပဏီရဲ့ ရန်ပုံငွေစုစုပေါင်းကလည်း ယွမ်၁၀ဘီလီယံနီးပါးထိ တိုးတက်လာခဲ့တယ်။ "
" အန်တီတို့ကုမ္ပဏီရဲ့ နေ့စဉ် အလုပ်တွေကလည်း တိုးလာတဲ့အတွက် ဘော့စ်လင်က လူသစ်တွေ ခေါ်ရတာဘဲ…"
ဝူကောက သူ့ဘာသူ ကုမ္ပဏီပတ်ဝန်းကျင်နှင့် ရင်းနှီးအောင်ပြုလုပ်နေစဉ်တွင် အန်တီလျူက ကုမ္ပဏီရဲ့ ယေဘုယျအခြေအနေကို မိတ်ဆက်ပေးခဲ့သည်။
ဝူကောသည် အန်တီလျူပြောတာကို လေးလေးနက်နက်နားထောင်၍ သူ့၏ စိတ်ထဲ၌ မနေနိုင်ဘဲ ခေါင်းညိတ်မိခဲ့သည်။
လင်ပေ့ဖန် နှင့် သူသည် ရန်သူတွေဖြစ်သော်လည်းပဲ လင်ပေ့ဖန်ရဲ့ အံ့အားသင့်ဖွယ်ကောင်းတဲ့ ရင်းနှီးမြှုပ်နှံရေးစွမ်းရည်တွေကိုတော့ သူ လေးစားမိသည်။
လင်ပေ့ဖန်သည် နှစ်အနည်းငယ်အတွင်းမှာပင် ရန်ပုံငွေ သန်းပေါင်းများစွာမှ ဘီလီယံရာပေါင်းများစွာဖြစ်သည်အထိ လျင်မြန်စွာဖြင့် စွမ်းဆောင်နိုင်ခဲ့ပြီး စီးပွားရေးအင်ပါယာတစ်ခုကိုလည်း တည်ထောင်၍ နိုင်ငံတစ်နိုင်ငံလုံးရှိ စက်မှုလုပ်ငန်းမျိုးစုံကိုပါ ဖြန့်ကျက်နိုင်ခဲ့သည်။
သူသည် အခုမှ စတင်ပြီးရင်းနှီးမြှုပ်နှံရုံ ရှိသေးပေမဲ့လည်း သူ့၏ အစွယ်တွေကို ပြသနေခဲ့ပြီဖြစ်သည်။
ဝူကော၏ လေးနက်တဲ့ မျက်နှာအမူအရာကိုကြည့်ပြီး အန်တီလျူသည် ကုမ္ပဏီ၏ အကြောင်းကို ပိုပြီးတော့တောင်မှ အိတ်သွန်ဖာမှောက်ဖောက်သည်ချခဲ့သည်။
" အန်တီတို့ရဲ့ကုမ္ပဏီက လုပ်ငန်းတွေကို တိုးချဲ့ရုံသာမကဘူး။ လူတိုင်းရဲ့ အကျိုးခံစားခွင့်တွေကိုလည်း တိုးမြင့်ပေးခဲ့တယ်။ အန်တီလို သန့်ရှင်းရေးဝန်ထမ်းရဲ့ လစာတောင် နှစ်ဆရတယ်။ အကယ်၍ ဘော့နပ်ရတဲ့ ပိုက်ဆံပါ ထည့်ပေါင်းလိုက်ရင် အန်တီရဲ့ တစ်လစာ ဝင်ငွေက ယွမ်တစ်သောင်းကျော်လောက်ရတယ်။ အန်တီလို သန့်ရှင်းဝန်ထမ်းတစ်ယောက်ရဲ့ တစ်လစာဝင်ငွေက ယွမ်တစ်သောင်းကျော်ရတယ်လို့ ဘယ်သူက ထင်မှာလဲ ? ။ " ဟု ပြောပြီးနောက် အန်တီလျူက အသံထွက်၍ ရယ်မောခဲ့သည်။
" ဒါ့အပြင် ဘော့စ်လင်က သူ့ရဲ့လက်အောက်ငယ်သား တစ်ယောက်ချင်းဆီတိုင်းကို ဂရုစိုက်ပြီးတော့ လူတိုင်းကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံတယ်…။ အကယ်၍ မင်းရဲ့အိမ်မှာ ပြဿနာတစ်ခုခုဖြစ်လို့ အိမ်ပြန်ဖို့ လိုအပ်တယ်ဆိုရင်လည်း သူက ခွင့်ပြုပေးတယ်။ အကယ်၍ မင်းမိသားစုထဲက တစ်ယောက်ယောက်က နေမကောင်းဖြစ်ပြီးတော့ ဈေးရုံတင်ဖို့ လိုအပ်တယ်ဆိုရင် ၊ သူက သူတို့အတွက် အကောင်းဆုံးဆေးရုံနဲ့ ဆရာဝန်တွေကို စီစဥ်ပေးနိုင်တယ်။ "
" အန်တီအမေလို မိန်းမအိုကြီးတောင် ခြွင်းချက်မရှိဘူး…။ ဒါ့အပြင် အန်တီလိုအသက်ကြီးကြီးလူတစ်ယောက်က သန့်ရှင်းရေးအလုပ်ကို ပင်ပင်ပန်းပန်းနဲ့လုပ်နေတာကို သူမြင်လိုက်တယ်။ ဒါ့ကြောင့် အန်တီကို ကူညီဖို့အတွက် နောက်ထပ် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်ကို အလုပ်ခန့်လိုက်တယ်လေ…။ ဒီလို အကြောင်းပြချက်ကြောင့် မင်းကို အလုပ်ခန့်ခဲ့ရတာဘဲ…"
ဝူကောသည် ထပ်မံပြီး ခေါင်းညိတ်ခဲ့သည်။
သူသည် လင်ပေ့ဖန်ကို မကြိုက်သော်လည်းပဲ လင်ပေ့ဖန်က သူ့ရဲ့လက်အောက်ငယ်သားတွေနဲ့ သူ့ရဲ့အမျိုးသမီးတွေကိုတော့ ကောင်းကောင်းမွန်မွန်ကြင်ကြင်နာနာနဲ့ ဆက်ဆံတာကို သူဝန်ခံရမည်ဖြစ်သည်။
ဒါမှမဟုတ်ရင်တော့ သူ့ကို နှလုံးသတစ်ခုလုံးပုံပေးပြီးချစ်တဲ့ မိန်းကလေးတွေနဲ့ အရမ်းသစ္စာရှိတဲ့ လက်အောက်ငယ်သားတွေ သူ့မှာ ရှိနိုင်မှာမဟုတ်ပေ။
သို့သော်လည်းပဲ သူ့နှင့် ရန်သူတွေဖြစ်လာပါက အရမ်းသနားစရာကောင်းလိမ့်မည်ဖြစ်သည်။
ဘာကြောင့်လဲဆိုတော့ သူသည် သူ့ရဲ့ ရန်သူတွေနှင့် ဆက်ဆံရာတွင် အရမ်းရက်စက်ပြီး မသနားတတ်သောကြောင့်ဖြစ်သည်။
သူ့ကို ပစ်မှတ်ထားလာတဲ့ လူတိုင်းသည် နောက်ဆုံးတွင် သနားစရာကောင်းတဲ့ အခြေအနေနဲ့ အဆုံးသတ်ခဲ့ရသည်။
ဥပမာအားဖြင့် သူ့ကို(ဝူကော) နမူနာပြနိုင်သည်။သူသည် မတော်တဆ လင်ပေ့ဖန်ကို စော်ကားမိခဲ့ပြီး ထောင်ထဲအပို့ခံခဲ့ရ၍ သူ့ရဲ့ စည်းစိမ်တွေအကုန်လုံးကိုလည်း ဆုံးရှုံးခဲ့ရသည်။
ထို့ပြင် ထောင်ထဲက ပြန်ထွက်တဲ့အခါတွင်လည်း သူ့ကို တစ်ကြိမ်ပြီးတစ်ကြိမ် လင်ပေ့ဖန်က ထောင်ထဲသို့ပြန်ပို့ခဲ့သည်။ သူ့မှာ ပြန်လှည့်ဖို့တောင် အခွင့်အရေးမရှိခဲ့ပေ။
.
သူ့၏ အတိတ်ဘဝတုန်းက သူ့လိုထူးချွန်သူများအများအပြားသည် လင်ပေ့ဖန်ကို စော်ကားမိခဲ့ပြီး
သူ့ကို ပစ်မှတ်ထားခဲ့ကြသည်ကို သူ ထင်ထင်ရှားရှားသတိရမိခဲ့သည်။
ထိုသူတို့၏ အမျိုးသမီးများက သူတို့ကို စွန့်ပစ်ခဲ့ကြသည်။သူတို့ရဲ့ သူငယ်ချင်းတွေကပါ သူတို့ကို စွန့်လွှတ်ခဲ့ကြပြီး သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်များလည်း ပျက်စီးခဲ့ရသည်။
တစ်ခုထက် တစ်ခုက ပိုပြီးတော့တောင်မှ သနားစရာကောင်းနေသေးသည်။
…….....
" ဒါတွေအကုန်လုံးကို ဘော့စ်လင်က ယူလာပေးခဲ့တာဘဲ…။ ဒါကြောင့် အန်တီတို့အားလုံးက ဘော့စ်လင်ကို အရမ်းကျေးဇူးတင်နေတာ….။အခု အန်တီတို့လုပ်နိုင်တဲ့ တစ်ခုတည်းသောအရာက အန်တီတို့ရဲ့ အလုပ်တွေကို ကောင်းကောင်းလုပ်ပြီးတော့ ဘော့စ်လင်ရဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့ချပေးဖို့ပဲ…...။ဒါကြောင့် ရှောင်ဝူ…အလုပ်ကြိုစားပြီးတော့ ဘော့စ်လင်ရဲ့ ကျေးဇူးကို ပြန်ဆပ်ပါ…။ သား နားလည်လား ?? " ဟု အန်တီလျူက ဝူကောကို ရိုးရိုးသားသား ပြောလိုက်သည်။
ဝူကောသည် နာခံစွာဖြင့် ခေါင်းညိတ်ခဲ့ပေမဲ့လည်း သူ့၏ ရင်ထဲမှာတော့ လှောင်ရယ်နေခဲ့သည်။
သူ့ကျေးဇူးကို ပြန်ဆပ်ရမှာလား …?
ငါလေးက လက်စားချေဖို့အတွက် ဒီကို လာတာလေ……
" ရှောင်ဝူ သန့်ရှင်းရေးအလုပ်က မတိုးတက်နိုင်ဘူးလို့ သား မထင်နဲ့…။ အန်တီတို့ရဲ့ ဘော့စ်လင်က ထူးချွန်ထက်မြက်တဲ့ လူငယ်တွေကို တန်းဖိုးထားတယ်။ သားမှာ အရည်အချင်းရှိတယ်ဆိုရင် သူက သားကို ရာထူးတိုးပေးလိမ့်မယ်။ အရှေ့မှာ ဘော့စ်လင်ရဲ့ ချီးမြှင့်မြောက်စားခြင်းကို ခံခဲ့ရတဲ့ လူငယ်လေးတစ်ယောက်တောင်ရှိသေးတယ်။ အဲ့ဒီလူငယ်လေးက သာမန်သက်တော်စောင့်အဆင့်ကနေ မန်နေဂျာရာထူးအဆင့်ထိကို ရာထူးတိုးခံခဲ့ရတယ်။ သူ့ရဲ့ တစ်နှစ်လစာက ဂဏန်း၆လုံးထိ ရရှိခဲ့တယ်။ ဒါ့အပြင် သူက ဘော့စ်လင်ချီးမြှင့်တဲ့ ဆုကြေးငွေ တစ်သန်းကိုလည်း ရရှိခဲ့သေးတယ်။ ဒါကမနာလိုစရာ ၊ကောင်းတယ်မဟုတ်လား?? "
ဝူကောက သိချင်စွာဖြင့် အန်တီလျူကို မေးမြန်းလိုက်သည်။
" အဲ့ဒီလူငယ်လေးက ဘယ်သူလဲ ? "
" သူ့နာမည်က ရဲ့ရှင်းချန် ၊ မစ်စတာရဲ့လို့ အများကခေါ်ကြတယ် "ဟု အန်တီလျူက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူကောသည် ထိတ်လန့်သွားခဲ့ပြီး အန်တီလျူကို ပြန်မေးမြန်းလိုက်သည်။
" အန်တီလျူ ၊ ခုနက ဘယ်သူလဲ ? ။ သူ့နာမည်က ရဲ့ရှင်းချန် ဟုတ်လား ? "
အန်တီလျူက ခေါင်းညိတ်လိုက်သည်။
" ဟုတ်တယ်လေ "
" သူရုပ်ရည်က ဘယ်လိုပုံစံရှိလဲ ? " ဟု ဝူကောက မေးလိုက်သည်။
" အို့ ၊ အန်တီ သူ့ပုံစံကိုတော့ တိတိကျကျ မဖော်ပြနိုင်ဘူး။ ဒါပေမဲ့ သူက ခန္ဓာကိုယ် တောင့်တင်းသန်မာပြီးတော့ ရုပ်ချောတယ်။ သူ့ဓာတ်ပုံက ဟိုမှာရှိတယ် " ဟု ပြောပြီးနောက် အန်တီလျူသည် နံရံပေါ်မှာချိတ်ထားတဲ့ ဓာတ်ပုံကြီးတစ်ပုံရှိရာကို ညွှန်ပြခဲ့သည်။
ဓာတ်ပုံထဲတွင် လူနှစ်ယောက်ပါဝင်ပြီး သူတို့ထဲက တစ်ယောက်ကတော့ လင်ပေ့ဖန်ဖြစ်သည်။
ဓာတ်ပုံထဲ၌ လင်ပေ့ဖန်၏ပုံသည် ခမ်းနားသော ဝတ်စုံနှင့် ပြောင်လက်နေတဲ့ သားရေရှူးဖိနပ် တစ်ရံကို ဝတ်ဆင်ထားသည်။ ထို့ပြင် သူ့၏မျက်နှာပေါ်တွင်လည်း တောက်ပပြီးနွေးထွေးတဲ့ အပြုံးတစ်ပွင့်ဖြင့် သူသည် မတ်တပ်ရပ်နေခဲ့သည်။ သူ့ပုံစံကို
ကြည့်ရတာကလည်း အောင်မြင်တဲ့လူတစ်ယောက်နှင့် တူနေခဲ့သည်။
တစ်ခြားလူသည် ပြောင်ချော လုံခြုံရေးဝတ်စုံကို ဝတ်ဆင်ထားပြီး သူ့၏ ရင်ဘတ်ပေါ်တွင် ကြီးမားတဲ့ အနီရောင်ပန်းပွင့်ကြီးတစ်ပွင့်ပါတဲ့ ပန်းကုံးကို ဆွဲထားသည်။ထို့ပြင် သူသည် ဆုကြေးငွေတစ်သန်းလို့ ရေးထားသည့် ဆုတံဆိပ်ကြီးကို ကိုင်ထား၍ အရူးတစ်ယောက်လိုမျိုး ပြုံးနေခဲ့သည်။
ထိုပုံကို မြင်လိုက်ရသောအခါတွင် ဝူကော၏ ရင်ထဲ၌ တုန်လှုပ်သွားခဲ့သည်။
" ဒါဆိုရင် တကယ်ပဲ သူပေါ့။ စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန် ! "
သူ့၏အတိတ်ဘဝတုန်းက ထိုလူသည် လင်ပေ့ဖန်နှင့် ကမ္ဘာမကြေရန်သူ ဖြစ်သည်။
လင်ပေ့ဖန်သည် သူ့ရဲ့ မိန်းကလေးကို အဝေးကို ခေါ်သွား၍ သူ့ရဲ့ ညီအစ်ကိုတွေကိုလည်း ဖမ်းဆီးခဲ့ပြီး
ရဲ့ရှင်းချန်ကို ရှုံးနိမ့်စေခဲ့သည်။ ထို့ပြင် လင်ပေ့ဖန်သည် ရဲ့ရှင်းချန်ကို ယန်နိုင်ငံတော်ကနေလည်း ခွေးပြေးဝက်ပြေးထွက်ပြေးရအောင် တွန်းအားပေးခဲ့သည်။
သူက ဘယ်လိုလုပ်ပြီးတော့ ဒီနေရာမှာ အလုပ်လုပ်နေရတာလဲ …?။
ပြီးတော့ သူက လင်ပေ့ဖန်ယုံကြည်ရတဲ့ လက်အောက်ငယ်သားတွေထဲက တစ်ယောက်အပါအဝင်ဖြစ်လာခဲ့တာလား …?။
ဖြစ်နိုင်တာ ငါ ပြန်လည်မွေးဖွားလာတာက ဒီလိုမျိုး လိပ်ပြာအကျိုးသက်ရောက်မှုကို ဖြစ်စေခဲ့တာလား ?