← Chapters

အခန်း (၆၈)

Vol. 5 Ch. 68

အခန်း (၆၈)

Vol. 5 Ch. 68

နဂါးဘုရင်ကျိုရှင်း၏ ရင်ထဲမှာတော့ ဗလောင်ဆူပြီး ဒေါသထွက်နေခဲ့သည်။

သူသည် ထူးချွန်ထက်မြက်တဲ့ လူ အယောက်တစ်ရာကျော်လောက်ကို အင်တာဗျူးဖြေဖို့အတွက် စေလွှတ်ခဲ့သည်။ထို့ပြင် သူ့၏လက်အောက်ငယ်သား တစ်ယောက်စီတိုင်းကလည်း သူတို့၏ နယ်ပယ်အသီးသီး၌ ထိပ်ဆုံးတွင်ရပ်တည်နေသူများဖြစ်ကြသည်။

ဒါ‌ပေမဲ့လည်း အင်တာဗျူးဖြေရာတွင် တစ်ယောက်မှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့ကြပေ။

သူ့အတွက်တော့ ဒါက အရှက်ရစရာကိစ္စတစ်ခုဖြစ်သည်။

ထို့ပြင် သူ့ရဲ့ ရန်သူဖြစ်တဲ့ လင်ပေ့ဖန်သည် အမှောင်ထဲမှာ အခွင့်အရေးကို စောင့်နေတဲ့ ရန်သူတစ်ယောက်ရှိ‌တယ်ဆိုတာကို အခုချိန်ထိတိုင်အောင် မသိရှိသေးပေ။

သို့သော်လည်းပဲ ကျိုရှင်းသည် ထိုကဲ့သို့ ရှုံးနိမ့်ခြင်းကို အဆုံးမှာတော့ ခံနေရဆဲသည်။

ထိုအရာက သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေပြီး အရှက်ရစေသည်။

ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ ?

ထို့ကြောင့် ကျိုရှင်းသည် ဒေါသတကြီးဖြင့် ‌အနက်ရောင်ဝတ်လူကို အော်ငေါက်၍ ပြောဆိုလိုက်သည်။

" သူတို့အားလုံးကို ပြောလိုက် ။ အဲ့ဒီ သန့်ရှင်းရေးရာထူးက ဘယ်လောက်ပဲ နိမ့်ကျပါစေ ၊ကိစ္စမရှိဘူး…။ သူတို့ အဲ့ဒီနေရာကို ရအောင်လုပ်ရမယ်…။ အကယ်၍ သူတို့မလုပ်နိုင်ရင် ငါ့ဆီ ပြန်လာစရာမလိုဘူး။ သူတို့ဘာသာသူတို့ အပြင်မှာ ကိုယ်ဝမ်းစာကိုယ်ကျောင်းပြီး‌တော့ နေရမယ်။ "

" ဟုတ်ကဲ့ပါ ၊နဂါးဘုရင် " ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူသည် ကြောက်လန့်တကြားဖြင့် ဆုတ်ခွာခဲ့သည်။

………

ထိုအချိန် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတွင် ဒေါက်တာဘွဲ့ရများ နှင့် မာစတာဘွဲ့ရများသည် အင်တာဗျူးနေစဉ်တွင် စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

[ နဂါးဘုရင်ရဲ့ အမိန့် : မင်းတို့ သန့်ရှင်း‌ရေးရာထူးကို ရအောင်လုပ်ရမယ် ။ အကယ်၍ မင်းတို့ ရအောင်မလုပ်နိုင်ရင် မင်းတို့ ပြန်လာစရာမလိုဘူး။ ]

လူတိုင်း၏ စိတ်များသည် တက်ကြွလာခဲ့ကြသည်။ထို့ပြင် တစ်ချိန်တည်းမှာဘဲ နဂါးဘုရင်၏ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တာကြောင့် သူတို့သည် ကြီးစွာ နောင်တရနေခဲ့သည်။

ငါတို့….ငါတို့ နဂါးဘုရင်ကို စိတ်ပျက်စေမိခဲ့ပြီ…….

ဒါမှမဟုတ်ရင် နဂါးဘုရင်က ငါတို့ကို ဒီလို ကြမ်းကြမ်းတမ်းတမ်းပြောမှာ မဟုတ်ဘူး……

ဒါကြောင့် ငါတို့ ဒီသန့်ရှင်းရေးရာထူး အင်တာဗျူးကို အောင်ကို အောင်ရမယ်……

အကယ်၍ ငါတို့ရဲ့ အသက်ကို ပေးရမယ်ဆိုရင်တောင်….. ဒီရာထူးကို ရကို ရရမယ်….

ထို့ပြင် သူတို့၏ အကြည့်များထဲတွင်လည်း စိတ်ပိုင်းဖြတ်မှုများကို အထင်းသား ပြသနေခဲ့သည်။

….

မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် လင်ပေ့ဖန်သည် ပြုံး၍ အင်တာဗျူးဖြေသူများကို ပြောလိုက်သည်။

" အခု အင်တာဗျူးဖို့ သန့်ရှင်းရေးနေရာတစ်နေရာပဲ ကျန်တော့တယ်။ ရိုးရိုးသားသားပြောရရင် သန့်ရှင်းရာထူးအတွက် လူတစ်ယောက်ကိုပဲ ငါ လိုအပ်တယ်။ဒါပေမဲ့ သန့်ရှင်းရေးရာထူးအတွက် အင်တာဗျူးတဲ့လူဦးရေက ဒီလောက်ထိ များလိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး။ "

" အခု အချိန်လည်း နီးပြီ ၊ဒါကြောင့် အရေးမရအဖတ်မရတွေ ပြောပြီးတော့ ငါ အချိန်မဖြုန်းတော့ဘူး။ သန့်ရှင်းရေးရာထူးအတွက် စစ်ဆေးမှုက အခုစတင်ပါပြီ "

" ငါတို့ကုမ္ပဏီရဲ့ သန့်ရှင်းရေးနေရာအတွက် စစ်ဆေးမှုကတော့ ခွန်အားနဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှု အပေါ်မှာ မူတည်တယ် "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" ခွန်အား နဲ့ ရုပ်ပိုင်းဆိုင်ရာသန်မာမှု အပေါ်မူတည်တယ် ဟုတ်လား ? "

လူတိုင်းက လင်ပေ့ဖန်၏ စကားကို ကြားလိုက်ရသောအချိန်တွင် ပဟေဠိဖြစ်သွားခဲ့သည်။

လင်ပေ့ဖန်က ရှင်းပြခဲ့သည်။

" သန့်ရှင်းရေးလုပ်ဖို့အတွက် မင်းတို့မှာ အသိဉာဏ်၊ကိုယ်ကျင့်တရား နဲ့ ဗဟုသုတတွေ ရှိစရာမလိုဘူး။ မင်းတို့မှာ ခွန်အား နဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာ နေသ၍ ဒီအလုပ်ကို ရလိမ့်မယ်။ "

" ဒါကြောင့် ငါတို့ကုမ္ပဏီရဲ့ သန့်ရှင်းရေးရာထူးအတွက် စစ်‌ဆေးမှုကတော့ ဒီစံသတ်မှတ်ချက်တွေအပေါ်မှာ အခြေခံထားတယ် ။ "

ထို့နောက် လင်ပေ့ဖန်သည် သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။

" တစ်ယောက်လောက် ရေထည့်ထားတဲ့ပုံးကို ယူလာပေးပါ "

.....

" ဒီပုံး‌ရဲ့ အလေးချိန်က ၅၀ကတ်တီ နီးပါးလောက်ရှိတယ် "

" ဒီပုံးကို မင်းတို့ လက်တစ်ဖက်တည်းနဲ့ မပြီးတော့ ကြိုးစားကြည့်ရမယ် ။ အကယ်၍ မင်းတို့ တစ်မိနစ်လောက် မ နိုင်ရင် မင်းတို့ ‌ဒီစစ်ဆေးမှုကို အောင်မြင်တယ် "

" ဒါပေမဲ့ အခြေအနေတစ်ခုတော့ရှိတယ် ။ ‌မင်းတို့ ရေပုံး မတဲ့ အခါမှာ မြေပြင်အထက်ကို အနည်းဆုံး ၅၀စင်တီမီတာလောက်ရောက်ရမယ်။ မရောက်ရင် မင်းတို့ ကျရှုံးတယ်။ "

" ဒါ့အပြင် ပုံးထဲကရေတွေကလည်း အပြင်ဖိတ်ကျလို့မရဘူး။ ဖိတ်ကျရင် မင်းတို့ မအောင်မြင်ဘူးလို့ သတ်မှတ်တယ်။ "

" မင်းတို့ရေပုံးကို မပြီးတဲ့ နောက်မှာလည်း မင်းတို့ရဲ့ခြေထောက်တွေကို လှုပ်ရှားလို့မရဘူး။လှုပ်ရှားရင် ကျရှုံးတယ်လို့ သတ်မှတ်တယ် ။ "

" ဒီစစ်ဆေးမှုက နည်းနည်းခက်ပြီးတော့ မင်းတို့ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်တယ်။ ဒါကြောင့် မင်းတို့အားလုံး လုပ်နိုင်မယ်လို့ ငါမျှော်လင့်ပါတယ် ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်က ပြုံးပြီး ထပ်ပြောလိုက်သည်။

" တစ်ယောက်မှ မငြင်းပယ်ဘူးဆိုတော့ ဒီစစ်ဆေးမှုကို စလိုက်ကြရအောင် ။ ဘယ်သူအရင်ဆုံးလာချင်လဲ ? "

" ငါလုပ်မယ် "

လူတိုင်း၏ အကြည့်များအလယ်တွင် အရပ်ရှည်ရှည် နှင့် ခပ်ထွားထွားအမျိုးသားတစ်ယောက်သည် အရင်ဆုံး အရှေ့သို့ လမ်းလျှောက်ထွက်လာခဲ့သည်။

ထို့‌နောက် သူသည် သူ့၏ ကြွက်သားများနှင့် အရိုးများကို အနည်းငယ်‌ကွေးလိုက်၍ သူ့၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး သူ့မှာ ရှိသမျှ ခွန်အား အကုန်လုံးကို အသုံးပြု၍ ရေပုံးကို မခဲ့သည်။

ထို့ပြင် သူသည် သူ့၏ သွားများကို ကြိတ်လိုက်ပြီး သူ့၏ မျက်နှာအမူအရာကလည်း ကြမ်းတမ်း၍ နီရဲလာခဲ့သည်။

သူ့၏ ကြိုးစားမှုကြောင့် ရေပုံးသည် နောက်ဆုံးမှာတော့ နှေးကွေးစွာဖြင့် မြေပြင်ပေါ်ကနေ ကြွတက်လာခဲ့သည်။

သူသည် နှစ်စက္ကန့်ကြာအောင် မတင်ပြီးနောက် နောက်ဆုံးမှာတော့ ရေပုံးသည် စစ်ဆေးမှုရဲ့ စံသတ်မှတ်ချက်အဖြစ် လိုအပ်တဲ့ မြေပြင်ကနေ ငါးဆယ်စင်တီမီတာအထက်ကို ရောက်ရှိလာခဲ့သည်။

ထိုအချိန်မှ စစ်ဆေးမှုက တကယ်စတင်တာဖြစ်သည်။

သို့သော်လည်း သူသည် ဆယ်စက္ကန့်မပြည့်ခင် အချိန်အတွင်းမှာဘဲ ရေပုံးကို ပြန်ချခဲ့ပြီး ပြိုလဲလုနီးပါးဖြစ်ခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ခါလိုက်ပြီး ပြောလိုက်သည်။

" အရမ်းအားနည်းလွန်းတယ် ၊ နောက်တစ်ယောက် …."

နောက်လူက ပထမဆုံးလူထက် ပိုပြီးတော့တောင်မှ အခြေအနေ ဆိုးနေသေးသည်။သူသည် စံသတ်ချက်အဖြစ် သတ်မှတ်ထားတဲ့ ၅၀စင်တီမီတာကို မရောက်ခင်မှာဘဲ ရေပုံးကိုပြန်ချလိုက်သည်။

ထို့နောက် တတိယလူ ၊စတုတ္ထလူ …...

သူတို့သည် တစ်ယောက်မှ မအောင်မြင်ခဲ့ကြပေ ။

မိန်းကလေးတွေက ရေပုံးကိုတောင်မှ မ မနိုင်ခဲ့ကြပေ။

.

အမျိုးသားအများစုက ဆယ့်နှစ်စက္ကန့်လောက်သာ မ ထားနိုင်ကြသည်။ သူတို့‌ထဲက ရေပုံးကို အကြာဆုံး မနိုင်တဲ့ လူတောင်မှ စက္ကန့် ၂၀လောက်ပဲ ကြာသည်။ထို့ပြင် သူတို့ကို ကြည့်ရတာကလည်း အားနည်းလွန်းသည်။

…......

လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်….

နဂါးဘုရင်ကျိုရှင်းသည် နီရဲနေသောမျက်လုံးများဖြင့် အနက်ရောင်ဝတ်လူကို ကြည့်၍ ပြောလိုက်သည်။

" သန့်ရှင်းရေးနေရာအတွက် စမ်းသပ်ချက်က ဘာလဲ ? ငါ့ကို ပြော…."

" နဂါးဘုရင်ကို တင်ပြပါတယ် ၊၊ သန့်ရှင်းရာထူးအတွက် စမ်းသပ်ချက်ကတော့ ရေထည့်ထားတဲ့ပုံးကို လက်တစ်ဖက်တည်းနဲ့ မပြီးတော့ သူတို့ရဲ့ ခွန်အားနဲ့ခန္ဓာကိုယ်သန်မာမှုကို စမ်းသပ်တာပါ ။"

ထို့နောက် အနက်ရောင်ဝတ်လူက လေးစားစွာဖြင့် ကျိုရှင်းကို ပြောလိုက်သည်။

" အဲ့ဒီရေပုံးထဲမှာ ၅၀ကတ်တီးလောက်နီ‌ပါးရှိတဲ့ ရေတွေပါဝင်ပါတယ် ။ သူတို့လုပ်ရမှာက မြေပြင်ကနေ ၅၀စင်တီမီတာအထက်ကို လက်တစ်ဖက်တည်းနဲ့ မပြီးတော့ ရေပုံးထဲက ရေတွေကို မဖိတ်ကျအောင် လုပ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မပြီးတဲ့နောက်မှာလည်း သူတို့ရဲ့ ခြေထောက်တွေကို မလှုပ်ရှားရဘူး။ အကယ်၍ သူတို့ တစ်မိနစ်တိတိ မ ထားနိုင်ရင် ဒီစစ်ဆေးမှုကို အောင်မြင်ပါတယ် ။ "

" လက်တစ်ဖက်တည်းနဲ့ ၅၀ကတ်တီရှိတဲ့ ရေပုံးကို မရတာက အဲ့လောက် မခက်ခဲပါဘူး…။ " ဟု ကျိုရှင်းက သူ့၏ ဦးခေါင်းကို ခါ၍ ပြောလိုက်သည်။

သူ သိုင်းပညာလေ့ကျင့်တုန်းကဆိုရင် ၁၀၀ကတ်တီလောက်ကို လက်တစ်ဖက်တည်းနဲ့ မပြီးတော့ လေ့ကျင့်ခဲ့ရတာဖြစ်သည်။ထို့ပြင်သူသည် ကတ်တီ၁၀၀လောက်ကို လက်ဖက်ထဲနဲ့ ဆယ်မိနစ်ကျော် ကျော် မ ထားနိုင်သည်။

ထိုအရာက သူ့အတွက်တော့ လုံးဝခက်ခဲတဲ့ စစ်ဆေးမှုတစ်ခု မဟုတ်ခဲ့ပေ။

" ငါတို့ လူတွေ ဘယ်နှယောက်လောက် အောင်မြင်သွားလဲ ? "ဟု ကျိုရှင်းက မေးလိုက်သည်။

" နဂါးဘုရင်ကို တင်ပြပါတယ် ၊ လူအယောက်သုံးဆယ်လောက် စစ်ဆေးပြီးသွားပါပြီ ။ ဒါပေမဲ့ တစ်ယောက်မှ မအောင်မြင်ခဲ့ပါဘူး….။ "ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ကျိုရှင်းသည် ဒေါသထွက်သွားခဲ့ပြီး " ဒါက ရိုးရှင်းတဲ့ စမ်းသပ်မှုတစ်ခုပဲ မဟုတ်ဘူးလား ? ။ ဘာလို့ သူတို့က အောင်မြင်အောင် မလုပ်နိုင်ရတာလဲ ? " ဟု ပြောလိုက်သည်။

အနက်ရောင်ဝတ်လူက သက်ပြင်းချ၍ ကျိုရှင်းကို ပြောလိုက်သည်။

" နဂါးဘုရင် ၊ ဒီစမ်းသပ်မှုက သိုင်းပညာလေ့ကျင့်ထားတဲ့ လူတွေ အတွက်တော့ တကယ် မခက်ခဲပါဘူး။ဒါပေမဲ့ ကျွန်တော်တို့လွှတ်လိုက်တဲ့ လူတွေအားလုံးက ထူးချွန်ထက်မြက်တဲ့ စာဂျပိုးတွေကြီးဘဲ လေ…။ သူတို့က သူတို့ရဲ့ အချိန်တွေအကုန်လုံးကို စာသင်ရာမှာဘဲ အာရုံစိုက်ထားခဲ့တယ်။ ဒါ့အပြင်သူတို့ရဲ့နေ့စဉ်ဘဝမှာလည်း ကိုယ်ခန္ဓာလေ့ကျင့်မှုတွေ ချို့တဲ့နေတယ်။ ဒါကြောင့် သူတို့ မအောင်မြင်ရတာပါ…။ "

ကျိုရှင်းလည်း သူ့၏လူများအကြောင်းကို သိနေခဲ့သည်။

ဒါပေမဲ့လည်း အခုချိန်ထိတိုင်အောင် တစ်ယောက်မှ ‌မအောင်မြင်သေးတာကြောင့် သူ့၏ မျက်နှာကို ဘယ်နားမှာ သွားထားရမလဲ ?

" ဒီတစ်ကြိမ် ၊ ငါ ဘာဆင်ခြေမှ မကြားချင်ဘူး…။ ငါလိုချင်တာက ရလဒ်တစ်ခုတည်းပဲ…။ "

ကျိုရှင်း၏ မျက်နှာသည် အရှက်နှင့်ဒေါသထွက်မှုများကြောင် နီရဲနေခဲ့ပြီး ပြောလိုက်သည်။

" အခုသွားပြီးတော့ အင်တာဗျူးဖြေဖို့ ကျန်ရှိနေသေးတဲ့ လူတွေကိုပြောလိုက်….။ အကယ်၍ သူတို့ရဲ့ အသက်ကို စတေးရမယ်ဆိုရင်တောင် အဲ့ဒီရေပုံးကို ငါ့အတွက် မပေးရမယ် ….။"

" ဟုတ်ကဲ့ ၊နဂါးဘုရင် "

…...

ထို့ကြောင့် စစ်ဆေးမှုမဖြေရသေးသည့် လူများသည် နောက်ထပ်စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

[ နဂါးဘုရင်ရဲ့ အမိန့် : အကယ်၍ မင်းတို့ရဲ့ အသက်ကို စတေးရမယ်ဆိုရင်တောင် ရေပုံးကို မင်းတို့ နဂါးဘုရင်အတွက် မ ပေးရမယ် ]

စာကို ဖတ်ပြီးသည့်နောက်တွင် သူတို့အားလုံး၏ မျက်နှာအမူအရာက သေခြင်းတရားကို ရင်ဆိုင်ရန်အဆင်သင့်ဖြစ်နေသလို ပြောင်းလဲသွားခဲ့သည်။

All Chapters