← Chapters

အခန်း (၆၇)

Vol. 5 Ch. 67

အခန်း (၆၇)

Vol. 5 Ch. 67

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချူပ်တွင်….

နဂါးဘုရင်ကျိုရှင်းသည် ၈၂နှစ် သက်တမ်းရှိပြီး ဖြစ်‌တဲ့ ဝိုင်နီကို စိမ်ပြေနပြေလှုပ်ယမ်း၍ မေးလိုက်သည်။

" အခု အင်တာဗျူးက ဘယ်ရာထူးအတွက်လဲ ? "

အနက်ရောင်ဝတ်လူက ကျိုရှင်းကို ပြောလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ်။ အခုလက်ရှိ အင်တာဗျူးနေတာကတော့ ရုံစာရေး နေရာအတွက်ပါ "

" ရုံးစာရေးလား ? ဟား ဟား…. " ဟု ပြောပြီးနောက်

ကျိုရှင်းသည် အနည်းငယ်ပြုံးလိုက်သည်။

သူ့၏ အမြင်မှာတော့ ရုံးစာရေးအလုပ်က နည်းပညာဆိုင်ရာ လိုအပ်ချက် မရှိတဲ့အပြင် ဧည့်ကြိုရာထူးထက်တောင်မှ အနည်းငယ် ရာထူး ပိုကြီးသေးသည်။

လူတစ်ယောက်၏ ရုပ်ရည်၊ ပုံမှန်ဉာဏ်ရည်၊ ကွန်ပျူတာနဲ့ပတ်သတ်တဲ့ လုပ်ဆောင်ချက်များတွင် ကြီးကြီးမားမား ချို့ယွင်းချက်မရှိသရွေ့ ထိုလူ သည် ဒီအလုပ်အတွက် အခြေခံအားဖြင့်တော့ အရည်အချင်းပြည့်မီကြသည်။

ထို့ပြင် သူပို့လိုက်သည့် လူအားလုံးကလည်း ထူးချွန်ထက်မြက်တဲ့လူများဖြစ်ကြသည်။ ထို့ကြောင့် သူ့လူတွေအားလုံး အလုပ်မရမှာကို သူမစိုးရိမ်ပေ။

သတ်မှတ်ချက်ထဲမှာ ပါတဲ့ စည်းမျဉ်းအရဆို‌ရင်‌ သူ့လူအားလုံးသည် အတော်လေးကို ကောင်းမွန်လွန်းသည်။

ဒါက ဧည့်ကြိုမလေးတွေလောက် မလှပ၊မချောမောသော်လည်းလဲ တစ်ခြားလူများကို လွယ်လွယ်ကူကူကိုင်တွယ်နိုင်သင့်သည် မဟုတ်ပါလား …?

နဂါးဘုရင်ကျိုရှင်းသည် သူ့၏ ကိုယ်ဟန်အနေအထားကို ပြောင်းလိုက်ပြီး သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဝိုင်ခွက်ကို လှုပ်၍ ပြောလိုက်သည်။

" ဒီနေရာအတွက် လူဘယ်လောက် လိုအပ်လဲ ? ။ ပြီးတော့ လူဘယ်လောက်များများ ပါဝင်ယှဉ်ပြိုင်ကြလဲ ? ။ ငါတို့လူတွေကရော ဘယ်လောက်ပါလဲ ? "

အနက်ရောင်ဝတ်လူက ချက်ချင်းဘဲ တင်ပြခဲ့သည်။

" နဂါးဘုရင်ကိုတင်ပြပါတယ် ။ ဒီနေရာအတွက် လူနှစ်ယောက်ပဲ လိုအပ်ပါတယ်။ အခုလက်ရှိတော့ လျှောက်ထားသူဦးရေ ၄၅ယောက်ရှိပါတယ်။ အဲ့ထဲ လူ၄၁ယောက်က ကျွန်တော်တို့ လူတွေပါ …။ ရာခိုင်နှုန်းအရဆိုရင်တော့ ၉၁ရာခိုင်နှုန်းက ကျွန်တော်တို့ လူတွေဘဲ ဖြစ်ပါတယ် ။ "

" အချိုးက ၉၀ရာခိုင်နှုန်းကို ကျော်လွန်ပြီး‌ေတာ့ ရောက်ရှိသွားတယ်လား။ လျှောက်ထားသူ ၄၅ယောက်မှာလည်း ၄၁ယောက်က ငါတို့ လူတွေကြီးပဲ ။ ဒါ့အပြင် ငါတို့လူ‌တွေကလည်း ထူးချွန်တဲ့လူတွေကြီးပဲ ။ အဲ့ဒါတောင် ငါတို့လူတွေ တစ်နေရာမှ မရဘူးလို့ ငါ မယုံကြည်ဘူး " ဟု ကျိုရှင်းက ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။

" နဂါးဘုရင်ပြောတာက အလွန်မှန်ပါတယ် " ဟု အနက်ရောင်ဝတ်လူက မြှောက်ပင့်ခဲ့သည်။

" ကောင်းပြီ " ဟု ပြော၍ ကျိုရှင်းက ခေါင်းအနည်းငယ်ညိတ်ပြလိုက်သည်။

ထိုအချိန်တွင် အနက်ရောင်ဝတ်လူသည် သူ့၏ဖုန်းကို ထုတ်၍ ဖုန်းမျက်နှာပြင်ကို ဖွင့်လိုက်သည်။

ထိုအရာက လင်ပေ့ဖန်ရဲ့ အင်တာ‌ဗျူးနဲ့ ပတ်သတ်တဲ့ နောက်ဆုံးရသတင်းတွေပဲဆိုတာကို ကျိုရှင်းက သိနေခဲ့သည်။

သို့သော်လည်းပဲ သူသည် အလျင်မလိုပေ။

ဘာကြောင့်လဲဆိုတော့ ကျိုရှင်းသည် ဒီကစားပွဲမှာ သူအနိုင်ရမယ်ဆိုတာကို ကြိုသိနေခဲ့သည်။

သူသည် ဝိုင်နီကို နှေးကွေးစွာဖြင့် တစ်ငုံသောက်၍ ဝိုင်၏ ချိုမြိန်လွန်းတဲ့ အရသာကို ခံစားပြီးနောက် ပြုံး၍ မေးလိုက်သည်။

" အခု ရုံးစာရေးရာထူးအတွက် လူဘယ်နှစ်ယောက်ကို ရွေးချယ်ပြီးပြီလဲ ? တစ်ယောက်လား ၊နှစ်ယောက်လား ?"

အနက်ရောင်ဝတ်လူက အနည်းငယ်ထစ်ငေါ့စွာဖြင့် ကျိုရှင်းကို ပြန်ဖြေခဲ့သည်။

" တစ်..တစ်ယောက်လည်း မဟုတ်ဘူး နှစ်...ယောက်လည်း မဟုတ်ပါဘူး ။"

ထိုစကားကိုကြားလိုက်ရသောအခါတွင် ကျိုရှင်းသည် ရုတ်တရက်အံ့အားသင့်သွားခဲ့ပြီး ပြောလိုက်သည်။

" အို့ !! တစ်ယောက်နှစ်ယောက် မဟုတ်ဘူးလား?။ မင်းကို ပို့လိုက်တဲ့ သတင်းသစ်က အံ့‌ဩစရာသတင်းသစ်တစ်ခု ဖြစ်ပုံရတယ်။ လင်ပေ့ဖန်က အလုပ်ခေါ်တဲ့ ဦးရေထပ်တိုးလိုက်လို့လား ? ငါလူတွေက အရမ်းတော်တယ်ဆိုတာ ငါသိနေတယ်။ လင်ပေ့ဖန်လည်း ဘာမှမတတ်နိုင်တော့ဘူးထင်တယ် ။ ဟားဟား…."

ထို့နောက် ကျိုရှင်းသည် ဝိုင်နီကို ‌ပျော်ရွှင်စွာဖြင့် နောက်တစ်ငုံသောက်လိုက်ပြီး ပြောလိုက်သည်။

" ရပြီပြောတော့ ၊ငါနားထောင်နေတယ် "

အနက်ရောင်ဝတ်လူက တိုးညှင်းစွာဖြင့် ကျိုရှင်းကိုပြောလိုက်သည်။

" ဒါ…....."

" ကျယ်ကျယ်ပြောပါဟ ၊ မင်းပြောတာ ငါမကြားရဘူး " ဟု ကျိုရှင်းက ပြောလိုက်သည်။

ထို့ကြောင့် အနက်ရောင်ဝတ်လူသည် အသံကျယ်ကျယ်ဖြင့် နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ။ သူတို့အကုန်လုံးဖယ်ထုတ်ခံထိခဲ့ပါတယ် ။ "

ထိုစကားကို ကြားလိုက်ရသောအခါတွင် နဂါးဘုရင်ကျိုရှင်းသည် သူ့သောက်ထားတဲ့ ဝိုင်နီကို ထွေးထုတ်မိသွားခဲ့သည်။

အနက်ရောင်ဝတ်လူ၏ မျက်နှာသည် နောက်တစ်ဖန် ဝိုင်နီဖြင့် ဖြန်းပတ်ခံထိခဲ့သည်။

နဂါးဘုရင်ကျိုးရှင်းသည် မတ်တပ်ရပ်၍ စိတ်တိုစွာဖြင့် ပြောလိုက်သည်။

" ဘာကြောင့် သူတို့က နောက်တစ်ကြိမ် ဖယ်ထုတ်ခံထိရတာလဲ? ။ ငါတို့လူတွေက ထူးချွန်ပြီးတော့ လူအများကြီးပဲလေ။ ဘယ်ကုမ္ပဏီရဲ့ ခေါင်းဆောင်ပဲဖြစ်နေပါစေ သူတို့ကို သဘောကျမှာဘဲ။ဒါကို ဘာကြောင့် သူတို့က ဖယ်ထုတ်ခံထိရတာလဲ ? "

အနက်ရောင်ဝတ်လူက တုန်တုန်ယင်ယင်ဖြင့် ကျိုရှင်းကို ပြန်ပြောလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ်။ ဘာကြောင့်လဲဆိုတော့ လင်ပေ့ဖန်က စာမေးပွဲတစ်ခုကို အဆိုတင်သွင်းခဲ့တာကြောင့် သူတို့အားလုံးရှုံးနိမ့်ပြီးတော့ ဖယ်ထုတ်ခံထိတာပါ ။ "

ကျိုရှင်းသည် ဒေါသထွက်စွာဖြင့် ဆက်မေးမြန်းလိုက်သည်။

" မူလတန်းကနေ အထက်တန်းကျောင်း၊ ပြီးတော့ နိုင်ငံခြားကျောင်းမှာ ပညာသင်ကြားတဲ့အထိကို သူတို့စာမေးပွဲတွေဖြေလာခဲ့ရတာဘဲလေ ။ ဒါတောင် သူတို့အတွက် ဘယ်လိုစာမေးပွဲမျိုးက ခက်ခဲစေမှာမို့လို့လဲ ?"

" စာရိုက်တဲ့ စာမေးပွဲပါ "ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

" စာရိုက်တဲ့ စာမေးပွဲလား ? "ဟု ကျိုရှင်းက ပြောလိုက်သည်။

" ဟုတ်ပါတယ် နဂါးဘုရင် "

ထို့နောက် အနက်ရောင်ဝတ်လူသည် သူ့၏နှာဖူးတွင် ထွက်နေသော ချွေးများကိုသုတ်လိုက်ပြီး ပြောလိုက်သည်။

" လင်ပေ့ဖန် အဆိုပြုတဲ့ စာမေးပွဲအကြောင်းအရာများကို စာရိုက်ရပါတယ်။ ရုံးစာရေးတစ်ဦးအနေနဲ့ ကွန်ပျူတာဖြင့် စာရိုက်ခြင်းက အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တယ်လို့ သူက ပြောပါတယ် ။ ဒါကြောင့် သူက လူတိုင်းကို စာရိုက်တတ်လားလို့ မေးမြန်းခဲ့ပါတယ်။ ပြီးတော့ တူညီတဲ့အချိန်အတွင်းမှာ စာရိုက်တာအမြန်ဆုံးနဲ့ ၊ အမှားအနည်းဆုံးရတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် အလုပ်ခန့်မယ်လို့ သူက ပြောခဲ့ပါတယ် ။ "( ဒီနား နည်းနည်းရှုပ်‌ရင်တောင်းပန်ပါတယ် )

" ကျွန်တော်တို့‌လူတွေက နိုင်ငံခြားမှာ ၂နှစ် ၊၃နှစ်လောက် ပညာသင်ခဲ့ရတဲ့ အတွေ့အကြုံရှိတာကြောင့် လင်ပေ့ဖန်မေးတဲ့ တရုတ်စာလုံးတွေနဲ့ နည်းနည်းစိမ်းနေခဲ့ပါတယ်။ ဒါကြောင့်ပဲ သူတို့အားလုံး ရှုံးနိမ့်ခဲ့ရတာပါ ။ "

" ဒါဆို ဒီလိုပေါ့ " ဟု ပြောပြီးနောက် နဂါးဘုရင်ကျိုရှင်းသည် ဆိုဖာပေါ်သို့ ပြန်ထိုင်ချခဲ့သည် ။

စာရိုက်ရတာက ရိုရှင်းပြီးတော့ လွယ်ပေမဲ့လည်း မြန်မြန် နဲ့ စာလုံးပေါင်းမှန်အောင် ရိုက်ဖို့က မလွယ်ကူပေ။

ကျိုရှင်းသည် နယ်ပယ်အမျိုအမျိုးတွင် အလွန်တော်သော်လည်းပဲ သူ့ကိုသာ မြန်မြန်နှင့်မှန်မှန် စာရိုက်ခိုင်းပါက သူလည်းမတတ်နိုင်ပေ။

ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ စွမ်းရည်တွေကို ဒီစာရိုက်ရမှာ အသုံးချလို့ မရတာကြောင့်ဖြစ်သည်။

ထို့ပြင် သူ့တွင် လက်အောက်ငယ်သားအများကြီး ရှိတာကြောင့် သူ့ဘာသာသူ ဘယ်လိုလုပ်ပြီး စာရိုက်နိုင်မှာလဲ ?။သူ့လွှတ်လိုက်တဲ့ လူတွေအားလုံးကလည်း သူ့လိုပဲ တူညီကြသည်။

နဂါးဘုရင်ကျိုရှင်းသည် စိတ်တိုစွာဖြင့် ပြောလိုက်သည်။

" သေစမ်း ၊ ငါ နောက်ထပ်ကစားပွဲ တစ်ခုထပ်ရှုံးသွားပြန်ပြီ ။ လင်ပေ့ဖန် မင်းက မောင်ကံကောင်းဘဲ။ နောက်အင်တာဗျူးတဲ့ အလုပ်နေရာအကုန်လုံးကို ငါ့အတွက် ယူပေးကြစမ်း ၊ မင်း နားလည်လား ? "

" ဟုတ်ကဲ့ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

……

သို့သော်လည်းပဲ တကယ့်လက်တွေ့ကတော့ ရက်စက်လွန်းသည်။

" အခု ဘာရာထူးအတွက် အင်တာဗျူးနေတာလဲ ?"ဟု ကျိုရှင်းက မေးလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ၊ အခုအင်တာဗျူး နေတာက စာရင်းကိုင်နေရာဖြစ်ပါတယ် " ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

" စာရင်းကိုင်ရာထူးလား ? ။ဒီရာထူးကလည်း အလုပ်ရဖို့အတွက် လွယ်ပါတယ် ။ ငါတို့လူတွေ ဘယ်နှယောက်ရွေးချယ်ခံရလဲ ? "ဟု ကျိုရှင်းက မေးလိုက်ပြန်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ၊ ကျွန်တော်တို့ လူတွေတစ်ယောက်မှ ‌မရွေးချယ်ခံထိပါဘူး "ဟု အနက်ဝတ်လူက ဖြေလိုက်သည်။

ကျိုးရှင်က ပြောလိုက်သည်။

" ဘာကြောင့် မရွေးချယ်ခံရတာလဲ ? "

" နဂါးဘုရင်ကို တင်ပြပါတယ် ။ စာရင်းကိုင်တွေက တွက်ချက်နိုင်ရမယ်လို့ လင်ပေ့ဖန်က ပြောခဲ့ပါတယ်။ဒါကြောင့် အင်တာဗျူးဖြေတဲ့သူတွေကို သူက ဂဏန်း၄လုံးထက်ပိုတဲ့ ကိန်းဂဏန်းတွေကို မြှောက်ခိုင်းပြီးတော့ စမ်းသပ်ခဲ့ပါတယ် ။ ဒါ့အပြင် တွက်ချက်တဲ့အခါမှာလည်း ကွန်ပျူတာကို အသုံးမပြုရပါဘူး…။ စာရွက်နဲ့ဘောပင်ကိုသာ အသုံးပြုပြီးတော့ တွက်ချက်ခိုင်းခဲ့ပါတယ် ။ " ဟု အနက်ရောင်ဝတ်လူက ကျိုရှင်းကို ပြောလိုက်သည်။

" နောက်ဆုံးမှာတော့ သူတို့အားလုံး ဖယ်ထုတ်ခံထိပါတယ်"ဟု အနက်ရောင်ဝတ်လူက ကျိုရှင်းကို ပြောလိုက်သည်။

နဂါးဘုရင် ကျိုရှင်း : ):

...

" အခု ဘယ်လိုရာထူးမျိုးကို အင်တာဗျူးနေတာလဲ ? " ဟု ကျိုရှင်းက မေးလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ။ အခုအင်တာဗျူးကတော့ စီပွားရေးစီစစ်သူရာထူးအတွက် အင်တာဗျူးပဲဖြစ်ပါတယ်။ "ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည် ။

" ဒါက ငါတို့ရဲ့ အားသာချက်ပဲ ။ ဒါ့အပြင် ငါတို့ရဲ့လူတွေက စီးပွားရေးစီစစ်သူတွေထဲမှာမှ ထိပ်တန်းတွေကြီးပဲ ဖြစ်တယ်။ ငါတို့ တစ်နေရာ ဒါမှမဟုတ် နှစ်နေရာလောက်တော့ ရသင့်တယ် ၊ ငါပြောတာ မှန်တယ်မလား ? " ဟု ကျိုရှင်းက ပြောလိုက်သည်။

" နဂါးဘုရင်ကို ဖင်ပြပါတယ်၊မှားလို့ တင်ပြပါတယ်…။ သူတို့အကုန်လုံး ဖယ်ထုတ်ခံထိပါတယ် " ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

နဂါးဘုရင်ကျိုရှင်းသည် စိတ်တိုစွာဖြင့် မေးမြန်းလိုက်သည်။

" ဘာကြောင့် သူတို့အားလုံးက နောက်တစ်ကြိမ် ဖယ်ထုတ်ခံရပြန်တာလဲ ? "

" နဂါးဘုရင်ကို တင်ပြပါတယ် ။ ဒါတွေအားလုံး လင်ပေ့ဖန်ကိုဘဲ အပြစ်တင်သင့်ပါတယ် ။ ဒီမကောင်းတဲ့ကောင်က တော်တော်လေးကို ကလိန်ကကျစ်ကျလွန်းတယ် ။ သူပြောတာက လူတိုင်းက စီးပွားရေးစီစစ်လေ့လာသူတွေဖြစ်တာကြောင့် ဒီနေ့ စတော့ဈေးကွက်က တက်မှာလား ၊ကျမှာလားဆိုတာ လူတိုင်းကို ခန့်မှန်းခိုင်းခဲ့ပါတယ်။ ခန့်မှန်းလို့ မှန်တဲ့သူ့ကို အလုပ်ခန့်မယ်တဲ့ "

နဂါးဘုရင်ကျိုရှင်းသည် ဒေါသထွက်သွားပြီး ပြောလိုက်သည်။

" ဘယ်လိုလုပ်ပြီးတော့ သူတို့က ဖယ်ထုတ်ခံထိရတာလဲ ? အဖြေက အစောကြီးကတည်းက ထွက်ပြီးသားကြီးကို… ။ဒီမနက်မှာ စတော့ဈေးကွက်က ၂ရာခိုင်နှုန်း မြင့်တက်လာတယ်။ စတော့ဈေးကွက်ရဲ့ အခြေအနေကလည်း အရမ်းကောင်းတယ်။ ပြီးတော့ စတော့ဈေးကွက်က မြင့်တက်လာနေတုန်းပဲ…"

" သူတို့လည်း နဂါးဘုရင်ပြောသလို တူညီစွာနဲ့ ပြောခဲ့ပါတယ် ။ ရလဒ်ကတော့ စတော့ဈေးကွက်ပိတ်တဲ့အချိန်မှာ ဘာကြောင့်လဲတော့ ကျွန်တော်လည်းမသိဘူး…စတော့ဈေးကွက်က လျင်လျင်မြန်မြန်ပဲ ပြန်ကျလာခဲ့တယ်။ ဒါ့အပြင် စတော့ဈေးနှုန်းဖွင့်ဈေးရဲ့ အောက်ကိုတောင် ကျသွားခဲ့တယ်။ "

နဂါးဘုရင်ကျိုရှင်း : ဘောဘောပဲပေါ့

...

ဒီနည်းလမ်းမျိုးဖြင့် ကျိုရှင်း၏ လူများသည် တစ်ကြိမ်ပြီးတစ်ကြိမ် ဖယ်ထုတ်ခံရခဲ့သည်။

နောက်ဆုံးမှာတော့ နဂါးဘုရင်ကျိုရှင်းသည် အနီရောင်လွှမ်းနေတဲ့ မျက်လူံများဖြင့် အ‌နက်ရောင်ဝတ်လူကို ပြောလိုက်သည်။

" အခု ငါတို့မှာ နေရာဘယ်လောက်ရှိသေးလဲ?"

အနက်ရောင်ဝတ်လူသည် သူ့၏ တုန်နေတဲ့လက်တစ်ချောင်းကို ထောင်ပြလိုက်ပြီး ပြောလိုက်သည်။

" တစ်နေရာပဲ "

" ဘာနေရာလဲ ? "ဟု ကျိုရှင်းက မေးလိုက်သည်။

" သန့်ရှင်းရေးဝန်ထမ်း " ဟု အနက်ရောင်ဝတ်လူက ပြန်ဖြေလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် နဂါးဘုရင်ကျိုရှင်းသည် မေ့လဲလုနီးပါးဖြစ်ခဲ့ရသည်။

All Chapters