အခန်း (၆၄)
Vol. 5 Ch. 64
လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင်.....
အနက်ရောင်ဝတ်အမျိုးသားများသည် စိတ်လှုပ်ရှားစရာကောင်းသော သတင်းကို တင်ပြခဲ့သည်။
" နဂါးဘုရင် ၊ လင်ရင်းနှီးမြှုပ်နိုင်ရေးကုမ္ပဏီက လာတဲ့ အရေးကြီးသတင်းတစ်ခုရှိပါတယ် "
နဂါးဘုရင်ကျိုရှင်းက အနက်ရောင်ဝတ်လူများကို မေးမြန်းလိုက်သည်။
" အဲ့ဒါက ဘာအရေးကြီး သတင်းမို့လို့လဲ ? ငါ့ကိုပြော….."
" လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီက HRမန်နေဂျာရဲ့ စကားအရတော့ ကုမ္ပဏီရဲ့ စီအီအိုဖြစ်တဲ့ လင်ပေ့ဖန်က အလုပ်လာလျှောက်ထားတဲ့ လူအားလုံးကို သူကိုယ်တိုင် အင်တာဗျူးလိမ့်မယ်တဲ့ "ဟု အနက်ရောင်ဝတ် လူများက ပြောလိုက်သည်။
နဂါးဘုရင်ကျိုရှင်းသည် အူလိုက်သည်းလိုက် ရယ်မောလိုက်ပြီး ပြောလိုက်သည်။
" ဒါက သတင်းကောင်းဘဲ ။ ငါတို့ပို့လိုက်တဲ့ လူအားလုံးက ထူးချွန်ထက်မြက်ပြီးတော့ အရည်အချင်းရှိသူတွေ ဖြစ်တယ်လေ။ဒါကြောင့် သူ့ရဲ့အာရုံကို စွဲဆောင်သွားတာဖြစ်လိမ့်မယ်။ အကယ်၍ သူတို့သာ ကောင်းကောင်းလုပ်ဆောင်နိုင်ရင် သူတို့ကို လင်ပေ့ဖန်က သတိထားမိပြီးတော့ သူတို့ရဲ့ ရာထူးတောင် မြန်မြန်တိုးတာဖြစ်နိုင်တယ်။ အဲ့ဒီအချိန် သူ့ဘေးနားမှာ ရှိတဲ့ လူအားလုံးက ငါတို့ရဲ့ လူတွေဖြစ်လာမှာ အသေအချာဘဲ ။ ဒါက ငါတို့ရဲ့ အစီအစဉ်ကို ချောချောမွေ့မွေ့ဖြစ်သွားနိုင်တယ်။ "
" နဂါးဘုရင်က ပညာရှိဘဲ " ဟု အနက်ရောင်ဝတ်လူများက ကျယ်လောင်စွာပြောခဲ့သည်။
ထို့နောက် ကျိုရှင်းက ပြောလိုက်သည်။
" ဒီစကား သူတို့ကို ပြန်ပြောလိုက်…။ဘယ်သူပဲဖြစ်ဖြစ် လင်ပေ့ဖန်ရဲ့ကုမ္ပဏီမှာ အောင်မြင်စွာ အလုပ်ရနိုင်ရင် ဆုလဒ်ကြီးကြီးမားမားရရှိလိမ့်မယ်။အကယ်၍ တစ်ယောက်ယောက်က လင်ပေ့ဖန်ရဲ့ ဘေးနားမှာ သူယုံကြည်ရတဲ့လူယုံတစ်ယောက်ဖြစ်လာခဲ့ရင် အရင်ဆုလာဒ်ထက်ကို ဆယ်ဆရလိမ့်မယ်။ "
.
" နဂါးဘုရင်ရဲ့ ရက်ရောမှုအတွက် ကျွန်တော်တို့အားလုံးက ဝမ်းသာပါတယ် " ဟု အနက်ရောင်ဝတ်လူများက ပြန်ပြောခဲ့သည်။
" ဒါနဲ့ စကားမစပ်…. လင်ပေ့ဖန်က လူဘယ်လောက်များများ အလုပ်ခေါ်တာလဲ ? " ဟု ကျိုရှင်းက မေးမြန်းလိုက်သည်။
" နဂါးဘုရင်ကို တင်ပြပါတယ်။ လင်ပေ့ဖန် ခေါ်တဲ့ လူအရေအတွက်က စုစုပေါင်း လူအယောက်နှစ်ဆယ်ပါ…."ဟု အနက်ရောင်ဝတ်လူများက ကျိုရှင်းကို ပြောလိုက်သည်။
ထို့နောက် ကျိုရှင်းက အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
" ကောင်းပြီလေ ….ဒါဆိုရင် အဲ့ဒီနေရာ နှစ်ဆယ်ခုထဲက ဆယ့်ရှစ်နေရာကို ငါတို့ ပိုင်ဆိုင်ရလိမ့်မယ်။ "
" နဂါးဘုရင် ဘာကြောင့် နေရာအကုန်လုံးကို မယူရတာလဲ ? " ဟု အနက်ရောင်ဝတ်လူများက ပဟေဠိဖြစ်စွာဖြင့် မေးမြန်းခဲ့သည်။
" နေရာအများကြီး ယူလွန်းရင်လည်း မကောင်းဘူး။ ငါတို့အတွက် လွတ်လမ်းအချို့ကိုတော့ ထားထားရမယ်။ ပြီးတော့ ငါ သူတို့ကို ဖိအားအများကြီး မထားစေချင်ဘူး။ ဒါပေမဲ့ ငါ့လူတွေကို ငါယုံကြည်တယ်။ သူတို့ ငါ့ကို စိတ်ပျက်စေမှာ မဟုတ်လောက်ဘူး။" ဟု ကျိုရှင်းက သူ့ဝိုင်ခွက်ကို ညင်သာစွာလှုပ်၍ ပြောလိုက်သည်။
" မင်းရဲ့လက်အောက်ငယ်သားတွေကို စဉ်းစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် နဂါးဘုရင်....။ သူတို့က ကျေးဇူးတင်ပြီးတော့ သစ္စာရှိကြလိမ့်မှာ အသေအချာဘဲ…. " ဟု အနက်ရောင်ဝတ် လူများက ပြောလိုက်သည်။
ထို့နောက် ကျိုရှင်းသည် လေးနက်သွားသောအမူအရာသို့ ပြောင်းလိုက်ပြီး ပြောခဲ့သည်။
" ဒါက ရန်သူ့ရဲ့နောက်ကျောကနေတိုက်တဲ့ ငါတို့ရဲ့ ပထမဆုံးတိုက်ပွဲဘဲ ။ အောင်မြင်မလား ၊ကျရှုံးမလားဆိုတာက ဒီတိုက်ပွဲပေါ်မှာ မူတည်နေတယ်။ ဒါကြောင့် အကယ်၍ အခြေအနေတစ်ခုခုပေါ်လာတာနဲ့ ငါ့ကို ချက်ချင်းတင်ပြ….။ ဘာအမှားတစ်မှ မဖြစ်စေချင်ဘူး၊ ငါ ပြောတာနားလည်လား?"
" ဟုတ်ကဲ့ နဂါးဘုရင် "ဟု ပြောပြီးနောက် အနက်ရောင်ဝတ်လူများက နောက်ပြန်ဆုတ်၍ ထွက်သွားခဲ့သည်။
…..
ထိုအချိန်တွင် လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၌…...
ဒေါက်တာဘွဲ့ရများ ၊မာစတာဘွဲ့ရများ နှင့် တစ်ခြားဘွဲ့ရများသည် အကြောင်းကြားစာ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။
{နဂါးဘုရင်ရဲ့ အမိန့် :: လင်ပေ့ဖန်ရဲ့ကုမ္ပဏီမှာ အောင်မြင်စွာနဲ့ အလုပ်ရရင် နဂါးဘုရင်က ရက်ရက်ရောရော ဆုချီးမြှင့်လိမ့်မယ်။ ဒါ့အပြင် လင်ပေ့ဖန်ရဲ့ဘေးနားမှာ သူယုံကြည်ရတဲ့ လူယုံဖြစ်ရင်တော့ အရင်ဆုလဒ်ရဲ့ ဆယ်ဆကို နဂါးဘုရင်က ချီးမြှင့်လိမ့်မယ်။ }
.
ဒေါက်တာဘွဲ့ရများ ၊မာစတာဘွဲ့ရများ နှင့် တစ်ခြားဘွဲ့ရများ၏ စိတ်ဓာတ်များက တက်ကြွလာခဲ့ကြသည်။
ထိုအရာက နဂါးဘုရင်၏ အမိန့်ဖြစ်ပြီး ဆုလာဒ်ကလည်း ရက်ရောလွန်းသည်။ ထို့ပြင် နဂါးဘုရင်က ဒီအင်တာဗျူးကို ဘယ်လောက်ထိတန်ဖိုးထားလဲဆိုတာ ပြသနေခဲ့သည်။
၎င်းက နဂါးဘုရင်ကို ကျေနပ်စေမည့် အခွင့်အရေးတစ်ရပ်ဖြစ်သည်။
ထို့နောက် လူတိုင်းသည် သူတို့၏ ဦးခေါင်းကို မြင့်မြင့်ထား၍ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ လွန်ကဲနေကြသည်။
ဓာတ်ငွေ့တွင်းရဲ့ အပြင်ဘက် 1.8 မီတာအကွာမှာ သူတို့ကို ထားလိုက်ရင် တိုက်ရိုက်ကြည့်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါက ရိုးရှင်းတဲ့ အင်တာဗျူးတစ်ခုဘဲ မဟုတ်ဘူးလား??
သူတို့ မမြင်ဖူးတဲ့ မြင်ကွင်းမျိုးက ဘယ်မှာရှိလို့လဲ ??
သူတို့သည် သူတို့ရဲ့ ထူးချွန်ထက်မြက်တဲ့ အရည်အချင်းတွေကို ယုံကြည်မှုအပြည့်ရှိသည်။ထို့ပြင် သူတို့သည် အင်တာဗျူးသူကို အထင်ကြီးအောင်လုပ်ပြီး ရန်သူ့ရဲ့ဘေးနားကို စိမ့်ဝင်နိုင်မည်ဖြစ်သည်။
လူအနည်းငယ်သည် ထိုသူတို့ကို ကြည့်၍ တုန်လှုပ်ချောက်ချားနေခဲ့သည်။
" ဒီလူတွေကို ကြည့်ရတာ အရမ်းထူးချွန်မဲ့ပုံဘဲ "
" ငါကြားမိတာတော့ သူတို့ထဲက အတော်ဆုံးလူတွေက နိုင်ငံခြားနာမည်ကြီး တက္ကသိုလ်တွေကနေ ဘွဲ့ရထားတယ်ဆိုဘဲ...။ ပြီးတော့ သူတို့ထဲက အညံ့ဆုံးဘွဲရတွေကတောင် တရုတ်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ ၉၈၅တက္ကသိုလ်နဲ့ ၂၁၁တက္ကသိုလ်တွေကနေ ဘွဲ့ရထားကျတာဘဲ …...။ ဒါ့အပြင် သူတို့အကုန်လုံးနီးပါးက ဒေါက်တာဘွဲ့ရတွေနဲ့ မာစတာဘွဲ့ရတွေချည်းပဲ ….."
" တစ်ချို့ဒေါက်တာဘွဲ့ရထားတဲ့ လူအနည်းငယ်ကတောင် ဒီကုမ္ပဏီမှာ သန့်ရှင်းရေးနေရာအတွက် ယှဉ်ပြိုင်နေကြသေးတယ်။ "
" သူတို့ရဲ့ ဘေးနားမှာ နေရတာက ငါ့ကိုယ်ငါ အရမ်းပဲ သိမ်ငယ်သလို ခံစားရတယ်။ ငါ ဒီနေရာမှာ နေဖို့ မထိုက်တန်ဘူးလို့လဲ ခံစားရတယ် "
" ငါတို့အတွက်ရော အခွင့်အရေးရှိသေးလား?"
" ငါတို့ အလုပ်လျှောက်လွှာကို ပြန်ပြီး ရုတ်သိမ်းသင့်လား?"
ထိုအချိန်တွင် တံခါးတွန်းဖွင့်၍ လူတစ်စုက လမ်းလျှောက်ပြီး ဝင်ရောက်လာခဲ့သည်။
ထိုလူစုထဲမှာ လင်ပေ့ဖန်က ပြုံး၍ ပြောလိုက်သည်။
" ငါတို့ရဲ့ကုမ္ပဏီကို အလုပ်လာလျှောက်တဲ့အတွက် အရည်အချင်းရှိသူတစ်ဦးစီတိုင်းကို ကြိုဆိုပါတယ် ။ ငါက လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ ဒုဥက္ကဋ္ဌဖြစ်တဲ့ လင်ပေ့ဖန်ဘဲ …။ပြီးတော့ ငါက ဒီအင်တာဗျူးအတွက် တာဝန်ရှိသူဘဲ ….။ဒီကုမ္ပဏီမှာ အလုပ်လျှောက်ထားဖို့အတွက် မင်းတို့ရွေးချယ်တယ်ဆိုကတည်းက ဒီကုမ္ပဏီရဲ့ အနာဂတ်အလားလားကို မင်းတို့ ယုံကြည်ကြောင်းပြနေတယ်။ ငါလည်း မင်းတို့အားလုံးနဲ့ အလုပ်လုပ်ရမယ်လို့ မျှော်လင့်ပါတယ်။ ကောင်းပြီလေ ၊ ဒါဆိုရင်တော့ အချိန်မဖြုန်းတော့ဘူး။ အင်တာဗျူးကို စလိုက်ကြရအောင်….."
ထို့နောက် လင်ပေ့ဖန်သည် သူ့ရဲ့ထိုင်ခုံမှာ ထိုင်လိုက်ပြီး အင်တာဗျူးဖြေဆိုမည့် သူများ၏ ကိုယ်ရေးအကျဉ်းကို ဖွင့်လိုက်၍ ပြောလိုက်သည်။
" နံပါတ်တစ် ရှုလီ "
" ကျွန်မ ဒီမှာ "ဟု
ရွက်ကြမ်းရည်ကျိုရုပ်ရည်ရှိသော အမျိုးသမီးတစ်ယောက်က သူမ၏ လက်ကို မြှောက်၍ ပြောလိုက်သည်။
" ကျေးဇူးပြုပြီး အရှေ့ကိုလာပြီးတော့ နှစ်မိနစ်အတွင်း မင်းရဲ့အကြောင်းကို မိတ်ဆက်ပေးပါ။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဟုတ်ကဲ့ ဒုဥက္ကဌလင် "
ထို့နောက် ရှုလီသည် စကားပြောကောင်းစွာဖြင့် သူမ၏ အကြောင်းကို စတင်မိတ်ဆက်ခဲ့သည်။
" ကျွန်မနာမည်ကတော့ ရှုလီပါ.…။ ကျွန်မရဲ့အသက်က ၃၃နှစ်ရှိပါပြီ။ ဂျန်ချောင်တက္ကသိုလ်ကနေ စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာဘာသာရပ်နဲ့ ကျွန်မ ဘွဲ့ရခဲ့ပါတယ်။ ပြီးတော့ ကျွန်မမှာ ဒေါက်တာဘွဲ့လက်မှတ်တစ်ခုလည်းရှိပါတယ်။ ကျွန်မဘွဲ့ရပြီးတဲ့နောက် နန်ရှန်အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံရေးဘဏ်မှာ သုံးနှစ်အလုပ်လုပ်ခဲ့ပါတယ်။ရလဒ်ကတော့ ကျွန်မကိုယ်ရေးအချက်လက်ထဲမှာ ဖော်ပြထားတဲ့ အတိုင်းပါဘဲ…"
သူမသည် တစ်ခြားလူများကို တွေဝေသွားစေမည့် ပရော်ဖက်ရှင်နယ် အသုံးအနှုန်းများစွာကို ခရားရေလွှတ်ပြောနေခဲ့သည်။
နောက်ဆုံးမှာတော့ သူမသည် နိဂုံးချုပ်ပြီး ပြောလိုက်သည်။
" ကျွန်မ ဒီကုမ္ပဏီကို ရွေးချယ်ရတဲ့အကြောင်းပြချက်ကတော့ ကျွန်မရဲ့ဘဝက ဒီနေရာမှာ တိုးတက်နိုင်မယ်လို့ ယုံကြည်လို့ဘဲ ။ ဒါကြောင့် ကျွန်မရဲ့ဘဝကိုသက်သေပြနိုင်ဖို့အတွက် ဒုဥက္ကဌလင်နဲ့ အခုဒီနေရာမှာ ရှိနေကြတဲ့ခေါင်းဆောင် အကုန်လုံးက ကျွန်မကို အခွင့်အရေးတစ်ခုပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ် "
လင်ပေ့ဖန်သည် လက်ခုပ်တီးပြီး ပြောလိုက်သည်။
" ပြောတာ ကောင်းတယ်။ မင်းရဲ့ ယုံကြည်ချက် နဲ့ ခိုင်မာတဲ့သဘောထားကို ငါ့အတော်လေးသဘောကျတယ်။ဒါ့အပြင် မင်းရဲ့ စွမ်းရည်တွေနဲ့ အရည်အချင်းတွေကိုလည်း ငါသဘောကျတယ်။ ငါတို့ကုမ္ပဏီမှာလည်း မင်းတို့လို အရည်အချင်းရှိတဲ့သူတွေ လိုအပ်နေတယ်။ "
ရှုလီသည် သူမ၏ ဦးခေါင်းကိုမော့လိုက်ပြီး တစ်ခြားအင်တာဗျူးသူများကို မထီမဲ့မြင်ပြု၍ ငုံ့ကြည့်လိုက်သည်။
ဟုတ်တယ် ၊ငါက ထူးခြားတယ်…..
နင်တို့တွေက ငါနဲ့မယှဉ်နိုင်ဘူး ….
" ဒါပေမဲ့ ငါတို့ ကုမ္ပဏီမှာ မင်းလျှောက်ထားတဲ့နေရာက ဧည့်ကြိုအလုပ်ဘဲ ….။ ငါ တကယ်ကို နားမလည်နိုင်ဘူး။ မင်းဒီအလုပ်ကိုလုပ်ပြီးတော့ ဘယ်လိုလုပ် တိုးတက်အောင်မြင်နိုင်မှာလဲ ? ။ ဒါကြောင့် မင်းငါ့ကို ရှင်းပြပေးနိုင်မလား? " ဟု လင်ပေ့ဖန်က ပဟေဠိဖြစ်စွာဖြင့် မေးမြန်းခဲ့သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင် လင်ပေ့ဖန်၏ ဘေးနားတွင် ထိုင်နေတဲ့ လျိုယုမေ့က တခစ် ခစ်ရယ်မောခဲ့သည်။
ရှုလီ :…....):