← Chapters

အခန်း (၇၉)

Vol. 6 Ch. 79

အခန်း (၇၉)

Vol. 6 Ch. 79

လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီတွင် နောက်ထပ်အံ့အားသင့်ဖွယ်ကောင်းတဲ့ သတင်းတစ်ခု ထွက်ပေါ်လာခဲ့ပြန်သည်။

" မင်း သတင်းသစ်တစ်ခုကို ကြားပြီးပြီလား ? ။

ဘော့စ်လင်ရဲ့ ရုံးခန်းထဲမှာ ရှောင်ဝူက အန်တီလျူကို မကောင်းကြံဖို့ ကြိုးစားခဲ့တယ် ။ "

" ဒါအမှန်ပဲလား ? ။ အကယ်၍ သူက သူမကို ကြိုက်တယ်ဆိုရင်တောင် သူ အဲ့လို မလုပ်နိုင်ဘူးလေ ၊ငါပြောတာ မှန်တယ်မလား ? ။ ပြီးတော့ ဒီအဖြစ်အပျက်က ဘော့စ်လင်ရဲ့ ရုံးခန်းထဲမှာေလ။ ရှောင်ဝူက အဲ့လိုလူစားမျိုးလို့ ငါမထင်ဘူး ။ "

" ဘယ်လိုလုပ်ပြီးတော့ မှားနိုင်မှာလဲ ? ။ ဒီတစ်ခါတော့ ဒီဖြစ်ရပ်ကို လူအများကြီးက မြင်ခဲ့တယ် ။ ငါတောင် အဝေးကနေ လူယုတ်မာလို့ အော်သံကို ကြားလိုက်ရသေးတယ်။ ဒါ့အပြင် အန်တီလျူ မြန်မြန်ထွက်ပြေးသွားတာကိုလည်း ငါ မြင်လိုက်သေးတယ်။ "

" အဲ့ဒီအချိန်တုန်းက ရှောင်ဝူက သူ့ရဲ့ အင်္ကျီကိုတောင် ချွတ်ထားသေးတယ်။ သူ့ရဲ့ကျောပြင်တစ်ပြင်လုံးကလည်း အန်တီလျူရဲ့ ကုတ်ရာတွေချည်းနဲ့ ပြည့်နေခဲ့တယ်။ ပြီးတော့ သူ့ကျောကုန်းကနေ သွေးတွေတောင် ထွက်နေသေးတယ်။ "

" ဘယ်လိုအခြေအနေမျိုးမှာမှ အဲ့လိုအဖြစ်အပျက်မျိုးက ဖြစ်နိုင်မှာလဲ ? "

" မင်း ငါ့ကို ဒီထပ်ပိုပြီး ပြောပြစရာမလိုတော့ဘူး။ ငါဒီလောက်ဆို သဘောပေါက်ပြီ။ ရှောင်ဝူက ဒီလိုလူမျိုးဖြစ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ လူတစ်ယောက်ရဲ့ အတွင်းစိတ်ကို တကယ်နားမလည်နိုင်ဘူးဆိုတာ မှန်တာဘဲ။ ငါ သူ့အပေါ် အထင်အမြင်လွဲခဲ့တာဘဲ…။ "

" သူ ဘော့စ်လင်ရဲ့ ရုံးခန်းထဲမှာ ဒီလို မဆင်မခြင်လုပ်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး "

" အလားအလာရှိတဲ့လူငယ်တစ်ယောက်အနေနဲ့ သူက ဘယ်လိုလုပ်ပြီးတော့ ဒီလိုအမှားမျိုးကို လုပ်ရတာလဲ ? "

"အခု ရှောင်ဝူက ဘယ်မှာလဲ ? ။ သူအခု ဖမ်းခံထိထားတာလား ? "

" မဖမ်းခံထိဘူး။ သူ အခု ဘော့စ်လင်ရဲ့ ရုံးခန်းထဲမှာ ရှိနေတုန်းဘဲ…"

……

ထိုအချိန်တွင် လင်ပေ့ဖန်၏ ရုံးခန်းထဲမှာတော့

လင်ပေ့ဖန်နှင့် ဝူကောတို့သည် စကားမပြောဘဲနဲ့ မျက်နှာချင်းဆိုင်ပြီး ထိုင်နေကြသည်။

ဝူကော၏ စိတ်ခံစားချက်က အတော်လေးကို ရှုပ်ထွေးနေခဲ့သည်။ ရိုးရှင်းတဲ့ သာမန် ကိစ္စလေးတစ်ခုက ဘယ်လိုဖြစ်ပြီးတော့ ဒီလို ဒီလိုဖြစ်ရပ်မျိုး ပြောင်းလဲခဲ့တာလဲဆိုတာကို သူ နားမလည်နိုင်သေးပေ။

သူသည် ဘာတစ်ခုမှ မလုပ်ခဲ့ပေ။ ထို့ပြင် သူသည် အပြစ်ကင်းပေမဲ့လည်း ဒီလူတွေရဲ့ လူယုတ်မာလို့ အထင်လွဲခြင်းကို ခံနေရသေးသည်။

အကယ်၍ သူသာ ခွန်အားသုံးပြီး မကောင်းကြံမည်ဆိုပါက အန်တီလျူအပေါ်တွင် သုံးလိမ့်မည်မဟုတ်ပေ။

သူမ၏ ရုပ်ရည်ကြောင့် သူမကို ဘယ်သူကမှ ထိတွေ့ဝံ့လိမ့်မည် မဟုတ်ဟု ဝူကောက ပြောချင်ခဲ့သည်။ သို့သော်လည်းပဲ သူသည် ထိုစကားကို မဆင်မခြင် မပြောဝံ့ပေ။

သူသည် လက်စားပြန်ချေဖို့ ဒီကို လာခဲ့ခြင်းဖြစ်သည်။ဒါပေမဲ့လည်း သူ့ရဲ့ လက်စားပြန်ချေမှုက မပြီးဆုံးသေးခင်မှာပင် သူ့ရဲ့ ပုံရိပ် နှင့် ဂုဏ်သိက္ခာက ပျက်စီးနေခဲ့ပြီဖြစ်သည်။

ဝူကောသည် မကြာသေးမီက ကြုံတွေ့ခဲ့ရတဲ့ စိတ်ပျက်စရာကောင်းတဲ့ အဖြစ်အပျက်ကို စဉ်းစားပြီး လေးလေးနက်နက်တွေးတောခဲ့သည်။

ငါ့ကို တစ်ယောက်ယောက်ကများ ကျိန်စာ တိုက်နေတာလား …?

လင်ပေ့ဖန်ရဲ့ စိတ်ခံစားချက်ကလည်း တူညီစွာနဲ့ စိတ်ရှုပ်ထွေးနေခဲ့သည်။ ဒီအဖြစ်အပျက်က သူ့နဲ့ ဘာမှမဆိုင်ဘူးဆိုတာကို သူ ကျိန်ဆိုပြီး ပြောရဲသည်။

သူသည် ထိုဖြစ်စဉ်တစ်ခုလုံးတွင် အပြစ်ကင်းသည်။

ထို့ပြင် သူ ခဏကြာထွက်သွားပြီးနောက်တွင် မယုံနိုင်စရာကောင်းလောက်အောင်ကို အလွန်ဆိုးရွားတဲ့ အဖြစ်အပျက်တစ်ခုက သူ့ရဲ့ရုံးခန်းထဲမှာ ဖြစ်ေပါ်လာခဲ့သည်။

ဒီကောင်က သူ့ရဲ့ ရုံးခန်းထဲမှာတောင် အတော်လေးကို ဆန္ဒစောေနခဲ့သည်။

လင်ပေ့ဖန်သည် အန်တီလျူပါဝင်တဲ့ အရင်တုန်းကအဖြစ်အပျက်နှစ်ခုကို ပြန်စဉ်းစားမိခဲ့သည်။

ဝူကောက ဒီလို မိန်းမမျိုးတွေကိုမှ ကြိုက်တာ ဖြစ်နိုင်မလား …?

သူ့ရဲ့အတိတ်ဘဝတုန်းကလည်း ဒီကောင်ရဲ့ဘေးနားမှာ စော်တစ်ယောက်မှကို မမြင်ရတာက အံ့ဩစရာမဟုတ်တော့ပေ။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်လိုက်ရဲ့ အကြိုက်က အတော်လေးကို ထူးခြားနေခဲ့တာကြောင့်ဖြစ်သည်။

သူတို့နှစ်ယောက်လုံးသည် စကားမပြောဘဲနဲ့ဆက်လက်၍ တိတ်ဆိတ်နေခဲ့သည်။

နောက်ဆုံးမှာတော့ လင်ပေ့ဖန်က လေးလံသောလေသံဖြင့် စကားပြောခဲ့သည်။

" ရှောင်ဝူ ၊ငါ ဖုန်းခဏပြောဖို့ ရုံးခန်းထဲကေန ထွက်သွားတာ အချိန်သုံးမိနစ်လောက်ကြာသေးတယ်၊ အဲ့ဒီအချိန်မှာ မင်းက ဒီလို အရာမျိုးကို လုပ်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး။ မင်းက ငါ့ရုံးခန်းထဲမှာတောင် အန်တီလျူအပေါ်ကို အတင်းအကျပ် လုပ်ဝံ့တယ်ပေါ့လေ။ "

" အကယ်၍ မင်းက အန်တီလျူကို ကြိုက်တယ်ဆိုရင်တောင် အရမ်းစိတ်ဆန္ဒစောစရာမလိုအပ်ဘူးလေ ၊ဟုတ်တယ်မလား ?။ မင်း အချိန်သုံးမိနစ်လောက်တောင် သည်းမခံနိုင်ဘူးလား ?။ မင်းတော်တော်ဖြစ်နေတာလား ? ။"

ဝူကော : ):

ဝူကောက လင်ပေ့ဖန်ကို အမြန်ပြန်ပြောလိုက်သည်။

" ဘော့စ်လင် ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး။ ဒါက ဘော့စ်လင် ထင်နေသလို မဟုတ်ပါဘူး။"

လင်ပေ့ဖန်က သူ့၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ဖြတ်ပြောခဲ့သည်။

" မင်း ငါ့ကို ရှင်းပြစရာ မလိုဘူး။ အခြေအနေက ရှင်းနေတာပဲ။ မင်း ဘယ်လောက်ပဲ ရှင်းပြနေပါစေ အမှန်တရားကတော့ ပြောင်းလဲသွားမှာမဟုတ်ဘူး။ ရှောင်ဝူ ၊ငါမင်းကို ပြောပြမယ်။ ဒီလို အပြုအမူက တရားဥပဒေနဲ့ ၁၀၀ရာခိုင်နှုန်းဆန့်ကျင် နေတယ်ဆိုတာကို မင်းသိလား ? ။ အကယ်၍ အန်တီလျူကသာ မင်းကို တရားစွဲလိုက်မယ်ဆိုရင် မင်း သေချာပေါက် ထောင်ထဲကို သွားရလိမ့်မယ်။ "

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူကောသည် ပိုပြီးတော့တောင်မှ စိုးရိမ်လာခဲ့သည်။

" ဒါပေမဲ့ ကျွန်တော်က အပြစ်ကင်းတယ်လေ။ အဲ့ဒီအချိန်တုန်းက ကျွန်တော့်ကျောကုန်း ယားယံလာလို့ အန်တီလျူကို ကုတ်ပေးခိုင်းခဲ့တယ်။သူမ ကုတ်ရတာ လွယ်အောင်လို့ ကျွန်တော့်အင်္ကျီကို ချွတ်ပေးမယ်လို့ပဲ ကျွန်ေတာ် ပြောခဲ့တာလေ။ ပြီးတော့ ကျွန်တော် ဘာမှမလုပ်ဘူးလေ။"

လင်ပေ့ဖန်သည် ရယ်မောပြီး ပြောလိုက်သည်။

" ရှောင်ဝူ ၊ မင်းရဲ့ ဆင်ခြေက ယုတ္တိမရှိဘူး။ အကယ်၍ ယားယံတာကို ကုတ်ခိုင်းဖို့အတွက်ဆိုရင် မင်းရဲ့ အင်္ကျီကို ချွတ်စရာ လိုလို့လား?။ မင်းက မင်းကိုယ်ကိုယ်မင်း အရမ်းပဲ ဉာဏ်ကောင်းတယ်ထင်နေတာလား ? ။ ဒါမဟုတ် မင်းက ငါတို့ကိုများ ငပိန်းလို့ထင်နေတာလား ?။ "

ဝူကော၏ ပါးစပ်က ပွင့်နေပေမဲ့လည်း စကားတစ်ခွန်းမှ ပြန်မပြောခဲ့ပေ။

သူသည် ထိုအကြောင်းကို တကယ် မရှင်းပြနိုင်ပေ။

သူသည် လင်ပေ့ဖန်နှင့် ဆက်ဆံဖို့အတွက် အစီအရင်တစ်ခုကို တည်ဆောက်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ သူ့သာလျှင် ထောင်ချောက်ထဲ ပိတ်မိခဲ့သည် မဟုတ်ပါလား …?

.

အကယ်၍ သူသာ ထိုစကားကို ပြောလိုက်လျှင် သူသည် လျင်လျင်မြန်မြန်ပဲ သေရလိမ့်မည်မှာ အသေအချာဘဲဖြစ်သည်။သူ့ရဲ့အရှေ့မှ ရန်သူက ပြုံးနေပုံရပေမဲ့လည်း တကယ်တမ်းမှာတော့ သူက သိုးရေခြုံထားတဲ့ ဝံပုလွေတစ်ေကာင်ဖြစ်နေခဲ့သည်။ နောက်ဆုံးမှာတော့ ဝူကောသည် ဘာစကားမှ ပြန်မပြောဘဲနဲ့ စိတ်ပျက်စွာဖြင့် သူ့ရဲ့ ဦးခေါင်းကို ငုံ့လိုက်သည်။

" မင်းရဲ့ အပြစ်ကင်းမှုကို မင်းသဘောအတိုင်း ဆုံးဖြတ်လို့ မရဘူး။ ငါတို့လည်း ဆုံးဖြတ်ပေးလို့ မရဘူး။ ဒါပေမဲ့ အန်တီလျူကတော့ ဆုံးဖြတ်ပေးနိုင်တယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဝူကောက ရေရွတ်ခဲ့သည်။

" အန်တီလျူ……"

" ကံကောင်းချင်တော့ အန်တီလျူက မင်းကို သက်ညှာပေးခဲ့တယ် " ဟု ပြောလိုက်သည်။

ထို့နောက် လင်ပေ့ဖန်က အနည်းငယ်စိတ်သက်သာရာရသော အသံဖြင့် ထပ်ပြောလိုက်သည်။

" သူမပြောတာကတော့ သူမက ဖြစ်ပျက်ခဲ့တာတွေကို အတိတ်မှာ ထားလိုက်ပြီ။ ဒါ့အပြင် သူမက မင်းပြောတဲ့ ဆင်ခြေအတိုင်းပဲ ငါတို့ကို ပြောခဲ့တယ်။ သူမက မင်းကျောကုန်းကို ကူညီပြီးတော့ ကုတ်ပေးတာပါတဲ့။အဲ့ဒီအဖြစ်အပျက်ကလည်း ငါတို့ နားလည်မှုလွဲတာပါလို့ သူမက ပြောခဲ့တယ်။ "

ဝူကော : …

ဒါက ဆင်ခြေမဟုတ်ပါဘူး ။ဒါက အမှန်တရားဘဲကို…

လင်ပေ့ဖန်က ဆက်လက်ပြီး ပြောခဲ့သည်။

" မင်းတွေ့လား ? ။ အန်တီလျူက မင်းအပေါ်ကို အရမ်းကောင်းတယ်။ သူမက မင်းကို ကာကွယ်ေပးပြီးေတာ့ မင်းအတွက်တောင် ရှင်းပြပေးခဲ့သေးတယ်။ မင်း ဘယ်လိုလုပ်ပြီးတော့ သူမကို ဒီလို ဆက်ဆံရတာလဲ ? ။ "

ဝူကောက ပြောလိုက်သည်။

" ကျွန်တော်တောင်းပန်ပါတယ်။ "

သူသည် သုံးကြိမ်ဆက်တိုက် အန်တီလျူကို နစ်နာစေခဲ့ပြီးသည့်နောက်တွင် အန်တီလျူအတွက် အပြစ်ရှိနေသလို ခံစားခဲ့ရသည်။

" ငါ မင်းကို အလုပ်ထုတ်ပစ်ဖို့ အစတုန်းက အစီအစဉ်ခဲ့တယ်။ ဒါပေမဲ့အန်တီလျူက မင်းအတွက် ငါ့ကို တောင်းပန်ခဲ့တယ်။သူမပြောတာကတော့ မင်းက ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့အတွက် ဒီလို အမှားမျိုးကို ကျူးလွန်မိခဲ့တာ ဖြစ်လိမ့်မယ်တဲ့။ အန်တီလျူရဲ့ အသနားခံမှုကြောင့် ငါမင်းကို အလုပ်ထုတ်ပစ်မှာ မဟုတ်ဘူး။ဒါပေမဲ့ နောက်တစ်ကြိမ် ဒီလိုပဲ ထပ်ဖြစ်လာခဲ့ရင်တော့ မင်း ငါ့အဆိုးမဆိုနဲ့။ " ဟု လင်ပေ့ဖန်က လေးလေးနက်နက်ပြောလိုက်သည်။

" ကျေးဇူးတင်ပါတယ် ဘော့စ်လင် " ဟု ဝူကောက ဝမ်းသာစွာဖြင့် ပြောလိုက်သည်။

" မင်း အန်တီလျူကိုပဲ ကျေးဇူးတင်သင့်တယ်။ " ဟု လင်ပေ့ဖန်က သက်ပြင်းချပြီး ပြောလိုက်သည်။

" မင်း အန်တီလျူအေပါ်ကို ကောင်းကောင်းဆက်ဆံပါ။ "

ဝူကော: ??

သူသည် လင်ပေ့ဖန် နောက်ဆုံးပြောလိုက်တဲ့စကားက အနည်းငယ် ထူးဆန်းနေသလို ခံစားခဲ့ရသည်။

…

ဒုတိယနေ့တွင် ဝူကောသည် အန်တီလျူကို မြင်ပြီးနောက် သူမကို တောင်းပန်ဖို့အတွက် ချဉ်းကပ်လာခဲ့သည်။

သို့သော်လည်းပဲ ဒီနေ့မှာ အန်တီလျူပုံကို ကြည့်ရတာက အရင်ရက်တွေနဲ့ မတူဘဲ အနည်းငယ်ကွဲပြားနေတာကို သူသတိထားမိခဲ့သည်။

အရင်ရက်တွေတုန်းက သူမသည် ရိုးရိုးယဉ်ယဉ် လေးသာ ဝတ်စားဆင်ယင်၍ သူမ၏ ဆံပင်ရှည်များကိုလည်း ပေါ့ပေါ့ပါးပါးစုချည်ထားတတ်သည်။ ဒါပေမဲ့လည်း ဒီနေ့မှာတော့ သူမ၏ ဝတ်စားဆင်ယင်ပုံက ဟော့ရှော့ဖြစ်နေခဲ့သည်။ ထို့ပြင် သူမသည် သူမ၏ ဆံပင်ရှည်များကိုလည်း ညှက်၍ သူမ၏ ဆံမြိတ်များကိုလည်း ဆေးဆိုးထားတာကြောင့် သူမ၏ ပုံစံက နှစ်အနည်းငယ်ခန့် ငယ်သွားသလိုမျိုး ဖြစ်နေခဲ့သည်။ ထို့ပြင် သူမသည် တက်ကြွပြီး ခွန်အားပြည့်ဝတဲ့ ကိုယ်ေရာင်ကိုယ်ဝါကိုလည်း ထုတ်ဖော်နေခဲ့သည်။

" အန်တီလျူ အန်တီ ရောက်ပြီပေါ့ "ဟု ဝူကောက သူမကို နှုတ်ဆက်၍ လမ်းလျှောက်လာခဲ့သည်။

" ရှောင်ဝူ ၊ မင်းလည်း ရောက်ပြီပေါ့။ သား ဒီနေ့အလုပ်လာတာ စောနေသလိုဘဲ ။ လူငယ်လေး မင်းက ကြည့်ကောင်းတယ်။ " ဟု ပြောပြီးနောက် အန်တီလျူက ရယ်မောရင်း လမ်းလျှောက်လာခဲ့သည်။

ဝူကောသည် အံကြိတ်ပြီး ပြောလိုက်သည်။

" အန်တီလျူ မနေ့ကကိစ္စအတွက် ကျွန်တော် အန်တီကို တောင်းပန်ချင်လို့ပါ။ "

အန်တီလျူက သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

" အဲ့ဒီအကြောင်းကို ပြန်ပြောဖို့မလိုပါဘူး။ ဒါတွေအားလုံးက အတိတ်မှာကျန်ခဲ့ပြီ။ ဒီအတိုင်းပဲ ထားလိုက်တော့။ အန်တီတို့တွေ အရင်တုန်းကလိုပဲ ခင်ခင်မင်မင်နေကြတာပေါ့။ "

ဝူကောသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။

အန်တီလျူကတော့ ကြင်နာတတ်တဲ့ အန်တီလျူ ဖြစ်နေတုန်းပဲ….။

" ရှောင်ဝူ အန်တီ အခု မင်းကို မေးခွန်းအနည်းငယ် မေးချင်တယ်။ မင်း အန်တီကို ရိုးရိုးသားသားဖြေပေးပါ။ "ဟု အန်တီလျူက ပြောလိုက်သည်။

" သေချာတာပေါ့ ၊ပြဿနာမရှိပါဘူး။ မေးခွန်းအနည်းငယ်မကလို့ ၊မေးခွန်းတစ်ဒါဇင်လောက်ပဲ မေးမေး ၊အားလုံးကို ကျွန်တော်ရိုးရိုးသားသား ဖြေပေးမယ်။ " ဟု ပြော၍ ဝူကောက သဘောတူလိုက်သည်။

အန်တီလျူသည် သူမ၏ ဝတ်စုံကို ညွှန်ပြ၍ မေးလိုက်သည်။

" ရှောင်ဝူ ၊အန်တီရဲ့ဝတ်စုံကို မင်းဘယ်လိုထင်လဲ ? "

ဝူကောသည် ချက်ချင်းဘဲ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

" အရမ်းလှတယ်။ အန်တီလျူက ဘယ်ဝတ်စုံနဲ့မဆို အရမ်းလှတယ်။ "

အန်တီလျူသည် သွားပေါ်အောင် ပြုံးလိုက်သည်။ထို့နောက် သူမ၏ ဆံပင်များကို ညွှန်ပြ၍ ဝူကောကို မေးလိုက်သည်။

" ရှောင်ဝူ ၊ အန်တီရဲ့ ဆံပင်ဆိုးထားတဲ့ ဆံပင်ပုံစံအသစ်ကရော ဘယ်လိုလဲ ? "

ဝူကောသည် နောက်တစ်ကြိမ် ခေါင်းညိတ်ပြီး ပြောလိုက်ပြန်သည်။

" လှတယ်။ အန်တီလျူရဲ့ဆံပင်ပုံစံက ဘယ်လိုအရောင်ပဲဆိုးဆိုး အရမ်းလှတယ်။ "

ဘာအကြောင်းပြချက်ကြောင့်ပဲဖြစ်ဖြစ် တစ်ယောက်ယောက်ကို ချီးကျူးတာက စိတ်ကူးကောင်းပဲဖြစ်သည်။ ထို့ပြင် လူတိုင်းက ချီးကျူးတာကို နှစ်သက်ကြသည်။

" မင်းရဲ့ ချီးကျူးတဲ့စကားက အရမ်းချိုတာပဲ။ "ဟု အန်တီလျူက ပြောလိုက်သည်။

ထို့နောက်အန်တီလျူက ရှက်ရွံ့စွာဖြင့် ဝူကောကို မေးမြန်းလိုက်သည်။

" ဒါဆိုရင် အန်တီရဲ့အခုပုံစံကို မင်းကြိုက်တယ်မလား ? "

ဝူကော : ဘာတုန်းဟ ??

All Chapters