← Chapters

အခန်း (၆၂)

Vol. 5 Ch. 62

အခန်း (၆၂)

Vol. 5 Ch. 62

လင်ပေ့ဖန်၏ အလုပ်ရှုပ်နေသော ပုံသဏ္ဍာန်ကိုကြည့်၍ ထိုအချိန်တွင် ရဲ့ရှင်းချန်သည် သူ့၏စိတ်ထဲ၌ တစ်ခုခု လှုပ်ရှားသွားသလို ခံစားခဲ့ရသည်။

သူဌေးတစ်ယောက်အနေဖြင့် တစ်ခြားလူသည် သူ့၏လက်အောက်ငယ်သားတွေကို အမြဲတမ်း ထောက်ထားစာနာပြီး ဂရုစိုက်သည်။ ထို့ပြင် သူသည် သူ့လောက်ငယ်သားတွေ အာဏာလိုအပ်သောအခါတွင်လည်း အာဏာကိုပေး၍ ပိုက်ဆံလိုအပ်သောအခါတွင်လည်း တစ်ခွန်းတောင်မညည်းညူဘဲနဲ့ ထောက်ပံ့ပေးခဲ့သည်။

သူငယ်ချင်းတစ်ယောက်အနေဖြင့် သူသည် စကားပြောချိန်တွင် သူ့နှင့် ရယ်မောပြီးစကားပြော၍

သူအန္တရာယ်ကြုံတွေ့နေရသော အချိန်တွင်လည်း သူသည် သူ့ဘေးနားသို့ အပြေးအလွှားပြေးလာခဲ့သည်။

သူဌေးတစ်ယောက်ပဲဖြစ်ဖြစ် ၊သူငယ်ချင်းတစ်ယောက်ပဲ ဖြစ်ဖြစ် လင်ပေ့ဖန်သည် ကောင်းကောင်းလုပ်နိုင်သည်။

ပြည့်စုံလုနီးပါးဘဲ……

အနည်းဆုံးတော့ ရဲ့ရှင်းချန်သည် လင်ပေ့ဖန်လိုမျိုး မလုပ်နိုင်ပေ။

ထို့ပြင် လင်ပေ့ဖန်သည် သူ့၏အသက်ကို ကယ်တင်ပေးခဲ့တဲ့သူလည်း ဖြစ်သည်။

" အကယ်၍ ငါတို့သာ ရန်သူတွေမဟုတ်ဘူးဆိုရင်ဘယ်လောက်တောင် ကောင်းလိုက်မလဲ….."

ရဲ့ရှင်းချန်သည် မိန်းမောတွေဝေနေရာမှ နိုးလာခဲ့ပြီး သူ့၏ဦးခေါင်းကို ခပ်ကြမ်းကြမ်းခါယမ်းလိုက်၍

" ငါ အရမ်း စိတ်ကူးယဉ်နေလို့မရဘူး။ သူ့ရဲ့ အကူအညီတစ်ချို့နဲ့ ကြင်နာမှုကြောင့် ငါ့ရင်ထဲက အမုန်းတရားတွေကို ငါ မေ့ထားလို့မရဘူး။ သူက ငါ့မိန်းကလေးကို လုယူသွားတယ်။ငါ့ရဲ့ ကြေးစားအဖွဲ့ကိုလည်း ဖြိုခွဲပြီးတော့ ငါ့အသက်မွေးဝမ်းကျောင်းအလုပ်ကိုလည်း ဖျက်ဆီးခဲ့တယ်။ဒါ့အပြင် ယန်နိုင်ငံကနေလည်း ငါ့ကို လေလွင့်ခွေးတစ်ကောင်လို နှင်ထုတ်ခဲ့တယ်။ငါ ဒီအရာတွေကို လက်စားပြန်ချေရမယ်။ဒါမှမဟုတ်ရင် ငါ့ဘဝရဲ့ဒုတိယအကြိမ်အခွင့်အရေးကို ဖြုန်းတီးသလို ဖြစ်သွားမှာပေါ့….." ဟု ပြောလိုက်သည်။

"အများဆုံး အနာဂတ်မှာ ငါသူ့ရဲ့အသက်ကိုတော့ ချမ်းသာပေးနိုင်တယ်။ "

ထို့ပြင် လင်ပေ့ဖန်ကိုလည်း လက်စားချေရမည်ဖြစ်၍ အနက်ရောင်ဝတ်အဖွဲ့ကိုလည်း ပိုပြီးတော့တောင်မှ လက်စားချေရမည်ဖြစ်သည်။

ထို့နောက် ရဲ့ရှင်းချန်သည် အခြေအနေကို ဂရုတစိုက် လေးလေးနက်နက် စဉ်းစားတွေးတောခဲ့သည်။

သူတို့တွေက ဘယ်သူတွေလဲ ….. ဘယ်ကနေ လာတာလဲ …??

ပထမဆုံးအနေနဲ့ သူတို့လို ခွန်အားရှိတဲ့လူက အများကြီးမရှိနိုင်ဘူး…

ဒုတိယအနေနဲ့ သူတို့ရဲ့အဝတ်အစားတွေကို ကြည့်ပြီးပြောရရင် သူတို့အားလုံးက အဖွဲ့အစည်းတစ်ခု ဒါမှမဟုတ် အဖွဲ့တစ်ခုခုကနေ လာတာဖြစ်နိုင်တယ်။ ပြီးတော့ အဲ့လိုအဖွဲ့အစည်းနဲ့ အဖွဲ့တွေကလည်း အများကြီးတော့ မရှိနိုင်ဘူး……

တတိယအနေနဲ့ သူတို့ သူ့ကိုတိုက်ခိုက်တဲ့အချိန် အရမ်း ရက်စက်လွန်းတယ်။ဒါကြောင့် သူတို့အဖွဲ့ နဲ့ သူ့ကြားမှာ ရန်ငြိုးတစ်ခုခုရှိတယ်ဆိုတာ ဖော်ပြနေတယ်……

စတုတ္ထအနေနဲ့ သူတို့အဖွဲ့က ယန်နိုင်ငံ ဒါမှမဟုတ် ယန်နိုင်ငံရဲ့ သွေးသားတော်စပ်သူတွေဖြစ်နိုင်တယ်……

ပဉ္ဇမအနေနဲ့ သူတို့ရဲ့ တိုက်ခိုက်ရေးနည်းဗျူဟာတွေကို ကြည့်ရတာ ရင်းနှီးနေသလိုဘဲ….

ရဲ့ရှင်းချန်သည် စေ့စေ့စပ်စပ်ခွဲခြမ်းစိတ်ဖြာပြီးသည့်နောက်တွင် သူသည် နောက်ဆုံးပစ်မှတ်ကို သော့ခတ်လိုက်သည်။

ကျိုမိသားစု…..နဂါးဘုရင် ကျိုရှင်း…

ဘာကြောင့်သူတို့က သူ့ကို ပစ်မှတ်ထားရတာလဲဆိုတာကို သူမသိပေ။

ဘဝနှစ်ခုစလုံးတွင်လည်း သူတို့နှစ်ယောက်သည် ရန်ငြိုးမရှိခဲ့ပေ။

ဒါပေမဲ့ သူတို့က သူ့ကို တိုက်ခိုက်တယ်ဆိုကတည်းက ဖြစ်လာမယ့် အကျိုးဆက်ကိုတော့ သူတို့ ခံနိုင်ရည်ရှိရမှာပေါ့…

ထို့နောက် ရဲ့ရှင်းချန်၏ အကြည့်များက ထက်ရှသွားခဲ့ပြီး " မင်းတို့ ငါ့ကို စောင့်ဦးပေါ့ကွ… ငါ့ရဲ့ ဒဏ်ရာ‌ တွေ သက်သာလာတဲ့အခါကျရင် ငါမင်းတို့ကို ငါခံစားခဲ့ရတာထက် အဆတစ်ရာ ၊အဆတစ်ထောင် ပြန်ခံစားရအောင်လုပ်ပြမယ်။ စစ်နတ်ဘုရားရဲ့ရှင်းချန်ဆိုတဲ့ ငါက ငါ့ကတိကို ဘယ်တော့မှ မချိုးဖောက်ဘူး…." ဟု ပြောလိုက်သည်။

…....

တခြားတစ်ဖက်တွင်တော့…. မဟာဗာဂျရာရှစ်ယောက်သည် ဖြစ်ခဲ့တဲ့ကိစ္စတွေကို ပြန်လည်တင်ပြခဲ့သည်။

နဂါးဘုရင်ကျိုရှင်းသည် အနက်ရောင်ဝတ်လူများ တင်ပြတဲ့ စကားကို ကြားရပြီးနောက် အတော်လေးကို ထိတ်လန့်သွားခဲ့သည်။

" မင်းတို့ ဘာပြောလိုက်တာလဲ ? စစ်နတ်ဘုရား

ရဲ့ရှင်းချန်ကို ဒဏ်ရာအများကြီးရအောင် မင်းတို့ တကယ်လုပ်နိုင်ခဲ့တာလား? သူက ကြောက်မက်ဖွယ်ကောင်းတဲ့ စစ်နတ်ဘုရားတစ်ယောက်လေ ။ ဘယ်လိုဖြစ်ပြီးတော့ မင်းတို့က သူ့ကို အရမ်း ဆိုးဆိုးဝါးဝါးဒဏ်ရာရအောင် လုပ်နိုင်မှာလဲ ? " ဟု ပြောလိုက်သည်။

" ဟုတ်ပါတယ် နဂါးဘုရင် ။ ကျွန်တော်တို့ပြောတဲ့ စကားတိုင်းက အမှန်ကြီးပဲဆိုတာကို ကျွန်တော် အာမခံပါတယ်။ ရဲ့ရှင်းချန်က ကျွန်တော်တို့လက်ထဲမှာ နှစ်မိနစ်လောက်တောင် မတောင့်ခံနိုင်ဘူး။ ပြီးတော့ သူ့ရဲ့ ခွန်အားက ဘာမှမထူးခြားဘူး။ သူက စစ်နတ်ဘုရားဆိုတဲ့ နာမည်နဲ့တောင် မထိုက်တန်ဘူး။" ဟု အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က နှာခေါင်းရှုံ့၍ ‌လှောင်ပြောင်လိုက်သည်။

" နဂါးဘုရင် ကျွန်တော်တို့ အခုရရှိထားတဲ့ အချက်အလက်‌တွေအရ ရဲ့ရှင်းချန်ကို လင်ပေ့ဖန် က ကယ်တင်ပြီးတော့ ဆေးရုံကို ခေါ်သွားခဲ့တယ် ။ အခုလက်ရှိတော့ သူ့ရဲ့ဒဏ်တွေက တကယ့်ကိုပြင်းထန်တဲ့အတွက် အရေးပေါ်အခန်းထဲမှာ သူနေနေရတယ်။ " ဟု အနက်ရောင်ဝတ်အမျိုးသား နောက်တစ်ယောက်က ကျိုရှင်းကို တင်ပြခဲ့သည် ။

ကျိုရှင်းသည် သူ့၏ မျက်လုံးများကို မှိတ်၍ ထိုကြီးမားတဲ့ သတင်းများကို ‌ ချေဖျက်နေခဲ့သည် ။

" အကယ်၍ မင်းတို့ပြောတဲ့စကားက မှန်တယ်ဆိုရင် စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်ရဲ့ ခွန်အားက လျော့ကျသွားတယ်လို့ ဆိုနိုင်တယ်။ "

ထို့နောက် ကျိုရှင်းသည် သူ့၏မျက်လုံးများကို ဖွင့်လိုက်ပြီး မထိမဲ့မြင်ပြုသော အပြုံးတစ်ခုက သူ့၏ နှုတ်ခမ်းပေါ်တွင် ပေါ်လာခဲ့ပြီး ပြောလိုက်သည်။

" ဟားဟား …… အမြဲတမ်း သောက်စားမူးယစ်ပြီး‌ တော့ အပျော်အပါးမှာ မွေ့လျော်နေတဲ့ သူ့ရဲ့ ကံကြမ္မာက အဆုံးသတ်ကောင်းမှာမဟုတ်ဘူး။ ရဲ့ရှင်းချန် မင်းက ငါ့ရဲ့ ပြိုင်ဘက်ဖြစ်ဖို့ မထိုက်တန်ဘူး။ " ဟု ကျိုရှင်းက ပြောလိုက်သည်။

" နဂါးဘုရင်ပြောတာကို ကျွန်တော်တို့ အကြွင်းမဲ့သဘောတူပါတယ် " ဟု အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်စီတိုင်းက ညီညီညာညာဖြင့် ပြောခဲ့ကြသည်။

" ဒီကောင်က ငါတို့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ဘူးဆိုတော့ အခုချိန်ကစပြီး ငါတို့ သူ့အကြောင်းကို စိုးရိမ်စရာမလိုတော့ဘူး။ မင်းတို့

လင်ပေ့ဖန်ကိုပဲ သေသေချာချာ အာရုံစိုက်ထားပြီးတော့ သူ့ရဲ့လှုပ်ရှားမှုတိုင်းကို အနီးကပ်စောင့်ကြည့်ထားပါ။ လင်ပေ့ဖန်ကို မင်းတို့ ဘယ်တော့ မလျော့တွက်မိစေနဲ့။ ဘယ်တော့မှကို….." ဟု ကျိုရှင်းက အနက်ရောင်ဝတ်လူများကို အမိန့်ပေးခဲ့သည်။

" ဟုတ်ကဲ့ပါ ၊နဂါးဘုရင် "

…………

ထိုအချိန်တွင် အဓိကဇာတ်လိုက်နှစ်ယောက်ဖြစ်သည့် ရဲ့ရှင်းချန်နှင့် ရှောင်ချန်းတို့သည် အခန်းတစ်ခုထဲတွင် တစ်ယောက်နဲ့တစ်ယောက် နီးကပ်စွာ ဆေးရုံမှာ လဲလျောင်းနေကြရသည်။လင်ပေ့ဖန်သည် သူ့၏ ပတ်ဝန်းကျင်က ပိုပြီးတော့ တိတ်ဆိတ်သွားသလို ခံစားခဲ့ရသည်။

ထို့နောက် လင်ပေ့ဖန်သည် ဒီအချိန်ကို အခွင့်ကောင်းယူပြီး ချူရိုရွယ်နှင့် ကျန်းနန်မှာရှိတဲ့ ကုန်းမြေရဲ့ တန်ဖိုးကို ပြန်လည်ဆွေးနွေးခဲ့သည်။

နောက်ဆုံးမှာ သူတို့နှစ်‌ယောက်ဆွေးနွေးပြီး‌သည့်နောက်တွင် ကုန်းမြေ၏ ဈေးနှုန်းသည် ယွမ်သန်း၅၀သာလျှင် ထပ်တိုးခဲ့သည်။ထို့ပြင် စုစုပေါင်းတန်ဖိုး ယွမ်သန်း၇၀၀ကိုလည်း အစုရှယ်ယာအတိုးအဖြစ် သဘောတူခဲ့သည်။

ထိုသို့ သဘောတူရခြင်း၏ အကြောင်းပြချက်မှာ

ချူရိုရွယ်သည် သူမတို့အဖွဲ့၏ ဘဏ္ဍာရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရန် လင်ပေ့ဖန်ထံမှ ငွေကြေးအထောက်အပံကို ပိုလိုချင်သောကြောင့်ဖြစ်သည်။

၎င်းတို့၏ သဘောတူညီချက်အရ သူမတို့သည် သုံးနှစ်အတွင်း လင်ပေ့ဖန်ဆီမှ အတိုးနည်းနည်းဖြင့် ချေးငွေများကို စုစုပေါင်းယွမ်သန်း၇၀၀ မကျော်သ၍ ချေးနိုင်သည်။

ဆိုလိုသည်မှာ သူမတို့သည် လင်ပေ့ဖန်ဆီမှ အတိုးနည်းနည်းဖြင့် အကြိမ်ပေါင်းများစွာ ငွေချေးနိုင်သည်။ ဒါပေမဲ့လည်း စုစုပေါင်းချေငွေးပမာဏကတော့ သန်း၇၀၀ ကျော်လို့မရပေ။

အကယ်၍ သူမတို့က ချေးထားတဲ့ ပိုက်ဆံကို ပြန်မဆပ်နိုင်ပါက ထိုကုန်းမြေကို လင်ပေ့ဖန်က လုံးဝပိုင်ဆိုင်သွားလိမ့်မည်ဖြစ်သည်။

ဆွေးနွေးပြီးသည့်နောက်တွင် ချူရိုရွယ်သည် လင်ပေ့ဖန်ကို ဒေါသတကြီးဖြင့် ကြည့်လိုက်ပြီး " ရှင့် နဲ့ စီးပွားရေးလုပ်ရတာ တကယ့်ကို အရှုံးပေါ်တယ်။ ပြီးတော့ ဈေးနှုန်းကို သန်း၅၀မြှင့်တင်နိုင်ဖို့အတွက်တောင် တော်တော့်ကို ကြိုးစားယူရတယ်။ "ဟု ပြောလိုက်သည်။

လင်ပေ့ဖန်က သူမကို ပြန်တုံ့ပြန်ခဲ့သည်။

" ငါလည်း ရှုံးတာပဲလေ။ သုံးနှစ်အတွင်း ရန်ပုံငွေ သန်း၇၀၀ချေးပေးမယ်လို့ မင်းကို ငါ ကတိပေးထားတယ်။ ဒါကြောင့် ငါ့ရဲ့ ရန်ပုံငွေ သန်း၇၀၀လုံးက ဘာမှမလုပ်ရဘဲနဲ့ အလဟသဖြစ်သွားတယ်လို့ ဆိုလိုတာဘဲ။ ဒါ့အပြင် စတော့ဈေးကွက်မှာ အဲ့ဒီသန်း၇၀၀နဲ့ ငါ ပိုက်ဆံဘယ်လောက်များများ ရှာနိုင်မလဲ?……."

ချူရိုရွယ်ကလည်း အလျော့မပေးဘဲ ပြန်ငြင်းခုံခဲ့သည်။

" ရှင် ပိုက်ဆံရှာတာ အရမ်းမြန်တယ်မဟုတ်ဘူးလား?ရှင့်အတွက် ရန်ပုံငွေ သန်းရာဂဏန်းအနည်းငယ်ကို ဆုံးရှုံးရတာက ဘာဖြစ်မှာမို့လို့လဲ ? အဲ့ဒီ ကုန်းမြေက ရွှေရတနာတစ်ခုပဲလေ။ ပြီးတော့ တစ်ကြိမ်ဖွံ့ဖြိုးပြီးတာနဲ့ အဲ့ဒီကုန်းမြေက နှစ်စဉ်နှစ်တိုင်း ပိုက်ဆံ ဘီလီယံနဲ့ချီ ရှင့်ဆီကို ယူလာပေးနိုင်တယ်။"

" ပိုက်ဆံပိုရတာကို ဘယ်သူက မကြိုက်တာရှိလို့လဲ ?ငါ မင်းနဲ့ ဆက်ပြီးတော့ မငြင်းတော့ဘူး။ ငါ ဆေးရုံကို သွားစရာရှိသေးတယ်။" ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် မတ်တပ်ထရပ်ခဲ့သည်။

" ဆေးရုံကို သွားမလို့လား? ရှင်နေမကောင်းလို့လား?"ဟု ချူရိုရွယ်က စိုးရိမ်စွာဖြင့် မေးမြန်းခဲ့သည်။

လင်ပေ့ဖန်သည် သူ့၏ဦးခေါင်းကို ခါလိုက်ပြီး " ငါ နေကောင်းတယ်။ ဒါပေမဲ့ အစ်ကိုရဲ့က ဒဏ်ရာရပြီးတော့ ဆေးရုံတင်ထားရတယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က အမည်မသိအနက်ရောင်ဝတ်လူတစ်စုရဲ့ တိုက်ခိုက်ခြင်းကို ခံရပြီးတော့ သူ ဆေးရုံတင်ထားရတယ်။ပြီးတော့ သူ့ရဲ့ ဒဏ်ရာတွေက တော်တော်ပြင်းထန်တယ်။ " ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် ချူရိုရွယ်သည် သူမ၏ လက်နှစ်ဖက်ကို ဆုပ်လိုက်ပြီး

" ဒါ ကောင်းကင်ဘုံက ကောင်းချီးပေးတာဘဲ " ဟု ပြောလိုက်သည်။

" မင်း သူ့အတွက် ဆုတောင်းပေးနေတာလား" ဟု

လင်ပေ့ဖန်က မေးလိုက်သည်။

" မဟုတ်ပါဘူး။ ကောင်းကင်ဘုံက ကျွန်မရဲ့ ဆုတောင်းကို ဖြည့်စည်းပေးတဲ့အတွက် ကျွန်မက ကျေးဇူးတင်‌နေတာ…… " ဟု ချူရိုရွယ်က လင်ပေ့ဖန်ကို ပြောလိုက်သည်။

လင်ပေ့ဖန် : ):

All Chapters