← Chapters

အခန်း (၆၆)

Vol. 5 Ch. 66

အခန်း (၆၆)

Vol. 5 Ch. 66

ထို့နောက် လင်ပေ့ဖန်သည် အလုပ်လာလျှောက်သည့် လူများကို တစ်ယောက်ပြီးတစ်ယောက် အင်တာဆက်ဗျူးခဲ့ပြီး အကုန်လုံးက ဧည့်ကြိုနေရာအတွက် ဖယ်ထုတ်ခံခဲ့ရသည်။

ဒါပေမဲ့လည်း ဧည့်ကြိုနေရာအတွက် ဖယ်ထုတ်ခံခဲ့ရသည့် အရည်အချင်းရှိသူအကုန်လုံးသည့် သန့်ရှင်းရေးနေရာအတွက် နောက်တစ်ဖန် အလုပ်လျှောက်ကြပြန်သည်။

လင်ပေ့ဖန်သည် သန့်ရှင်းရေးဝန်ထမ်းတစ်ဦးသာအလုပ်ခန့်အပ်မည်ဟု ခေါ်ယူခဲ့ချိန်တွင် ဒေါက်တာဘွဲ့ရ၁၀ဦး ၊မာစတာဘွဲ့ရ၁၃ဦး နှင့် နာမည်ကြီးတက္ကသိုလ်များမှ ဘွဲ့ရ၅၆ဦးတို့က အဲ့ဒီနေရာအတွက် လျှောက်ထားခဲ့ကြသည်။

ထိုဖြစ်ရပ်ကိုကြည့်၍ လင်ပေ့ဖန်သည် မနေနိုင်ဘဲ သက်ပြင်းချလိုက်ပြီး " သန့်ရှင်းရေးနေရာအတွက် ပြိုင်ဆိုင်မှုက တော်တော်ပြင်းထန်တာဘဲ " ဟု ပြောလိုက်သည်။

……

ထိုစဉ် လုံယရင်းနှီးမြှုပ်နိုင်ရေးကုမ္ပဏီ၏ ဌာနချုပ်တွင်……

နဂါးဘုရင်ကျိုရှင်းသည် ဆိုဖာပေါ်တွင် သက်တောင့်သက်သာအမူအရာဖြင့် ထိုင်နေပြီး ၁၉၈၂ခုနှစ်က ထုတ်ထားတဲ့ လက်ဖ်တီးတစ်ခွက်ကို စိမ်ပြေနပြေ လှုပ်ယမ်း၍ အနက်ရောင်ဝတ်လူများကို မေးမြန်းလိုက်သည်။

" သူတို့ရဲ့ လက်ရှိအင်တာဗျူးအခြေအနေက ဘယ်လိုအခြေအနေရှိလဲ ? "

အနက်ရောင်ဝတ်လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် ကျိုရှင်းကို ပြန်ပြောလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ်…။ သူတို့က လက်ရှိမှာ ဧည့်ကြိုနေရာအတွက် အင်တာဗျူးဖြေနေကြပါတယ် ။"

ထိုစကားကိုကြားလိုက်ရပြီးနောက် ကျိုရှင်းသည် အနည်းငယ်ပြုံးလိုက်သည်။

ဧည့်ကြိုအလုပ်က နည်းပညာဆိုင်ရာကျွမ်းကျင်မှုတွေ အများကြီးမလိုအပ်ဘူး။

ထိုအလုပ်ကို အတွေ့ကြုံအနည်းငယ်ပဲရှိတဲ့ အထက်တန်းကျောင်းသားတစ်ယောက်တောင် ကိုင်တွယ်နိုင်သည်။

ထို့ပြင် သူ့၏ လူများအားလုံးကလည်း ထူးချွန်ထက်မြက်ပြီး အရည်အချင်းရှိသူများဖြစ်ကြသည်။

ထို့ကြောင့် ဧည့်ကြိုနေရာအတွက် သူတို့က ဘယ်လိုလုပ်ပြီးတော့ ရှုံးနိမ့်နိုင်မှာလဲ ?

ကျိုရှင်းသည် သူ့လက်ထဲကဝိုင်ခွက်ကို ပျော်ရွှင်စွာဖြင့် ဆက်လက်လှုပ်နေခဲ့ပြီး အနက်ရောင်ဝတ်လူကို မေးမြန်းလိုက်သည်။

" ဧည့်ကြိုနေရာအတွက် လူဘယ်လောက်များများလိုအပ်တာလဲ ? ။ ဒါ့အပြင် လူဘယ်လောက်များများရော လျှောက်ထားကြလဲ ?။ အဲ့လူတွေထဲမှာ ငါတို့ရဲ့ လူတွေကကော ဘယ်လောက်များလဲ ? "

အနက်ရောင်ဝတ်လူက ကျွမ်းကျင်စွာဖြင့် ပြန်ဖြေခဲ့သည်။

" အဲ့ဒီနေရာအတွက် လူနှစ်ယောက်ပဲ လိုအပ်ပါတယ် ။ လက်ရှိမှာတော့ လျှောက်ထားသူဦးရေက ၄၈ယောက်ရှိပါတယ် ။ အဲ့ထဲမှာ ကျွန်တော်တို့ရဲ့ လူတွေက ၄၂ယောက်ဖြစ်ပါတယ်။ ပြီးတော့ ၈၇.၅ရာခိုင်နှုန်းက ကျွန်တော်တို့ရဲ့လူတွေဘဲဖြစ်ပါတယ် ။ "

" လျှောက်ထားသူဦးရေ ၄၈ယောက်မှာ ငါတို့လူတွေက ၄၂ယောက်ရှိတယ် "

ထို့နောက် ကျိုရှင်းသည် ငြင်သာစွာ ရယ်မောလိုက်ပြီး တွေးလိုက်သည်။

ကြည့်ရတာ ငါတို့အတွက် နိုင်ပွဲက သေချာပုံဘဲ…။

ကျန်တဲ့လူ ၆ယောက်က ငါတို့လူတွေကို ယှဉ်ပြိုင်နိုင်မှာလား ?

နိုင်ပွဲက သေချာနေတာကြောင့် ကျိုရှင်းသည် သူ့ဖန်ခွက်ထဲက ဝိုင်၏ အရသာကို မြည်းစမ်းခဲ့ပြီး သူ့ရန်သူများ၏ သွေးကို သောက်သုံးလိုက်သကဲ့သို့ သူသည် နှစ်သက်စွာ သောက်သုံးခဲ့သည်။

" အခု လူဘယ်နှယောက်ကို ရွေးချယ်ပြီးပြီးလဲ ? "ဟု

ကျိုရှင်းက မေးမြန်းခဲ့သည်။ထို့နောက် သူ့၏မျက်လုံးများကို ပိတ်လိုက်ပြီး အောင်ပွဲ၏အသံကို စိတ်အားထက်သန်စွာဖြင့် စောင့်ဆိုင်းခဲ့သည်။

အနက်ရောင်ဝတ်လူက ကျိုရှင်းကို ပြန်ဖြေခဲ့သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ။ သူတို့အကုန်လုံး အင်တာဗျူးမအောင်ကြပါဘူး "

ထိုစကားကို ကြားလိုက်‌ရသောအခါတွင် ကျိုရှင်းသည် သူ့သောက်ထားတဲ့ဝိုင်ကို ထွေးထုတ်မိခဲ့ပြီး သူ့၏ရှေ့တွင်ရပ်နေသော အနက်ရောင်ဝတ်လူကိုပက်ဖြန်းမိသွားခဲ့သည်။

အဟွတ်…အဟွတ်

ထို့နောက်ကျိုရှင်းသည် ဒေါသထွက်စွာဖြင့် မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။

" မင်းဘာပြောလိုက်တာလဲ ? ။ မင်းပြောတာ ငါတို့လူတွေအကုန်လုံး ဖယ်ထုတ်ခံရတယ်ဟုတ်လား ? "

အနက်ရောင်ဝတ်လူ၏ အသံသည် တိုးသွားခဲ့ပြီး ပြောလိုက်သည်။

" ဟုတ်…ဟုတ်ပါတယ် နဂါးဘုရင် "

ကျိုရှင်းသည် ပိုပြီးတော့တောင်မှ ဒေါသထွက်သွားခဲ့ပြီး ပြောလိုက်သည်။

" ဘယ်လိုလုပ်ပြီးတော့ သူတို့က ဖယ်ထုတ်ခံရတာလဲ ?။ ငါတို့လူတွေအကုန်လုံးက ထူးချွန်ထက်မြက်ပြီးတော့ အံ့ဩစရာကောင်းတယ်လေ ။ဒါ့အပြင် သူတို့က ရိုးရှင်းတဲ့ ဧည့်ကြိုနေရာနှစ်ခုအတွက် တစ်ခြားလူတွေနဲ့ ယှဉ်ပြိုင်ရာမှာ ဘယ်လိုလုပ် ရှုံးနိမ့်နိုင်မှာလဲ ? "

" နဂါးဘုရင်ကို တင်ပြပါတယ် ။ ဒါက သူတို့တွေရဲ့ အမှားမဟုတ်ပါဘူး ။ " ဟု ပြောလိုက်သည်။

ထို့နောက် အနက်ရောင်ဝတ်လူက ကြောက်ရွံ့စွာဖြင့် ကျိုရှင်းကို ရှင်းပြခဲ့သည်။

" သူတို့က တကယ်ကို့ ထူးချွန်ထက်မြက်ပါတယ်။ဒါပေမဲ့ ဧည့်ကြိုနေရာအတွက် လင်ပေ့ဖန်ရဲ့ စံသတ်မှတ်ချက်က ငယ်ရွယ်ပြီးတော့ ချောမောလှပတဲ့သူဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။ ကျွန်တော်‌တို့လူတွေက ထူးချွန်ပေမဲ့လည်း သူတို့ရဲ့ အသက်ကနည်းနည်းကြီးနေတယ်။ဒါကြောင့် သူတို့အကုန်လုံး ဖယ်ထုတ်ခံခဲ့ရတာပါ ။ "

" ငါသိပြီ "ဟု ပြောပြီးနောက် ကျိုရှင်းသည် ဆိုဖာပေါ်သို့ ပြန်ထိုင်ချခဲ့သည်။

အခုတော့ လင်ပေ့ဖန်၏ရှုထောင့်ကို သူ နားလည်သဘောပေါက်ခဲ့သည်။

အကယ်၍ သူသာ ဧည့်ကြိုနေရာအတွက် ရွေးချယ်ရပါက ‌ငယ်ရွယ်ပြီး ချောမောလှပတဲ့ဆော်လေးတွေကို ရွေးမိမည်မှာ အသေအချာဘဲဖြစ်သည်။

ကံမကောင်းချင်တော့ ၊ ထိုအရာက အမျိုးသားတွေ၏ ဖြစ်ရိုးဖြစ်စဉ် အားနည်းချက်တစ်ခုဖြစ်သည်။( ဟုတ်လား ချိဖတို့ )

ကျိုရှင်းသည် ဝိုင်နီထည့်ထားသော သူ့၏ဖန်ခွက်ကို နောက်တစ်ဖန် ကိုင်လိုက်ပြီး ပြောလိုက်သည်။

" အကယ်၍ အဲ့ဒီနေရာနှစ်နေရာ ဆုံးရှုံးရင်လည်း ဆုံးရှုံးပါစေတော့….။ ဒါက ဧည့်ကြိုနေရာ နှစ်နေရာလေးပါဘဲ ။ သိပ်ပြီးတော့ အရေးမကြီးဘူး။ ဒါပေမဲ့ ကျန်တဲ့ရာထူး၁၈ခုမှာ အနည်းဆုံး၁၆နေရာကိုတော့ ရအောင်လုပ်ပါ။ "

" ဟုတ်ကဲ့ နဂါးဘုရင် "ဟု အနက်ရောင်ဝတ်လူကပြောလိုက်သည်။

…..

ထိုအချိန်တွင် ‌ဧည့်ကြိုနေရာအတွက် အင်တာဗျူးက ပြီးဆုံးသွားခဲ့သည်။

လင်ပေ့ဖန်သည် ငယ်ရွယ်ချောမောတဲ့မိန်းကလေးနှစ်ယောက်ကို ဧည့်ကြိုနေရာအတွက် ရွေးချယ်ခန့်အပ်ခဲ့သည်။

ထိုမိန်းကလေးနှစ်ယောက်သည် အရမ်းပျော်ရွှင်သွားခဲ့သည်။

သူမတို့သည် ဧည့်ကြိုနေရာအတွက် ရွေးချယ်ခံခဲ့ရတာကို အခုချိန်ထိတိုင်အောင် မယုံကြည်နိုင်သေးပေ။

နောက်ဆုံးတွင် သူမတို့သည် ဒေါက်တာဘွဲ့ရများ ၊မာစတာဘွဲ့ရများနှင့် တခြားနာမည်ကြီးတက္ကသိုလ်များမှ ဘွဲ့ရများကို အနိုင်ရခဲ့သည်။

ထို့ပြင် ပြိုင်ပွဲက နိုင်ငံ့ဝန်ထမ်းစာမေးပွဲထက်တောင်မှ ပိုပြီးတော့ ပြိုင်ဆိုင်မှုပြင်းထန်သေးသည်။

သူမတို့၏ ဘဝတစ်လျှောက်လုံးတွင် ထိုအောင်မြင်မှုအကြောင်းကို ကြွားဝါပြီးပြောဆိုလို့ရသည်။

ထူးချွန်ထက်မြက်သူများ၏ မနာလိုငြူစူသောအကြည့်များအလည်တွင် သူမတို့နှစ်ယောက်သည် စိတ်လှုပ်ရှားစွာဖြင့် ကတိပေးခဲ့သည်။

" ဘော့စ်လင် ၊ စိတ်ချလို့ရပါတယ် ။ ကျွန်မတို့ အလုပ်ကြိုးစားပြီးတော့ ရှင့်ရဲ့ ယုံကြည်မှုကို အလွဲသုံးစားမလုပ်ပါဘူး ။ "

ထိုစကားကို ကြားလိုက်ရ‌သောအခါတွင်လင်ပေ့ဖန်သည် အနည်းငယ်ပြုံးလိုက်ပြီး ပြောလိုက်သည်။

" ဒီလိုစကားမျိုးကို ကြားရတာ ကောင်းပါတယ်။ အခု မင်းတို့နှစ်‌ယောက်က ငါတို့ကုမ္ပဏီရဲ့ ပုံရိပ်ကို ကိုယ်စားပြုတယ်။ ဒါကြောင့် မင်းတို့ အလုပ်သွားတဲ့အခါမှာလည်း သပ်သပ်ရပ်ရပ်နဲ့ လှလှပပလေးဝတ်စားပြီးတော့ သွား….။ ငွေကြေးအတွက် စိတ်မပူနဲ့၊ ကုမ္ပဏီက ဒီကုန်ကျစရိတ်တွေကို ပေးလိမ့်မယ် "။

" ကျေးဇူးတင်ပါတယ် ဘော့စ်လင် " ဟု မိန်းကလေးနှစ်ယောက်က တစ်ပြိုင်တည်းပြောလိုက်သည်။

လင်ပေ့ဖန်လည်း ပျော်ရွှင်သွားသလို ခံစားခဲ့ရသည်။

ထိုအချိန်တွင် သူ့၏ဘေးနားမှ ‌မကျေနပ်တဲ့အသံတစ်သံက ထွက်လာခဲ့သည်။

" ဟမ်.! ယောကျာ်းတွေအကုန်လုံးက အတူတူနဲ့အနူနူကြီးပဲ ။ တစ်ယောက်မှမကောင်းဘူး။နှာဘူးတွေကြီးပဲ…။"

လင်ပေ့ဖန် : ):

ထို့နောက် သူနှင့်သိပ်မနီးမဝေးတွင်ရှိနေသော ထူးချွန်ထက်မြက်တဲ့အလုပ်လျှောက်ထားသူတွေကို ကြည့်လိုက်၍ လင်ပေ့ဖန်၏ မျက်နှာပေါ်တွင် ဆန်းကြယ်တဲ့ အပြုံးတစ်ခုပေါ်လာခဲ့ပြီး ပြောလိုက်သည်။

" နောက်အင်တာဗျူးကတော့ ရုံးစာရေးနေရာအတွက် အင်တာဗျူးပဲ ဖြစ်တယ်။ မင်းတို့အဆင့်သင့်ဖြစ်ပြီလား ? "

" အဆင့်သစ်ဖြစ်ပါပြီ " ဟု လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် တပြိုင်တည်း ဖြေခဲ့ကြသည်။

All Chapters