အခန်း (၇၇)
Vol. 6 Ch. 77
" အစီအရင်ကတော့ ပြီးသွားပြီ "
တစ်ရက်ကြာပြီးနောက်တွင် ဝူကောသည် သူလုပ်ထားတဲ့ အစီအရင်ကို ကြည့်၍ အရမ်းပျော်ရွှင်သွားခဲ့သည်။
" ဒီအစီအရင်က နောက်နာရီဝက်လောက်ကြာမှပဲ အသက်ဝင်လာလိမ့်မယ်။ ဒါ့အပြင် ဒီအစီအရင်ကြောင့် လင်ပေ့ဖန်က စိတ်ရှုပ်ထွေးသွားပြီးတော့ သူ့ရဲ့ အသိစိတ်က လွတ်သွားလိမ့်မယ်။ ပြီးရင်တော့ သူက ကျား၊မ မရွေးဘဲနဲ့ မလျော်ကန်စွာ ပြုမူလိမ့်မယ်။ "
" အဲ့ဒီအချိန်ကျရင် မင်းက မင်းရဲ့ အကြည်းတန်တဲ့ ဘက်ခြမ်းကို ထုတ်ဖော်ပြသလိမ့်မယ်။ ဒါဆိုရင် လူတိုင်းရဲ့ စိတ်ထဲမှာရှိတဲ့ မင်းရဲ့ ပုံရိပ်က ပျက်စီးသွားလိမ့်မယ်။ အကယ်၍ မင်းကျူးလွန်တဲ့ ပြစ်မှုက ကြီးတယ်ဆိုရင်တော့ မင်းငါ့ကို လုပ်ခဲ့သလိုမျိုး မင်းထောင်ထဲ ဝင်ရလိမ့်မယ်။"
ထို့နောက် ဝူကောသည် သေးငယ်တဲ့ အရာလေးတစ်ခုကို ကိုင်ထားတဲ့ သူ့ရဲ့ လက်ကို ဖွင့်လိုက်သည်။ထိုအရာကတော့ လျှို့ဝှက်ကင်မရာတစ်လုံးပဲဖြစ်သည်။
ဝူကောသည် မာနကြီးစွာဖြင့် ပြုံးပြီး ပြောလိုက်သည်။
" မင်းရဲ့ အကြည်းတန်တဲ့ဘက်ခြမ်းကို မှတ်တမ်းတင်ပြီးေတာ့ ကမ္ဘာတစ်ဝှမ်းလုံးမှာ ကျော်ကြားလာအောင် ငါ ပြုလုပ်ပေးမယ်။ဒါက မင်းဘဝမှာ ဘယ်တော့မှ မဖယ်ရှားနိုင်တဲ့ အမဲစက်ကြီးတစ်ခုဖြစ်လာလိမ့်မယ်။ "
ထို့သို့ပြောပြီးနောက် သူသည် လျှို့ဝှက်စွာဖြင့် လျှို့ဝှက်ကင်မရာကို သူ့ကော်လံပေါ်တွင် ထားလိုက်သည်။ သူသည် လင်ပေ့ဖန် ထောင်ချောက်ထဲသို့ကျသွားချိန်တွင် ထိုအဖြစ်ပျက်ကို မှတ်တမ်းတင်ရန် အဆင့်သင့်ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် လင်ပေ့ဖန်၏ ရုံးခန်းတံခါးက ပွင့်လာခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည် ဝူကောကို လက်ယှက်ခေါ်လိုက်သည်။
" ရှောင်ဝူ ဒီကို လာဦး "
" ဘော့စ်လင် ဘာကိစ္စရှိလို့လဲ ? " ဟု ဝူကောက မေးလိုက်သည်။
" ငါ့ရဲ့ ရေချိုးခန်းက နည်းနည်း ညစ်ပတ်နေတယ်။ ဒါကြောင့် မင်း ငါ့အတွက် ရှင်းပေးနိုင်မလား ? "
" ပြဿနာမရှိပါဘူး ဘော့စ်လင် " ဟု ပြောပြီးနောက် ဝူကောသည် ရေချိုးခန်းထဲသို့ လမ်းလျှောက်သွား၍ လုံ့လဝီရိယရှိစွာဖြင့် စတင်ပြီး သန့်ရှင်းရေးလုပ်ခဲ့သည်။
" ဘော့စ်လင် ဒီမှာ ကြည့်ဦး။ ရေချိုးခန်းက တကယ်ပဲ ညစ်ပတ်နေတယ်။ ဒါပေမဲ့ လုံးဝသန့်ရှင်းသွားဖို့ဆိုရင် အထူးဆေးရည် တစ်မျိုးလိုတယ်။ အဲ့ဒီဆေးရည်က အန်တီလျူစီမှာဘဲ ရှိတယ်။ ကျွန်တော် သွားယူလိုက်မယ်။ "
" မလိုဘူး။ မင်း အရင်ဆုံး သန့်ရှင်းရေးလုပ်လိုက်။ ငါ သွားပြီးတော့ အန်တီလျူကို သွားပြောလိုက်မယ်။" ဟု လင်ပေ့ဖန်က ပြောလိုက်သည်။ ထို့နောက် သူသည် လက်ဖက်ရည်ခွက် တစ်ခွက်ကို ကိုင်ပြီး သီချင်းလေးငြီး၍ ရုံးခန်းထဲကနေ အေးအေးဆေးဆေးလမ်းလျှောက်ထွက်သွားခဲ့သည်။
" ဒါဆိုရင် ဘော့စ်လင်ကိုပဲ ဒုက္ခပေးရဦးမယ်။ " ဟု ဝူကောက အနောက်ကနေအော်ပြောခဲ့သည်။
" ဒါက ဘာမှဟုတ်ပါဘူး " ဟု လင်ပေ့ဖန်က သူ့ရဲ့ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။
ရုံးခန်းထဲမှထွက်သွားပြီးနောက် လင်ပေ့ဖန်သည် တံခါးကို ပိတ်လိုက်ပြီး အန်တီလျူကို အခြေအနေ ရှင်းပြရန် လိုက်ရှာခဲ့သည်။
…
" ကောင်းပါပြီ ဘော့စ်လင်။ ကျွန်မသွားကြည့်လိုက်မယ်။ " ဟု ပြောပြီးနောက် အန်တီလျူက ထွက်ခွာသွားခဲ့သည်။
ထို့နောက် လင်ပေ့ဖန်သည်လည်း လျိုယုမေ့ရုံးခန်းသို့ သွားခဲ့သည်။
သူသည် လျိုယုမေ့ အလုပ်လုပ်နေတာကို မြတ်နိုးစွာဖြင့် ကြည့်၍ သူ့စိတ်ထဲကနေ ဆုတစ်ခုကို တောင်းလိုက်သည်။
[ ငါနောက်နာရီဝက်လောက်အကြာမှာ ဒီအခန်းထဲက အပြင်ကို မထွက်နိုင်ပါစေနဲ့။ အကယ်၍ ငါ့ရဲ့ စိတ်အခြေက အဆိုးဘက်ကို ကျရောက်နေရင်လည်း အဲ့ဒီအကျိုးသက်ရောက်မှုက နှစ်ဆဖြစ်ပါစေလို့ ငါဆုတောင်းတယ်စနစ် ]
[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စီးပေးလိုက်ပါသည်။ ]
….
ထိုအချိန်တွင် ဝူကောကတော့ လုံ့လဝီရိယရှိစွာဖြင့် ရေချိုးခန်းကို သန့်ရှင်းရေးလုပ်နေသည်။
သူသည် အစီအရင်ထဲမှာ ဖြစ်သော်လည်း မစိုးရိမ်ခဲ့ပေ။
ရေချိုးခန်းကို သန့်ရှင်းရေးလုပ်ခြင်းက ရိုးရှင်းတဲ့ အလုပ်ပဲဖြစ်ပြီးေတာ့ ဆယ်မိနစ်လောက်ဆိုရင်ပြီးသွားလိမ့်မည်ဖြစ်သည်။အကယ်၍ သူ့မှာ သန့်ရှင်းရေးဆေးရည်သာရှိပါက ဒီထက်တောင်မှ ပိုမြန်လိမ့်မည်ဖြစ်သည်။ ထို့ပြင် ဆယ်မိနစ်ကြာပြီးနောက်တွင် သူသည် ဒီအခန်းထဲကနေ ထွက်သွားနိုင်ပြီး ဘာတစ်ခုမှ ထိခိုက်လိမ့်မှာ မဟုတ်ပေ။
ဒါပေမဲ့လည်း ရုတ်တရက် တံခါးခေါက်သံတစ်ခုက အပြင်ကနေထွက်လာခဲ့သည်။
" ရှောင်ဝူ တံခါးဖွင့်ဦး။ " ဟု အန်တီလျူ၏ အသံက ပေါ်ထွက်လာခဲ့သည် ။
" ဟုတ်ကဲ့ ၊ ကျွန်တော်လာပြီ " ဟု ပြောပြီးနောက်
ဝူကောသည် တံခါးကို ဖွင့်လိုက်သည်။
ဒါပေမဲ့လည်း တံခါးကတော့ မပွင့်သွားခဲ့ပေ။ ထို့နောက် သူသည် အကြိမ်ကြိမ် ကြိုးစားပြီး ဖွင့်ပေမဲ့လည်း တံခါးကတော့ မပွင့်သွားခဲ့ပေ။
သူ့၏ စိတ်ထဲတွင် မကောင်းတဲ့သတိပေးချက်တစ်ခု ပေါ်လာခဲ့သည်။
တံခါးလော့ဒ်က နောက်တစ်ကြိမ် ထက်ပျက်သွားတာ ဖြစ်နိုင်မလား ?
နှစ်ကြိမ်လောက် ကြိုးစား၍ ဖွင့်ပြီးနောက်တွင် သူသည် တံခါးလော့ဒ်က တကယ်ပျက်တာကို အတည်ပြုနိုင်ခဲ့သည်။ထို့နောက် သူသည် အော်ပြောလိုက်သည်။
" အန်တီလျူ တံခါးက ဖွင့်မရဘူး။ ဒါက
တံခါးလော့ဒ် ပျက် သွားတာဖြစ်လိမ့်မယ်။ ကျေးဇူးပြုပြီးတော့ ဘေ့ာစ်လင်ကို ရှာပေးနိုင်မလား ? ။ ဒါမှမဟုတ်ရင်လည်း ရုံးခန်းထဲက တစ်ယောက်ယောက်ကို ကူညီပြီးတော့ တံခါးဖွင့်ပေးခိုင်းပါလား ? "
ခဏကြာပြီးနောက် ရုံးမန်နေဂျာသည် သော့တွဲကြီးကိုယူလာပြီး တံခါးကို ဖွင့်လိုက်သည်။သို့သော်လည်းပဲ တံခါးကတော့ မပွင့်သွားခဲ့ပေ။
" တံခါးလော့ဒ်က နောက်တစ်ကြိမ် ပျက်သွားတာဖြစ်ပုံရတယ်။ ဒီတစ်ကြိမ်တော့ ငါတို့တံခါးလော့ဒ်ကို ပြောင်းရတော့မယ်။ ရှောင်ဝူ ခဏလောက် သည်းခံထားဦး။ ငါ သော့ပြင်သမားတစ်ယောက်ကို ဖုန်းခေါ်လိုက်ပြီး ဒါကို ပြင်ခိုင်းလိုက်မယ်။ "ဟု ရုံးမန်နေဂျာက ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါတွင်
ဝူကောသည် မေ့လဲလုနီးပါး ဖြစ်ခဲ့ရသည်။ ထိုအချိန်တွင် သူ့အသိစိတ်က စတင်ပြီး မှုန်ဝါးလာ၍ သူသည် အနည်းငယ် စိတ်ရှုပ်ထွေးလာသလို ခံစားလိုက်ရသည်။
ထို့နောက် သူသည် သူ့ကိုယ်ကိုယ်သူ ရိုက်ပြီး နိုးထခဲ့သည်။
" တောင့်ထားစမ်း ၊ ဒါက တစ်နာရီလေးပါဘဲ "
ထိုအချိန်မှစ၍ သူသည် အသိစိတ်လွတ်လုနီးပါးဖြစ်သည့်အခါတိုင်းတွင် သူ့ကိုယ်ကိုယ်သူရိုက်၍ နိုးထခဲ့သည်။အချိန်များက တစ်စက္ကန့်ပြီးတစ်စက္ကန့် ၊ ကုန်ဆုံးသွားခဲ့ပြီး သူ့သည် ဇွဲလုံ့လကြီးစွာဖြင့် တောင့်ခံထားခဲ့သည် ။ သို့သော်လည်း သူ့ရဲ့စိတ်အခြေအနေက ဆိုးရွားနေခဲ့ပြီး အချိန်မရွေး စိတ်လွတ်သွားနိုင်သည်။
ထိုသို့ဖြင့် တစ်နာရီကြာပြီးနောက်တွင် တံခါးက ပွင့်လာခဲ့သည်။ သူသည် သူ့၏ နောက်ဆုံး အသိစိတ် လေးကို ထိန်းသိမ်းပြီး ပြေးထွက်သွားခဲ့သည်။
ဒါပေမဲ့လည်း သူ့ဆီကို ပြေးလာတဲ့ အန်တီလျူနှင့် တိုက်မိသွားခဲ့သည်။သူတို့နှစ်ယောက်စလုံးအော်ဟစ်ပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
ထိုတိုက်မိမှုကြောင့် ဝူကော၏ နောက်ဆုံးအသိစိတ်လေးက လွတ်သွားခဲ့သည်။
သူသည် သူ့၏ဦးခေါင်းကိုခါလိုက်၍ သူ့ရဲ့ အရှေ့မှာ ရပ်နေတဲ့ အန်တီလျူကို ကြည့်လိုက်သည်။ သူမ၏ ကြီးမားတဲ့ လက်မောင်း ၊တိုသောခြေထောက် ၊ လုံးဝန်းတဲ့ ဦးခေါင်းနှင့် နှုတ်ခမ်းဖောင်းဖောင်းလေးက သူ့အမြင်တွင် လှပနေခဲ့သည်။
ဘာကြောင့် သူမက အရမ်းပဲ လှပနေရတာလဲ ? 🤧
ထိုအချိန်တွင် သူသည် သူမကို စွဲလမ်းပြီး ချစ်မိသွားပြီလို့ ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် အန်တီလျူကို အမြန်ကူညီလိုက်ပြီး ပြောလိုက်သည်။
" ဘေဘီ ၊မင်းလေးက ဒီမှာပေါ့ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် အန်တီလျူသည် အံ့အားသင့်သွားခဲ့ပြီး မေးမြန်းလိုက်သည်။
" ရှောင်ဝူ သား ခုနတုန်းက အန်တီကို ဘယ်လို ခေါ်လိုက်တာလဲ ? "
ဝူကောက ပြန်ပြောလိုက်သည်။
" ငါမင်းကို ဘေဘီလို့ ခေါ်လိုက်တာလေ "
ဘေးနားက လူများ : " … "
အန်တီလျူသည် ဝူကောကို မပျော်ရွှင်သော အမူအရာဖြင့် ကြည့်ပြီး ပြောလိုက်သည်။
" အိုမို…ငါက အသက်ကြီးနေပြီ ။ ဒါတောင် မင်းက ငါ့ကို ဘေဘီလို့ ခေါ်တယ်ပေါ့လေ။ "
" အသက်ကြီးတော့ရော ဘာမှားလို့လဲ ? ။အကယ်၍ မင်းက ငါ့ထက် အသက်ကြီးတယ်ဆိုရင်တောင် မင်းက အမြဲတမ်း ငါ့ရဲ့ ဘေဘီလေးပဲ ဖြစ်လိမ့်မယ်။ "
ဘေးနားက လူများ : " ဟေ "
အန်တီလျူ၏ မျက်နှာသည် နီရဲသွားခဲ့ပြီး ဒေါသတကြီး ပြောလိုက်သည်။
" ရှောင်ဝူ မင်း ဒီပေါက်ကရစကားတွေကို နောက်ကြိမ်ထပ်ပြောရင် ငါ တကယ် စိတ်တိုမှာနော်။ "
ဝူကောသည် စိတ်ရှုပ်စွာဖြင့် ကြည့်လိုက်ပြီးပြောလိုက်သည်။
" ကျွန်တော် ပေါက်ကရပြောနေတာမဟုတ်ဘူး။ ကျွန်တော့် ရင်ထဲကနေ လာတဲ့ စကားတွေကို ပြောနေတာ…"
သူပြောပြီးတာနဲ့ အန်တီလျူက သူ့ကို ပါးရိုက်လိုက်သည်။
" လူယုတ်မာ "
ထို့နောက် သူမသည် လူအုပ်ကြီးကို ကြည့်ပြီး ရှက်ရွံ့စွာဖြင့် အဝေးကို ထွက်ပြေးသွားခဲ့သည်။
ဝူကောက သူမနောက်ကို အော်၍ ပြေးလိုက်ခဲ့သည်။
" ဘေဘီလေး ကိုကြီးကို ထားမသွားပါနဲ့ "
ထိုနေ့၌ ကုမ္ပဏီတွင် ထိုသတင်းက လူပြောအများဆုံး သတင်းတစ်ပုဒ်ဖြစ်လာခဲ့သည်။
" မင်းတို့ ကြားမိကြလား? ။ ရှောင်ဝူက အန်တီလျူနောက်ကို ပြေးလိုက်ပြီးတော့ ဘေဘီလေးလို့ ခေါ် နေတယ်…"
" ငါတို့ အရင်တုန်းက ခန့်မှန်းပြီး ပြောတာ…။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ အတည်ပြုနိုင်ပြီ။ သူမနောက်ကို ပြေးလိုက်ရင်းနဲ့ သူ ဘေဘီလေးလို့ အော်လိုက်တဲ့ အသံကို အဆောက်အဦးတစ်ခုလုံးကတောင် ကြားလိုက်ရတယ်။ "
" မင်းက ငါ့ထက်အသက်ကြီးရင်တောင် မင်းက အမြဲတမ်း ငါ့ဘေဘီလေးပဲလို့ အန်တီလျူကို သူပြောလိုက်တယ်။ ငါဘယ်တုန်းကမှ ဒီလို ရိုမန်တစ်ဆန်တဲ့ စကားကို မကြားဖူးဘူး။ ဒါက ငါ့ကို ရင်ခုန်စေတယ်။"
" ငါ နားမလည်နိုင်ဘူး။ ဘာလို့ ငယ်ရွယ်ပြီး ရုပ်ချောတဲ့ ရှောင်ဝူက အန်တီလျူကို စိတ်ဝင်စားနေကတာလဲ ? "
" အချစ်စစ်မှန်ရင် အရာအားလုံးကို အောင်နိုင်တယ်။"
သူတို့ပြောတာကို ခိုးနားထောင်နေတဲ့ ဝူကောက တိတ်တိတ်ကလေး ကျိန်ဆဲလိုက်သည်။
" မအေမွေးလေးတွေ "
ထိုအချိန်တွင် ဒါက တကယ့်ကို ပရမ်းပတာမြင်ကွင်းတစ်ခုပဲဖြစ်သည်။သူသည် သူ့ရင်ဘတ်ကို ထိလိုက်ပြီး အရမ်းနာကျင်နေသလို ခံစားခဲ့ရသည် ။
အစီအစဥ်ကောင်းတစ်ခုက ဘယ်လိုလုပ်ပြီးတော့
ဒီလိုပြောင်းသွားရတာလဲဆိုတာကို သူ နားမလည်နိုင်တော့ပေ။
သူသည် နှစ်ကြိမ်ထောင်ချောက်ဆင်ခဲ့ပေမဲ့လည်း သူသာလျှင် ထောင်ချောက်ထဲ ကျရောက်ခဲ့ရသည်။
ထို့ပြင် ၎င်းက တကယ့်ထောင်ချောက်အစစ်အမှန်ဖြစ်သည်။
ပထမအကြိမ်က သူသည် အန်တီလျူ၏ ရင်ထဲသို့ လဲကျပြီး နှာခေါင်းသွေးလျှံခဲ့သည်။ဒုတိယအကြိမ်ကတော့ သူသည် သူမနောက်ကိုလိုက်၍ ဘေဘီလေးလို အော်ခေါ်ခဲ့သည်။
အကယ်၍ လက်စားချေမည့်အစီအစဉ်ကြောင့်သာ မဟုတ်ပါက သူသည် ဒီကုမ္ပဏီမှာ ဆက်နေလိမ့်မည်မဟုတ်ပေ။
ထိုအဖြစ်အပျက်က ရှက်စရာကောင်းလွန်းသည်။
ထို့နောက် သူသည် သူ့၏ ဖုန်းကို ကိုင်လိုက်ပြီး လျှို့ဝှက်ကင်မရာကနေ ဖမ်းမိခဲ့တဲ့ မြင်ကွင်းကို ကြည့်လိုက်သည်။သူသည် ထိုမြင်ကွင်းကို ကြည့်၍ တုန်လှုပ်သွားခဲ့ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးက စပ်ဖျင်းစပ်ဖျင်းဖြစ်လာခဲ့သည်။
" အူ … အရမ်းကို ရိုမန်တစ်ဆန်လွန်းတယ်။ ဘယ်လိုဖြစ်ပြီးတော့ ငါက အရမ်းရိုမန်တစ်ဆန်လာရတာလဲ ? ။ ငါဒါကို ဖျက်ဆီးပစ်ရမယ် ။ "
သူသည် လျှို့ဝှက်ကင်မရာကို ဖျက်ဆီးပြီးနောက် သူ့ရင်ထဲ၌ ပေါ့သွားသလို ခံစားခဲ့ရသည်။ထို့ပြင် သူသည် ရှင်းလင်းသွားသလို ခံစားခဲ့ရသည်။
သူသည် ခါးသီးစွာဖြင့် ပြောလိုက်သည်။
" လင်ပေ့ဖန် ၊ မင်း ငါ့ထောင်ချောက်ထဲကနေ နှစ်ကြိမ်လွတ်ပြီးပြီ။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ငါ မင်းကို သေချာပေါက် လွတ်မြောက်ခွင့်ပေးမှာမဟုတ်ဘူး”