အခန်း (၇၀)
Vol. 5 Ch. 70
" နောက်ဆုံး မင်းဘဲ အနိုင်ရလိမ့်မယ်လို့ ချွင်းချက်မရှိ ငါယုံကြည်တယ်။ " ဟု လင်ပေ့ဖန်က အဓိပ္ပာယ်ပြည့်ဝသော အပြုံးတစ်ပွင့်ဖြင့် ဝူကောကို ပြောလိုက်သည်။
ဝူကော ငါတိုမတွေ့ရတာ တော်တော်ကြာပြီ……
မင်းဘာတွေ စဉ်းစားနေတာလဲ ? မင်းဘာသာမင်း အေးအေးဆေးဆေး ဂူမဖောက်ဘဲနဲ့ ငါဆီကို လာတယ်ပေါ့လေ….
ငါမင်းကို သေချာဂရုစိုက်ပေးပါ့မယ်….
ထိုအချိန်တွင် အင်တာဗျူးဖြေဆိုသူ ဝူကောသည်
လင်ပေ့ဖန်ကို ကြည့်လိုက်ပြီး သူ့၏ မျက်လုံးများက လက်သွားခဲ့ပြီး နက်ရှိုင်းသော မုန်းတီးမှုကို ဖုန်းကွယ်ခဲ့သည်။
လင်ပေ့ဖန် ငါတို့မတွေ့ရတာ တော်တော်တောင် ကြာသွားပြီ….
ဒီတစ်ကြိမ်တော့ ထောင်ထဲသွားရမယ့်သူက ငါမဟုတ်ဘူး…မင်းပဲ ဖြစ်လိမ့်မယ်…….
သူသည် ပြန်လည်မွေးဖွားလာသူ တစ်ယောက်ဖြစ်သည်။
သူပြန်လည်မမွေးဖွားလာခင်တုန်းက သူ့ရဲ့ ဘိုးဘေး တွေ လက်ဆင့်ကမ်းပေးခဲ့တဲ့ ယင်ယန် ဖုန်း(ရွှေ)ရွှီလျှို့ဝှက်ချက် စာအုပ်ကို ပိုင်ဆိုင်ခဲ့သည်။
တနည်းအားဖြင့်ပြောရရင်တော့ ထိုစာအုပ်က သင်္ချိုင်းဂူကို ဘယ်လိုဖောက်ပြီး ရတနာများကို ဘယ်လို ရှာရမလဲဆိုတာ လမ်းညွှန်းပြသထားတဲ့ စာအုပ်တစ်အုပ်ဖြစ်သည်။
ထို့ပြင် သူသည် ဂူဖောက်ရာမှ ရတဲ့ ရှေးဟောင်းပစ္စည်းများကို အရောင်းအဝယ်ပြုလုပ်ပြီး အောင်မြင်လာခဲ့သည်။
သို့သော်လည်းပဲ သူသည် လင်ပေ့ဖန်နှင့်တွေ့ဆုံပြီးတဲ့နောက်တွင် အရာအားလုံးက ပြောင်းလဲသွားခဲ့သည်။
တစ်နေ့တွင် လင်ပေ့ဖန်သည် သူပိုင်ဆိုင်တဲ့ ရှေးဟောင်းပစ္စည်းဆိုင်ကို လာ၍ ရှေးဟောင်းပစ္စည်းများ လာဝယ်ခဲ့သည်။ထိုအချိန်တွင် သူ့ရဲ့သူငယ်ချင်းဖြစ်တဲ့ ဝမ်ပန်ဇီသည် လင်ပေ့ဖန်က လွယ်ကူတဲ့ ပစ်မှတ်လို့ ထင်တာကြောင့် လင်ပေ့ဖန်ကို ဂျင်းထည့်၍ ရှေးဟောင်းပစ္စည်းအတုများကို ရောင်းချခဲ့သည်။
ဒီကောင်က ရက်စက်လွန်းသည်။
ထိုအဖြစ်အပျက်ပြီးတဲ့နောက်တွင် စကားတစ်ခွန်းတောင် ပြန်မပြောဘဲနဲ့ ရဲကို တိုက်ရိုက်အကြောင်းကြားခဲ့သည်။ထို့နောက် ရဲတွေက သူ့ဆိုင်ကို လာရောက်စစ်ဆေးခဲ့ကြပြီး သူတို့ရဲ့ ခိုးထားတဲ့ပစ္စည်းအများကြီးကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
ရလဒ်ကတော့ သူနဲ့ သူ့သူငယ်ချင်းသည် ထောင်ထဲတွင် သုံးနှစ်လောက် အောင်းလိုက်ရပြီး သူတို့နှစ်ပေါင်းများစွာ စုဆောင်းထားတဲ့ စည်းစိမ်တွေကလည်း အသိမ်းခံခဲ့ရသည်။
ထိုအချိန်မှစ၍ သူနှင့်လင်ပေ့ဖန်တို့သည် ရန်သူတွေဖြစ်လာခဲ့ကြသည်။
ဒါပေမဲ့လည်း သူ ဘယ်လို နည်းလမ်းတွေကိုပဲ အသုံးပြုပါစေ လင်ပေ့ဖန်ကို မယှဉ်နိုင်ခဲ့ပေ။
ထို့ပြင် သူ့ရန်သူ လင်ပေ့ဖန်သည် ကဏ္ဍတိုင်းတွင် အရမ်းတော်ပြီး ပြည့်စုံလုနီးပါးဖြစ်နေခဲ့သည်။
ထိုထဲမှ ဒေါသထွက်စရာအကောင်းဆုံးအရာကတော့ သူတို့ရဲ့ ဝမ်းစာအတွက် ဂူဖောက်တဲ့အခါတိုင်း လင်ပေ့ဖန်က သူတို့ရဲ့တည်နေရာကို တိကျစွာ ခြေရာခံနိုင် ခဲ့သည်။ထို့နောက် သူသည် ရဲတွေထံ သတင်းပို့ပြီး သူတို့ကို ဖမ်းဆီးစေခဲ့သည်။
သူတို့ ဘယ်လိုပဲ ကြိုးစားပြီးပုန်းပါစေ ၊ လင်ပေ့ဖန် ရဲ့ လက်ထဲကနေ သူတို့မလွှတ်မြောက်နိုင်ခဲ့ပေ။
သူတို့ ဂူဖောက်ပြီး ထွက်လာချိန်တိုင်းတွင် ရဲတွေရဲ့ ဖမ်းဆီးခြင်းကို ခံရပြီး ထောင်ထဲ ထည့်ခံခဲ့ရသည်။
ဂူသင်္ချိုင်းအတွင်းရှိ ညစ်ညမ်းတဲ့အရာတွေက သူ့ကို ဒုက္ခမပေးနိုင်သော်လည်းပဲ သူသည် လင်ပေ့ဖန်၏လက်ထဲသို့သာ နောက်ဆုံးတွင် ကျဆင်းခဲ့ရမြဲ ဖြစ်သည်။
ထို့ပြင် သူ့ရဲ့ ဘဝရဲ့ သက်တမ်းတစ်ဝက်လောက်ကလည်း သံတိုင်နောက်တွင်သာ ကုန်ဆုံးခဲ့ရပြီး သူ့ဘဝတစ်ခုလုံး ပျက်စီးခဲ့ရသည်။
ထို့ကြောင့် ဝူကောသည် သူ့ရှေ့ကလူကို အရမ်းမုန်းတီးသည်။
အခု သူပြန်လည်မွေးဖွားလာပြီးသည့်နောက်တွင် အတိတ်ဘဝတုန်းက ရန်ငြိုးအာဃာတများကို ဆုပ်ကိုင်ထား၍ လက်စားပြန်ချေရန် သူ ဆုံးဖြတ်ထားခဲ့သည်။
ထို့ကြောင့် ဒီကုမ္ပဏီမှာ အလုပ်ခေါ်နေတဲ့ သတိပေးချက်ကို မြင်ပြီးတဲ့နောက်တွင် သူသည် မတုံ့ဆိုင်းဘဲနဲ့ အလုပ်လာလျှောက်ခဲ့သည်။အကယ်၍ သူသာ လင်ပေ့ဖန်ဘေးနားတွင် နေနိုင်ပါက သူ့ကို ခြုံခိုတိုက်ရန် အခွင့်အရေးကို စောင့်မျှော်နိုင်သည်။
သူ့ရဲ့ ပညာရေးက အရမ်းမမြင့်တာကြောင့် သူသည် သန့်ရှင်းရေးနေရာအတွက်သာ အလုပ်လျှောက်နိုင်ခဲ့သည်။
အစတုန်းက သူသည် ပညာတတ်လူယုတ်မာများ၏အလယ်တွင် အလုပ်ရနိုင်ရန် မျှော်လင့်ချက်မဲ့နေခဲ့သည်။
ထို့ပြင် သန့်ရှင်းနေရာအတွက်တောင်မှ သူနဲ့ ယှဉ်ပြိုင်ရန် လူအများကြီးရှိနေခဲ့သည်။
တရားမျှတမှုက ဘယ်မှာလဲ ??
ဒါပေမဲ့လည်း အဆုံးမှာတော့ အံ့ဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပေါ်လာခဲ့ပြီး သူသည် အောင်ပွဲခံနိုင်ခဲ့သည်။
" လင်ပေ့ဖန် မင်း ငါ့အနေအထားကို တစ်ချက်ရှိုးလိုက်စမ်း….ငါက ဒဏ္ဍာရီလာဇာတ်လိုက်တစ်ယောက်ပဲ….။ ငါက သေပြီးတာတောင် ပြန်လည်မွေးဖွားနိုင်တယ်…။ ပြီးတော့ ကောင်းကင်ကြီးကတောင် ငါ့ကို ကူညီနေတယ်….။ မင်း အသက်ရှင်မလား ၊သေမလားဆိုတာ ငါတို့ ကြည့်ကြသေးတာပေါ့ကွာ…..။"
ဝူကောသည် သူ့၏ရင်ထဲ၌ အတော်လေးကို ဂုဏ်ယူနေခဲ့သည်။
နေဦး ၊ငါအရမ်း ပျော်ရွှင်နေလို့ မရသေးဘူး….။
ငါ ဒီနတ်ဆိုး လင်ပေ့ဖန်ကို ရှင်းထုတ်ပြီးမှသာ အမှန်တကယ်ပျော်သင့်တာ…။
ထို့နောက် သူသည် ရလဒ်ကို စောင့်နေရင်း မူလအခြေအနေအတိုင်း တိတ်တဆိတ်ပြန်နေခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်သည် တစ်ယောက်ပြီးတစ်ယောက် တစ်ခြားလူတွေကို စစ်ဆေးခဲ့သည်။
ရုတ်တရက် ထွက်ပေါ်လာတဲ့ ဝူကောလိုလူကြောင့် တစ်ခြားလူများသည် အကျပ်အတည်းတစ်ခုကို ခံစားလိုက်ရပြီး သူတို့၏ စွမ်းဆောင်ရည်များကို ပြသရန် အကောင်းဆုံးကြိုးစားခဲ့ကြသည်။
နောက်ဆုံးမှာတော့ တချို့လူများသည် ဒဏ်ရာရပြီး မသန်မစွမ်းဖြစ်၍ တချို့လူတွေကတော့ အော်ဟစ်ငိုယိုကြသည်။ထို့နောက် သူတို့ကို တန်းစီ၍ ဆေးရုံကို ပို့ပေးခဲ့ရသည်။
လင်ပေ့ဖန်သည် သူတို့အတွက် စိတ်မကောင်းဖြစ်သလို ခံစားခဲ့ရသည်။
" သန့်ရှင်းရေးရာထူးအတွက် ဒီလောက်ထိပေးဆပ်ရတာ တန်လို့လား ? "
ထို့ကြောင့် နောက်ဆုံးမှာတော့ သဘာဝကျစွာဖြင့် ဝူကောကဘဲ အနိုင်ရသွားခဲ့သည်။
လင်ပေ့ဖန်က ပြုံးပြီး ပြောလိုက်သည်။
" လူနှစ်ယောက်ပဲ စစ်ဆေးမှုကို အောင်မြင်ခဲ့တယ်။ဒါပေမဲ့ လူငယ်လေး မင်းက အကြာဆုံး ထိန်းထားနိုင်တယ်။ဒါကြောင့် ငါမင်းကို သန့်ရှင်းရေးရာထူး
ခန့်လိုက်မယ်။ "
" ဘော့စ်လင် စိတ်ချပါ ၊ ကျွန်တော်အလုပ်ကြိုးစားပါ့မယ်။ " ဟု ဝူကောက မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
ဝူကောသည် အတော်လေးကို စိတ်လှုပ်ရှားနေခဲ့သည်။
ဒါက သူ့ဘဝအတွက် သေးငယ်တဲ့ ခြေလှမ်းတစ်ခု ဆိုပေမယ့် လင်ပေ့ဖန်ကို လက်စားချေနိုင်ဖို့အတွက် ကြီးမားတဲ့ ခြေလှမ်းတစ်ခုဘဲဖြစ်သည်.....။
နောက်ဆုံးတော့ လင်ပေ့ဖန်ကို လက်စားချေနိုင်ဖို့အတွက် သူ့မှာ မျှော်လင့်ချက်ရှိလာပြီ ဖြစ်သည်…..။
လင်ပေ့ဖန် မင်း ငါ့ကို စောင့်နေ ၊ ငါမင်းကို ခံစားရအောင် လုပ်ပြမယ်….။
ငါခံစားရတာထက် မင်းကို အဆတစ်ရာ၊ အဆတစ်ထောင် ပြန်ခံစားရအောင် လုပ်ပေးမယ်…။
…...
" မင်းလို လူငယ်မျိုးတွေကို ငါ ပိုလေးစားတယ် " ဟု လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကို ပုတ်လိုက်ပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
ထို့နောက် တံမြက်စည်းကိုင်ထားတဲ့ သက်လက်ပိုင်းအမျိုးသမီးကြီးတစ်ယောက်သည် အပြင်ကနေ ဝင်လာခဲ့သည်။
" ဘော့စ်လင် ၊ ရှင် ကျွန်မကို ခေါ်သေးလား ? " ဟု ထိုအမျိုးသမီးက သိချင်စွာဖြင့် မေးမြန်းခဲ့သည်။
" ဝူကော ငါမင်းကို သူမနဲ့ မိတ်ဆက်ပေးမယ် "
ထို့နောက် လင်ပေ့ဖန်သည် သက်လက်ပိုင်းမိန်းမကြီးကို ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။
" သူမနာမည်ကတော့ လျူရွှေ ဖြစ်တယ်။ သူမ ဒီမှာ သန့်ရှင်းရေးအလုပ် လုပ်နေတာ သုံးနှစ်ရှိပြီ။ ဒါ့အပြင် သူမက ဒီအလုပ်မှာ အမြဲတမ်းလုံလဝီရိယရှိပြီးတော့ အတွေ့အကြုံလည်း အများကြီးရှိတယ်။ အခုကစပြီးတော့ သူမက မင်းရဲ့ ဆရာဖြစ်လာလိမ့်မယ်။ သူမကို အမေလို့ ခေါ်လိုက်…."
ဝူကော : ??
" အို့ ၊ တောင်းပန်ပါတယ် ...ငါ စကားပြော မှားသွားတာ….။ သူမကို အန်တီလျူလို့ ခေါ်လိုက်…။ " ဟု
လင်ပေ့ဖန်က ပြောလိုက်သည်။
…...
ဝူကောသည် သူ့ရဲ့ ခုန်ပေါက်နေတဲ့ ရင်ဘတ်ကို လက်ဖြင့် ဖိလိုက်သည်။
လင်ပေ့ဖန် ခုနက ပြောလိုက်တဲ့စကားက သူ့ကို သေလုလုနီးပါး ထိတ်လန့်စေခဲ့သည်။
" ဘော့စ်လင် ...ဒါက "ဟု အန်တီလျူသည် ပဟေဠိဖြစ်စွာဖြင့် လင်ပေ့ဖန်ကို မေးမြန်းလိုက်သည်။
" အန်တီလျူ ၊ ဒါက ကျွန်တော် အခုခန့်လိုက်တဲ့ သန့်ရှင်းရေးသမားဖြစ်တဲ့ ဝူကောဘဲ…..။ သူက ငယ်ရွယ်ပြီးတော့ ဒီအလုပ်မှာ အတွေ့အကြုံ သိပ်မရှိ သေးဘူး။ ဒါပေမဲ့ သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကတော့ အရမ်းကောင်းတယ်။ အနာဂတ်မှာခက်ခဲတဲ့ အလုပ်တွေရှိရင် အန်တီလျူ သူ့ကို ခိုင်းနိုင်တယ်။ " ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။
" ကျွန်မ သိပြီ ။ ဟယ်လို လူငယ်လေး…" ဟု အန်တီလျူက အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်ခဲ့သည်။
" မင်္ဂလာပါ အန်တီလျူ.." ဟု ဝူကောက ပြန်ပြောခဲ့သည်။
" ကောင်းပြီ ၊ ဒီလူငယ်လေးက တော်တော်ချောတာတာပဲ။ သူ့ပုံစံကို ကြည့်ရတာ သေဆုံးသွားတာကြပြီဖြစ်တဲ့ ကျွန်မရဲ့ ယောက်ျားပုံနဲ့တောင်တူနေတယ်။ " ဟု အန်တီလျူက ရယ်မော၍ ပြောလိုက်သည်။
ဝူကော : ):
သူမ ဘာပြောလိုက်တာလဲ ?
ဘာကြောင့် ဒီစကားက အနည်းငယ် ထူးဆန်းနေရတာလဲ ?
" လူငယ်လေး ၊ မင်း လက်ထပ်ပြီးပြီးလား ? ။ပြီးတော့ လူငယ်လေးမှာ စော်ရောရှိလား ? " ဟု အန်တီလျူက ဝူကောကို မေးမြန်းခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လင်ပေ့ဖန်သည် ရယ်မောပြီး ပြောလိုက်သည်။
" အန်တီလျူက ဒီလူငယ်လေးကို အရင်တုန်းက မြင်ဖူးလို့လား ? ။ ဒါမှမဟုတ် အန်တီသမီးအတွက် ချက်ချင်းဘဲ ယောက်ျားကို ရှာပေးချင်တာလား ? "
အန်တီလျူသည် ပဟေဠိဖြစ်သွားခဲ့ပြီး လင်ပေ့ဖန်ကို မေးမြန်းလိုက်သည်။
" ကျွန်မမှာ သမီးမှ မရှိတာ။ ဘာကြောင့် ကျွန်မက သမက်ကို ရှာရမှာလဲ ? "
" အို့ ၊ ဒါဆိုရင် အန်တီလျူ ဆိုလိုချင်တာက ....."
လင်ပေ့ဖန်သည် စကားပြောတာကို ရုတ်တရက် ရပ်ခဲ့သည်။
ဝူကောသည် ထိုစကားကို ကြားလိုက်ရသောအချိန်တွင် သူ့ကျောရိုးတစ်လျှောက်လုံး အေးစက်သွားသလို ခံစားခဲ့ရသည်။