အခန်း (၇၅)
Vol. 5 Ch. 75
ထိုအချိန်တွင် ရုတ်တရက် လေပြင်းများ တိုက်ခတ်လာခဲ့ပြီး လင်ပေ့ဖန်ရဲ့ ရုံးခန်းတံခါးကို ပိတ်သွားစေခဲ့သည်။
အခန်းထဲတွင် အလုပ်လုပ်နေသည့် ဝူကောသည် ထိုအရာကို သိပ်ပြီးတော့ အရေးမထားခဲ့ပေ။
တံခါးပိတ်တော့ရော ဘာဖြစ်လို့လဲ…?
နောက်ပြီးကျရင် ပြန်ဖွင့်လိုက်ရုံပဲပေါ့…
ဒါက သူ့ကို တကယ်ပဲ အခန်းထဲမှာ ပိတ်ထားနိုင်မှာ မို့လို့လား …?
လက်ရှိမှာတော့ ဝူကောရဲ့အာရုံက လေအေးပေးစက်မှာပဲ ရှိနေခဲ့သည် ။
" ဒီအခန်းထဲမှာ ပိုအေးလာအောင်လို့ အပူချိန်ကို နှစ်ဒီဂရီလောက်လျော့ချလိုက်ရင် ဒါက အစီအရင်ရဲ့ အကျိုးသက်ရောက်မှုကို ပိုပြီးတော့ သိသာစေလိမ့်မယ် ။ "
ထိုသို့ ဆုံးဖြတ်ပြီးတာနဲ့ သူသည် ချက်ချင်းဘဲ လေအေးပေးစက်ရဲ့ အပူချိန်ကို နှစ်ဒီဂရီလျော့ချလိုက်တာေကြာင့် ၂၀ဒီဂရီဆဲလ်စီယပ်သို့ ကျဆင်းသွားခဲ့သည်။ ထိုအချိန်တွင် လေအေးပေးစက်က ထုတ်လွှတ်လိုက်တဲ့ လေအေးများက သူ့ကို ခိုက်ခိုက်တုန်အောင် ပြုလုပ်ခဲ့သည်။
ဒါပေမဲ့လည်း သူသည် စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်။
" လန်းဆန်းသွားတာဘဲ…။ ဒါက အဲ့ဒီ ခံစားချက်ပေါ့…။ လင်ပေ့ဖန် မင်း ဒီတစ်ကြိမ် အသက်ရှင်နိုင်ဦးမှာလား ? "
ထိုအချိန်တွင် လေအေးပေးစက်မှ လေအေးများက နောက်တစ်ကြိမ် ထပ်မံပြီး တိုက်ခတ်လာတာကြောင့် သူ့ကို ခိုက်ခိုက်တုန်သွားစေခဲ့ပြီး တစ်ချိန်တည်းမှာပဲသူ့ခန္ဓာကိုယ်ထဲသို့ လေပူများဝင်ရောက်လာတာကို ခံစားမိလိုက်သည်။ထိုအရာက ဖုန်းရွှေအစီအရင်သည် စတင်အလုပ်လုပ်နေပြီး ဖြစ်ကြောင်း ဖော်ပြနေခဲ့သည်။ ထိုအစီအရင်၏ သက်ရောက်မှုက သူ့ခန္ဓာကိုယ်အပေါ်မှာတောင် အကျိုးသက်ရောက်နေခဲ့ပြီဖြစ်သည်။
ဝူကောသည် ပျော်ရွှင်စွာဖြင့် ရယ်မော၍ ပြောလိုက်သည်။
" ဒီသက်ရောက်မှုက တကယ့်ကို ထင်ရှားတယ်။ ပြီးတော့ ဒီလန်းဆန်းတဲ့ခံစားချက်က စိတ်ကူးမယဉ်နိုင်လောက်အောင်ကို ကျေနပ်စရာကောင်းတယ်။ငါ အလုပ်မြန်မြန် ပြီးအောင်လုပ်ပြီးတော့ ဒီကနေ ချက်ချင်းဘဲ ထွက်သွားရမယ်။ ငါ နှေးတိနှေးတုတ် လုပ်လို့ မဖြစ်ဘူး…။ "
ထို့နောက် သူသည် လုံ့လဝီရိယရှိစွာဖြင့် အလုပ်မြန်မြန်လုပ်ခဲ့သည်။
ဝူကောသည် ငါးမိနစ်မပြည့်မီမှာပင် လင်ပေ့ဖန်ရဲ့ စားပွဲခုံ နှင့် ဗီရိုတွင် ရှိနေသော အညစ်အကြေးများကို သန့်ရှင်းပြီးသွားပြီဖြစ်သည်။ သို့သော်လည်း အခန်းထဲတွင် အေးတာကြောင့် သူသည် အနည်းငယ် ခေါင်းမူးသလို ခံစားခဲ့ရသည်။
" ဟုတ်တယ် "
ဝူကောသည် ပိုပြီးတော့တောင်မှ ပျော်ရွှင်စွာဖြင့် ရယ်မောခဲ့သည်။တစ်ချိန်တည်းမှာပင် သူ့၏ မျက်လုံးများက တောက်ပနေခဲ့သည်။
" ဟားဟား…။ လင်ပေ့ဖန် ငါဒီမှာ နောက်ထပ်ငါးမိနစ် လောက်တောင် မနေနိုင်ဘူး။ မင်းဆိုရင်ရော နေနိုင်မှာလား ? ။ ဟားဟား… ငါ မင်းရဲ့ သနားစရာကောင်းတဲ့ပုံကို မြင်ရဖို့ မစောင့်နိုင်တော့ဘူး။ "
ထို့နောက် သူသည် ပျော်ရွှင်စွာဖြင့် လေချွန်ပြီး တံခါးလက်ကိုင်ဘုကို ညင်သာစွာဖြင့် တစ်ချက်လိမ်၍ တံခါးကို ဖွင့်လိုက်သည်။
တံခါးလက်ကိုင်ဘုကနေ အသံထွက်လာခဲ့ပေမဲ့လည်း တံခါးကတော့ မပွင့်သွားခဲ့ပေ။ သူသည် စိတ်ထဲမထားဘဲနဲ့ တစ်ခြားတစ်ဖက်ကို လိမ်၍ ဖွင့်လိုက်ပြန်သည်။ နောက်တစ်ကြိမ် အသံထွက်လာခဲ့ပေမဲ့လည်း တံခါးကတော့ မပွင့်သွားခဲ့ပေ။
ဝူကောသည် ထိုအချိန်ထိတိုင်အောင် မစိုးရိမ်ဘဲနဲ့ ပြောလိုက်သည်။
" တံခါးလော့ဒ်ကျသွားတာ ဖြစ်နိုင်မလား ? "
သူသည် တံခါးလော့ဒ်ကို ဆွဲလိုက်ချိန်တွင် ပြဿနာမရှိတာကို သိရှိလိုက်တာကြောင့် သူသည် တံခါးလက်ကိုင်ဘုကို နောက်တစ်ကြိမ်လှည့်ပြီး ဖွင့်လိုက်ပြန်သည်။
" ကလစ် ၊ကလစ် "
တံခါးလော့မှ အသံထွက်လာခဲ့ပေမဲ့လည်း တံခါးကတော့ မပွင့်သွားခဲ့ပေ။ သူသည် နောက်တစ်ကြိမ် ထပ်မံပြီး ဦးတည်ချက်ပြောင်း၍ တံခါးလက်ကိုင်ဘုကို လှည့်လိုက်သည်။ဒါပေမဲ့လည်း တံခါးကတော့ မပွင့်သွားခဲ့ပေ။
ဝူကောသည် စတင်ပြီး ထိတ်လန့်လာခဲ့သည်။
" ဘာဖြစ်တာလဲ ? ။ ဘာကြောင့် တံခါးကို မဖွင့်နိုင်ရတာလဲ ?။ တံခါးသော့ ပျက်သွားတာ ဖြစ်နိုင်မလား ?"
ဝူကောသည် အားစိုက်၍ တံခါးလက်ကိုင်ဘုကို အကြိမ်အနည်းငယ်လောက် ပိုကြိုးစားပြီး လှည့်ကြည့်ခဲ့သည်။ နောက်ဆုံးမှာတော့ သူသည် တံခါး လော့ဒ်က တကယ်ပျက်တာကို အတည်ပြုနိုင်ခဲ့သည်။
သူသည် တံခါးကို အမြန်ခေါက်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် အပြင်ကို အော်ပြောလိုက်သည်။
" အပြင်မှာ တစ်ယောက်ယောက်ရှိလား ?။ တံခါးလော့က ပျက်နေလို့ အပြင်ကနေ တစ်ယောက်ယောက် ဖွင့်ပေးနိုင်မလား။ ? "
သူ့ရဲ့ အကူအညီတောင်းသံကို ကြားတာကြောင့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်များသည် တံခါးနားတွင် ဝိုင်းအုံ့လာကြသည်။
" ရှောင်ဝူ ဘာဖြစ်တာလဲ ? "
" ရှောင်ဝူ ဘာမှားလို့လဲ ? "
ဝူကောသည် စိုးရိမ်စွာဖြင့် ရှင်းပြခဲ့သည်။
" အခုကျွန်တော် ဒီအခန်းထဲမှာ သန့်ရှင်းရေးလုပ်နေတာ…။ ဒါပေမဲ့ ကျွန်ေတာ်သန့်ရှင်းရေးလုပ်ပြီးတော့ တံခါးကိုဖွင့်တဲ့အချိန်မှာ ဒါက ဖွင့်လို့မရတော့ဘူး။ တံခါးလော့ပျက်သွားတာလို့ ကျွန်တော်ထင်တယ်။ မင်းတို့တွေ ငါ့ကို ကူညီပေးနိုင်မလား ? "
" ဒါက တံခါးလော့ဒ် ပျက်သွားတာမဖြစ်နိုင်ဘူး။ဒါက အထဲကနေ လော့ဒ်ကျသွားတာဖြစ်လိမ့်မယ်။ " ဟု ရုံးစာရေးတစ်ဦးက ပြောလိုက်သည်။
" ငါတို့ကုမ္ပဏီရဲ့ တံခါးလော့ဒ်တွေက အတော်လေးကို လုံခြုံစိတ်ချရတယ်။ အကယ်၍ တစ်စုံတစ်ယောက်က အထဲကနေပြီးတော့ လျှို့ဝှက်နံပါတ်နဲ့ သော့ခတ်ထားရင် အပြင်ကနေပဲ ပြန်ဖွင့်လို့ရနိုင်တယ်။ ခုနက ဘော့စ်လင် အပြင်ထွက်သွားတဲ့အချိန်မှာ တံခါးကို သော့ခတ်ခဲ့တာဖြစ်နိုင်တယ်။ "
ဝူကောက စိုးရိမ်စွာဖြင့် ပြောလိုက်သည်။
" ဒါဆိုရင် ဘော့စ်လင်ကို အမြန်သွားပြောပြီးတော့ တံခါးဖွင့်ခိုင်းလိုက်ပေါ့ "
လူတစ်ယောက်က တိုးတိုးလေးပြောလိုက်သည်။
" ဘော့စ်လင်ကို သွားရှာရမှာလား ? ။ ခုနက
ဘော့စ်လင် …မစ်လျိုရုံးခန်းထဲသွားတာကို ငါ တွေ့လိုက်တယ်။ "
ဘော့စ်လင် နှင့် မစ်လျိုတို့သည် အတော်လေးရင်းနှီးပြီးေတာ့ သူတို့နှစ်ယောက်ကြားတွင် မရေရာတဲ့ဆက်ဆံရေးရှိတာကို လူတိုင်းက သိကြသည်။ ထို့ကြောင့် လက်ရှိမှာ သူတို့သည် အခန်းထဲတွင် အတူရှိနေကြသောကြောင့် သူတို့ကို နှောင့်ယှက်ရန် အချိန်အခါကောင်းမဟုတ်သေးပေ။
လူတိုင်းသည် အလိုက်သိကြပြီး ထိုအကြောင်းကို မ ပြောရန် ရွေးချယ်ခဲ့ကြသည်။
" ရုံးခန်းထဲမှာ သွားရှာ…။ ငါတို့ကုမ္ပဏီရဲ့ တံခါးသော့အကုန်လုံးက ရုံးခန်းထဲမှာရှိတယ်။ " ဟု တစ်စုံတစ်ယောက်က အကြံပေးခဲ့သည်။
ဝူကောသည် ပျော်ရွှင်စွာဖြင့် ပြောလိုက်သည်။
" မှန်တယ်။ ရုံးခန်းထဲမှာ အမြန်သွားရှာလိုက်…"
ထိုသို့ပြောပြီးနောက် သူသည် နှာချေခဲ့သည်။
အချိန်သိပ်မကြာလိုက်ခင်မှာဘဲ ရုံးဒါရိုက်တာက သော့ဖြင့် ရောက်ရှိလာခဲ့သည်။
ရုံးဒါရိုက်တာက သော့ပေါက်ထဲသို့ သော့ကို ထည့်နေစဉ်တွင် ဝူကောသည် မျှော်လင့်ချက်ဖြင့် စောင့်နေခဲ့သည်။ ထို့နောက် ရုံးဒါရိုက်တာသည် အကြိမ်အနည်းလောက် လှည့်ခဲ့သည်။ဒါပေမဲ့လည်း တံခါးကတော့ ပွင့်မလာခဲ့ပေ။ထို့ကြောင့် ရုံးဒါရိုက်တာသည် သူ့ရဲ့ လက်နှစ်ဖက်ကို ဖြန့်၍ ပြောလိုက်သည်။
" ဟုတ်တယ်…။ တံခါးလော့ဒ်က တကယ်ဘဲ ပျက်နေတာ…"
ထိုစကားကို ကြားလိုက်ရသောအချိန်တွင်
ဝူကောသည် ကြက်သေသေသွားခဲ့ပြီး မေးမြန်းလိုက်သည်။
" ဒါဆိုရင် ကျွန်တော်တို့က ဘာလုပ်ရမှာလဲ ? "
ရုံးဒါရိုက်တာက ဝူကောကို ပြန်ဖြေလိုက်သည်။
" ငါတို့က သော့ပြင်သမားစီကို အကူအညီတောင်းနိုင်တယ်။ "
ဝူကောသည် မျှောင်လင့်ချက်အရိပ်အမွက်ပါသော အမူအရာဖြင့် မေးမြန်းခဲ့သည်။
" ဒါက မြန်မှာလား ? "
ရုံးဒါရိုက်တာက ပုခုံးတွန်ပြီး ပြန်ဖြေလိုက်သည်။
" ငါမသိဘူး…။ဒါက အနီးနားမှာ သော့ပြင်သမား ရှိ မရှိနဲ့ သူတို့ အလုပ် အား ၊မအား ပေါ်မှာ မူတည်တယ်။ အကယ်၍ သော့ပြင်သမားက အနီးနားမှာရှိပြီးတော့ အလုပ်အားတယ်ဆိုရင် သူတို့ ဒီကို မြန်မြန်ရောက်လာလိမ့်မယ်။ ဒါကြောင့် ငါ အသေအချာမပြောနိုင်ဘူး။ ဒါပေမဲ့ ငါခန့်မှန်းရသလောက်ကတော့ အနည်းဆုံး တစ်နာရီလောက်ကြာလိမ့်မယ်။ "
" တစ်နာရီ!! "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူကော၏ မျက်နှာက စိမ်းသွားခဲ့သည်။
" ရှောင်ဝူ ၊ဒါက တစ်နာရီပါဘဲ…။ အချိန်အမြန်ကုန်သွားလိမ့်မယ်။ "
" ဒါက မင်းကြောင့် မဟုတ်ဘူးဆိုတာကို လူတိုင်း နားလည်တယ်။ "
" ခဏလောက် အေးအေးဆေးဆေးအနားယူလိုက်ဦး…။ အချိန်က အမြန်ကုန်သွားလိမ့်မယ်။ "
လူတိုင်းက သူ့ကို နှစ်သိမ့်ပေးခဲ့ကြသည်။
ဒါပေမဲ့လည်း ဝူကောကတော့ အလျင်လိုနေခဲ့သည်။
သူက ဘယ်လိုလုပ်ပြီးတော့ မစိုးရိမ်ပဲ နေရမှာလဲ… ?
သူသည် ဒီအခန်းထဲမှာ အရမ်းအန္တရာယ်ရှိတဲ့ ဒြပ်စင်ငါးပါးမီးခွဲထုတ်ခြင်းအစီအရင်ကို ထားထားခဲ့သည်။
ထို့ပြင် သူက အစီအရင်ရဲ့ အစွမ်းကိုတောင် တိုးခဲ့သေးသည်…။
ဒါက တစ်နာရီတောင် ကြာမှာ မဟုတ်ဘူး။ နာရီဝက်လောက်ဆိုရင်ဘဲ ဒီအစီအရင်က သူ့ခန္ဓာကိုယ်ကို ထိခိုက်စေလိမ့်မည်ဖြစ်သည်….။
သို့သော်လည်းပဲ သူသည် ဒီအခြေအနေကို ထုတ်မပြောနိုင်ပေ။ထို့ကြောင့် သူသည် သူတို့ကို ကြည့်ပြီး ဆင်ခြေပေးလိုက်သည်။
" ဒါပေမဲ့ အခု ငါ ရေအိမ်သွားချင်တယ် "
" အခန်းထဲမှာ ဘော့စ်လင်ရဲ့ သန့်စင်ခန်းရှိတယ်လေ…။ အကယ်၍ မင်း မအောင့်နိုင်တော့ဘူးဆိုရင် ၊အဲ့ဒီသန့်စင်ခန်းကို အသုံးပြုနိုင်တယ်။ မင်းကိစ္စရှင်းပြီးရင်တော့ ပြန်ဆေးပေးလိုက်ပေါ့…။ "
ထိုဆင်ခြေက အလုပ်မလုပ်တာကြောင့် သူသည် နောက်ဆင်ခြေတစ်ခု ထပ်ပေးလိုက်သည်။
" ငါ ဗိုက်ဆာတယ်။ ဒါကြောင့် တစ်ခုခုစားချင်တယ်…"
" ရော့…ဒီမှာ (ဒီကိုဂျင်…မှားလို့😁) ချောကလက်တစ်တောင့်ရှိတယ်။ ငါ မင်းကို တံခါးအောက်နေ ပစ်ပေးလိုက်မယ်။ "
ထို့နောက် သူသည် တတိယဆင်ခြေပေးပြန်သည်။
…....
နှစ်မိနစ်ကြာပြီးနောက်တွင် သူဘေးနားတွင်ရှိနေသော လူများကို ကြည့်လိုက်ပြီး သူ့၏ မျက်နှာက အမည်းရောင်သို့ ပြောင်းသွားခဲ့သည်။
သူ့ရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ လုပ်ဖော်ကိုင်ဖက်များက သူ့ဘဝလေး အန္တရာယ်ကျရောက်မှာကို အရမ်းပဲ စိတ်အားထက်သန်နေကြသည်။နောက်ဆုံးမှာတော့
ဝူကောသည် သူ့၏ သွားများကို ကြိတ်ပြီး ပြောလိုက်သည်။
" ကောင်းပြီ ၊ ငါ အလျင်မလိုတော့ဘူး…"
" ဒါအမှန်ဘဲ ၊ဘာကြောင့် အလျင်လုိရမှာလဲ ? " ဟု ရုံးဒါရိုက်တာက ဟာသလုပ်ခဲ့သည်။
" ရှောင်ဝူ ၊ ဒီအခန်းထဲမှာ မင်း ပိတ်မိတာ တကယ်ဘဲ ကံကောင်းတယ်။ အကယ်၍ ဒီအခန်းထဲမှာ
ဘော့စ်လင်သာ ပိတ်မိမယ်ဆိုရင်တော့ အကျိုးဆက်က မတွေးရဲစရာဘဲ။ ဒါကြောင့် မင်းက ငါတို့ကို ကူညီပေးခဲ့တာဘဲ…။ "
" ဟုတ်တယ် ၊ မင်းဖြစ်နေတာ ကံကောင်းတယ် "
" ဘော့စ်လင်က သဘောကောင်းတယ်။ ဒါပေမဲ့ မစ်လျိုကတော့ သဘောမကောင်းဘူး။ သူမ ဒေါသထွက်တဲ့အချိန်ကျရင် ငါတို့ကို မည်းလိမ့်မယ်…။ "
" မင်း ငါတို့ကို ကောင်းကောင်းကူညီပေးခဲ့တာဘဲ…။ နောက်ကျရင် မင်းကို ထမင်းလိုက်ကျွေးမယ်။ "
" ရှောင်ဝူ အချိန်တစ်နာရီက ဖင်လှည့်ခေါင်းလှည့်နဲ့ အမြန်ကုန်သွားလိမ့်မယ်။ဒါကြောင့် အေးအေးဆေးဆေးနေ "
လူတိုင်းက ပျော်ရွှင်စွာဖြင့် ရယ်မောခဲ့ကြသည်။
ဝူကောသည် ဒေါသထွက်တာကြောင့် သူ့အသားတွေ
တဆက်ဆက်တုန်နေခဲ့သည်။
သူဂရုတစိုက်စီစဉ်ထားတဲ့ အစီအရင်ထဲတွင် သူ့ ရန်သူက ထောင်ချောက်မိမဲ့အစား သူ့ကိုယ်တိုင်က ပိတ်မိနေခဲ့သည်။သူ့လုပ်ဖော်ကိုင်ဖက်များ ပြောတဲ့ နှစ်သိမ့်စကားကလည်း သူ့ရင်ဘတ်ကို ဓားဖြင့် ထိုးလိုက်သကဲ့သို့ ဖြစ်နေခဲ့သည်။
ထို့ပြင် သူသည် သူတို့ကို ပြုံး၍ ကျေးဇူးတင်နေရသေးသည်။
သေစမ်း…!
ဒီကမ္ဘာကြီးက ဘာတွေဖြစ်နေတာလဲ… ?
ထိုအချိန်တွင် သူသည် ကောင်းကင်ကြီးကို တကယ်ဘဲ အော်မေးလိုက်ချင်သည်။
တရားမျှတမှုက ဘယ်မှာလဲ …?
" မဟုတ်ဘူး ၊အရမ်းပဲ အေးလွန်းတယ်။ ငါအရင်ဆုံး လေအေးပေးစက်ကို ပိတ်ရလိမ့်မယ်။ ဒါမှမဟုတ်ရင် နောက်မိနစ်အနည်းငယ်အတွင်းမှာ ငါ့ခန္ဓာကိုယ်က ပြဿနာရှိလာလိမ့်မယ်။ "
သူသည် လေးအေးပေးစက်ထိန်းချုပ်တဲ့
ရီမူကို ကိုင်လိုက်ပြီး လေအေးပေးစက်ကို ပိတ်လိုက်သည်။ ထို့နောက်သူသည် ပြတင်းပေါက်များကို ဖွင့်လိုက်ပြီး အခန်းထဲက လေအေးများကို အပြင်သို့ ထွက်သွားစေခဲ့သည်။
ဒါပေမဲ့လည်း နောက်ဆုံးမှာတော့ သူ သဘောပေါက်သွားခဲ့သည်။
" ဘောပဲ…ဘာကြောင့် အရမ်းအေးနေရသေးတာလဲဟ?”