← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

လူတိုင်းက သူတို့၏ အကြည့်များကို လျှိုယုမေ့ဆီသို့ ပြိုင်တူပြောင်းလိုက်ကြသည်။

အထူးသဖြင့် ရှုလီ၏ အကြည့်များတွင် မကျေနပ်မှုအရိပ်အမွက် ပါနေခဲ့သည်။

လျှိုယုမေ့က သူမ၏ ရယ်ချင်စိတ်ကို ထိန်းလိုက်ပြီး ပြောလိုက်သည်။

" တောင်းပန်ပါတယ် ။ ကျွန်မအခု ရယ်စရာဟာသတစ်ခုကို တွေးမိသွားလို့ပါ။ ဒါကြောင့် ကျွန်မ မထိန်းနိုင်ဘဲ ရယ်‌မောမိသွားတာ…...။ ကျွန်မကို ဂရုမစိုက်နဲ့။ အင်တာဗျူးကိုပဲ ဆက်လုပ်ပါ ။"

ထို့နောက် လျှိုယုမေ့သည် လင်ပေ့ဖန်အပေါ်သို့ သူမခန္ဓာကိုယ် တစ်ကိုယ်လုံး လဲကျလုနီးပါးဖြစ်၍ သူမ၏ ရယ်‌ချင်စိတ်ကို အတတ်နိုင်ဆုံးထိန်းနေခဲ့သည်။

လင်ပေ့ဖန်က အသံတိုးတိုးဖြင့် သူမကို သတိပေးလိုက်သည်။

" ရယ်နေတာကို ရပ်လိုက်...။ ငါတို့က အင်တာဗျူးနေတာ….။ ဒါကြောင့် လေးလေးနက်နက်ထားစမ်းပါ။"

လင်ပေ့ဖန်၏ စကားကိုကြားလိုက်ရသောအချိန်တွင် လျှိုယုမေ့သည် ဆက်ပြီးတော့ မထိန်းနိုင်တော့ဘဲ ‌ကျယ်လောင်စွာရယ်မောမိခဲ့သည် ။

" ခစ်…ခစ် …ခစ်…ဂစ် "

သူမ၏ ရယ်သံကြောင့် လူတိုင်းက လိုက်ပါရယ်မောခဲ့ကြသည်။

" ဟားဟားဟား…"

ရှုလီ : …..

နင်တို့….…

နင်တို့အားလုံးက ကြောက်စရာကောင်းတဲ့ လူတွေဘဲ….။

လင်ပေ့ဖန်တစ်ယောက်ထဲသာလျှင် မရယ်မောဘဲနဲ့ တည်တည်ငြိမ်ငြိမ်ဖြင့် ဆက်ရှိနေခဲ့ပြီး ရှုလီကို ပြောလိုက်သည်။

" မစ်စ်ရှု …သူတို့ကို စိတ်ထဲမထားနဲ့ ။ ကျေးဇူးပြုပြီး ငါ မေးခဲ့တဲ့ အရင်မေးခွန်းကို ဖြေပေးနိုင်မလား..?"

" ကျွန်မ ဧည့်ကြိုအလုပ်နေရာကို ရွေးချယ်ရခြင်းရဲ့ အကြောင်းပြချက်ကတော့ ကျွန်မ အရင်လုပ်ခဲ့တဲ့ အလုပ်က ပင်ပန်းလို့ဘဲ….။ ဒါကြောင့် ကျွန်မလုပ်တဲ့အလုပ်ပြောင်းပြီးတော့ နည်းနည်းအပန်းဖြေချင်လို့ပါ…။ဒါပေမဲ့ ကျွန်မကျွမ်းကျင်တဲ့ နယ်ပယ်ကနေလည်း ကျွန်မ လုံးဝ မထွက်သွားချင်ဘူး။ ကျွန်မကြားမိတာက ၊မစ်စတာလင်က အရည်အချင်းရှိတဲ့သူတွေကို တန်ဖိုးထားတယ်။ ပြီးတော့ ဘယ်သူပဲဖြစ်ဖြစ် အရည်အချင်းရှိသ‌၍ သူတို့ကို မစ်စတာလင်က အရမ်းတန်ဖိုးထားတယ်။ ဒါကြောင့် ကျွန်မဒီမှာ အလုပ်လာလျှောက်ရတာဘဲ …။ "ဟု ရှုလီက ပြောလိုက်သည်။

တခြားလူသည် နာမည်ကြီးတက္ကသိုလ်တစ်ခု၏ ဘွဲ့ရတစ်ယောက်အနေဖြင့် အမှန်တကယ်ကို ထိုက်တန်သည်။ထို့ပြင် သူတို့၏စိတ်ထဲတွင် အကြောင်းပြချက်ပေးရန် အကြောင်းပြချက်တစ်ခုက ချက်ချင်းဘဲပေါ်လာခဲ့သည်။

လင်ပေ့ဖန်သည် နောက်ထပ်မေးခွန်းနှစ်ခုကို ထပ်မေးမြန်းပြီးနောက်တွင် သူမကို ငုံ့ကြည့်၍ ပြောလိုက်သည်။

" ငါ စိတ်မကောင်းပါဘူး။ မင်းက ငါတို့ကုမ္ပဏီရဲ့ လိုအပ်ချက်တွေနဲ့ မကိုက်ညီဘူး။ "

ရှုလီသည် မယုံကြည်နိုင်သောအမူအရာဖြင့် ကြည့်၍ လင်ပေ့ဖန်ကို ပြန်မေးမြန်းခဲ့သည်။

" ဘာကြောင့် ကျမက ရှင်တို့ ကုမ္ပဏီရဲ့ လိုအပ်ချက်နဲ့မကိုက်ညီရတာလဲ ? "

" ဘာကြောင့်လဲဆိုတော့ ငါတို့ အလုပ်ခန့်တာက ဧည့်ကြိုနေရာ‌အတွက်ဘဲ…။ ဒါ့အပြင် ဧည့်ကြိုနေရာက ငါတို့ကုမ္ပဏီရဲ့ ပုံရိပ်ကို ကိုယ်စားပြုတယ်။ဒါကြောင့် ပညာရေးက အရေးမကြီးဘူး။ လူတစ်ယောက်ရဲ့ ပုံပန်းသဏ္ဌာန်ကသာ ပိုအရေးကြီးတယ်။ မင်းက အသက်နည်းနည်းကြီးပြီးတော့ ငယ်ရွယ်လှပမှု မရှိဘူး။ ချောမောလှပတဲ့ ပုံပန်းသဏ္ဌာန်ရှိသူကိုဘဲ ငါတို့ကုမ္ပဏီရဲ့ ဧည့်ကြိုဝန်ထမ်းအဖြစ် အလိုရှိတယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ရှုလီသည် သူမ၏ ဖုန်းကိုထုတ်၍ သူမရုပ်ပုံကို ဓာတ်ပုံရိုက်၍ လင်ပေ့ဖန်ကို ပြပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ကျွန်မက တကယ်ဘဲ ငယ်ရွယ်ပြီးတော့ လှပတယ်လေ "

လင်ပေ့ဖန်က မျက်နှာသေဖြင့် သူမကို ပြန်ပြောလိုက်သည်။

" မင်းအရင်ဆုံး beautyကင်မရာကို ပိတ်လိုက် ၊ပြီးမှ ဆက်ပြော…."

ရှုလီ : …….

ထို့နောက် ရှုလီသည် သူမ၏ ဖုန်းကို တိတ်တိတ်ကလေး ပြန်ချလိုက်သည်။

" ကောင်းပြီ ၊ဒါက ငါတို့ကုမ္ပဏီရဲ့အခြေအနေပဲ။ ငါတို့ အနာဂတ်မှာ ပူးပေါင်းကောင်းပူးပေါင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါက မင်းရဲ့ ကိုယ်ရေးအကျဉ်းပဲ။ ကျေးဇူးပြုပြီး သိမ်းထားလိုက်ပါ။ "ဟု ပြောပြီးနောက် လင်ပေ့ဖန်သည် ပြုံး၍ သူမ၏ လက်ထဲသို့ သူမ၏ကိုယ်ရေးအကျဉ်းကို ပြန်ပေးခဲ့သည်။

ရှုလီသည် သူမ၏ ကိုယ်ရေးအကျဉ်းကို ယူလိုက်သည်။ဒါပေမဲ့လည်း သူမအနည်းငယ်စဥ်းစားပြီး‌ နောက် လင်ပေ့ဖန်ကို တုံ့ဆိုင်းစွာဖြင့် ပြန်ပေးခဲ့သည်။

လင်ပေ့ဖန်သည် ပဟေဠိဖြစ်သွားခဲ့ပြီး " မင်းဘာကို ဆိုလိုချင်တာလဲ ? " ဟု ပြောလိုက်သည်။

ရှုလီက မကျေမချမ်းဖြစ်စွာဖြင့် ပြန်ပြောလိုက်သည်။

" ကျွန်မက အရမ်းပဲ အသက်ကြီးပြီး‌တော့ မလှပဘူးလို့ ရှင်‌ပဲပြောခဲ့တာမလား?။ ဒါဆိုရင် သန့်ရှင်းရေးနေရာအတွက် ကျွန်မ အလုပ်လျှောက်မယ်….။အဲ့ဒီနေရာအတွက် အခွင့်အရေးရှိမရှိ ကျွန်မကြည့်ချင်တယ်။ "

လင်ပေ့ဖန် : …….

ထို့နောက် လင်ပေ့ဖန်သည် အလုပ်လျှောက်ထားသူ နောက်တစ်ယောက်ကို အင်တာဆက်ဗျူးခဲ့သည်။

" ဟယ်လို … မစ်စတာလင် ။ ကျွန်တော့်နာမည်က

ဝမ်ယင်ရှင်းပါ။ အသက်ကတော့ ၂၈နှစ်ရှိပါပြီ။ ဖူဒန်တက္ကသိုလ်မှာ အင်္ဂလိပ်ဘာသာရပ်ကို အဓိကသင်ကြားခဲ့ပါတယ်။ ဟားဗတ်တက္ကသိုလ်မှာ ၂နှစ်ပညာသင်ကြားပြီးတော့ မာစတာဘွဲ့ကို ကျွန်တော်ရခဲ့ပါတယ်။ ဒါ့အပြင် ကျွန်တော် ဘွဲ့ရပြီးတဲ့နောက် ပင်ဂွင်းအဖွဲ့မှာ ဘာသာပြန်ခြင်းနဲ့ ပတ်သက်တဲ့ အလုပ်ကို ၂နှစ်ကြာအလုပ်လုပ်ခဲ့ပါတယ်။ "

တစ်ခြားလူ၏ စကားပြောစွမ်းရည်က အတော်လေးကို ပြေပြစ်သည်။

လင်ပေ့ဖန်သည် ခေါင်းညိတ်၍ သူ့ရှေ့ကလူကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ငါတို့အလုပ်ခေါ်တာက ဧည့်ကြိုအတွက်လေ…။ ပြီးတော့ မင်းက ယောက်ျားလေးဖြစ်တဲ့အတွက် ဒီအလုပ်နဲ့ မသင့်တော်ဘူးမလား?။ မင်းလျှောက်လွှာကို မှားပြီး တင်ပြမိတာလား ? "

" ကျွန်တော် လျှောက်လွှာကို မှားမတင်မိပါဘူး။ ကျွန်တော်က ဧည့်ကြိုနေရာအတွက် အထူးသင့်တော်တယ်လို့ ကျွန်တော်ယုံကြည်တယ်။ "

" ငါကို အသေးစိတ်ပြောပြ ငါကြားချင်တယ်။" ဟု

လင်ပေ့ဖန်က ပြောလိုက်သည်။

ဝမ်ယင်ရှင်းသည် သူ့၏ဦးခေါင်းကို ယုံကြည်မှုရှိစွာဖြင့် မော့ပြီး ပြောလိုက်သည်။

" ပထမဆုံးအနေနဲ့ ကောလိပ်မှာ ကျွန်တော် သင်ခဲ့တဲ့ ဘာသာရပ်က အင်္ဂလိပ်ဘာသာရပ်ပဲ…။ ပြီးတော့ ကျွန်တော်က ဟားဗတ်တက္ကသိုလ်မှာလည်း ပညာသင်ခဲ့ဖူးတယ်။ ဒါကြောင့် ကျွန်တော်က ဘာသာစကားနှစ်ခုကို လွတ်လွတ်လပ်လပ်ပြောင်းပြီးတော့ ပြောဆို ဆက်သွယ်နိုင်တယ် ။ဒါ့အပြင် ကျွန်တော်တို့ကုမ္ပဏီကလည်း နိုင်ငံခြားထိထိုးဖောက်နိုင်တဲ့ အလားအလာရှိတယ်လို့ ကျွန်တော်မြင်တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ အရည်အချင်းတွေက ကုမ္ပဏီရဲ့လိုအပ်ချက်နဲ့ကိုက်ညီတယ်။ "

" ဒုတိယအနေနဲ့ ကျွန်တော်က ယောက်ျားတစ်ယောက်ဖြစ်တာကြောင့် အားသာချက်တစ်ခုရှိတယ်။ဘာကြောင့်လဲဆိုတော့ ကျွန်တော်က ဗိုက်မကြီးနိုင်ဘူး…။ အလုပ်မှာ ခွင့်ခဏခဏယူပြီးတော့လည်း ကလေးတွေကို ဂရုစိုက်စရာမလိုဘူး။ ဒါ့အပြင် ကျွန်တော့်ရဲ့ အားအင်တွေအကုန်လုံးကိုလည်း အလုပ်ပေါ်မှာပဲ ပုံအပ်ထားလို့ရတယ်။ ပြီးတော့ အမျိုးသမီးတွေ မကိုင်တွယ်နိုင်တဲ့ကိစ္စတွေကို ကျွန်တော်လုပ်နိုင်တယ်။ သူတို့ အလုပ်လုပ်နိုင်သလောက် ကျွန်တော်လည်းလုပ်နိုင်တယ်။ အကယ်၍ အလုပ်ပင်ပန်းတဲ့အခါကျရင်လည်း ကျွန်တော်က စောဒကတက်မှာ မဟုတ်ဘူး။ "

" တတိယအနေနဲ့ လူတော်တော်များက လှပ ချောမောတဲ့ ဧည့်ကြိုမလေးတွေကို မြင်ရတာ ငြီးငွေ့နေပြီ။ အကယ်၍ ကျွန်တော့်ကို အလုပ်ခန့်လိုက်ရင် ပရောဖက်ရှင်နယ်ဆန်ဆန်နဲ့ တခြားလူတွေက လန်းဆန်းတဲ့ ခံစားချက်ကို ရလိမ့်မှာ အသေအချာဘဲ။ "

" စတုတ္ထအနေနဲ့ ကျွန်တော်က ကြည့်ကောင်းပြီးတော့ သဘောကောင်းတယ်။ ဒါ့အပြင် ကျွန်တော်အရပ်က ၁.၇၈မီတာရှိပြီးတော့ ကိုယ်အလေးချိန်ကလည်း ၁၄၀ပေါင် အောက်ပဲ ရှိတယ်။ ကျွန်တော်ပုံစံကိုကြည့်ရတာ အဝတ်ဝတ်ထားတဲ့အချိန်မှာ ပိန်ပါးတယ်လို့ ထင်ရပေမဲ့ အဝတ်ချွတ်လိုက်တဲ့အချိန်မှာမှ ကြွက်သားတွေက ပေါ်လာတာ….။ လမ်းမပေါ်က လူတွေကတောင် လူချောလေးလို့ ကျွန်တော့်ကို မကြာခဏခေါ်ကြတယ်။ဒါက ကျွန်တော့်ကိုယ်ကျွန်တော်တောင် ကြောင်ပျောက်လုနီးပါး ဖြစ်စေတယ်။ "

လင်ပေ့ဖန် : …

" ဒါကြောင့် အတိုချုပ်ပြီးပြောရရင်တော့ ကုမ္ပဏီက ကျွန်‌တော့်ကို ဧည့်ကြိုနေရာအတွက် အလုပ်ခန့်သင့်တယ်။ "ဟု ပြောလိုက်သည်။

ထို့နောက် ဝမ်ယင်ရှင်းသည် မာနကြီးသောအကြည့်ဖြင့် တစ်ခန်းလုံးကို လှည့်ပတ်ကြည့်ခဲ့သည်။

မင်းတို့တွေက ငါနဲ့ ဧည့်ကြိုနေရာအတွက် ပြိုင်ချင်တယ်ပေါ့လေ ...။

မင်းတို့ အိမ်ပြန်ပြီးတော့ပဲ သွားပြန်အိပ်သင့်တယ်…

လင်ပေ့ဖန်သည် လက်ခုပ်တီး၍ ပြောလိုက်သည်။

" ပြောတာ ကောင်းတယ်။ "

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝမ်ယင်ရှင်းက ပျော်ရွှင်သွားခဲ့သည်။

" ဒါပေမဲ့ မင်းကို ငါ အလုပ်မခန့်နိုင်ဘူး "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဝပ်ယင်ရှင်းသည် စိတ်တည်ငြိမ်မှုပျက်ပြားသွားပြီး လင်ပေ့ဖန်ကို မေးလိုက်သည်။

" ဘာကြောင့် မခန့်ရတာလဲ ? "

လင်ပေ့ဖန်က သူ့ကိုယ်ကိုယ်သူ ညွှန်ပြလိုက်ပြီး ပြောလိုက်သည်။

" ငါက ယောက်ျားလား ဒါမှမဟုတ် မိန်းမလား ? "

" ဟုတ်တာပေါ့ ၊မစ်စတာလင်က ယောကျာ်းဘဲလေ"ဟု ဝမ်ယင်ရှင်းက ပြောလိုက်သည်။

" ဒါဆို ငါတို့ကုမ္ပဏီရဲ့ ခေါင်းဆောင်တွေက‌ေရာယောက်ျားလား ဒါမဟုတ် မိန်းမလား ?"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" သူတို့တွေကလည်း ယောကျာ်းဘဲလေ " ဟု ဝမ်ယင်ရှင်းက ပြန်ဖြေခဲ့သည်။

" ဒါပဲလေ…။ "

ထို့နောက် လင်ပေ့ဖန်သည် သူ့၏ ပေါင်ကို ရိုက်လိုက်ပြီး ပြောလိုက်ပြန်သည်။

" ငါတို့အားလုံးက ယောကျာ်းတွေ‌ဆိုကတည်းက … ဧည့်ကြိုနေရာအတွက် ချောမောလှပတဲ့ ကောင်မလေးကိုရွေးချယ်မဲ့အစား ၊ငါတို့ကို စိတ်အနှောက်ဖြစ်စေမဲ့ တောသားကို ရွေးချယ်မယ်လို့ မင်းထင်လား ? "

ဝမ်ယင်ရှင်း :……

" မင်း ငါတို့ခေါင်းဆောင်တွေရဲ့ အတွေးကိုတောင် နားမ‌လည်သေးဘူး။ ပြီးတော့ မင်းရဲ့ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်ကလည်း အတော်လေးကို အားနည်းနေတယ်။ "

ဝမ်ယင်ရှင်း : …

" မင်းက မင်းကိုယ်ကိုမင်း မသိသေးဘူးပဲ ။လူတွေက မင်းကို ရုပ်ချောတယ်လို့ ပြောရင် ၊ မင်းက တကယ် ရုပ်ချောသွားလို့လား? လေးလေးနက်နက်စဉ်းစားကြည့်စမ်းပါ ။ မင်း ပိုက်ဆံရှင်းတဲ့အခါ လူတွေက မင်းကို ‌ လူချောလေးလို့ ခေါ်တာမလား ? "

ဝမ်ယင်ရှင်း : ….

ထို့နောက် လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ခါ၍ သက်ပြင်းချပြီး ပြောလိုက်ပြန်သည်။

" မင်းရဲ့ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်က ‌အားနည်းလွန်းတယ်။ ပြီးတော့ မင်းကိုယ်ကိုယ်မင်းလည်း သေချာမသိသေးဘူး။ ဒါ့ကြောင့် မင်းကို ဧည့်ကြိုနေရာလို အရေးကြီးတဲ့နေရာကို အလုပ် မခန့်နိုင်ရတာဘဲ …။ မင်းအခု ထွက်သွားနိုင်ပြီ "

ဝမ်ယင်ရှင်းသည် သူ့ရဲ့ ဒဏ်ရာရနေတဲ့ ရင်ဘတ်ကို ဆုပ်ကိုင်ပြီး သူ့၏ ကိုယ်ရေးအကျဉ်းကို ပြန်ယူလိုက်သည်။

ထို့နောက် သူ့လက်ထဲက ကိုယ်ရေးအကျဉ်းကို လင်ပေ့ဖန်ဆီသို့ တဖန် ပြန်ပေးလိုက်သည်။

လင်ပေ့ဖန်သည် အံ့အားသင့်သွားခဲ့ပြီး " မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ ? " ဟု မေးမြန်းလိုက်သည်။

" အကယ်၍ ကျွန်တော်က ဧည့်ကြိုနေရာကို မရနိုင်ဘူးဆိုရင် ကျွန်တော် သန့်ရှင်းရေးဝန်ထမ်းနေရာကို ပြန်လျှောက်ထားချင်တယ်။ သန့်ရှင်းရေးအလုပ်အတွက်တော့ စိတ်ပိုင်းဆိုင်ရာအသိဉာဏ်နဲ့ ကိုယ့်ကိုယ်ကို နားလည်မှု မလိုအပ်ဘူးဟုတ် ။ ကျွန်တော်ပြောတာ မှန်တယ်မလား?"

လင်ပေ့ဖန် :

ဝမ်ယင်ရှင်းသည် ခဏကြာစဉ်းစားပြီးနောက် ထပ်ပြောလိုက်ပြန်သည်။

" ပြီးတော့ သန့်ရှင်းရေးအလုပ်မှာ ကျား ၊မ လိုအပ်ချက်လည်း မရှိဘူးဟုတ် ၊ကျွန်တော်ပြောတာ မှန်တယ်မလား ?"

လင်ပေ့ဖန် : …

All Chapters