← Chapters

အခန်း (၇၈)

Vol. 6 Ch. 78

အခန်း (၇၈)

Vol. 6 Ch. 78

ဒီတစ်ခါမှာတော့ ဝူကောသည် အစီအရင်အသစ်တစ်ခုကို နောက်တစ်ကြိမ် ထပ်မံပြီး ပြောင်းလဲခဲ့သည်။

ထိုအစီအရင်နာမည်ကတော့ မီးကြယ်ခုနှစ်စင်းပေါင်းစပ်ခြင်း အစီအရင်ပဲဖြစ်သည်။

ထို့နောက် ဝူကောသည် လှောင်ပြုံးပြုံးလိုက်ပြီး ပြောလိုက်သည်။

" မီးကြယ်ခုနှစ်စင်းပေါင်းစပ်ခြင်း အစီအရင်ထဲမှာ ရှိနေသ၍တော့ မင်းရဲ့ ခန္ဓာကိုယ်အတွင်းပိုင်တစ်ခုလုံးက လောင်ကျွမ်းလာသလို ခံစားရလိမ့်မယ်။ ပြီးရင် မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံး နေမထိထိုင်မသာဖြစ်ပြီးတော့ ပူလာလိမ့်မယ်။ ဒါ့အပြင် မချိမဆန့်နာကျင်တဲ့ဝေဒနာကိုလည်း မင်း ခံစားရလိမ့်မယ်။ ပြီးတော့ အရည်ကြည်ဖုေတွနှင့် နှင်းခူတွေတောင် မင်းရဲ့ ခန္ဓာကိုယ်မှာ ထွက်ပေါ်လာနိုင်တယ်။ အဲ့ဒီ ဝေဒနာက ပြင်းထန်ရင်တော့ မင်းရဲ့ အရည်ပြားတောင် ပျက်စီးသွားနိုင်တယ်။ "

ဝူကောသည် အရင်တုန်းက လင်ပေ့ဖန်၏ ရုပ်ရည်ကို မနာလိုဖြစ်နေခဲ့သည်။

ထို့ကြောင့် သူသည် လင်ပေ့ဖန်၏ အသားအရည်နှင့် ရုပ်ရည်ကို ဖျက်ဆီးရန် ဒီအစီအရင်ကို တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

" ကောင်းပြီ ၊ ဒီတစ်ကြိမ် မင်း သေမှာလား ၊ရှင်မှာလားဆိုတာကို ငါတို့ ကြည်ကြသေးတာပေါ့ကွာ။ " ဟု ပြောပြီးနောက် သူသည် သူ့၏လက်များဖြင့် ကိုယ်တိုင်ပြုလုပ်ထားတဲ့ အစီအရင်ကို ကြည့်ပြီး ကျေနပ်နေခဲ့သည်။

ထို့နောက် သူသည် ဒီမတိုင်ခင်က ခံစားခဲ့ရတဲ့ ဖြစ်ရပ်နှစ်ခုကို သတိရသွားခဲ့သည်။

" နေဦး ၊ ငါ နောက်တစ်ကြိမ် ပြန်စစ်ဆေးကြည့်ရမယ်။ "

ဝူကောသည် အချိန်အနည်းငယ်ယူ၍ စစ်ဆေးပြီး

သည့်နောက်တွင် ဘာပြဿနာမှ မရှိတာကို တွေ့မှ စိတ်ချသွားခဲ့သည်။

…....

အစီအရင်ရဲ့ စွမ်းအားကို စုစည်းပြီးတဲ့နောက်တွင်

ဝူကောက သူ့ဘာသာသူ ပြောလိုက်သည်။

" ဒီအစီအရင်က ရုံးတစ်ခုလုံးကိုတော့ မလွှမ်းခြုံနိုင်ဘူး။ ဒါပေမဲ့ ၎င်းရဲ့ စွမ်းအားက လင်ပေ့ဖန်ထိုင်တဲ့ စီအီအိုထိုင်ခုံကိုဘဲ တိုက်ရိုက်ဦးတည်ထားတယ်။ ဒီနည်းလမ်းနဲ့ဆိုရင် အစီအရင်ရဲ့စွမ်းအားက ၁၅မိနစ်အတွင်းမှာဘဲ အကျိုးသက်ရောက်လာလိမ့်မယ်။ "

" ဒါ့အပြင် ငါက အခန်းအထဲမှာရှိရင်တောင် ထောင်ချောက်ထဲ ကျမှာ မဟုတ်ဘူး။ "

" အနည်းဆုံးတော့ ငါ ရှောင်ပြေးဖို့အတွက် နေရာရှိတယ်။ "

ဒီတစ်ခါမှာတော့ ဝူကောသည် သူ့လုပ်တဲ့ အစီအရင်ကို အမှန်တကယ် စိတ်ကျေနပ်နေခဲ့သည်။သူသည် သူ့ကိုယ်ကိုယ်သူတော့ ထောင်ချောက်ထဲ နောက်တစ်ကြိမ် အကျခံမှာ မဟုတ်ပေ။

…

ထိုအချိန်တွင် လင်ပေ့ဖန်က ရုံးခန်းထဲသို့ ဝင်လာပြီး ဝူကောကို လက်ယှက်ခေါ်လိုက်သည်။

" ရှောင်ဝူ ၊မင်းနဲ့ အန်တီလျူ နှစ်ယောက်စလုံး ငါ့ရုံးခန်းထဲကို လာခဲ့ဦး ။ ငါ မင်းတို့နဲ့ အရေးကြီးတဲ့ အရာအချို့ကို ဆွေးနွေးစရာရှိတယ်။ "

ခဏအကြာတွင် အန်တီလျူပါ ရောက်ရှိလာခဲ့သည်။

ဝူကောသည် အန်တီလျူကို မြင်လျှင် အနည်းငယ် ကိုးရိုးကားရားဖြစ်သလို ခံစားခဲ့ရသည်။ ဒါက ထိုနေ့မှစ၍ အန်တီလျူ နှင့် သူ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

ဘာကြောင့်လဲဆိုတော့ ထိုနေ့ပြီးတဲ့ နောက်တွင် သူတို့နှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ရှောင်နေကြသောကြောင့် ဖြစ်သည်။အထူးသဖြင့် သူသည် ထို့နေကအဖြစ်အပျက်များကို တွေးမိပြီး ဘယ်သူ့ကိုမှ မျက်နှာချင်းမဆိုင်ချင်ခဲ့ပေ။

လင်ပေ့ဖန်သည် လက်ဖက်ရည် တစ်ငုံသောက်၍ ပြောလိုက်သည်။

" ကောင်းပြီ ၊ ဘာမှ တွန့်ဆုတ်မနေနဲ့ ၊၊ကျေးဇူးပြုပြီးတော့ ထိုင်ပါဦး။ "

ဝူကောနှင့် အန်တီလျူက ခေါင်းညိတ်ခဲ့သည်။

ထို့နောက် လင်ပေ့ဖန်သည် ထိုင်ခုံနှစ်ခုကို ညွှန်ပြပြီး ပြောလိုက်သည်။

" ရှောင်ဝူ မင်းက ဒီမှာထိုင် ၊ အန်တီလျူကတော့ ဟိုဘက်ထိုင်ခုံမှာထိုင် ။ "

ဝူကောသည် သူ့ထိုင်ရမည့်ထိုင်ခုံကို ကြည့်လိုက်ပြီး စိတ်ရှုပ်ထွေးသွားခဲ့သည်။

ဘာကြောင့်လဲဆိုတော့ သူ့ထိုင်ခုံက အစီအရင်ရဲ့ အပျက်သဘောဆောင်တဲ့ စွမ်းအင်များ ဦးတည်တဲ့နေရာ ဖြစ်နေသောကြောင့်ဖြစ်သည်။ဆိုလိုတာကတော့ သူဒီထိုင်ခုံမှာ ထိုင်လိုက်ရုံဖြင့် လင်ပေ့ဖန်အတွက် ဘေးအန္တရာယ်များကို ကူညီပြီး တားဆီးပေးသလိုဖြစ်သွားလိမ့်မည်ဖြစ်သည်။ထို့ပြင် အစီအရင်ရဲ့ အပျက်သဘောဆောင်တဲ့ စွမ်းအားတွေကလည်း သူ့အပေါ် အကျိုးသက်ရောက်လိမ့်မည်ဖြစ်သည်။

ထို့ကြောင့် ဝူကောသည် တုံ့ဆိုင်း၍ ပြောလိုက်သည်။

" ဒါ…ဒါ "

လင်ပေ့ဖန်က သူ့ကို အံ့အားသင့်စွာဖြင့် ကြည့်ပြီး ပြောလိုက်သည်။

" ဘာလို့ မင်း မထိုင်သေးတာလဲ ? "

" ကျွန်တော် ဒီထိုင်ခုံမှာ မထိုင်ချင်ဘူး။ "ဟု ဝူကောက ပြောလိုက်သည်။

" မင်းရဲ့နေရာကို အန်တီလျူရဲ့နေရာနဲ့ လဲလိုက်ရင်ရော ဘယ်လိုလဲ ? " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဝူကောသည် အန်တီလျူအပေါ်တွင် အပြစ်ရှိသလို ခံစားခဲ့ရသည်။ အကယ်၍ သူမကို နောက်တစ်ကြိမ်အပြစ်ပြုမိပါက သူသည် သူမကို ဘယ်တော့မှ မျက်နှာပြဝံ့တော့မည်မဟုတ်ပေ။

ထိုကြောင့် သူသည် သူ့ထိုင်ခုံမှာ အမြန်ထိုင်ချလိုက်ပြီး ပြောလိုက်သည်။

" ကျွန်တော် ဒီခုံမှာ ထိုင်မယ် "

" ဒီလိုမှပေါ့ "

လင်ပေ့ဖန်သည် အနည်းငယ်ပြုံးလိုက်ပြီး သူ့၏ စိတ်ထဲကနေ ဆုတောင်းလိုက်သည်။

[ နောက်မိနစ်၃၀အတွင်းမှာ ငါ့ရဲ့ခန္ဓာကိုယ်အပေါ်ကို သက်ရောက်တဲ့ အပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုအကုန်လုံးက ဆယ်ဆဖြစ်ပါစေလို့ ငါဆုတောင်းတယ်စနစ် ]

[ ဒင် !! ပိုင်ရှင်၏ ဆုတောင်းကို ဖြည့်စီးပေးလိုက်ပါသည်။ ]

လင်ပေ့ဖန်၏ မျက်နှာအမူအရာက မပြောင်းလဲဘဲနဲ့ အရင်အတိုင်းပဲ ဆက်ရှိနေခဲ့သည်။

သို့သော်လည်းပဲ ဝူကောကတော့ နာကျင်မှုကို ခံစားခဲ့ရသည်။

မင်းရဲ့ စိတ်ထဲမှာ ကြိတ်ပြုံးနေတယ်မလား… ?

ထိုအစီအရင်၏ စွမ်းအားက အရမ်း ပြင်းထန်ပြီး အလျင်အမြန်ပဲ အကျိုးသက်ရောက်လိမ့်မည်ဖြစ်သည်။

" ရှောင်ဝူ ဂနာမငြိမ် ဖြစ်နေတာရပ်လိုက်။ ပြီးရင်

ငါ့အတွက် စည်းကမ်းရှိရှိထိုင်ပါ " ဟု လင်ပေ့ဖန်က လေးလေးနက်နက်ပြောလိုက်သည်။

" ဟုတ်ကဲ့ ဘော့စ်လင် " ဟု ပြောပြီးနောက်

ဝူကောသည် ကျိုးနွံစွာဖြင့် ထိုင်ခဲ့သည်။

သူသည် သူ့စိတ်ထဲမှာတော့ သူ့ဘာသာသူ ပြောလိုက်သည်။

ခဏလေးပဲ သည်းခံထားလိုက် ၊ ဒါက မကြာခင် ပြီးသွားလိမ့်မယ် ……

လင်ပေ့ဖန်သည် နောက်ထပ်လက်ဖက်ရည်တစ်ငုံကို သောက်လိုက်သည်။ထို့နောက် လက်ဖက်ရည်ခွက်ကို ဘေးမှာ ထား၍ သူ့၏ လက်နှစ်ဖက်ကို ယှက်ပြီး ပြောလိုက်သည်။

" မနေ့က အဖြစ်အပျက်ကြောင့် ငါ မင်းတို့ကို ခေါ်လိုက်ရတာဘဲ …. "

ထိုစကားကို ကြားလိုက်ရသောအခါတွင် သူတို့နှစ်ယောက်စလုံး၏ အမူအရာက ရှိုးတိုးရှန့်တန်းဖြစ်သွားခဲ့သည်။

" ရှောင်ဝူ ၊ဒါက ငါ မင်းကို အပြစ်ပြောချင်လို့ မဟုတ်ဘူး။ "

လင်ပေ့ဖန်က စားပွဲခုံကို ခေါက်၍ လေးလေးနက်နက် ပြောလိုက်သည်။

" ငါ မင်းတို့ရဲ့ ချစ်ခြင်းကိုလည ခွဲမှာ မဟုတ်ဘူး။

ပြီးတော့ ရုံးတွင်းအချစ်ဇာတ်လမ်းကိုလည်း ငါ ဆန့်ကျင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ မင်း အချစ်က အရမ်းပဲ ကြမ်းတယ်။ ပြီးတော့ မင်းက အထိန်းအကွပ်လည်း မရှိဘူး။ မင်းရဲ့ အချစ်က အနည်းငယ် စက်ဆုပ်စရာကောင်းတယ်။ မင်းက အလုပ်ချိန်အတွင်းမှာ အန်တီလျူနောက်ကို လိုက်ပြီးတော့ သူမကို ဘေဘီလေးလို့တောင် အော်ခေါ်နေ သေးတယ်။ "

လင်ပေ့ဖန်သည် သူ့၏ ဦးခေါင်းကို ခါလိုက်ပြီး ပြောလိုက်ပြန်သည်။

" ရိုးရိုးသားသားပြောရရင် သာမန်လူတစ်ယောက်က ဒါကို လုပ်နိုင်မှာတောင်မဟုတ်ဘူး။ ဒါက အရမ်းပဲ ရှက်စရာကောင်းလွန်းတယ် ။ "

ဝူကောသည် သူ့၏ ဦးခေါင်းကို ရှက်ရွံ့စွာဖြင့် ငုံ့လိုက်ပြီး သူ့၏ စိတ်ထဲကနေပြောလိုက်သည်။

ငါလေးလဲ ရှက်တာပဲကို….

" မင်းတို့ရဲ့ အဖျားစွပ်ပြီး ခေါ်တဲ့ နာမည်တွေကို မင်းတို့နှစ်ယောက်ပဲ ရှိတဲ့အချိန် ခေါ်နိုင်တယ်။ပြီးရင် မင်းတို့ရဲ့ ချစ်စကား ၊ကြိုက်စကားတွေကိုလည်း မင်းတို့ဘာသာ မင်းတို့ သီးသန့်ပြော...။ တိုတိုပြောရရင် မင်းတို့ရဲ့အချစ်တွေကို ကုမ္ပဏီကို မသယ်လာခဲ့နဲ့ ။ "

" ဘာကြောင့်လဲဆိုတော့ မင်းလုပ်တာက ကုမ္ပဏီရဲ့ ပုံရိပ်ကို ပျက်စီးစေနိုင်လို့ဘဲ…။ ငါ မင်းကို အပြစ်ပေးမယ်။ ဒါပေမဲ့ လူတိုင်းက လွတ်လွတ်လပ်လပ်ချစ်နိုင်တယ်။ အကယ်၍ ငါမင်းကို အပြစ်မပေးဘဲနဲ့ လူတိုင်းက မင်းကို အတုယူလိုက်ရင် ဘာဖြစ်သွားမလဲ ? ။ ဘယ်လိုလုပ်ပြီးတော့ စည်းကမ်းရှိတော့မှာလဲ ? "ဟု လင်ပေ့ဖန်က စိုးရိမ်ပြီး လေးနက်စွာဖြင့် ပြောလိုက်သည်။

ဝူကောသည် လင်ပေ့ဖန်ကို ကြည့်ပြီး ပြောလိုက်သည်။

" အကယ်၍ ဘော့စ်လင် တစ်ယောက်ယောက်ကို အပြစ်ပေးချင်ရင်လည်း ကျွန်တော့်ကိုပဲ ပေးပါ။

ဒါတွေ အကုန်လုံးက ကျွန်တော်အမှားကြီးပါဘဲ။

အန်တီလျူနဲ့ ဘာမှမဆိုင်ပါဘူး ။ "

" အနည်းဆုံးတော့ မင်းမှာ ယောကျာ်းတစ်ယောက်အနေနဲ့ တာဝန်ယူချင်စိတ်ရှိသေးတာဘဲ ။ " ဟု လင်ပေ့ဖန်က အနည်းငယ် ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" ဒါပေမဲ့ ငါမင်းကို အပြစ်တင်ရဦးမှာဘဲ ။ဘာကြောင့်လဲဆိုတော့ မင်းက ငယ်ရွယ်ပြီးတော့ လွယ်လွယ်နဲ့ လမ်းမှားကို ရောက်နိုင်တာကြောင့်ဘဲ…။ အခု ငါမင်းကို စတင်ပြီးတော့ ဝေဖန်တော့မယ်။ မလှုပ်နဲ့ ငြိမ်ငြိမ်လေးထိုင်ပြီး နားထောင်…။ "

" ဟုတ်ကဲ့ ဘော့စ်လင် "

ထို့နောက် လင်ပေ့ဖန်သည် စတင်၍ ဝူကောကို တရားဟောခဲ့သည်။ထို့ပြင် သူသည် ဆယ်မိနစ်လောက် စကားပြောသောအခါတွင်လည်း စာကြောင်းတစ်ကြောင်းမှ မထပ်ခဲ့ပေ။

ဒါပေမဲ့လည်း ဝူကောရဲ့ မျက်နှာကတော့ ဆီးရွက်လောက်သာရှိတော့သည်။

အစီအရင်ရဲ့ လွှမ်းမိုးမှုအောက်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးက ပူလောင်လာပြီး သည်းမခံနိုင်အောင် ယားယံလာခဲ့သည်။

ထိုအရာက ဒူးရင်းသီးပေါ်တွင် ထိုင်နေရသလို ခံစားချက် တူနေခဲ့သည်။ထို့ပြင် သူ့၏ကျောကုန်းပေါ်တွင်လည်း ပုရွက်ဆိတ်ကလေးများ ပြေးလွှားနေသလို ခံစားချက်မျိုး ဖြစ်နေခဲ့သည်။

…

ထို့နောက် သူ့ရဲ့ အင်္ကျီလက်ကို လှန်တင်ပြီး ကြည့်လိုက်ချိန်၌ သူ့၏လက်တွင် အရည်ကြည်ဖု အများအပြားထွက်လာတာကို တွေ့ရှိလိုက်ရသည်။ထို့ပြင် သူ့၏နောက်ကျောကလည်း အစီအရင်ဘက်ကို တိုက်ရိုက်လှည့်ထားတာကြောင့် အပျက်သဘောဆောင်တဲ့ စွမ်းအားများကို အများဆုံးစုပ်ယူမိခဲ့သည်။ထို့ကြောင့် ပိုပြီးတော့တောင်မှ ယားယံပြီး နာကျင်လာခဲ့သည်။

ဝူကောသည် သူ့၏ စိတ်ထဲတွင် ဒေါသတကြီး ကျိန်ဆဲလိုက်သည်။

သေစမ်း… ဘာလို့ နောက်တစ်ကြိမ် ငါပဲ ထောင်ချောက်ထဲ ထပ်ကျရပြန်တာလဲ…?

" မလှုပ်နဲ့ ၊ငြိမ်ငြိမ် ထိုင်ပြီးတော့ ငါပြောတာကို ဂရုတစိုက်နားထောင် ….။ ငါ အခု မင်းကို တရားဟောနေတာ…။ မင်း စိတ်ပါလက်ပါနဲ့ နားထောင်ပြီးတော့ မင်းရဲ့ အမှားတွေကို ပြန်သုံးသပ်သင့်တယ်။ " ဟု

လင်ပေ့ဖန်က လေးလေးနက်နက်ပြောလိုက်သည်။

အန်တီလျူကပါ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။

" ရှောင်ဝူ ၊ ငြိမ်ငြိမ်ထိုင်ပြီးတော့ ဂရုတစိုက်နဲ့ နားထောင်…။ ဘော့စ်လင်က မင်းကောင်းဖို့အတွက် ပြောနေတာ…။ "

" ဘော့စ်လင် ကျွန်တော့်မှာ အရေးကြီးလုပ်စရာ တစ်ခုရှိလို့ ၊ကျွန်တော် အခု သွားဖို့ လိုအပ်တယ်။ " ဟု

ဝူကောက ပြောလိုက်သည်။

" ငါ့ကို ဆင်ခြေမပေးနဲ့။ မင်း နားထောင်ချင်သည်ဖြစ်စေ ၊မနားထောင်ချင်သည်ဖြစ်စေ ၊မင်းနောက်ထပ် မိနစ်နှစ်ဆယ်လောက် သည်းခံပြီး နားထောင်ပေးရမယ်။ အကယ်၍ မိနစ်နှစ်ဆယ်တောင် မင်း သည်းမခံနိုင်ဘူးဆိုရင်၊ မင်း ဒီမှာ အလုပ်လုပ်စရာ မလိုတော့ဘူး။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

လင်ပေ့ဖန်ကို လက်စားချေဖို့အတွက် စိတ်ဆုံးဖြတ်ထားတာကြောင့် ဝူကောသည် ဆက်ပြီးတော့ သည်းခံဖို့ ဆုံးဖြတ်ခဲ့သည်။

ထို့နောက် လင်ပေ့ဖန်က သူ့ရဲ့ တရားဟောခြင်းကို နောက်ထပ်ဆယ်မိနစ်ကြာ ဆက်ဟောခဲ့သည်။

ဝူကောအတွက်တော့ စက္ကန့်တစ်စက္ကန့်စီတိုင်းက ဖြည်ညှင်းစွာဖြင့် ညှဉ်းပန်းနှိပ်စက်နေသလိုမျိုး ဖြစ်နေခဲ့သည်။ထိုအရာက ဘာနဲ့တူသလဲဆိုရင်တော့

စော်မရှိတဲ့ Faတစ်ေယာက်ကို အတွဲတွေကြားထဲပစ်ထားတာနဲ့ တူနေခဲ့သည်။

မင်း ကလိယားထိုးပြီးတော့ ညှင်းပန်းနှိပ်စက်တာကို ကြားဖူးလား… ?

ဒါက သူတို့ရဲ့ ယားယံတဲ့နေရာကို မရပ်မနားကုတ်ပေးလိုက်ရုံဘဲဖြစ်သည်… ။

ထိုအရာက အတော်လေးရက်စက်တဲ့ ညှင်းပန်းနှိပ်စက်မှုဘဲဖြစ်သည်…

ဝူကောအခုဖြစ်နေတာက ထိုဖြစ်ရပ်နှင့် အတိအကျတူ နေခဲ့သည်။

ထို့ပြင် အကျိုးသက်ရောက်မှုကိုလည်း လင်ပေ့ဖန်က ဆယ်ဆတိုးခဲ့သည်။

ဝူကော၏ ငါးပြေမ ဆားထိသလိုမျိုး တွန့်လိမ်တွန့်လိမ်ဖြစ်နေတဲ့ပုံစံကို မြင်ရတာက လင်ပေ့ဖန်ကို အရမ်းပျော်ရွှင်စေသည်။

ထိုအချိန်တွင် လင်ပေ့ဖန်၏ ဖုန်းက မြည်လာခဲ့သည်။

လင်ပေ့ဖန်သည် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

" ငါ ဖုန်းခဏ ပြောလိုက်ဦးမယ် ။ မင်း ငြိမ်ငြိမ်ထိုင်ပြီးတော့ ဒီမှာပဲ ငါ့ကို စောင့်နေ…။ အကယ်၍ ငါပြန်လာလို့ မင်းကို မတွေ့မိရင်တော့ အကျိုးဆက်က ပြင်းထန်လိမ့်မယ်။ မင်း သဘောပေါက်လား ? "

" သဘောပေါက်ပါတယ် ဘော့စ်လင် "

လင်ပေ့ဖန်ထွက်သွားပြီးနောက် ဝူကောသည် ချက်ချင်းဘဲ သူ့ရဲ့ ထိုင်ခုံကနေ ခုန်ထလိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို မျောက်တွေလိုမျိုး တဗျစ်ဗျစ်ကုတ်နေခဲ့သည်။

အန်တီလျူသည် ထိုအဖြစ်ပျက်ကို ကြည့်ပြီး အံ့အားသင့်သွားခဲ့သည်။

" ရှောင်ဝူ ၊ မင်းဘာလုပ်နေတာလဲ ? "

ဝူကော၏ မျက်လုံးများက လက်သွားခဲ့ပြီး

အန်တီလျူကို ပြောလိုက်သည်။

" အန်တီလျူ ကျွန်တော့်ကို အကူအညီ တစ်ခုလောက်ပေးနိုင်မလား ? "

အန်တီလျူက ဝူကောကို ပြန်မေးခဲ့သည်။

" ဘာအကူအညီလဲ ? "

" ကျွန်တော့်ရဲ့ ကျောကုန်းက ယားနေလို့ ၊အန်တီလျူ ကျွန်တော့်အတွက် ကုတ်ပေးနိုင်မလား ? "

" ရတယ်လေ ။ မင်း ငါ့ကို ဘယ်နေရာ ကုတ်စေချင်လဲ ? "

" ဒီနား "

" ဒီနားလေး "

" အန်တီလျူ အားနည်းနည်း ထပ်ထည့်ပြီး ကုတ်ပေးပါ။ "

" ဒါ အန်တီရဲ့ ရှိသမျှ အားအကုန်ပဲ ။ အန်တီရဲ့ လက်မှာတောင် သွေးထွက်နေပြီ ။ အန်တီ ဒီထက်ပိုပြီးတော့ မလုပ်နိုင်တော့ဘူး။ "

" အန်တီလျူ ခဏစောင့်ဦး "

ဝူကောသည် သူ့ရဲ့ အင်္ကျီကို အမြန်ချွတ်လိုက်ပြီး

သူ့ရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်း ကြွက်သားတွေကို ထုတ်ဖော်ပြသခဲ့သည်။

" အန်တီလျူ ၊ကျေးဇူးပြုပြီးတော့ ဆက် ကုတ်ပေးပါ။ "

အန်တီလျူက အံ့အားသင့်ပြီး အော်ပြောလိုက်သည်။

" မကောင်းတဲ့ ကောင်လေး "

ထို့နောက် သူမသည် သူမ၏🫣 မျက်နှာကို အုပ်ပြီး အမြန်ပြေးထွက်သွားခဲ့သည်။

ဝူကော : ဘာလား 😂……

ထိုအချိန်တွင် တိုက်ဆိုင်စွာဖြင့် လင်ပေ့ဖန်နှင့် လုပ်ဖော်ကိုင်ဖက်အနည်းငယ်က လမ်းလျှောက်လာခဲ့သည်။

သူတို့သည် သူတို့ရှေ့က မြင်ကွင်းကို အံ့ဩတကြီးကြည့်ပြီး မေးလိုက်သည်။

" ဘာဖြစ်နေတာလဲ ? "

ဝူကောရဲ့ ခန္ဓာကိုယ်က အပေါ်ပိုင်း ဗလာ နဲ့ ဖြစ်ပြီးေတာ့ သူ့ရဲ့ ကျောကုန်းကလည်း သွေးတွေထွက်နေတယ်…

ခုဏက အန်တီလျူကလည်း အော်ဟစ်ပြီးတော့ ရှက်ရွံ့စွာနဲ့ အဝေးကို ထွက်ပြေးသွားခဲ့တယ်…။

ထိုဖြစ်ရပ်အားလုံးက လူတိုင်း၏ စိတ်ထဲမှာ ပြီးပြည့်စုံတဲ့ ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။

ဝူကော : ကျေးဇူးတင်ပါတယ်လို့ ။

All Chapters