← Chapters

အခန်း (၇၄)

Vol. 5 Ch. 74

အခန်း (၇၄)

Vol. 5 Ch. 74

" ရှောင်ဝူ…မင်းဘာလုပ်နေတာလဲ ? "

" အန်တီလျူ ၊ဒီဗီရိုက ဒီမှာ နေရာအများကြီးယူတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် တစ်ခြားနေရာလွတ်ကို ကျွန်တော် ရွေ့လိုက်တာ…။

အန်တီလျူ ၊ ဒီကို ကြည့်လိုက် ။ ဒီနား လမ်းလျှောက်ရတာ အရင်တုန်းကထက် ရှင်းလင်းပြီးတော့ သွားလာရ ပိုလွယ်ကူသွားတယ်မလား ? "ဟု ဝူကောက ပြောလိုက်သည်။

" ဟုတ်တယ်၊ သားပြောတာ မှန်တယ် ။ ရှောင်ဝူ သားက အတော်လေးကို တွေးတတ်တာဘဲ …" ဟု

အန်တီလျူက ပြောလိုက်သညါ။

" ရှောင်ဝူ ၊ ဒီအပင်တွေကရော ဘာတွေလဲ ? ။ အန်တီတို့ ကုမ္ပဏီမှာ ဒီလို အပင်မျိုးတွေရှိတာကို အန်တီမမှတ်မိပါလား ? " ဟု အန်တီလျူက မေးလိုက်သည်။

" အန်တီလျူ …ဒီအပင်တွေကို ကျွန်တော့်ဘာသာ ကျွန်တော်ဝယ်ခဲ့တာ…။ ဒီနေရာကို ကြည့်ရတာ အရမ်းရှင်းနေတယ်လို့ ကျွန်တော်ခံစားရတယ်။ ဒါကြောင့် ဒီအပင်တွေကို ဒီမှာ ကျွန်တော်ထားလိုက်ရတာဘဲ …။ အန်တီလျူ အဲ့ဒီအပင်တွေကဘယ်လောက်တောင် စိမ်းလန်းစိုပြေ နေလဲဆိုတာကို ကြည့်လိုက်….။ ပြီးတော့ အဲဒီအပင်တွေက သာယာပြီး သက်တောင့်သက်သာရှိတဲ့ လေထုကို ဖန်တီးပေးတယ် မဟုတ်လား ? ။ "

" သားပြောတာမှန်တယ်။ သူတို့ကို ကြည့်ရတာ မျက်စိပ‌ဒဿဖြစ်တယ်။ " ဟု အန်တီလျူက ဖြေလိုက်သည်။

" ရှောင်ဝူ ၊ နံရံပေါ်မှာ ဘာကို ချိတ်ဆွဲထားတာလဲ ?

အဲ့ဒါက ကြေးနီဒင်္ဂါးပြားတစ်ပြားနဲ့ တူတယ်။ " ဟု အန်တီလျူက မေးလိုက်သည်။

" အန်တီလျူ ၊ဒါက ကျွန်တော် ဘုရားကျောင်းကနေ ရခဲ့တဲ့ ကြေးနီဒင်္ဂါးပြားတွေဘဲ …။ သူတို့က ကံကောင်းစေတယ်…။ ကျွန်တော်ကြားမိတာက ဒီကြေးနီဒင်္ဂါးပြားတွေကို နံရံမှာ ချိတ်ဆွဲထားရင် ချမ်းသာပြီးတော့ ကောင်းမွန်တဲ့ ကံကြမ္မာကို ဆွဲဆောင်နိုင်တယ်တဲ့….။ ပြီးတော့ဒါက ကျွန်တော်တို့ရဲ့ စီးပွားရေးတွေကိုလည်း တိုးတက်‌စေလိမ့်မယ်။ အကယ်၍ ကျွန်တော်တို့ရဲ့ ကုမ္ပဏီက တိုးတက်လာခဲ့ရင် ကျွန်တော်တို့ရဲ့ ‌ဝင်ငွေတွေကလည်း တိုးတက်လာလိမ့်မယ်…။ "ဟု ဝူကောက ပြောလိုက်သည်။

" သားပြောတာမှန်တယ်။ ရှောင်ဝူ နောက်ကျရင် အန်တီတို့ ဒီကြေးနီဒင်္ဂါးပြားတွေကို များများချိတ်ထားရမယ်…။ "

ထိုနည်းလမ်းဖြင့် ဝူကောသည် ကုမ္ပဏီရဲ့ ဖုန်းရွှေ‌ဖွဲ့စည်းပုံကို လျှို့ဝှက်စွာဖြင့် ပြောင်းလဲခဲ့သည်။

တကယ်တမ်းမှာတော့ ဖုန်းရွှေအစီအရင်သည် ကောလဟာလတွေလောက် မဆန်းကြယ်ပေ။ အရမ်းကိုမှ ရိုးရှင်းသည်။ ဖုန်းရွှေအစီအရင်သည် ပတ်ဝန်းကျင်ရှိ ချီနယ်ပယ်များကို ပြောင်းလဲ၍ လူများကို အကျိုးသက်ရောက်စေခြင်းဖြစ်သည်။

အကယ်၍ ဖုန်းရွှေကောင်းတဲ့ ပတ်ဝန်းကျင်မှာနေပါက မိမိ၏ စိတ်သည် အေးချမ်းလိမ့်မည်ဖြစ်ပြီး ကျန်းမာရေးလည်း ကောင်းလိမ့်မည်ဖြစ်သည်။ထို့ပြင် အလုပ်လုပ်ရာတွင် မိမိ၏ စွမ်းရည်က မြင့်မားလာကာ အောင်မြင်မှုတွေလည်း ပိုပြီးတော့ ရရှိလာလိမ့်မည်ဖြစ်သည်။

အကယ်၍ ဖုန်းရွှေမကောင်းတဲ့ ပတ်ဝန်းကျင်‌တွင်နေပါက မိမိသည် စိတ်တို၍ မကြာခဏ စိတ်ဓာတ်ကျနေလိမ့်မည်ဖြစ်သည်။ ထို့ပြင် မိမိတို့၏ ကျန်းမာရေးသည်လည်း ဆိုးရွားလာလိမ့်မည်ဖြစ်သည်။ ကံဆိုးလို့ သွားရာ မိုးလိုက်လို့ ရွာနေသလိုဖြစ်နေလိမ့်မည်ဖြစ်သည်။

" ငါ လင်ပေ့ဖန်အတွက် စီစဉ်ပေးမည့် ဖုန်းရွှေကတော့ မကောင်းတဲ့ဖုန်းရွှေ အစီအရင်ဘဲ…။ နာမည်ကတော့ ဒြပ်စင်ငါးပါး မီးခွဲထုတ်ခြင်း အစီအရင်လို့ ခေါ်တယ်။ "

" မီးခွဲထုတ်ခြင်းအစီအရင်က ပတ်ဝန်းကျင်မှာရှိတဲ့ ဓာတ်ငါးပါးရဲ့ စွမ်းအားကို အသုံးပြုပြီးတော့ လေပူများကို မြင့်တက်လာစေတယ်။ ပြီးတော့ ဒီအစီအရင်က ခန္ဓာကိုယ်အတွင်းရှိ ယင်နှင့် ယန် စွမ်းအင်များကို မြင့်တက်လာစေတဲ့ အစီအရင်ပဲဖြစ်တယ်။ "

အကယ်၍ ထိုအစီအရင်ထဲတွင် အချိန်အကြာကြီးနေပါက မိမိ၏ ခန္ဓာကိုယ်ကို ပူပြီး ခြောက်သွေ့စေသည်။ ထိုလေပူက မိမိ၏ နှလုံးကိုလည်း ထိခိုက် စေလိမ့်မည်ဖြစ်ပြီး ညဘက် အိပ်မပျော်ခြင်း ၊ သွေးထွက်ခြင်း နှင့် ကိုယ်တွင်အင်္ဂါများကိုလည်း ပျက်စီးစေနိုင်သည်။ နောက်ဆုံးမှာတော့ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကိုတောင်မှ အားနည်းစေလိမ့်မည်ဖြစ်သည်။

" ငါလင်ပေ့ဖန်အတွက် ခင်းကျင်းပေးမယ့်

ဒြပ်စင်ငါးပါးမီးခွဲထုတ်ခြင်း အစီအရင်က ပိုပြီးတော့တောင်မှ ကြောက်မက်ဖွယ်ကောင်း သေးတယ်။ "

ဘာကြောင့်လဲဆိုတော့ သူသည် လင်ပေ့ဖန်ရဲ့ ရုံးခန်းထဲမှာရှိတဲ့ အစီအရင်ဖွဲ့စည်းပုံကို အကြိမ်ပေါင်းများစွာ ချိန်ညှိပြီးတော့ တိုးမြှင့်ထားတာ ကြောင့်ဖြစ်သည်။

ထို့ပြင် လင်ပေ့ဖန်ရဲ့ ရုံးခန်းထဲ၌ လေအေးပေးစက်ပါရှိသောကြောင့် အခန်းထဲက အပူချိန်သည် အပြင်ဘက်ကထက် ဒီဂရီများစွာ နိမ့်ကျသည်။

" အကယ်၍ ထိုပတ်ဝန်းကျင်မျိုးတွင် လင်ပေ့ဖန်သာနေရပါက တစ်နာရီမပြည့်မီတွင် သူ့၏ ယင်နှင့် ယန် ညီမျှမှုက ဟန်ချက်ပျက်သွားလိမ့်မယ်။ ဒါ့အပြင် လေပူတွေ မြင့်တက်လာတဲ့အတွက် သူ့ရဲ့ နှာခေါင်းသွေးပါ ယိုလာလိမ့်မယ်။ "( mtl ပြန်ရတော့ ရှုပ်တည်ဗျ ၊ စကားပြောတာလား ၊ဘာလားဆိုတာမသဲကွဲဘူး။ )

ထို့သို့စကား‌ပြောနေစဉ်တွင် ဝူကောသည် သေးငယ်ပြီး လက်ရာမြောက်တဲ့ ရွှေရောင်ဖားပြုတ်လေးကို သူ့လက်ဖြင့် ကိုင်ထားခဲ့သည်။

" အခု ဒီရွှေဖားပြုတ်လေးကို ငါ အောက်မှာထားလိုက်သ၍တော့ အစီအရင်ဖွဲ့စည်းတာကက ပြီးဆုံးသွာလိမ့်မယ်။ "

ထို ရွှေဖားပြုပ်က အစီအရင်ရဲ့ မျက်လုံးဘဲဖြစ်သည်။အကယ်၍ ၎င်း၏ပါးစပ်ကို သတ်မှတ်ထားတဲ့ ဦးတည်ရာတစ်ခုကို ထားလိုက်သောအခါတွင် ၎င်းသည် မကောင်းတဲ့ စွမ်းအင်တွေအကုန်လုံးကို ဆွဲဆောင်၍ ထိုဦးတည်ချက်သို့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုကို ဦးတည်စေလိမ့်မည်ဖြစ်သည်။

ဝူကောသည် ရွှေဖားပြုပ်ကို အပင်စိုက်ထားတဲ့ အိုးထဲသို့ ထည့်လိုက်ပြီး ၎င်းရဲ့ ပါးစပ်ကို လင်ပေ့ဖန်ရဲ့ ရုံးခန်းဘက်သို့ လှည့်ထားခဲ့သည်။ သူ ရွှေဖားပြုပ်ကို အောက်သို့ ချလိုက်ချိန်တွင် သူသည် ပတ်ဝန်းကျင်ရှိ ချီအပြောင်းအလဲကို ခံစားခဲ့ရသည်။

" လင်ပေ့ဖန် မင်း ဒါကို ရှင်သန်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ "

ဝူကော၏ မျက်လုံးထဲတွင်တော့ အမုန်းတရားများဖြင့် ပြည့်နေခဲ့သည်။

" ငါမင်းကို ပြောလိုက်မယ်။ ဒါက အစပဲရှိသေးတယ်။ ငါမင်းကို ဖြေးဖြေးချင်း နှိပ်စက်ပြမယ်။ ပြီးရင် မင်းမှာရှိတဲ့ အရာရာတိုင်းကို နည်းနည်းချင်း ဆုံးရှုံးရအောင် လုပ်မယ်။ နောက်ဆုံးမှာ မင်း ‌ဒေဝါလီခံပြီးတော့ မင်းပိုင်ဆိုင်တာ ဘာမှမရှိတော့တဲ့အထိကို ရောက်အောင်လုပ်ပြမယ်။ "

ထို့နောက် ဝူကောသည် ဘာမှမဖြစ်ဟန်ဆောင်ကာ တံမြက်စည်းလှည်းနေခဲ့သည်။

ဒါပေမဲ့လည်း အဲ့ဒီအချိန်တွင် လင်ပေ့ဖန်ရဲ့ ရုံးခန်းတံခါးက ပွင့်လာခဲ့ပြီး လင်ပေ့ဖန်က ဝူကောကို လက်ယှက်ခေါ်လိုက်သည်။

" ရှောင်ဝူ … ဒီကို လာပါဦး "

ဝူကောသည် တံမြက်စည်းကိုကိုင်၍ စိတ်ရှုပ်နေသော ပုံဖြင့် လင်ပေ့ဖန်ဆီသို့ လမ်းလျှောက်သွားခဲ့ပြီး

မေးမြန်းလိုက်သည်။

" ဘော့စ်လင် …… ဘာများခိုင်းစရာရှိလို့လဲ ? "

လင်ပေ့ဖန်က ပြုံးလိုက်ပြီး ဝူကောကို ပြောလိုက်သည်။

" ဒီလိုပါဘဲ… ငါ့ရုံးခန်းထဲက စားပွဲခုံတွေနဲ့ ဗီရိုတွေက အနည်းငယ် ညစ်ပတ်နေတာကို ငါ သတိထားမိတယ်။ ဒါက ငါ့ကို နေသာထိုင်သာမရှိအောင်ပြုလုပ်နေတယ်။ ဒါကြောင့် ငါ့အတွက် မင်း အဲ့ဒီအရာတွေကို ရှင်းပေးနိုင်မလား …? "

ထိုအလုပ်က သူ့ရဲ့အလုပ်ဖြစ်တာကြောင့်

ဝူကောက ခေါင်းညိတ်လိုက်သည်။

" ဟုတ်ကဲ့ ဘော့စ်လင် ၊ပြဿနာမရှိပါဘူး…။"

" ငါ တံခါးကို သော့မခတ်ထားဘူး…။ မင်းဘာသာမင်း အထဲကို ဝင်သွားနိုင်တယ်။ ငါ အပြင်ခဏ လမ်းလျှောက်ထွက်လိုက်ဦးမယ်…။ " ဟု ပြောပြီးနောက်တွင် လင်ပေ့ဖန်သည် လက်နောက်ပစ်၍ အတွေအကြုံရှိတဲ့ အကြီးအကဲတစ်ယောက်လို ပုံစံဖြင့် အဝေးသို့ လမ်းလျှောက်ထွက်သွားခဲ့သည်။

ထို့နောက် ဝူကောသည် ရေပုံးကို ရေဖြည့်လိုက်ပြီး သန့်ရှင်းရေးအဝတ်ကို ယူ၍ လင်ပေ့ဖန်၏ ရုံးခန်းထဲသို့ ဝင်ရောက်ခဲ့သည်။

ပတ်ဝန်းကျင်ရှိ လေထုအပြောင်းအလဲကို ခံစားလိုက်ရသဖြင့် သူသည် အသက်ပြင်းပြင်းတချက်ရှုလိုက်သည်။

" ဒါအဲ့ဒီအနံ့ပဲ…။ လေအေးပေးစက်က လာတဲ့ လေအေးတွေနဲ့ အစီအရင်ကလာတဲ့ လေပူတွေက ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ချီ နဲ့ သွေးတွေကို ပြောင်းလဲပြီးတော့ ကိုယ်တွင်းသွေးစီးဆင်းမှုကို အနှောက်အယှက်ပေးနိုင်တယ်။ "

" တစ်နာရီကြာပြီးတဲ့နောက်မှာ ငါ့ခန္ဓာကိုယ်က အနည်းငယ်အဆင်မပြေဖြစ်လာနိုင်တယ်။ အကယ်၍ ငါ ဒီမှာ မိနစ်၄၀လောက်ကြာကြာနေလိုက်ရင် ငါ့ခန္ဓာကိုယ်က သေချာပေါက် ပြဿနာရှိလာလိမ့်မယ် ။ ဟီးဟီး…… ငါသာ လေအေးပေးစက်ရဲ့ အပူချိန်ကို ၂ဒီဂရီလောက် လျော့ချလိုက်မယ်ဆိုရင် လင်ပေ့ဖန် ၊မင်း အသက်ရှင်နိုင်ဦးမလား ? "

ဝူကောသည် ထိုသို့ ပြောပြီးတဲ့နောက်တွင် ချက်ချင်းဘဲ လေအေးပေးစက်ရဲ့ အပူချိန်ကို ၂ဒီဂရီလောက် လျော့ချပစ်လိုက်သည်။ထို့နောက် သူသည် စတင်ပြီး သန့်ရှင်းရေးလုပ်ခဲ့သည်။

အစီအရင်၏ စွမ်းအားသည် အတော်လေးကို အစွမ်းထက်တာကြောင့် သူသည် အချိန်မဆွဲဘဲ အမြန်အလုပ်လုပ်ရန် လိုအပ်သည်။ထို့ပြင် သူသည် နာရီဝက်အတွင်း အလုပ်အပြီးအစီးလုပ်၍ အခန်းထဲကနေ ထွက်သွားရမည်ဖြစ်သည် ။ ဒါမဟုတ်ရင်တော့ သူ့ရဲ့ခန္ဓာကိုယ်တွင် ပြဿနာတစ်ခုခုရှိလာလိမ့်မည် ဖြစ်သည်။

……

ထို့အချိန်တွင် လင်ပေ့ဖန်သည် လျိူယုမေ့၏ ရုံးခန်းကို သွားရောက် လှည့်လည်ခဲ့သည်။

" ဘော့စ်လင် ၊ ဘာကြောင့် ရှင် ကျွန်မရုံးခန်းကို လာတာလဲ ? ။ " ဟု လျိူယုမေ့က စာရွက်စာတမ်းများကို စီစဉ်နေရင်း ထိုင်ရာကနေတောင် မရွေ့ဘဲနဲ့ လင်ပေ့ဖန်ကို မေးမြန်းခဲ့သည်။

လင်ပေ့ဖန်သည် စိတ်ထဲမထားပဲနဲ့ အနီးနားက ထိုင်ခုံကို ရှာ၍ ထိုင်လိုက်ပြီး ပြောလိုက်သည်။

" မင်း အလုပ်ရှုပ်နေလားဆိုတာကို ငါ လာကြည့်တာ "

" မစိုးရိမ်ပါနဲ့ ၊ရှင့်ရဲ့ အတွင်းရေးမှူးတစ်ယောက်အနေနဲ့ ကျွန်မ ဘာမှ သိပ်မလုပ်ရပါဘူး ။ " ဟု ပြောလိုက်သည်။

ထို့နောက် လျိူယုမေ့သည် လင်ပေ့ဖန်ကို ကြည့်ပြီး ပြောလိုက်ပြန်သည်။

" ရှင်ကတော့ အေးအေးဆေးဆေးနေပြီးတော့ အလုပ်တွေအကုန်လုံးကို ကျွန်မနဲ့ ပစ်ထားခဲ့တယ်လေ။ ဒါကြောင့် ကျွန်မလို အတွေင်းရေးမှူးကတော့ ပျင်းရိချိန်တောင် မရှိဘူးလေ ။ "

" ငါ တစ်ခြားလူတွေကိုတော့ မစိုးရိမ်ဘူး။ ငါစိုးရိမ်တာ မင်းတစ်ယောက်ထဲပဲရှိတယ် ။ "ဟု လင်ပေ့ဖန်က ရယ်မောပြီး ပြောလိုက်သည်။

လျိူယုမေ့သည် မကျေမနပ်ဖြစ်စွာဖြင့် နှာခေါင်းရှုံ့လိုက်သော်လည်းပဲ သူမ၏ ရင်ထဲမှာတော့ တိတ်တိတ်လေး ကျေနပ်နေခဲ့ပြီး သူမသည် အလုပ်လုပ်ရာတွင် ပိုပြီးတော့တောင်မှ လုံ့လဝီရိယရှိလာခဲ့သည်။

" မင်း ဒီမှာ လေအေးပေးစက်ကို အသုံးမပြုဘူးလား ? " ဟု လင်ပေ့ဖန်က မေးမြန်းလိုက်သည်။

လင်ပေ့ဖန်သည် အခန်းထဲက အပူချိန်သည် ဒီဂရီအနည်းငယ်လောက် ‌ပူလာသလို ခံစားခဲ့ရသည်။

လျိူယုမေ့သည် လင်ပေ့ဖန်ကို နောက်တစ်ကြိမ် ကြည့်ပြီး ပြောလိုက်သည်။

" မိန်းကလေး‌ေတွရဲ့ ခန္ဓာကိုယ် ဖွဲ့စည်းပုံက အားနည်းလို့ အအေးဒဏ် မခံနိုင်ဘူးဆိုတာကို ရှင့်လိုပလေးဘွိုင်းက မသိဘူးလား ? ။ "

" ဒါဆိုရင်တော့ ၊ငါ စိတ်ချနိုင်ပြီ "ဟု ပြော၍

လင်ပေ့ဖန်က ခေါင်းညိတ်ခဲ့သည်။

" ဟမ်…? ။ ဘာကို စိတ်ချတာလဲ ? " ဟု လျိူယုမေ့က မေးလိုက်သည်။

" ဘာမှ မဟုတ်ပါဘူး "

ထို့နောက် လင်ပေ့ဖန်သည် သူ့ရဲ့မေးစေ့ကို လက်နှစ်‌ဖက်ပေါ်တွင် ထား၍ လျိူယုမေ့ လေးလေး‌နက်နက် အလုပ်လုပ်နေတာကို ‌ သဘောကျစွာဖြင့် ကြည့်နေစဉ်တွင် သူ့ရဲ့ စိတ်ထဲ၌ ဆုတောင်းလိုက်သည်။

[ နောက်တစ်နာရီအတွင်း ငါ့ခန္ဓာကိုယ်ရဲ့ အပူချိန်က ၃ဒီဂရီလောက် လျော့ကျပါစေ။ အခန်းတံခါးလည်း လော့ကျပြီးတော့ ငါ အခန်းထဲကနေ မထွက်နိုင်ပါစေနဲ့လို့ ငါဆုတောင်းတယ်စနစ် ]

[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စီးပြီးပါပြီ ]

လင်ပေ့ဖန်သည် ရုတ်တရက် အနည်းငယ် အေးလာသလို ခံစားခဲ့ရသည်။

လူသားများက သွေးနွေးသတ္တဝါများ ဖြစ်ကြသည်။ လူတစ်ယောက်ရဲ့ သာမန်ခန္ဓာကိုယ်အပူချိန်သည် ၃၆ ဒီဂရီဆဲလ်စီယပ် နဲ့ ၃၇ ဒီဂရီဆဲလ်စီယပ်ကြားမှာပဲ အမြဲတမ်းရှိသည်။ထိုအပူချိန်ထက် နိမ့်ကျသည် ဒါမှမဟုတ် မြင့်တက်ပါက သာမန်မဟုတ်ဟု ယူဆနိုင်သည်။ အကယ်၍ ၃၅ဒီဂရီဆဲလ်စီယပ်အောက် နိမ့်ကျပါက ၎င်းကို သွေးအားနည်းခြင်းဟု ခေါ် နိုင်သည်။

၃၂ ဒီဂရီဆဲလ်စီယပ် ဒါမှမဟုတ် ထိုထက် ပိုနိမ့်ကျပါက ၎င်းသည် hypothermia၏ ပြင်းထန်သောအခြေအနေဖြစ်သည်။( hypothermia. က ဘာလဲမသိဘူး )

အခု သူ့ခန္ဓာကိုယ်အပူချိန်ကို ၃ဒီဂရီလောက်လျော့ကျပါစေလို့ ဆုတောင်းလိုက်တာကြောင့် သူ့ခန္ဓာကိုယ်အပူချိန်က ၃၃ - ၃၄ ဒီဂရီ ကြားမှာသာ ရှိတော့သည်။ထို့ကြောင့် လင်ပေ့ဖန်သည်လည်း အ‌အေးဒဏ်ကို တောင့်ခံနေရသည်။

လင်ပေ့ဖန်သည် ဒီအခြေအနေကို တစ်ခြားလူက ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို သိချင်နေခဲ့သည်။

အထူးသဖြင့် အခန်းထဲမှာ တစ်နာရီလောက်ပိတ်မိပြီး အန္တရာယ်ရှိနေချိန်တွင် တစ်ခြားလူက ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို ပိုပြီးတော့‌ေတာင် သိချင်နေခဲ့သည်။

ထိုအကြောင်းကို တွေး၍ လင်ပေ့ဖန်သည် ရုတ်တရက် အနည်းငယ်စိတ်လှုပ်ရှားသလို ခံစားခဲ့ရသည်။

All Chapters