အခန်း (၇၃)
Vol. 5 Ch. 73
" အန်တီလျူ ၊ ရဲ့ရှင်းချန်အကြောင်း ကျွန်တော့်ကို ပြောပြပေးနိုင်မလား ? " ဟု ဝူကောက နိမ့်ချစွာဖြင့် မေးမြန်းခဲ့သည်။
" ရတာပေါ့ ၊ပြဿနာမရှိပါဘူး။ သားကို အန်တီ ပြောပြမယ်။ မစ်စတာရဲ့က အန်တီတို့ကုမ္ပဏီမှာ ဒဏ္ဍာရီလာလူတစ်ယောက်ဘဲ…။ "ဟု အန်တီလျူက ရဲ့ရှင်းချန်၏ အောင်မြင်မှုများအားလုံးကို ဖောက်သည်ချခဲ့သည်။
" သူ ပထမဆုံး အလုပ်စလုပ်တဲ့နေ့မှာတင်
ကျောက်တုံးတစ်တုံးကို ဝယ်ယူပြီးတော့ ရန်ပုံငွေသန်း၅၀၀ရရှိအောင်လို့ မစ်စတာလင်ကို ကူညီပြီးရှာပေးခဲ့တယ်။ "
" သူ အလုပ်ဝင်တဲ့ ဒုတိယနေ့မှာတော့ သူ့ကို
ဘော့စ်လင်ပေးထားတဲ့ ရန်ပုံငွေတွေကို အသုံးပြုပြီးတော့ ရွှေ နဲ့ ရေနံစိမ်း စတော့ဈေးကွက်တွေမှာ ရင်းနှီးမြှုပ်နှံခဲ့တယ်။ သူက ရက်အနည်းငယ်အတွင်းမှာဘဲ ရန်ပုံ ငွေ ၃ဘီလီယံ ကျော်လောက်ကို ဘော့စ်လင်အတွက် ရှာပေးနိုင်ခဲ့တယ်။"
" အဲ့ဒီနောက်တော့ ရက်အနည်းငယ်လောက် အနားယူပြီးတဲ့နောက်မှာ သူအလုပ်ပြန်ဆင်းခဲ့တယ်။ သူက နေ့တစ်ဝက်ထဲနဲ့ ရန်ပုံ၄ဘီလီယံကျော်ရအောင် ရှာပေးပြီးတော့ ဘော့စ်လင်ရဲ့ ရန်ပုံငွေကို နှစ်ဆဖြစ်အောင်လုပ်ပေးခဲ့တယ်။ "
" အခုတော့ သူက ဘော့စ်လင်ရဲ့ အယုံကြည်ရဆုံး ညာလက်ရုံးတစ်ယောက်ဖြစ်လာခဲ့တယ်။ "
" သူတို့က ညီအစ်ကိုတွေလိုပဲ…..။ဒါပေမဲ့ သူတို့နှစ်ယောက်က ညီအစ်ကိုတွေထက်တောင် ပိုပြီးတော့ ရင်းနှီးသေးတယ်။ "
ဝူကောသည် ထိုအကြောင်းကို နားထောင်လေလေ ပိုပြီးတော့မှ ဒေါသထွက်လာလေလေဖြစ်သည်။
ဒါကြောင့် ဒီတစ်ကြိမ်မှာ အရမ်းလျင်လျင်မြန်မြန်နဲ့ လင်ပေ့ဖန်တိုးတက်လာရတာက မင်း လူယုတ်မာ သူ့ကို ကူညီနေတာကြောင့်ပေါ့…
မင်းက တစ်ကြိမ်တောင်မကဘူး ၊ အကြိမ်ပေါင်းများစွာတောင် ကူညီလိုက်သေးတယ်….
ဝူကောရဲ့ အတိတ်ဘဝတုန်းက လင်ပေ့ဖန်သည် ရဲ့ရှင်းချန်၏ အချစ်လေးကို အဝေးသို့ ခေါ်ဆောင်သွားခဲ့ပြီး သူ့ရဲ့ သွေးသောက်ညီအစ်ကိုတွေကိုလည်း
လင်ပေ့ဖန်က ထောင်ထဲသို့ ပို့ခဲ့သည်။ထို့ပြင်
ရဲ့ရှင်းချန်သည် လင်ပေ့ဖန်ကြောင့် ရန်နိုင်ငံကနေ ထွက်ပြေးခဲ့ရသည်။
အခုဘဝမှာတော့ ရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ လက်ပါးစေတစ်ယောက်ဖြစ်လာခဲ့သည်။
ဝူကောသည် ဒီလိုဖော်လံဖားမျိုးကို တစ်ခါမှ မမြင်တွေ့ဖူးခဲ့ပေ။
ထို့ကြောင့် ဝူကောသည် ဒေါသထွက်စွာဖြင့် မေးမြန်းလိုက်သည်။
" သူအခုဘယ်မှာလဲ ? "
ဝူကောသည် ထိုလူကို ရှာပြီးတော့ ရိုက်နှက်ချင်နေခဲ့သည်
အန်တီလျူသည် သက်ပြင်းချ၍ ပြောလိုက်သည်။
" လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က မစ်စတာရဲ့ကို အမည်မသိ အနက်ရောင်ဝတ်လူတစ်စုက ရိုက်နှက်ခဲ့တယ်။ ကံကောင်းစွာနဲ့ ဘော့စ်လင်က အချိန်မှန် ရောက်ရှိလာခဲ့ပြီးတော့ သူ့ကို ကယ်တင်ခဲ့လိုဘဲ...။ဒါမှမဟုတ်ရင် သူ့အသက်တောင် ဆုံးရှုံးသွားနိုင်တယ်။ သူ အခု ဆေးရုံမှာ လှဲလျောင်းပြီးတော့ သူ့ရဲ့ဒဏ်ရာတွေကို ကုသနေတယ်…"
ထိုစကားကိုကြားလိုက်ရသောအခါတွင် ဝူကောသည် လက်ခုပ်တီး၍ ပြောလိုက်သည်။
" အရမ်းကောင်းတယ် "
အန်တီလျူက ပဟေဠိဖြစ်သွားခဲ့သည်။
" ဟမ်…? "
" ကျွန်တော်ဆိုလိုချင်တာက ၊သူတို့ မစ်စတာရဲ့ကို တိုက်ခိုက်တာ တော်တော်ဆိုးတာဘဲ။ ဘယ်လိုဖြစ်ပြီး သူတို့ ဒီလောက်ထိ ရက်စက်ရတာလဲ ? " ဟု ဝူကောက ဒေါသတကြီး ပြောလိုက်သည်။
ဒါပေမဲ့လည်း သူ့ရဲ့ စိတ်ထဲမှာတော့ အမည်မသိအနက်ရောင်ဝတ်လူတစ်စုကို ချီးကျူးနေခဲ့သည်။
" အသေအချာဘဲ " ဟု အန်တီလျူက ပြောလိုက်သည်။
ထို့နောက် အန်တီလျူသည် နောက်တစ်ကြိမ် သက်ပြင်းချပြီး ပြောလိုက်ပြန်သည်။
" သူ မရှိရင် အန်တီတို့ ကုမ္ပဏီက ပိုက်ဆံနည်းနည်းပဲ ရှာနိုင်လိမ့်မယ်။ အခု အန်တီတို့အားလုံး သူဒီမှာရှိတဲ့အချိန်တွေကို တကယ်လွမ်းနေတာ…"
ထိုအချိန်တွင် လင်ပေ့ဖန်သည် ရုတ်တရက်ထွက်ပေါ်လာခဲ့ပြီး မေးလိုက်သည်။
" မင်းတို့နှစ်ယောက် ဘာအကြောင်း ပြောနေကြတာလဲ ? "
အန်တီလျူက အလျင်အမြန်ပဲ လင်ပေ့ဖန်ကို နှုတ်ဆက်ခဲ့သည်။
" မင်္ဂလာပါ ဘော့စ်လင် ၊ မစ်စတာရဲ့ ဆေးရုံတင်ထားရတဲ့ အကြောင်း ရှောင်ဝူကို ကျွန်မ ပြောပြနေတာပါ ။ ကျွန်မတို့အားလုံး သူဖြစ်ခဲ့တာတွေကို အရမ်း စိတ်မကောင်းဖြစ်နေကြတာ…"
ဝူကောကလည်း အလျင်အမြန်ပဲ သူ့ရဲ့သဘောထားကို ဖော်ပြခဲ့သည်။
" ဟုတ်တယ် ၊ဟုတ်တယ်၊ ကျွန်တော်တို့ သူ့ရဲ့အခြေအနေကို အရမ်းပဲ ကရုဏာဖြစ်မိတယ်။ "
" မင်းရဲ့ စိုးရိမ်မှုအတွက် ငါမင်းကို ကျေးဇူးတင်ပါတယ် ။ အခု အစ်ကိုရဲ့က အရေးပေါ်အခန်းထဲမှာ လှဲနေရတယ်။ " ဟု လင်ပေ့ဖန်က သက်ပြင်းချ၍ ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
" သူက လူကောင်းတစ်ယောက်ပဲ…။ ဘာကြောင့် ဒီလို အဖြစ်မျိုးနဲ့ သူကြုံရတာလဲဆိုတာကို ငါ နားမလည်နိုင်ဘူး ။ "
ထို့နောက် လင်ပေ့ဖန်သည် ဒေါသတကြီးဖြင့် ပြောလိုက်သည်။
" အဲ့ဒီ အနက်ရောင်ဝတ်လူတစ်စုကို အကယ်၍ ငါရှာတွေ့ခဲ့ရင် သူတို့ကို ထောင်ထဲ အသေအချာကို ပို့ပစ်ပြီးတော့ အစ်ကိုရဲ့အတွက် လက်စားပြန်ချေပေး
မယ် ။ "
ထိုမြင်ကွင်းကို ကြည့်၍ ဝူကောသည် ရဲ့ရှင်းချန်ကို ပိုပြီးတော့တောင်မှ အထင်အမြင်သေးသွားခဲ့သည်။
ဒီလူယုတ်မာက တကယ့်ကို လင်ပေ့ဖန်ကဲ့ သစ္စာရှိလက်ပါးစေတစ်ယောက်ဘဲ…။
ဒါမှမဟုတ်ရင် လင်ပေ့ဖန်က ဒီလောက်ထိ ဒေါသထွက်နေမှာ မဟုတ်ဘူး…။
" ဟုတ်တယ် ၊ ကျွန်မတို့ အဲ့ဒီလူတွေကို ထောင်ထဲပို့ပစ်ရမယ်။ " ဟု အန်တီလျူကပါ သူမ၏ နာကြည်းမှုကို ဖော်ပြခဲ့သည်။
" မင်းတို့နှစ်ယောက် ကုမ္ပဏီရဲ့ ပတ်ဝန်းကျင်ကို ဆက်ပြီးတော့ မင်းတို့ဘာသာ ရင်းနှီးအောင် လုပ်လိုက်ဦး.။ ငါ အရင် အလုပ်သွားလုပ်လိုက်ဦးမယ်…"ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
" ဘော့စ်လင် ဂရုစိုက်ပြီး သွားပါ "
…...
ကုမ္ပဏီရဲ့ ပတ်ဝန်းကို ရင်းနှီးပြီးတဲ့နောက်တွင် ဝူကောသည် စတင်ပြီးတော့ အလုပ်လုပ်ခဲ့သည်။ အန်တီလျူ၏ စီမံမှုအောက်တွင် သူသည် ကြမ်းပြင်များကို ကြမ်းတိုက်၍ စားပွဲခုံများကိုလည်း ညီညီညာညာ စီခဲ့သည်။ ထို့ပြင် သူသည် စိမ်းလန်းသော အပင်များကို ရေလောင်း၍ အိမ်သာများကိုလည်း ဆေးကြောပြီး သန့်ရှင်းရေးလုပ်ခဲ့သည်။
ထို့နောက် သူသည် နေ့စဉ်အလုပ်များကို စေ့စပ်သေချာစွာ လုပ်ကိုင်ခဲ့သည်။
ထို့ပြင် သူသည် တစ်ယောက်ယောက်က အကူအညီလိုအပ်တဲ့ အခါတိုင်းတွင် ချက်ချင်းဘဲလာ၍ ကူညီပေးခဲ့သည်။သူသည် တိတ်ဆိတ်စွာဖြင့် တစ်ယောက်ထဲနေတတ်သော်လည်း အလုပ်လုပ်ရာတွင် မည်သည့်လုပ်ငန်းကိုမဆို လုံ့လဝီရိယရှိစွာဖြင့် လုပ်ကိုင်တတ်သည်။
တစ်နေ့တာ၏ အဆုံးသတ်တွင် သူသည် လူတိုင်း၏ ချီးကျူးခြင်းကို ခံခဲ့ရသည်။ လင်ပေ့ဖန်ကတောင် သူ့ကို အဆက်မပြက် ချီးကျူးနေခဲ့သည်။
" ရှောင်ဝူ မင်း တကယ့်ကို အလုပ်ကြိုးစားတာဘဲ ။ ငါမင်းကို အလုပ်ခန့်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်ဘဲ…။ မင်း ဒီလိုပဲ ဆက်ကြိုးစား…။ နောက်ကျရင် ငါမင်းကို ဘော့နပ်စ်ပေးမယ်။ "
" ကျေးဇူးတင်ပါတယ် ၊ဘော့စ်လင် " ဟု ဝူကောက သူ့၏ ဦးခေါင်းကို အနည်းငယ်နိမ့်၍ ပြောလိုက်၍ သူ့မျက်လုံးထဲက အမုန်းတရားတွေကို တစ်ဖက်လူဆီကနေ ဖုံးကွယ်ခဲ့သည်။
ထို့နောက် သူသည် လုံ့လဝီရိယရှိစွာဖြင့် အလုပ်ကို ဆက်လုပ်ခဲ့သည်။
တစ်ရက်ကြာပြီးနောက်တွင် သူသည် အလုပ်ပတ်ဝန်းကျင်နှင့် အတော်လေးကို ရင်းနှီးလာခဲ့တာကြောင့် တစ်ခုခုကို လုပ်နိုင်သည်ဟု သူ ခံစားမိခဲ့သည်။
" ဒီအချိန်က စိတ်ဝင်စားစရာကောင်းတဲ့ အရာအချို့ကို စုဆောင်းရတော့မယ့် အချိန်ဘဲ …" ဟု
ဝူကောသည် သူ့ဘာသာ ရေရွတ်ခဲ့သည်။
သူ့ရဲ့ရန်သူက နေ့ရက်တိုင်းကို သက်တောင့်သက်သာရှိစွာဖြင့် ဖြတ်သန်းနေတာကို ကြည့်ရတာက သူ့ကို စိတ်မချမ်းသာသလို ခံစားရစေသည်။
အကယ်၍ လက်စားမချေရပါက သူ့ရဲ့စိတ်ထဲတွင် မငြိမ်းချမ်းနိုင်ပေ။
" ဘယ်လို လက်စားပြန်ချေရမလဲ ? "
နောက်ဆုံးမှာတော့ သူသည် ဖုန်းရွှေနည်းလမ်းဖြင့် လက်စားချေရန် ဆုံးဖြတ်ခဲ့သည်။
ဂူသင်္ချိုင်း ဖောက်သူတွေရဲ့ လောကတွင် ထိပ်တန်းပုဂ္ဂိုလ်တစ်ဦးဖြစ်လာရသည့် အကြောင်းအရင်းမှာ သူသည် နဂါးဂူများကို ထိခိုက်မှုမရှိဘဲနဲ့ စူးစမ်း လေ့လာနိုင်သည်။ထို့ပြင် အန္တရာယ်ရှိသော အခြေအနေတွင်လည်း သူသည် လုံခြုံစွာဖြင့် ပြန်လည်ဆုတ်ခွာနိုင်ရခြင်းမှာ သူ့ရဲ့ထိပ်တန်းဖုန်းရွှေနည်းပညာများပေါ်တွင် မှီခိုတာကြောင့်ဖြစ်သည်။( ဒီနားရှုပ်ရင် တောင်းပန်ပါတယ်ဗျ)
ဖုန်းရွှေကျွမ်းကျင်မှုတွင် သူသာ ဒုတိယအတော်ဆုံးလူ ဟုပြောပါက ဘယ်သူ့ကမှ ပထမနေရာကို မယူဝံ့ကြပေ။
ထို့ကြောင့် သူ့ရဲ့ ရန်သူများကို လက်တုံ့ပြန်ရာတွင် သူသည် ဖုန်းရွှေနည်းပညာကို အသုံးပြုရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။
ကုမ္ပဏီရုံးခန်းရဲ့ ဖုန်းရွှေအစီအရင်ကို ပြောင်းလဲခြင်းဖြင့် သူသည် သူတို့ကို စိတ်ပိုင်းဆိုင်ရာ စိတ်ဓာတ်ကျ အောင် ပြုလုပ်နိုင်သည်။ ထို့ပြင် သူသည် သူတို့ကို နေမကောင်းဖြစ်အောင်လည်း ပြုလုပ်နိုင်ပြီး ကံဆိုး အောင်နှင့် အန္တရာယ်ကျရောက်အောင်လည်း ပြုလုပ်နိုင်သည်။
အတိုချုပ်ပြီးပြောရရင်တော့ သူသည် သူတို့ကို ကောင်းစွာ ဒုက္ခရောက်အောင် ပြုလုပ်နိုင်သည်။
ထို့ပြင် ၎င်းနည်းလမ်းက အတော်လေးကို ဖုန်းကွယ်နိုင်တာကြောင့် ဘယ်သူ့မှ သံသယမဖြစ်နိုင်ပေ။