← Chapters

အခန်း (၆၁)

Vol. 5 Ch. 61

အခန်း (၆၁)

Vol. 5 Ch. 61

တခြားတဖက်တွင်တော့ ရဲ့ရှင်းချန်သည် ထိုလူတို့၏ တိုက်ခိုက်မှုများကို တောင့်ခံထားရန် ရုန်းကန်နေရသည်။

ထို မာစတာရှစ်ယောက်နှင့် တိုက်ခိုက်ရန်မှာ တစ်ခြားလူတွေအတွက် ခက်ခဲနိုင်သော်လည်း ရဲ့ရှင်းချန်အတွက်ကတော့ ပြဿာနာကြီးကြီးမားမားမဟုတ်ခဲ့ပေ။အကယ်၍ သူက သူတို့ကို မရိုက်နိုင်ရင်တောင် လေးမိနစ် ၊ငါးမိ‌နစ်လောက်တော့ ဘာပြဿနာမှ မရှိဘဲနဲ့ ထိန်းထားနိုင်သေးသည်။

ထို့ပြင် လေးမိနစ် ဒါမဟုတ် ငါးမိနစ်လောက်အကြာတွင် လင်ပေ့ဖန်က ရောက်လာပြီး သူနှင့်အတူတကွ ထိုလူတို့ကို တိုက်ခိုက်လိမ့်မည်ဖြစ်သည်။

ထိုခိုင်မာသည့် ယုံကြည်ချက်က သူ့ကို ခက်ခက်ခဲခဲတောင့်ခံနိုင်အောင် ကူညီပေးခဲ့သည်။

ထိုအချိန်တွင် သူသည် ရုတ်တရက် တံတောင်ဆစ်ဖြင့် သူ့ရဲ့ နံရိုးကို အကျွေးခံ ခဲ့ရသည်။

ဤပြင်းထန်သော နာကျင်မှုက သူ့ရဲ့ အာရုံကြောများကို လှုံဆော်ပေးခဲ့ပြီး မျက်ရည်တောင် ထွက်ကျလာစေခဲ့သည်။

ရဲ့ရှင်းချန်သည် သူ့၏စိတ်ထဲ၌ စကားလုံးတစ်ထောင် လောက်ဖြင့် ကျိန်ဆဲလိုက်သော်လည်း သူ့ရဲ့ ပါးစပ်မှ တကယ်တမ်း ထွက်လာတဲ့စကားကတော့ အမျိုးသားတို့၏ လက်သုံးစကားတစ်ခွန်းသာ ဖြစ်နေခဲ့သည်။

" ဘောဘောပဲ "

သို့သော်လည်း နာကျင်မှုက မပျောက်သေးခင်မှာဘဲ သူနောက်တစ်ကြိမ်ထပ်ပြီး အကန်ခံခဲ့ရပြန်သည်။

ထိုကန်ချက်က သူ့ရဲ့ပေါင်ကို ပြင်းထန်စွာဖြင့် ထိခိုက်မိခဲ့သည်။

နောက်ထပ် ပြင်းထန်တဲ့ နာကျင်မှုက ဘာနဲ့တူလဲဆိုရင်တော့ ကျည်ဆံ ရထားတစ်စင်းက သူ့ရဲ့ဦးခေါင်းထိပ်သို့ တည့်တည့်သွားနေသလိုဖြစ်နေသည်။

" F**k "

ထိုအချိန်တွင် ရဲ့ရှင်းချန်သည် နာကျင်မှုကြောင့် သူ့ရဲ့ မိဘတွေ‌ကိုတောင် မမှတ်မိတော့သလို ဖြစ်သွားခဲ့သည်။

ထို့ပြင် နာကျင်မှုကြောင့် သူ့ရဲ့ လှုပ်ရှား‌မှု နှေးကွေးသွားချိန်တွင် သူသည် လူနှစ်ယောက်ယောက်၏ ထိထိမိမိတိုက်ခိုက်ချက် နှစ်ချက်ကို တိုက်ခိုက်ခံခဲ့ရသည်။တိုက်ခိုက်မှု တစ်ချက်က သူ့ရဲ့ နံရိုးမှာဖြစ်ပြီး နောက်တစ်ချက်ကတော့ သူ့ရဲ့ ဝမ်းဗိုက်မှာဖြစ်သည်။

ထိုအချိန်၌ ရဲ့ရှင်းချန်သည် အရမ်းနာကျင်သောကြောင့် သူဘယ်သူလဲဆိုတာကိုတောင် သူမေ့သွားခဲ့ပြီး သူ့ရဲ့ ကိုယ်တွင်းအင်္ဂါအားလုံး နာကျင်သွားသလို ခံစားခဲ့ရသည်။

၎င်းနာကျင်မှုက သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးနှင့် သူ့ရဲ့ အရေပြားတစ်လက်မဆီတိုင်းကို ပျံ့နှံ့ပြီး နာကျင်စေခဲ့သည်။

ရဲ့ရှင်းချန်သည် အရမ်းနာကျင်တာကြောင့် အော်ဟစ်ခဲ့သည်။

" သေစမ်း….ဒီကောင်တွေက သူတို့ရဲ့ခွန်အားကို တကယ်ဖုံးကွဲထားတာပဲဟ။"

ရဲ့ရှင်းချန်သည် အရာအားလုံးကို နားလည်သဘောပေါက်ချင်ခဲ့သည်။

သူတို့ရဲ့ ဖုန်းကွယ်ထားတဲ့ခွန်အားက ရဲ့ရှင်းချန်ကို အံ့အားသင့်စေခဲ့သည်။

ထိုလူတို့၏ အရင် တိုက်ခိုက်မှုက သူ့ကို မနာကျင်စေပေမဲ့လည်း အခုတိုက်ခိုက်မှုကတော့ သေလောက်အောင်ကို နာကျင်စေခဲ့သည်။

ထို့ပြင် သူတို့၏ ထိုးချက်တိုင်းကလည်း သူ့နှလုံးသားကိုတောင် ထိမိသည်ဟု ထင်ရပုံရသည်။

ရဲ့ရှင်းချန်သည် သူ့ရဲ့စိတ်ထဲတွင် ယခုအချိန်၌ ကြီးမားတဲ့ အခက်အခဲတစ်ခုနှင့် ရင်ဆိုင်နေရသည်။

…….

ဒါပေမဲ့လည်း ထိုအချိန်တွင် အနက်ရောင်အင်္ကျီဝတ်လူများက အတော်လေးကို စိတ်ရှုပ်နေသလို ခံစားခဲ့ရသည်။

" ဒီကောင်က ဘာ‌တွေ ပြောနေတာလဲ? "

" ငါ သူ့ကိုထိုးတာ အားသိပ်မပါဘူးလေ။ ဒါကို ဒီကောင်က ဘာလို့ အသားကုန် အော်နေတာလဲ?"

" ဒါက ကြက်တစ်ကောင်ကို သတ်နေသလိုဘဲ "

...

နောက်ဆုံးမှာတော့ ထိုအဖွဲ့၏ ခေါင်းဆောင်သည် သဲလွန်စရသွားခဲ့ပြီး သူ့လက်အောက်ငယ်သားတွေကို ပြောလိုက်သည်။

" သူအရူးလုပ်တာကို မခံနဲ့ ။ သူ ဟန်ဆောင်နေတာဖြစ်ကောင်းဖြစ်နိုင်တယ်။ငါတို့ သတိ တချက်လွတ်သွားတာနဲ့ သူ့းအဝေးကို ထွက်ပြေးဖို့အတွက် အခွင့်အရေးရသွားလိမ့်မယ်။ဒါကြောင့် မင်းတို့ရဲ့ သတိတွေကို မလျော့ပဲနဲ့ သူ့ကို နာနာသာ ထိုး။ ပြီးတော့ မင်းတို့မှာ ရှိသမျှ အားအကုန်လုံးကို သုံးပြီးတော့ သူ့ကို ထိုးစမ်း။ "

ရလဒ်အနေဖြင့် အနက်ရောင်ဝတ်လူများ၏ တိုက်ခိုက်မှုက ကြမ်းတမ်းပြီးရင်း ကြမ်းတမ်းလာခဲ့သည်။

သူတို့၏ ထိုးနှက်ချက်များနှင့် ကန်ချက်များကလည်း ရဲ့ရှင်းချန်ကို မလွဲပဲ ထိခဲ့သည်။

သူ့ရဲ့ တစ်ကိုယ်လုံးက ပြင်းထန်လွန်းတဲ့ ဒဏ်ရာများကြောင့် ရဲ့ရှင်းချန်၏ လှုပ်ရှားမှုများက အနည်းငယ် နှေးကွေးသွားခဲ့ပြီး အနက်ရောင်ဝတ်လူများ၏ ထိုးနှက်ချက်အကုန်လုံးကို ထိမှန်သွားခဲ့သည်။

ထိုးနှက်ချက်တစ်ခုက သူ့၏ မျက်နှာကို ထိမှန်သွားခဲ့ပြီး သူ့ရဲ့မျက်နှာတစ်ခုလုံးက လျင်မြန်စွာဖြင့် ခရမ်းချဉ်သီးတစ်လုံးကဲ့သို့ ပြောင်းသွားခဲ့သည်။

ထို့ပြင် လက်သီးတစ်ချက်က သူ့ရဲ့ နံရိုးကို ထိုးမိသွားခဲ့ပြီး သူ့၏ ခြေထောက်ကိုလည်း ကန်ခံထိတာကြောင့် သူ့ရဲ့ ကြွက်သားများက ဒဏ်ရာရသွားခဲ့သည်။

...

ထို့နောက် ရဲ့ရှင်းချန်၏ အော်ဟစ်သံက ဆက်လက်ထွက်ပေါ်လာခဲ့သည်။

အဆုံးမှာတော့ ရဲ့ရှင်းချန်သည် ထိုးနှက်ချက်များကို ခံနိုင်ရည်မရှိ‌တော့တာကြောင့် မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ သူသည် ထိုးနှက်ချက်များကို ကာကွယ်ရန် သူ့၏ ခေါင်းကို လက်နှစ်ဖက်ဖြင့် ကာ၍ ကွေးကွေးလေးသာ ခုခံနိုင်ခဲ့သည်။။

အနက်ရောင်အင်္ကျီဝတ်လူများက ရဲ့ရှင်းချန်ကို စက်ဝိုင်းပုံစံ ဝိုင်းရံပြီး ခြေထောက်ဖြင့် ကန်ခဲ့ကြသည်။

ထိုအရာက သဲအိတ်ကို ဝိုင်းကန်သလိုဖြစ်နေသည်။

ရဲ့ရှင်းချန်သည် သူ့၏စိတ်ထဲ၌ အတော်လေးကို နစ်နာသည်ဟု ခံစားနေရသည်။

တစ်ချိန်က စစ်ပွဲနတ်ဘုရားလို့ ကျော်ကြားခဲ့တဲ့ သူ့ရဲ့ဂုဏ်သိက္ခာက ဒီနေရာမှာပဲ ကျဆင်းရတော့မှာလား….?

သူ့ရဲ အတိတ်ဘဝမှာ လင်ပေ့ဖန်ကို ရှုံးနိမ့်ခဲ့တာတောင် ဒီလောက်ထိသနားစရာမကောင်းခဲ့ပေ။

အခုတော့ သူက အမည်မသိလူတစ်စုရဲ့ ဝိုင်းရံခြင်းကို ခံနေရပြီ မဟုတ်လော…...

မင်းတို့တွေ နေနှင့်ဦးပေါ့ကွ....

အနှေးနဲ့ အမြန်ဆိုသလို မင်းတို့လုပ်ခဲ့တဲ့ ဒီနေ့ကိစ္စအတွက် ငါ လက်စားပြန်ချေပြမယ်…...

အခုတော့ လင်ပေ့ဖန်လာကူညီမည်ဟု အတွေးတစ်ခုကြောင့်သာ ထိုလူတို့၏ တိုက်ခိုက်ခြင်းကို သူ တောင့်ခံနေနိုင်ခြင်းဖြစ်သည်။

" လင်ပေ့ဖန် အမြန်လာပါဟ။ အကယ်၍ မင်းမလာရင် …...ငါဒီထက်ပိုပြီး မတောင့်ခံနိုင်တော့ဘူး "

….....

အချိန်ဘယ်လောက်မှန်းမသိ ကုန်သွားပြီးနောက် အနက်ရောင်ဝတ်စုံဝတ် အမျိုးသားတစ်စုသည် ရုတ်တရက် အဝေးသို့ ထွက်ပြေးသွားခဲ့သည်။

ရဲ့ရှင်းချန်သည် သူ့၏ခန္ဓာကိုယ် ပြေလျော့သွားသလို ခံစားခဲ့ရသည်။ထို့နောက် သူ့၏ ဦးခေါင်းကို အနည်းငယ်မော့ပြီး မျက်လုံးများကို ဖွင့်၍ ကြည့်လိုက်ချိန်တွင် ရင်းနှီးသော ပုံပန်းသဏ္ဍာန်တစ်ခုကရဲတပ်ဖွဲ့ဝင်နှစ်ဦးနှင့်အတူ သူ့ဆီသို့ အပြေးအလွှားလာနေတာကို နောက်ဆုံးမှာတော့ မြင်လိုက်ရသည်။

ထိုပြေးလာနေသူမှာ လင်ပေ့ဖန်ဖြစ်သည်။ သူသည် ခြေလှမ်း နှစ်လှမ်း ၊သုံးလှမ်းလောက် လှမ်းပြီးချိန်တွင် ရဲ့ရှင်းချန်၏ ဘေးနားသို့ ရောက်ရှိလာခဲ့ပြီး စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

" အစ်ကိုရဲ့ ၊ မင်းဘယ်လိုနေလဲ…..မင်း အဆင်ရော ပြေရဲ့လား?? "

ဒါပေမဲ့လည်း ရဲ့ရှင်းချန်ကတော့ လင်ပေ့ဖန်ကို စကားတစ်ခွန်းတောင် ပြန်မပြောနိုင်ဘဲနဲ့ မေ့လဲသွားခဲ့သည်။

သူ သတိပြန်ရလာချိန်တွင် သူသည် ဆေးရုံကုတင်ပေါ်တွင် ရောက်ရှိနေပြီဖြစ်သည်။

သူ့၏ ခန္ဓာကိုယ်တစ်ခုလုံးကိုလည်း မံမီတစ်ယောက်လို ပတ်တီးများဖြင့် ပတ်ထားခဲ့ပြီး သူ့၏မျက်လုံးနှစ်လုံးသာလျှင် ပေါ်နေခဲ့သည်။

ရဲ့ရှင်းချန်သည် သူ့၏ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သောအချိန်၌ သူသည် ပြင်းထန်တဲ့ နာကျင်မှုကို ချက်ချင်းဘဲ ခံစားခဲ့ရပြီး ထိုနာကျင်မှုက သူ့၏ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့သွားခဲ့သည်။

" အစ်ကိုရဲ့ ၊ အခုရော မင်းနေလို့ ပိုကောင်းလာပြီလား?"ဟု လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို စိုးရိမ်စွာဖြင့် မေးမြန်းလိုက်သည်။

ရဲ့ရှင်းချန်က လင်ပေ့ဖန်၏အမေးကို ခက်ခက်ခဲခဲ ပြန်ပြောခဲ့သည်။( စကားပြောဖို့ အားယူရတာကို ပြောတာပါဗျ)

" ငါ့ခန္ဓာကိုယ်တစ်ခုလုံး နာကျင်‌နေတယ်….."

လင်ပေ့ဖန်က သက်ပြင်းချလိုက်ပြီး " ဟုတ်တာပေါ့၊ မင်းမနာကျင်ဘဲနဲ့ နေမလား ။ ငါမင်းကို ကူညီဖို့ ရောက်တဲ့အချိန်မှာ မင်းက ဒဏ်ရာတွေကြောင့် မေ့လဲနေခဲ့ပြီ။ ဒါကြောင့် ဆေးရုံ‌ရောက်တော့ မင်းရဲ့ ဒဏ်ရာတွေ စစ်ဆေးကြည့်ပြီးတဲ့နောက်မှာ မင်းရဲ့ ခန္ဓာကိုယ်မှာ နံရိုးငါးချောင်းကျိုးတဲ့အပြင် မင်းရဲ့ခြေထောက်နဲ့ လက် နှစ်ခုစလုံးမှာလည်း ကြွက်သားတွေထိခိုက်ဒဏ်ရာရထားတယ်။ပြီးတော့ မင်းရဲ့ ခေါင်းကိုလည်း အနည်းငယ်ထိခိုက်မိထားတယ်။ "ဟု ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို ဆက်ပြောလိုက်ပြန်သည်။

" မင်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ဒဏ်ရာတွေက ပြင်းထန်လွန်းတယ်။အကယ်၍ မင်းသာ ကိုယ်ခံပညာကို မသင်ယူထားဘူးဆိုရင် မင်းဒီထက်‌ တောင် အ‌‌ခြေအနေပိုဆိုးနိုင်တယ်။ ဒါ့အပြင် မင်းသာ သူတို့ရဲ့ တိုက်ခိုက်မှုတွေကို ပိုပြီးတော့ မကာကွယ်နိုင်ဘူးဆိုရင် အခုအချိန်လောက်ဆို ငရဲပြည်က ယမမင်းနဲ့တောင် ‌မင်း တွေ့နေရလောက်ပြီ။ "

ရဲ့ရှင်းချန်သည် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူလည်း လင်ပေ့ဖန်ပြောတာမှန်တယ်ဆိုတာကို ခံစားနေရသည်။

ထိုပြင်းထန်တဲ့ ဒဏ်ရာက သူ ကြေးစားတစ်ယောက်ဖြစ်လာပြီးသည့်နောက်တွင် ခံစားခဲ့ရတဲ့ အဆိုးရွာဆုံးဒဏ်ရာတစ်ခုဟု ပြောနိုင်သည်။

ထို့ကြောင့် ရဲ့ရှင်းချန်သည် အနက်ရောင်ဝတ်စုံဝတ်အမျိုးသားအဖွဲ့နဲ့ သူတို့ရဲ့နောက်ကွယ်က အမိန့်ပေးတဲ့သူကို ပိုပြီးတော့တောင်မှ မုန်းတီးလာခဲ့သည်။

" အဲ့ဒီလူတွေက ဘယ်သူတွေလဲ ? သူတို့က ဘာကြောင့်မင်းကို တိုက်ခိုက်ရတာလဲ ? " ဟု လင်ပေ့ဖန်က ရဲ့ရှင်းချန်ကို မေးမြန်းခဲ့သည်။

ရဲ့ရှင်းချန်က လင်ပေ့ဖန်ကို အသံအက်အက်ဖြင့် ပြန်ပြောလိုက်သည်။

" အဲ့တာတော့ ငါလည်း မသိဘူး ….။ ငါက ငါ့ဘာသာငါ လမ်းမပေါ် လမ်းလျှောက်နေတဲ့ အချိန်မှာ ဒီကောင်တွေက ထွက်လာပြီးတော့ ငါ့ကို ဆွမ်းကြီးဝိုင်းလောင်းကြတာဘဲ….… သူတို့က အရမ်းသန်မာတယ်..... အရမ်းကို သန်မာလွန်းတယ် "

လင်ပေ့ဖန်သည် နောက်တစ်ဖန် သက်ပြင်းချလိုက်ပြီး " မင်း ကောင်းကောင်းအနားယူပြီးတော့ မင်းရဲ့ ဒဏ်ရာတွေကို အရင်ဆုံး ပြန်ကောင်းလာအောင်လုပ်။ မင်း ဒီ‌ဆေးရုံမှာ အနားယူနေတဲ့ အချိန် ဘာမှစိုးရိမ်စရာမလိုဘူး။ ငါမင်းကိုကူညီပေးမယ်။ " ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ရဲ့ရှင်းချန်၏ မျက်လုံးများသည် အနည်းငယ်လှုပ်ရှားသွားခဲ့ပြီး " ကျေးဇူးတင်ပါတယ်……ဥက္ကဌလင် "ဟု ပြောလိုက်သည်။

လင်ပေ့ဖန်သည် အနည်းငယ်ပြုံးလိုက်ပြီး " ငါတို့ကညီအစ်ကိုတွေပဲလေ..... အဲ့ဒီလို ပြောစရာမလိုပါဘူး။"ဟု ပြန်ပြောလိုက်သည်။

All Chapters