← Chapters

မော်ဒယ်လ်တစ်ခုချင်းစီက တစ်ကားစီကို ယူခဲ့ပေးပါ

Vol. 1 Ch. 14

မော်ဒယ်လ်တစ်ခုချင်းစီက တစ်ကားစီကို ယူခဲ့ပေးပါ

Vol. 1 Ch. 14

"Limited Editionပြိုင်ကားနှစ်စီးကိုဝယ်ဖို့အတွက် သန်းတစ်ရာကျော်လောက် တစ်ထိုင်တည်းသုံးပစ်နိုင်တဲ့ဒီလူက ဘယ်သူပါလိမ့်။ ကျန်းနန်မြို့မှာ ဒီလိုလူငယ်တစ်ယောက် တကယ်ပဲရှိလို့လား"

မန်နေဂျာကျန့်က လမ်းလျှောက်ရင်း စဉ်းစားခန်းဝင်ကာ ထိုလူငယ်လေး၏သရုပ်မှန်ကို တွက်ချက်နေလေသည်။

သို့သော် သူ ဓာတ်လှေကားထဲမှ ထွက်ထွက်ချင်းကြားလိုက်ရသော ထိုအသံက သူ့ကို ဖိန့်ဖိန့်တုန်သွားအောင် လုပ်နိုင်လေသည်။

"ကျွန်တော် ဒီ Bugatti Veyronကိုလည်း ယူလိုက်မယ်။ မှတ်ထားလိုက်နော်"

"ပြီးတော့ အဲ့ဒီ Lykanရောပဲ"

" Paganiရဲ့လေနတ်ဘုရားရယ် အပိုလိုရဲ့နေနတ်ဘုရားနဲ့ အက်စတွန်မာတင်ရဲ့ Valkyrieရယ်.. လိုက်ဖက်သားပဲ။ မဆိုးဘူး"

"အိုး.. ဟုတ်သားပဲ။ ကျွန်တော် ခုနကပြောလိုက်တဲ့ McLarenကို ခင်ဗျားမေ့မသွားဘူးမလား။ အဲ့ဒါက ဆယ်သန်းကျော်ကျော်လေးမို့ တော်တော်လေးဈေးပေါပေမဲ့ ပုံစံကတော့ တော်တော်မိုက်သားပဲ။ အဲ့ဒီကားကို မေ့မကျန်ခဲ့စေနဲ့"

...

"ဆယ်သန်းကျော်ကျော်က တော်တော်ဈေးပေါတာလား"

မန်နေဂျာကျန့်၏ပါးစပ်မှာ အနည်းငယ်မဲ့ရွဲ့သွားရလေသည်။ ဒါက လူတစ်ယောက်ပြောရမဲ့စကားလား။ ဤကလပ်၏အရောင်းမန်နေဂျာဖြစ်သည့် သူ့နှစ်စဉ်ဝင်ငွေကပင် တစ်သန်းကျော်ကျော်မျှသာရှိသည်။ ထိုကားမျိုးဝယ်နိုင်ဖို့ဆိုလျှင် သူ့အတွက် ဆယ်နှစ်လောက် ဘာမှမစားမသောက်ဘဲဝယ်မှ ရမည်ဖြစ်၏။ သို့သော် ဤလူကတော့ ထိုပမာဏကို ဈေးပေါသတဲ့လား။

ဒီလူငယ်လေးက ဘယ်လိုမကောင်းဆိုးဝါးမျိုးပါလိမ့်။

"မန်နေဂျာရောက်လာပြီ"

အရောင်းဝန်ထမ်းတချို့က တီးတိုးပြောနေကြလေသည်။

စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီးနောက် မန်နေဂျာကျန့်က ကျန်းမုန့်လောင်ဆီသို့ ချဉ်းကပ်သွားလိုက်သည်။

"မင်္ဂလာပါ ဆရာ.. ကျွန်တော့်မျိုးရိုးနာမည်က ကျန့်ပါ။ ဒီကလပ်ရဲ့အရောင်းပိုင်းမန်နေဂျာပါ။ ကျွန်တော်က တခြားကိစ္စလေးတချို့ကိုင်တွယ်ဖြေရှင်းနေလို့။ ကလေးမလေးတွေက ခင်ဗျားကို လျစ်လျူရှုထားသလိုမဖြစ်ဖို့ မျှော်လင့်ပါတယ်"

"ဪ ရပါတယ်။ ကျွန်တော်က သူတို့ကို ကားတချို့ကိုလိုက်မိတ်ဆက်ခိုင်းနေရုံပါ။ ဘာမှလျစ်လျူရှုစရာအကြောင်းမရှိပါဘူး"

ကျန်းမုန့်လောင်က စွန်းယွီမုန့်ကို လှည့်မေးလိုက်သည်။

"ဟုတ်သားပဲ။ ငါတို့ အခုထိမှတ်လာခဲ့တာ ဘယ်လောက်ရှိသွားပြီလဲ"

"မစ္စတာကျန်း.. ခုနက ရှင်ငွေချေထားပြီးပြီဖြစ်တဲ့Paganiကလွဲရင် စုစုပေါင်းကား၁၄စီးကို ရွေးချယ်ထားပါတယ်။ စုစုပေါင်းပမာဏကတော့ ဟွာရှားငွေကြေးနဲ့ဆိုရင် ၇၇၇သန်း ၃၂၈ထောင်ရှိပါပြီ"

"ဟင်"

မန်နေဂျာကျန့်မှာ ထိုကိန်းဂဏန်းကြောင့် အာမေဍိတ်သံမပြုဘဲ မနေနိုင်ခဲ့ပေ။ ကား၁၃စီးကို တစ်ချီတည်းဝယ်ယူခဲ့သည့် ဤကြွယ်ဝချမ်းသာရေးနတ်ဘုရားမှာ ပြိုင်ကားများကို ဂေါ်ဖီထုပ်များနှယ် သဘောထားနေလေသည်။

"ဒါပဲလား"

ကျန်းမုန့်လောင် မျက်မှောင်ကြုတ်လိုက်မိသည်။

"ဒါဆို ငါထပ်ကြည့်ရဦးမှာပဲ"

မန်နေဂျာကျန့်၏နှုတ်ခမ်းမှာ တစ်ဖန်တွန့်လိမ်သွားရပြန်သည်။ သန်း၇၀၀ကျော်ကိုတောင် "ဒါပဲလား"ဟု မေးနိုင်လေသည်။ ယခုလိုအိပ်မက်မျိုးမက်ရဖို့အတွက် သူ ဘယ်လိုအနေအထားဖြင့် အိပ်စက်ဖို့လိုလေသလဲ။

"ဟုတ်သားပဲ။ ဟိုဟိုဒီဒီသွားဖို့နဲ့ ဈေးဝယ်ထွက်တဲ့အခါကျရင် စီးရအောင်လို့ နည်းနည်းလူသိပ်မသိတဲ့ကားတွေလည်း ဝယ်ရအောင်"

ကျန်းမုန့်လောင်က ကားတော်တော်များများကို သာမန်ကာလျှံကာလက်ညှိုးထိုးပြလိုက်သည်။

"ဒီတစ်စီး ဒီတစ်စီးနဲ့ ဟိုနားကတစ်စီး.. စံသတ်မှတ်ချက်အမြင့်ဆုံးရှိတဲ့ကားတွေအကုန်လုံးပဲ။ အဲ့ဒါတွေအကုန်လုံးကို မှတ်ထားလိုက်"

"ဟုတ်ကဲ့ မစ္စတာကျန်း"

စွန်းယွီမုန့်က ယခုတော့ထုံသွားပြီဖြစ်၏။ သူ(မ) ယ​နေ့ ကော်မရှင်ခ ဘယ်လောက်ရမလဲဆိုသည်ကိုတော့ တွက်မကြည့်ရဲပေ။ သို့သော် သူ(မ)ဘဝမှာ တစ်ရက်လေးပင် အလုပ်လုပ်စရာလိုတော့မှာ မဟုတ်တာတော့ သေချာသည်။

"ကောင်းပြီ။ ဒါပဲ"

ကျန်းမုန့်လောင် သက်ပြင်းချလိုက်မိသည်။ ဤမျှအထိဗျာများသွားရပြီးတာတောင် ယခုအထိ ဆယ်ဘီလီယံပင် မသုံးရသေးပေ။

သူသာ ဤနေရာရှိ ကားများအားလုံးကို ဝယ်ပစ်လိုက်ပါက ပမာဏတော်တော်ရောက်သွားနိုင်​သည်။ သို့သော် ထိုသို့လုပ်ရန်မလိုချေ။ သူ မကြိုက်သည့်ကားများကိုဝယ်ခြင်းမှာ အမှိုက်များကိုဝယ်လိုက်ခြင်းနှင့် မခြားပေ။

သူ ပိုက်ဆံသုံးနေခြင်းမှာ သူ့အဖေပေးသွားခဲ့သည့် ပေါက်ကရစမ်းသပ်မှုအတွက် သုံးနေခြင်းဖြစ်သော်ငြား ပိုက်ဆံကို အချည်းနှီးလျှောက်ဖြုန်းတီးရန်တော့ မသင့်တော်ပေ။

"ဒါက.. ဒါက ဟွာရှားဘဏ်ရဲ့ဂုဏ်ထူးဆောင်ဘဏ်ကတ်ပဲ"

မန်နေဂျာကျန့်ခမျာ ကျန်းမုန့်လောင်ကိုင်ထားသည့်ကတ်ကို မြင်သောအခါ ရင်ထဲ တထိတ်ထိတ်ဖြစ်သွားရသည်။ ဤဆိုင်၏မန်နေဂျာဖြစ်သည့်အတွက် သူ့နယ်ပယ်ဟာ အရောင်းဝန်ထမ်းများထက် ပိုကျယ်ပြန့်လှသော်လည်း သူ့အတွက်ပင်လျှင် ထိုဂုဏ်ထူးဆောင်ကတ်က ဒဏ္ဍာရီဆန်လှပေသည်။

သူ့သူဌေးနှင့် သူ့သူဌေးမိသားစုမှ မိသားစုခေါင်းဆောင်တို့တောင် ထိုကဲ့သို့သောကတ်မျိုးကို မကိုင်နိုင်ကြချေ။

"သူက ဘယ်သူပါလိမ့်"

ကမ္ဘာကြီးအပေါ်ထားသော မန်နေဂျာကျန့်၏အမြင်မှာ ယိုင်နဲ့သွားရလေသည်။ သေချာတာ တစ်ခုတော့ရှိသည်။ ဤလူငယ်လေး၏နောက်ခံအသိုင်းအဝိုင်းမှာ သူ့သူဌေးများအားလုံးပေါင်းထက် ပိုသာနိုင်လောက်သည်။

"ဟုတ်သားပဲ။ ခင်ဗျားက ဒီဆိုင်ရဲ့မန်နေဂျာလို့ပြောလိုက်တာမလား"

ကျန်မုန့်လောင်က နောက်ထပ်ဆက်မေးလိုက်သည်။

"ဟုတ်ပါတယ် မစ္စတာကျန်း.. ကျွန်တော် ခင်ဗျားကို တစ်ခုခုကူညီပေးရမလား"

"အင်း... ကျွန်တော်က ဒီအတိုင်းမေးကြည့်ရုံလေးပါ။ အဲ့ဒီKoenigseggက ခင်ဗျားမှာရှိတဲ့အထဲက ဈေးအကြီးဆုံးကားလား"

ကျန်းမုန့်လောင်က ထိုသို့မေးကြည့်လိုက်သည်။

"ဒါက..တိတိကျကျပြောရရင် ဒီကားက ရောင်းမဲ့ကားတွေထဲမှာတော့ ဈေးအမြင့်ဆုံးပါပဲ"

"ဒီနေရာမှာ ထုတ်မရောင်းတဲ့ပစ္စည်းတွေလည်းရှိတာလား"

ကျန်းမုန့်လောင်၏မျက်ဝန်းများ တောက်ပသွားရသည်။ သူဟာ သူ့အဆင့်အတန်းကို ၁.၂ဘီလီယံတန်ကြေးရှိသော Koenigseggကားထက် ပိုဈေးကြီးသောကားများဖြင့်မြှင့်တင်ရန် စိတ်ဆန္ဒလောနေချေသည်။ ဖြစ်နိုင်ပါက သူ ထိုကားကို ဝယ်ယူရန် ကြိုးစားကြည့်ချင်သည်။ ထိုသို့လုပ်ခြင်းအားဖြင့် သူ့အား ပိုက်ဆံပမာဏအများကြီးကို သုံးနိုင်သွားအောင် ကူညီပေးရုံသာမက သူ့လက်ရှိအဆင့်အတန်းနှင့်ဆိုလျှင် ထိုကဲ့သို့သောကားမျိုးကသာ အသင့်တော်ဆုံးဖြစ်မည်မဟုတ်လား။

"ဟုတ်ပါတယ် ဆရာ။ တကယ်တော့ ဒီကားက ကျွန်တော်တို့အပိုင်မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ရောင်းချပိုင်ခွင့်လည်း မရှိပါဘူး။ ထုတ်လုပ်သူဘက်က ကျွန်တော်တို့ဆိုင်မှာ ယာယီသိမ်းထားရုံသက်သက်ပါ"

"အရမ်းဆန်းကြယ်တာပဲ။ ကျွန်တော် တစ်ချက်ကြည့်ကြည့်လို့ရမလား"

ကျန်းမုန့်လောင်က သိချင်စိတ်ပြင်းပြစွာဖြင့် မေးလိုက်လေသည်။

"ရတာပေါ့။ ကျွန်တော် ခင်ဗျားကို ကိုယ်တိုင်လိုက်ပြပေးပါ့မယ်"

မန်နေဂျာကျန့်က နံရံတစ်ခုဆီသို့ လျှောက်သွားလိုက်လေရာ အံ့သြဖို့ကောင်းလောက်အောင်ပင် ထိုနေရာ၌ လျှို့ဝှက်ခလုတ်တစ်ခုရှိနေချေသည်။

လျှပ်စစ်ဂိတ်တံခါးကို ပင့်တင်လိုက်သောအခါ သူတို့ရှေ့တွင် ပြခန်းသေးသေးလေးတစ်ခန်းက ပေါ်ထွက်လာသည်။ ထိုထိပ်ဖျား၌ ချောမွေ့တောက်ပြောင်နေသော အနက်ရောင်ပြိုင်ကားတစ်စီးရှိပြီး အလယ်တွင်လည်း Koenigaeggလိုဂိုကို ထွင်းထုထားသည်။

"ဒါကလည်း Koenigseggပဲလား"

ကျန်းမုန့်လောင် မေးလိုက်သည်။

"ဟုတ်ပါတယ် ဆရာ။ ဒီLimited Edition Koenigsegg CCXRက တစ်ကမ္ဘာလုံးမှာ နှစ်စင်းပဲရှိပြီး မနှစ်ကမှ ပူပူနွေးနွေးထုတ်လုပ်ထားတာပါ။ အဲ့ဒီမတိုင်ခင်တုန်းက ဒါက သာမန်ကားတစ်စီးပါပဲ။ ဒီကားကို ဆလင်ဒါ၁၂လုံးပါအင်ဂျင်နဲ့ ချိတ်ဆက်ထားပြီး အမြင့်ဆုံးအရှိန်နှုန်းကို တစ်နာရီ၅၀၀ကီလိုမီတာနီးပါးအထိ တင်လို့ရပါတယ်။ ပြီးတော့ ၁.၇စက္ကန့်အတွင်းမှာပဲ သုညကနေ ၁၀၀ကီလိုမီတာကို မြန်နှုန်းတင်နိုင်ပါတယ်"

"အရမ်းမိုက်တာပဲ"

ကျန်းမုန့်လောင်က သူမြင်ဖူးသမျှကားထဲမှာ ဤကားက အပြီးပြည့်စုံဆုံးကြောင်း ဝန်ခံလိုက်သည်။

"ဒီအလှလေးက တကယ်ရောင်းဖို့မဟုတ်ဘူးလား"

"မစ္စတာကျန်း.. အဲ့ဒါက ကျွန်တော်တို့လက်လှမ်းမမီတဲ့ကိစ္စမို့လို့ပါ။ ခင်ဗျား ဝယ်ချင်တယ်ဆိုရင် Koenigseggကုမ္ပဏီနဲ့ ကိုယ်တိုင်ဆက်သွယ်ရပါလိမ့်မယ်"

သူတို့က ထိိုသို့နှယ်ခွန်းတုံ့ပြန်လာသည်။

"သူတို့နဲ့ဆက်သွယ်ပေးဖို့ ကူညီပေးနိုင်မလား"

"အဲ့ဒါက...."

မန်နေဂျာကျန့်ခမျာ တွေဝေတွန့်ဆုတ်သွားရလေသည်။ ဤကားအတွက် တာဝန်ရှိသူနှင့် ဆက်သွယ်နိုင်သည့်အင်အားမျိုး သူ့မှာမရှိပေ။ သို့သော် သူ့အရှေ့ရှိ လူငယ်လေးကလည်း နှောင့်နှေးကြန့်ကြာအောင် လုပ်၍ရနိုင်သူမဟုတ်ပေ။

ထိုအချိန်မှာ မန်နေဂျာကျန့်၏ဖုန်းက မြည်လာလေသည်။ သူ့သူဌေးဖုန်းခေါ်နေခြင်းပင်။

စိတ်သက်သာရာရသွားသော မန်နေဂျာကျန့်က ဆိုလိုက်၏။

"ဆရာ ခဏလေးစောင့်ပါဦး။ ကျွန်တော်တို့သူဌေးရောက်လာပြီဗျ။ သူကတော့ အဲ့ဒီကားရဲ့တာဝန်ရှိသူနဲ့ ဆက်သွယ်ပေးနိုင်လောက်တယ်"

"ရတာပေါ့"

ကျန်းမုန့်လောင် ခေါင်းညိတ်ပြလိုက်သည်။

မကြာခင်မှာ ဟူဒီနှင့် စတိုင်ပင်ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်က လူအမြောက်အများဝန်းရံလျက် မြေအောက်ကားပြခန်းထဲသို့ လျှောက်ဝင်လာသည်။ သူ့ဝတ်စုံက သာမန်ဆန်သော်ငြား အနည်းဆုံးRMBသိန်းဂဏန်းရှိသည်။ အထူးသဖြင့် သူ့ခြေထောက်ရှိ Air Jordansတစ်ရန်ပင်။ သူတို့က Diorနှင့် Collabလုပ်ထားသော မော်ဒယ်လ်တစ်ခုရှိသည်ဟု သူ့အတန်းဖော်တစ်ယောက်ပြောဖူးသည့်စကားကို ကျန်းမုန့်လောင်ကြားထားဖူးသည်။ ထိုဖိနပ်မှာ ဟွာရှားယွမ်နှစ်သိန်းကျော်ဖြင့် ရောင်းချသည်တဲ့လေ။

ကြည့်ရတာ ထိုလူက ဤကလပ်၏ပိုင်ရှင်များထဲမှ တစ်ယောက်ဖြစ်ဟန်တူ၏။

"မိတ်ဆွေတစ်ယောက်က ကျွန်တော့်ဖုန်းရှန်နဲ့ တုယောင်ကိုဝယ်လိုက်တယ်လို့ကြားထားလို့ ဒီလောက်ငွေ​ကြေးအင်အားတောင့်တင်းတာ ဘယ်သူများလဲလို့သိချင်တာနဲ့ ရောက်လာလိုက်တာ"

လူငယ်လေးက ဘွင်းဘွင်းရှင်းရှင်းပြောလာသော်လည်း စိတ်ခုချင်စရာမကောင်းပေ။

"ကျွန်တော်က ဒီကလပ်ရဲ့တည်ထောင်သူတွေထဲကတစ်ယောက် စုယွီပါ။ ကျွန်တော့်မိတ်ဆွေရဲ့နာမည်လေးများ သိလို့ရမလား"

"မင်္ဂလာပါ"

ကျန်းမုန့်လောင်က စုယွီနှင့် ပွင့်ပွင့်လင်းလင်းလက်ဆွဲနှုတ်ဆက်လိုက်သည်။

"ကျွန်တော့်နာမည်က ကျန်းမုန့်လောင်ပါ"

"သူဌေး.. မစ္စတာကျန်းက ဒီမှာ Koenigsegg One:1အပါအဝင် စုစုပေါင်းကား၁၄စီးကို ဝယ်ပြီးသွားပြီ"

မန်နေဂျာကျန့်က စုယွီကို တီးတိုးကပ်ပြောလိုက်သည်။

"ဘာ.. ဆယ့်လေးစင်းလား"

ထိုကဲ့သို့ကြီးကျယ်လှသောလုပ်ရပ်မျိုးကြောင့် စုယွီမှာ အနည်းငယ်တုန်လှုပ်သွားရလေသည်။

"ကျန်းနန်မြို့မှာ ထင်မထားဘဲ အစ်ကိုကျန်းလိုလူတစ်ယောက်ရှိနေတာပဲ။ ဒီနေ့တော့ ကျွန်တော် မျက်စိပွင့်နားပွင့်ဖြစ်သွားပါပြီ"

စုယွီက ဆိုလာသည်။

ဤဆိုင်ပိုင်ရှင်တစ်ယောက်အနေနှင့် ထိုကားများ၏တန်ဖိုးကို သူ သေချာပေါက်သိသည်။ သူကိုယ်တိုင်ပင် ထိုမျှမျပြားလှသောပမာဏကို တစ်ကြိမ်တည်းနှင့်ထုတ်မသုံးနိုင်ပေ။

"မစ္စတာစုက​တော့ မြှောက်နေပါပြီဗျာ။ ဒါပေမဲ့ ကျွန်တော် အခု ဒီကားကို တော်တော်စိတ်ဝင်စားနေတယ်။ မစ္စတာစုများ ကျွန်တော့်ကို ဒီကားရနိုင်အောင် ကူညီပေးနိုင်မလားလို့။ ဘယ်ဈေးပဲဖြစ်ဖြစ် ညှိနှိုင်းလို့ရပါတယ်"

ကျန်းမုန့်လောင်က ပြောလိုက်လေသည်။

"ကျွန်တော်တောင်းပန်ပါတယ် အစ်ကိုကျန်း.. ကျွန်တော်က မရောင်းချင်တာမဟုတ်ရပါဘူး။ ဒါပေမဲ့ ကျွန်တော့်မှာ ဒီကားနဲ့ပတ်သက်ပြီး ပိုင်ဆိုင်ခွင့်လည်းမရှိသလို ရောင်းခွင့်လည်းမရှိလို့ပါ။ ဒါပေမဲ့ ကျွန်တော် ဒီနေ့ အစ်ကိုကျန်းနဲ့ မိတ်ဆွေဖွဲ့ချင်ပါတယ်။ ဒီတော့ ကျွန်တော် တာဝန်ရှိတဲ့လူတစ်ယောက်ကိုဆက်သွယ်ပြီး ဒီကားကိုရောင်းဖို့ဆန္ဒရှိလားဆိုတာ မေးပေးလို့ရပါတယ်"

စုယွီက ခွန်းတုံ့ပြန်လာလေသည်။

"ဒါဆိုရင်တော့ ကျေးဇူးအများကြီးတင်ပါတယ်"

ကျန်းမုန့်လောင်က အခွင့်အရေးတစ်ခုရှိသေးကြောင်း သိလိုက်ရသဖြင့် အပျော်ကြီးပျော်သွားချေသည်။

စုယွီက ဖုန်းခေါ်မှုတစ်ခုလုပ်လိုက်ပြီးနောက် ကျန်းမုန့်လောင်အမည်မတပ်တတ်သော နိုင်ငံခြားဘာသာစကားနှင့် ပြောဆိုနေသည်။

"အစ်ကိုကျန်း.. ကားကိုရောင်းလို့တော့ရတယ်လို့ ပိုင်ရှင်ကပြောတယ်။ ဒါပေမဲ့ အပေးအယူတစ်ခုတော့ရှိတယ်တဲ့"

စုယွီက ရှင်းပြလေသည်

"What condition?" Zhang Menglong asked.

"ဘာအပေးအယူလဲ"

ကျန်းမုန့်လောင်က မေးလိုက်သည်။

"ကားက Koenigseggကထုတ်ထားတဲ့ အထိမ်းအမှတ်မော်ဒယ်တစ်ခုလေ။ အဲ့ဒါကြောင့် အဲ့ဒီကားက သူတို့ရဲ့သစ္စာအရှိဆုံးဝယ်ယူသူတွေအတွက်ပဲ ရည်ရွယ်တာတဲ့။ ဒီကားကိုဝယ်ဖို့အတွက်ဆိုရင် ခင်ဗျားအနေနဲ့ Koenigseggကထုတ်ထားတဲ့ မော်ဒယ်၂၂မျိုးထဲက အနည်းဆုံးခုနစ်မျိုးကို​ လက်ဝယ်ပိုင်ဆိုင်ထားမှဖြစ်မှာ။ ဈေးနှုန်းကလည်း ဟွာရှားယွမ်သန်း၂၂၀သတ်မှတ်ထားပါတယ်"

"ဟူး"

ကျန်းမုန့်လောင် စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်မိသည်။

"ကျွန်တော်ကတော့ တော်တော်ခက်ခဲတဲ့အပေးအယူဖြစ်မယ်လို့ထင်နေတာ"

"အဲ့ဒီအပေးအယူက မခက်ခဲဘူးလား"

စုယွီခမျာ အကြောင်သားဖြစ်သွားရလေသည်။ Koenigseggကားတစ်စီးတိုင်းဟာ အနည်းဆုံးဟွာရှားယွမ်သန်း၄၀ရှိပြိီး တချို့ကားများဆိုလျှင် ပိုက်ဆံရှိတာတောင် မဝယ်နိုင်ပေ။

"မစ္စတာစုက ဒီမှာရှိတဲ့ကားတွေအားလုံးနီးပါးကို ရအောင်လုပ်ထားတာလို့ကြားတယ်"

ကျန်းမုန့်လောင်က ပြုံးလျက်ပြောလိုက်သည်။

"ဒါဆို ကျွန်တော့်ကို မစ္စတာစုကပဲ တစ်ခုလောက်ကူညီပါ့လား။ Koenigseggကထုတ်ထားတဲ့ မော်ဒယ်လ်တစ်ခုချင်းစီရဲ့ ကားတစ်စင်းစီရအောင်ကြိုးစားပေးပါဦး"

All Chapters