အခန်း (၆၃)
Vol. 5 Ch. 63
ထိုအချိန်တွင် အရေးပေါ်အခန်းထဲမှာရှိတဲ့ စစ်ပွဲနတ်ဘုရားရဲ့ရှင်းချန်သည် ရုတ်တရက် အေးစက်သွားသလို ခံစားခဲ့ရသည်။
" အဲ့လိုတော့ မပြောနဲ့လေ ။ အကယ်၍ အစ်ကိုရဲ့က ဒီစကားကို ကြားသွားရင် ဝမ်းနည်းသွားလိမ့်မယ် " ဟု လင်ပေ့ဖန်က လေးလေးနက်နက် ပြောလိုက်သည်။
" တကယ်လား ? "
ထို့နောက် ချူရိုရွယ်၏ မျက်လုံးများက လက်သွားခဲ့ပြီး " ရှင် သူ့ဆီ သွားလည်တဲ့အခါကျရင် ၊ကျွန်မ အခုပြောတဲ့ စကားတွေကို သူ့ဆီ ပြန်ပြောပေးနိုင်မလား ? " ဟု ပြောလိုက်သည်။
လင်ပေ့ဖန် : …....
အခုတော့ လင်ပေ့ဖန်သည် ချူရိုရွယ်က ရဲ့ရှင်းချန်ကို အတော်လေး သဘောမကျကြောင်း လုံးဝသေချာနေခဲ့ပြီဖြစ်သည်။ ထို့ပြင် သူ့ရဲ့အတိတ်ဘဝတုန်းကထက် ပိုပြီးတော့တောင် သဘောမကျတာ ဖြစ်နိုင်သေးသည်။
လင်ပေ့ဖန်သည် ဘာကြောင့်လဲဆိုတာကို နားမလည်နိုင်ပေ။ ချူရိုရွယ်က သူ့ကို အရမ်းစိတ်ဆိုးဒေါသထွက်အောင်လို့ ရဲ့ရှင်းချန်က ဘာကို လုပ်ခဲ့တာလဲ ?
ထို့နောက် လင်ပေ့ဖန်သည် ကောင်းကင်ကိုကြည့်၍ သက်ပြင်းချလိုက်ပြီး " အစ်ကိုရဲ့ ….မင်း ဘာအပြစ်မျိုးကို ကျူးလွန်ခဲ့တာလဲ ? အမျိုးသမီးဇာတ်လိုက် ဖြစ်တဲ့ ချူရိုရွယ်ကတောင် မင်းကို အထင်အမြင်သေးနေပြီ။ ငါ့လို အလယ်လတ်ဗီလိန်လေးကသာ မင်းကို မစွန့်ပစ်တာ…." ဟု ပြောလိုက်သည်။
အရေးပေါ်ခန်းထဲတွင်ရှိသော ရဲ့ရှင်းချန်သည် ပိုပြီးတော့တောင်မှ အေးစက်လာသလို ခံစားရတာကြောင့် သူ့ကို တသိမ့်သိမ့်တုန်စေခဲ့သည်။
ချူရိုရွယ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ညှိနှိုင်းပြီးနောက်တွင် လင်ပေ့ဖန်သည်လည်း အလုပ်များလာခဲ့သည်။အခုချိန်တွင် သူ့မှာပိုက်ဆံအများကြီးရှိနေပြီဖြစ်တဲ့အတွက် စီးပွားရေးနယ်ပယ်ထဲသို့ ဝင်ရောက်ချိန်တန်ပြီဖြစ်သည်။
စီးပွားရေးလုပ်ငန်းကိုလည်း ဘယ်သူကမှ မလျော့တွက်ကြပေ။
မင်း ဘဏ်ထဲမှာ ပိုက်ဆံဘယ်လောက်များများထားထား ၊ ထိုအရာက နံပါတ်တစ်ခုသာဖြစ်သည်။ ထို့ပြင် ၎င်းက တခြားသူများအပေါ် တွင်လည်းသက်ရောက်မှုမရှိပေ။
၎င်းကို လုပ်ငန်းအမျိုးမျိုးသို့ ဖြန့်ကျက်ပြီး အသုံးပြုသည့်အခါမှသာ ထိုအရာက အမှန်တကယ်ကို အကျိုးသက်ရောက်မည်ဖြစ်သည်။ထို့ပြင် မင်းရဲ့ အပြောအဆိုနဲ့ လုပ်ရပ်ကလည်း လူသန်းနဲ့ချီ ဒါမဟုတ် လူဆယ်သန်းလောက်ကိုတောင် လွှမ်းမိုးနိုင်သည်။
အကယ်၍ သင်သာ ဘယ်သူမှမပိုင်ဆိုင်တဲ့ အင်အားကိုပိုင်ဆိုင်ထားခဲ့ပါက ဘယ်အဖွဲ့အစည်းပဲဖြစ်ဖြစ် ၊ဘယ်နိုင်ငံကပဲဖြစ်ဖြစ် သင့်ကို လျစ်လျူမရှုဝံ့တော့ပေ။
အခုချိန်တွင် ရန်ပုံငွေလုံလောက်သော်လည်း လင်ပေ့ဖန်မှာ လူလိုအပ်နေသေးသည်။ထို့ကြောင့် လက်ရှိတွင် အရေးကြီးဆုံးအလုပ်မှာ လူခေါ်ခြင်းနှင့် ကုမ္ပဏီကို တိုးချဲ့ရန်ဖြစ်သည်။
ထို့ပြင် အလုပ်ခေါ်ယူမှု သတိပေးချက်ကို ထုတ်ပြန်ပြီးသည့်နောက်တွင် အရည်အချင်းရှိသော လူအများအပြားကို ဆွဲဆောင်နိုင်ခဲ့သည်။
…...
လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချူပ်တွင်…...
" နဂါးဘုရင်ကို သတင်းကောင်းတင်ပြပါတယ်။ ဒါက စိတ်လှုပ်ရှားစရာကောင်းတဲ့ သတင်းကောင်းပါ" ဟု အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်သည် ကျိုရှင်း၏ ရုံးခန်းထဲသို့ ဝင်လာပြီး ကျယ်လောင်စွာဖြင့် ပြောလိုက်သည်။
နဂါးဘုရင်ကျိုရှင်းသည် သူ နှစ်ရှည်လများစွာသောက်ခဲ့သည့် သက်တမ်း၈၂နှစ်ရှိပြီဖြစ်တဲ့ ဝိုင်နီထည့်ထားသော ဖန်ခွက်ကို ကိုင်လိုက်လိုက်ပြီး အေးအေးဆေးဆေးမေးမြန်းလိုက်သည်။
" အဲ့ဒီ သတင်းကောင်းက ဘယ်ကနေကြားတာလဲ ? "
" နဂါးဘုရင် ၊ လက်ရှိမှာ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက သူတို့ရဲ့ကုမ္ပဏီကို တိုးချဲ့ပြီးတော့ အရည်အချင်းရှိတဲ့လူတွေကို အလုပ်ခေါ်နေပါတယ်။ဒါက ကျွန်တော်တို့ရဲ့ လျှို့ဝှက်ထားတဲ့ ကိုယ်စားလှယ်တွေအတွက်တော့ အခွင့်အရေးကောင်းတစ်ခုဘဲ ။ " ဟု အနက်ရောင်ဝတ်အမျိုးသားက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" ဒါက တကယ့်ကို သတင်းကောင်းဘဲ "ဟု ပြောပြီးနောက် ကျိုရှင်း၏ မျက်လုံးများက စိတ်လှုပ်ရှားမှုကြောင့် တလက်လက်တောက်ပသွားခဲ့သည်။
မိမိကိုယ်ကို သိခြင်းထက် မိမိရန်သူ အကြောင်းကို ပိုသိတာက ပိုကောင်းသည်ဟု ဇာတ်လိုက်တိုင်းက နားလည်ကြသည်။
ထို့ကြောင့် သူတို့သည် လင်ပေ့ဖန် နှင့် သူ့၏ ကုမ္ပဏီကို အနီးကပ်စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ဒါပေမဲ့လည်း သူတို့ရရှိတဲ့ သတင်းအချက်အလက်တွေက အတော်လေးကို ယေဘုယျဖြစ်တာကြောင့် သူတို့အတွက် အသုံးမဝင်ပေ။
အကယ်၍ သူတို့သာ လင်ပေ့ဖန်ဘေးနားမှာ အနီးကပ်စောင့်ကြည့်နိုင်တဲ့ လူတစ်ယောက်ကို ထားနိုင်ပါက ပိုမိုတိကျသော သတင်းအချက်အလက်တွေကို သူတို့ရရှိနိုင်မည်ဖြစ်သည်။
အခုတော့ သူတို့စောင့်မျှော်နေတဲ့ အခွင့်အရေးက နောက်ဆုံးတော့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
" အလုပ်လျှောက်လွှာတင်ဖို့အတွက် ငါတို့ရဲ့ အရည်အချင်းရှိတဲ့ ကိုယ်စားလှယ်တွေကို ချက်ချင်းဘဲ အကြောင်းကြားလိုက် ….။လင်ပေ့ဖန်ဘေးနားက လူတွေအကုန်လုံးကို ငါ့လူတွေချည်းပဲ ဖြစ်စေချင်တယ် ။" ဟု ပြောလိုက်သည်။
ထို့နောက် နဂါးဘုရင်ကျိုရှင်းသည် သူ့၏ ဝိုင်ခွက် လှုပ်၍ လူယုတ်မာအပြုံးကို ပြုံးလိုက်ပြီး ပြောလိုက်ပြန်သည်။
" သူတို့အားလုံးက ငါ့ထိန်းချုပ်မှုအောက်မှာဘဲ ရှိနေလိမ့်မယ်။ "
" ဒါက ဉာဏ်ရှိတဲ့ ဆုံးဖြတ်ချက်ပါဘဲ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်အမျိုးသားများက ကျယ်လောင်စွာဖြင့် သံပြိုင်ပြောခဲ့သည်။
ရလဒ်အနေဖြင့် လင်ပေ့ဖန်၏ ကုမ္ပဏီကို ပိုပြီးတော့တောင် အရည်အချင်းရှိသူအများအပြားက လာရောက်လျှောက်ထားခဲ့ကြသည်။
…….
ထိုအချိန်၌ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတွင် .…....
HRမန်နေဂျာ၏ သတိပေးချက်ကို လက်ခံရရှိပြီးနောက် လင်ပေ့ဖန်သည် ထိတ်လန့်သွားခဲ့သည်။
" မင်းဘာပြောလိုက်တာလဲ ? ဒေါက်တာဘွဲ့လက်မှတ်ရထားတဲ့သူက ၄၀ကျော် ၊မာစတာတန်းဘွဲ့လက်မှတ်ရထားတဲ့ သူက ၈၀ကျော် နဲ့ ကျော်ကြားတဲ့ တက္ကသိုလ်တွေမှာ ဘွဲ့ရထားတဲ့သူ ၃၀၀ကျော်က ငါတို့ကုမ္ပဏီကို အလုပ်လာလျှောက်တယ် ဟုတ်လား? " ဟု မေးမြန်းလိုက်သည်။
HRမန်နေဂျာက ခေါင်းညိတ်၍ သက်ပြင်းချပြီး ပြောလိုက်သည်။
" ဒါအမှန်ဘဲ ဘော့စ်လင် ......။ကျွန်တော်လည်း အတူတူဘဲ ထိတ်လန့်သွားတယ်။ ကျွန်တော်တို့က သူတို့ရဲ့ ဘွဲ့လက်မှတ်တွေကို ပညာရေးဌာနရဲ့ တရားဝင်ဒေတာဘေ့စ်မှာတောင် စစ်ကြည့်ပြီးသွားပြီ။ သူတို့ရဲ့ ဘွဲ့လက်မှတ်တွေ အကုန်လုံးကအစစ်အမှန်တွေကြီးဘဲ….."
" ဒါ့အပြင် သူတို့ရဲ့ ပညာရေး အရည်အချင်းတွေကလည်း အရမ်းမြင့်တယ်။ သူတို့ထဲက အနိမ့်ဆုံးသူတွေတောင် တရုတ်မှာရှိတဲ့ တက္ကသိုလ်၉၈၅ နဲ့ တက္ကသိုလ်၂၁၁ကနေ ဘွဲ့ရထားကျတာဘဲ.....။
ပြီးတော့ ဟားဗတ်တက္ကသိုလ် နဲ့ ကင်ဘရေ့ခ်ျတက္ကသိုလ်တွေလို နိုင်ငံခြားတက္ကသိုလ်တွေကနေ လူတစ်ဒါစင်ကျော်လောက်က ဘွဲ့ရထားခဲ့တယ်။သူတို့ရဲ့ ကိုယ်ရေးအချက်အလက်တွေက အရမ်းမယုံနိုင်စရာကောင်းလွန်းလို့ ကျွန်တော့်ကိုတောင် တုန်လှုပ်စေတယ်။ "
လင်ပေ့ဖန်သည် လက်နှစ်ချောင်းကိုထောင်လိုက်ပြီး ပြောလိုက်သည်။
" ဒါပေမဲ့ ငါတို့အလုပ်ခန့်မှာက လူအယောက်နှစ်ဆယ်ပဲလေ ။ ပြီးတော့ သူတို့ကထဲက တစ်ချို့ကို သန့်ရှင်းရေးအလုပ်နဲ့ ဧည့်ကြိုနေရာမှာ ထားမှာလေ....."
" ဟုတ်ပါတယ် ၊ ဒေါက်တာဘွဲ့ရထားတဲ့ လူတော်တော်များများကတောင် သန့်ရှင်းရေးနေရာအတွက် အလုပ်လျှောက်ထားခဲ့ပါတယ် "
လင်ပေ့ဖန် : 🙄
" ဒေါက်တာဘွဲ့ရထားတဲ့လူက သန့်ရှင်းရေးနေရာအတွက် အလုပ်လျှောက်ထားတယ်ပေါ့လေ ၊ဟုတ်လား ? "ဟု လင်ပေ့ဖန်က မေးလိုက်သည်။
" ဟုတ်ပါတယ်၊ နောက်တော့ ကျွန်တော် သူတို့ကို အကြောင်းပြချက် မေးမြန်းခဲ့ပါတယ်။ သူတို့ပြောတာတော့ တခြားရာထူးတွေအတွက် ပြိုင်ဆိုင်မှုက အရမ်းပြင်းထန်တာကြောင့် သူတို့မှာ အခွင့်အလမ်း သိပ်မရှိဘူးတဲ့ ။ ဒါကြောင့် သူတို့က သန့်ရှင်းရေး နေရာအတွက် လျှောက်ထားဖို့ ဆုံးဖြတ်ခဲ့ကြတာ။" ဟု HR မန်နေဂျာက လင်ပေ့ဖန်ကို ပြောလိုက်သည်။
လင်ပေ့ဖန် : …...
လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ရမ်းလိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။
" ဒီနေ့ခေတ်ရဲ့ အလုပ်ရှာဖွေတာက အမှန်တကယ်ကို ရူးသွပ်စရာကောင်းတယ်။ သန့်ရှင်းရေးနေရာအတွက်တောင် ဒေါက်တာဘွဲ့လက်မှတ်ရထားတဲ့ လူတော်တော်များများက ပြိုင်ဆိုင်နေကြရတယ်။ "
" တကယ်တော့....."
HRမန်နေဂျာသည် သူ့၏နဖူးပေါ်မှ ချွေးအနည်းငယ်ကို သုတ်လိုက်ပြီး ပြောလိုက်သည်။
" ဘော့စ်လင် ၊ သူတို့ရဲ့ အရည်အချင်းတွေက တော်တော်မြင့်တယ်။ သာမန်ဘွဲ့ရကျောင်းသားတစ်ယောက်အနေနဲ့ ကျွန်တော်က သူတို့ရဲ့ အရည်အချင်းတွေကို မဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် ဘော့စ်လင်ကို ကျွန်တော် ချက်ချင်းလာတင်ပြရတာဘဲ …..."
လင်ပေ့ဖန်သည် သူ့၏ အကျပ်အတည်းကို နားလည်သဘောပေါက်ခဲ့သည်။
ထိုအရာက အတန်းထဲတွင် ဘိတ်ချေးဖြစ်သော ကျောင်းသားတစ်ယောက်က ထူးချွန်စာမေးပွဲကို ဝင်ဖြေနေရသလို ဖြစ်နေသည်။
ပထမဆုံးအနေနဲ့ သူက သူတို့ကို မထိန်းချုပ်ထားနိုင်ဘူး။
အကယ်၍ သူတို့က ဟာသ လုပ်ပြီး အလုပ်ပြုတ်သွားပါက ပြဿနာက ပိုပြီးတော့တောင်မှ ဆိုးလာလိမ့်မည်ဖြစ်သည်။
ထို့ကြောင့် အကောင်းဆုံးနည်းလမ်းကတော့ ထိုအကြောင်း လင်ပေ့ဖန်ကို တင်ပြ၍ ဆုံးဖြတ်ချက်ချခိုင်းရန်ဖြစ်သည်။
ထို့ပြင် ခေါင်းဆောင်၏ ညွှန်ကြားချက်နောက်ကိုလိုက်ခြင်းက ဘယ်တော့မှ မှားလိမ့်မည်မဟုတ်ပေ။
လင်ပေ့ဖန်သည် HRမန်နေဂျာ၏ ပုခုံးကိုပုတ်ပြီး ပြုံး၍ ပြောလိုက်သည်။
" မင်းအလုပ်ကောင်းကောင်းလုပ်ခဲ့တယ်။ ဒါကြောင့်ဒီလူတွေရဲ့ အင်တာဗျူးကို ငါပဲ ကိုင်တွယ်လိုက် တော့မယ် "
" ဟုတ်ကဲ့ ၊ဘော့စ်လင် " ဟု ပြောပြီးနောက် HRမန်နေဂျာသည် ဝမ်းသာ၍ စိတ်သက်သာရာရခဲ့သည်။