အခန်း (၈၀)
Vol. 6 Ch. 80
ဝူကောသည် ထိတ်လန့်သွားခဲ့ပြီး အခြေအနေနှင့် ပတ်သက်၍ တစ်ခုခုလွဲမှားနေတာကို ခံစားမိခဲ့သည်။
" အန်တီလျူ ၊အန်တီဘာကို ဆိုလိုချင်တာလဲ ? ။ " ဟု ဝူကောက ပြောလိုက်သည်။
ထို့နောက် ဝူကောသည် သူ့ရဲ့ဦးခေါင်းကိုခါ၍ ပြောလိုက်ပြန်သည်။
" အာ…ဒါ မမှန်ဘူး ။အန်တီလျူ ၊အန်တီ ဘာကိုဆိုလိုချင်တာလဲ ဆိုတာကို ကျွန်တော် နားမလည်ဘူး ။ "
" မင်း အန်တီဆိုလိုချင်တာကို နားမလည်ဘူးပေါ့လေ?။ မင်း နလပိန်းတုံးတစ်ယောက်လို ဟန်ဆောင်နေတာလား ? " ဟု အန်တီလျူက စိတ်တိုစွာဖြင့် ပြောလိုက်သည်။
" အန်တီရဲ့ ဘဝမှာ မင်းတို့ယောင်္ကျားတွေနဲ့ ပတ်သတ်ပြီးတော့ အတွေ့အကြုံအများကြီးရှိတယ်။ ဒါ့အပြင် အန်တီသုံးကြိမ်လောက်လည်း လက်ထပ်ခဲ့ဖူးတယ်။ မင်းရဲ့ ငယ်ဘဝတုန်းက အတွေးတွေကို မင်း ဘယ်လိုလုပ်ပြီးတော့ နားမလည်နိုင်ဘဲနဲ့ နေမှာလဲ ? "
" ဒါပေမဲ့ ကျွန်တော် အမှန်တကယ်ကို နားမလည်တာပါ။ " ဟု ဝူကောက သူ့၏ ဦးခေါင်းကို ခါ၍ ပြောလိုက်သည်။
" မင်း အခုချိန်ထိတောင် ဟန်ဆောင်နေတုန်းပဲလား ?။ တကယ်တော့ အန်တီသိပါတယ်။ မင်း ပြီးခဲ့တဲ့ရက်တွေထဲမှာ လုပ်ခဲ့တဲ့ကိစ္စတွေအကုန်လုံးက အန်တီရဲ့အာရုံကို ဆွဲဆောင်ပြီးတော့ အန်တီရဲ့ အချစ်ကို ရဖို့အတွက်ပဲ မဟုတ်လား ? ။ " ဟု အန်တီလျူက ရှက်ရွံ့စွာဖြင့် သူမ၏ဦးခေါင်းကို ငုံ့ပြီး ပြောလိုက်သည်။
ဝူကောသည် ထိုစကားကိုကြားလိုက်ရသောအချိန်တွင် ပျို့အန်ချင်သလို ခံစားခဲ့ရသည်။
ထို့နောက်သူသည် သူ့၏ ဦးခေါင်းကို ခပ်ကြမ်းကြမ်းခါလိုက်ပြီး ပြောလိုက်သည်။
" မဟုတ်ဘူး။ ကျွန်တော် မပြောဘူး။ "
" ခစ်ခစ်… ကောင်လေး အခုချိန်ထိတောင် ဟန်ဆောင်နေတုန်းပဲလား ?။ မင်း အရင်တုန်းက အရမ်းပဲ ရဲရင့်ပြီးတော့ အရှက်မရှိဘူးလေ။ ဒါပေမဲ့ အခုတော့ မင်းက အပြစ်ကင်းသလို ဟန်ဆောင်နေတယ်ပေါ့။ " ဟု အန်တီလျူက သူ့ရဲ့ အကြောင်းအကုန်လုံးကို သိနေသလို ပုံစံမျိုးဖြင့် ပြောလိုက်သည်။
ဝူကောသည် အသက်ဘေးမှ လွတ်မြောက်လိုစိတ်ဖြင့် ပြောလိုက်သည်။
" ကျွန်တော်တကယ် မဟုတ်ဘူး။ ဒါက နားလည်မှုလွဲနေတာပါ။ "
ဝူကော၏ စကားကို လစ်လျူရှု၍ အန်တီလျူသည် သူမ၏ ခေါင်းကို ရှက်ရွံ့စွာဖြင့် ငုံ့ပြီး ပြောလိုက်သည်။
" တကယ်တော့ အန်တီလည်း ပထမဆုံးအကြိမ် မင်းကို တွေ့တဲ့အချိန်ကတည်းက အန်တီလည်း အနည်းငယ် စိတ်လှုပ်ရှားနေတာ…။ဘာကြောင့်လဲဆိုတော့ မင်းရဲ့ ရုပ်ရည်က သေဆုံးသွားတာ ကြာပြီးဖြစ်တဲ့ အန်တီရဲ့ အမျိုးသားနဲ့ အတော်လေးကို တူနေလို့ဘဲ ။ "
ဝူကောသည် သူ့ရဲ့ စိတ်ထဲ၌ ပြောလိုက်သည်။
ဒီစကားက ဘာကြောင့် ငါ့ကို စော်ကားနေတယ်လို့ ခံစားနေရတာလဲ?….
" ဒါပေမဲ့ အန်တီတို့နှစ်ယောက်ရဲ့ အသက်အရွယ်ကွာခြားတာကို စဉ်းစားမိပြီးတော့ အန်တီတို့နှစ် ယောက်က အတူတူနေဖို့ မသင့်လျော်ဘူး။ ဒါကြောင့်ပဲ အန်တီရဲ့ ခံစားချက်တွေကို မြိုသိပ်ထားခဲ့တာ… "
ထို့နောက် အန်တီလျူက ဆက်ပြောလိုက်သည်။
ဝူကောသည် ထပ်ခါတစ်လဲလဲခေါင်းညိတ်လိုက်ပြီး သူ့ရဲ့စိတ်ထဲကနေပြောလိုက်သည်။
မြိုသိပ်ထားတာကောင်းတယ်…။ လူတွေက အရမ်းစိတ်ကူးမယဉ်သင့်ဘူး…။
အန်တီလျူသည် သူမ၏ ဦးခေါင်းကို သတ္တိရှိရှိဖြင့် မော့ပြီး ပြောလိုက်သည်။
" ဒါပေမဲ့ မင်းရဲ့ ရိုးသားမှု နဲ့ မဆုတ်မနစ်ကြိုးစားတဲ့ ပုံစံက ငါ့ကို စိတ်လှုပ်ရှားစေခဲ့တယ်။ "
ဝူကော : ဘာလား …
ထို့နောက် အန်တီလျူသည် သတ္တိရှိရှိလမ်းလျှောက်လာခဲ့ပြီး ပြောလိုက်သည်။
" ဟိုတစ်နေ့တုန်းက မင်း ငါ့ရင်ခွင်ထဲကို လဲကျပြီးတော့ နှာခေါင်းသွေးလျှံတယ်။ ပြီးတော့ တစ်နေ့တုန်းကလည်း လူတွေအများကြီးရှေ့မှာ မင်းက ငါ့ကို ဘေဘီလေးလို့ ရဲရဲ့ဝံ့ဝံ့ခေါ်သေးတယ်။ ဒါ့အပြင် မနေ့တုန်းက ဘော့စ်လင်ရဲ့ရုံးခန်းထဲမှာလည်း မင်းက ငါ့ကို ဟိုလိုဆက်ဆံသေးတယ်။ အဲ့ဒီအချိန်တွေတုန်းက ငါ ဘယ်လောက်တောင် စိတ်လှုပ်ရှားနေလဲဆိုတာကို မင်းသိလား ? ။ "
ဝူကော : မင်း ငါ့ကို နောက်နေတာလား?….
" ဘယ်အချိန်၊ဘယ်နေရာမှာပဲဖြစ်ဖြစ် သတ္တိရှိပြီးတော့ ချိုမြိန်တဲ့စကားတွေကို ပြောဝံ့တဲ့ အမျိုးသားတစ်ယောက်ကို လက်ထပ်ရတာ ထိုက်တန်တယ်လို့ အဲ့ဒီအချိန်တုန်းက ငါတွေးလိုက်မိတယ်။ " ဟု အန်တီလျူက ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ဝူကောက ချက်ချင်းဘဲ ပြန်ပြောလိုက်သည်။
" အန်တီလျူ ကျွန်တော်ပြောတာကို နားထောင်ပေးပါဦး။ ဒါတွေအားလုံးက တိုက်ဆိုင်ပြီးတော့ မတော်တဆဖြစ်သွားတာပါ။ "
" အြဲဒီတိုက်ဆိုင်မှုတွေအကုန်လုံးကို မင်းကိုယ်တိုင်စီစဉ်ခဲ့တာချည်းပဲလေ။ " ဟု အန်တီလျူက အံ့အားသင့်စွာပြောလိုက်သည်။
" ရှောင်ဝူ အခုကနေစပြီးတော့ ငါ့ကို အန်တီလို့မခေါ်နဲ့တော့။ ငါက မင်းထက် နှစ်၃၀လေးပဲ အသက်ကြီးတာ။ ဒါ့ကြောင့် ငါ့ကို အစ်မလို့ပဲခေါ်…။ "ဟု
အန်တီလျူက ပြောလိုက်ပြန်သည်။
ဝူကော : နိမေကလွှား…
" ရှောင်ဝူ မင်း ပြောတာမှန်တယ် "
ထို့နောက် အန်တီလျူက ရယ်မောပြီး ပြောလိုက်ပြန်သည်။
" အန်တီက မချမ်းသာပေမဲ့ အန်တီမှာ သားကောင်းတစ်ယောက်ရှိတယ်။ သူက မင်းကို သေချာပေါက် ကောင်းကောင်း ဂရုစိုက်လိမ့်မယ်။ "
ဝူကော : ……
ထို့နောက်အန်တီလျူသည် သူတို့နှစ်ယောက်ရဲ့ အနာဂတ်အကြောင်းကို စိတ်ကူးယဉ်ပြီး ပြောလိုက်ပြန်သည်။
" နောက်နှစ်အနည်းငယ်အတွင်းမှာ အစ်မက ပင်စင်ယူရလိမ့်မယ်။ ပြီးရင် အစ်မတို့ နှစ်ယောက် အတူတူ အေးချမ်းတဲ့ဘဝလေးမှာ နေမယ်။ အစ်မတို့ရဲ့မြေးလေးတွေကို ကြည့်ပြီးတော့ အစ်မတို့ မိသားစုဘဝရဲ့ပျော်ရွှင်မှုကို ခံစားကြမယ်။ဒါ့အပြင် အစ်မတို့ စကွေးယားကိုသွားပြီးတော့လည်း သွားကနိုင်တယ်။ ဘယ်လောက်တောင် ပျော်ရွှင်စရာကောင်းလိုက်မလဲ?"
ဝူကော : ဘာတွေလဲကွာ
" ဒါပေမဲ့ ငါတို့ စကွေးယားမှာ အက ကတဲ့အချိန်ကျရင် မင်း တစ်ခြားမိန်းမကြီးတွေကို ဆွဲဆောင်ဖို့ မကြိုးစားနဲ့ ။ မင်း အဖိုးကြီးတစ်ယောက်လိုပဲ နေပြီးတော့ သူတို့ကို မင်းအနားကို အကပ်မခံနဲ့။ "
ဝူကေား : ဟားဟား…
ငါ့ထက် နှစ်သုံးဆယ်ကြီးတဲ့ အဖွားကြီးတွေကို ငါက ဘယ်လိုလုပ်ပြီးတော့ အဲ့လိုမျိုးလုပ်ရမှာလဲ …?
သေစမ်း…
အဲ့လို အတွေးမျိုး ငါ့မှာ ဘယ်လိုလုပ် ရှိနိုင်ရမှာလဲ …?
ဝူကောသည် သူ့၏ ရင်ဘတ်ကို ထိလိုက်သည်။
ဒီနေ့က သူ့အတွက်တော့ အရမ်းဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်နေ့ပဲဖြစ်သည်…။
ဘာကြောင့် ဒီလိုအခြေအနေမျိုးနဲ့ ငါ ကြုံတွေ့ရတာလဲ…?
သူ့လို လူပျိုနုနုထွတ်ထွတ်လေးကို သက်လက်ပိုင်း ချစ်တီးမကြီးက အကြွေးနဲ့ သိမ်းခဲ့သလိုဖြစ်နေခဲ့သည်…။
ဝူကောသည် ဒီဖြစ်ရပ်တွင် သူ ဒီအတိုင်းကြီး ထိုင်စောင့်လို မဖြစ်ဘူးဟု ခံစားခဲ့ရသည်။
ထို့ကြောင့် သူသည် အနည်းငယ်ရုန်းကန်၍ ပြောလိုက်သည်။
" အန်တီလျူ……"
" ဘာကြောင့် ငါ့ကို အန်တီလျူလို့ ခေါ်တာလဲ ?။ ငါ့ကို အစ်မကြီးလို့ပဲ ခေါ်…။ ဒါမှမဟုတ်ရင်လည်း မင်း
ငါ့ကို ဘေဘီလေးလို့ ခေါ်နိုင်တယ်။ "ဟု အန်တီလျူက ပြောလိုက်သည်။
" ကျွန်တော် မင်းကို အစ်မလျူလို့ပဲ ခေါ်တော့မယ်။ အစ်မလျူ ဒါက ကျွန်တော်တို့နှစ်ယောက်ကြားမှ တကယ်မဖြစ်နိုင်ဘူး။ အကယ်၍ အစ်မလျူက သဘောတူတယ်ဆိုရင်တောင် အစ်မရဲ့ သားကတော့ သဘောတူမှာ မဟုတ်လောက်ဘူး။ "ဟု ဝူကောက ပြောလိုက်သည်။
" မဟုတ်ဘူး ၊ငါ သဘောတူတယ် ။ " ဟူသော အသံတစ်သံက အဝေးကနေထွက်လာခဲ့သည်။
ထို့နောက်ဝူကောသည် သူ့၏ဦးခေါင်းကို လှည့်ပြီး ကြည့်လိုက်ချိန်တွင် အရပ်၁.၉ မီတာလောက်မြင့်သော အသက်၃၀အရွယ်အမျိုးသားတစ်ယောက်က သူတို့ဆီ လမ်းလျှောက်လာတာကို တွေ့လိုက်ရသည်။
" သူက အစ်မရဲ့သား တချွမ်ဘဲ…။ "ဟု အန်တီလျူက ပြောလိုက်သည်။
ထို့နောက်အန်တီလျူက ပျော်ရွှင်စွာဖြင့် လမ်းလျှောက်သွားပြီး သူ့သားကို ဝူကောနှင့် မိတ်ဆက်ပေးလိုက်သည်။
" တချွမ် ၊ သူက သားရဲ့ ဦးလေးဝူဘဲ…။ ပြီးတော့ သူက မင်းအမေရဲ့ အချစ်လေးလည်းဖြစ်တယ်။ မင်းဦးလေးကို မင်္ဂလာပါလို့ ပြောလိုက်လေ။ "
" မင်္ဂလာပါ ဦးလေးဝူ ။ " ဟု တချွမ်က အသံကျယ်ကျယ်ဖြင့် နှုတ်ဆက်ခဲ့သည်။
ဝူကော : မအေးမွေး…
ဝူကော၏ မျက်နှာက ရှုံ့တွသွားခဲ့ပြီး သူ့ရဲ့အစ်ကိုအရွယ်လောက် ဖြစ်နိုင်တဲ့ တချွမ်ကို ကြည့်လိုက်သည်။
ယခုအချိန်တွင် ဝူကောသည် အန်ကယ်လို့ အခေါ်ခံရတာကြောင့် အတော်လေးကို စိတ်မသက်မသာ ဖြစ်နေခဲ့သည်။ ဒါပေမဲ့လည်း အခုချိန်တွင် ထိုကဲ့သို့အသေးအမွှားကိစ္စများကို ကိုင်တွယ်ဖြေရှင်းရမည့် အချိန်မဟုတ်သေးပေ။
ထို့နောက် ဝူကောက တချွမ်ကို မေးလိုက်သည်။
" တချွမ် မင်းက ဘယ်လိုလုပ်ပြီးတော့ မင်းအမေကို ဒီလိုကိစ္စမျိုးအတွက် သဘောတူခဲ့ရတာလဲ ? ။ "
တချွမ်က ဝူကောကို ပြန်ဖြေခဲ့သည်။
" အစတုန်းက ကျွန်တော်လည်း သဘောမတူခဲ့ဘူး။ "
ဝူကောသည် စိတ်သက်သာရာကခဲ့သည်။
အဲ့လိုမှပေါ့……
" ဒါပေမဲ့ ဘော့စ်လင်က ငါ့ကို နားလည်သဘော ပေါက်အောင်လို့ ပြောပြခဲ့တယ်။ " ဟု တချွမ်က ပြောလိုက်သည်။
ဝူကော : ငါနော်…
" သူပြောတာကတော့ ကျွန်တော်အမေက အသက်ကြီးနေပြီ။ ဒါကြောင့် သူမကို ဂရုစိုက်ဖို့အတွက် တစ်ယောက်ယောက်ကို လိုအပ်တယ်တဲ့။ နောက်ပိုင်း ကျွန်တော် လက်ထပ်ပြီးလို့ ကိုယ်ပိုင်မိသားစုဘဝကို စတင်တဲ့အချိန်ကျရင် ကျွန်တော့်မှာ ကလေးေတွရှိလာလိမ့်မယ်။ အဲ့ဒီအချိန်ကျရင် ကျွန်တော်က ကျွန်တော်အမေကို ဂရုစိုက်ဖို့အတွက် မဖြစ်နိုင်တော့ဘူးတဲ့။ "
" ဒါပေမဲ့ မင်းကတော့ ကွဲပြားတယ်။ မင်းက အရှက်မရှိတဲ့အရာတွေနဲ့ မင်းရဲ့ ဂုဏ်သိကွာကို အထိခိုက်ခံပြီးတော့တောင် ငါ့အမေနဲ့အတူရှိဖို့အတွက် မင်းက အရမ်းကို စိတ်အားထက်သန်နေတယ်။ ဒါက မင်း
ငါ့အမေကို တကယ်ကြိုက်တယ်ဆိုတာ ပြသနေတယ်။ ပြီးတော့ မင်းက သူမကို ကောင်းကောင်းဂရုစိုက်လိမ့်မယ်။ "
ဝူကော : နိမေကြီးတော်…
ထို့နောက် တချွမ်သည် ရယ်မောပြီးပြောလိုက်သည်။
" အကယ်၍ ငါ့အမေက မင်းနဲ့ အတူတူရှိရင် ငါတို့ နောက်ပိုင်းကိစ္စတွေကိုလည်း စိတ်ပူစရာမလိုဘူးလို့
ဘော့စ်လင်က ပြောတယ်။ဒါ့အပြင် မင်းက ငယ်ရွယ်ပြီးတော့ ကျန်းမာရေးကောင်းတဲ့အတွက် ငါ့အမေတစ်ယောက်ထဲကိုသာ ဂရုစိုက်နိုင်မှာ မဟုတ်ဘဲနဲ့ မင်းက ငါ့ကိုလည်း ဂရုစိုက်နိုင်လိမ့်မယ်တဲ့။ "
ဝူကော : ):
" ပြီးတော့ ငါမင်းကိုတွေ့အချိန်တုန်းက မင်းက ဆုံးသွားတာ နှစ်အများကြီးကြာပြီဖြစ်တဲ့ ငါ့အဖေနဲ့ တကယ်တူနေတာကို ငါသိလိုက်ရတယ်။ "
ဝူကော : ):
ဒီဟာသက တကယ်မရယ်ရဘူး…။
ထို့နောက် တချွမ်သည် ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
" ငါ့အဖေဆုံးသွားတာက လွန်ခဲ့တဲ၂၃နှစ်လောက်ကဘဲ။ အဲ့ဒီအချိန်တုန်းကဆိုရင် ကျွန်တော့်အသက်က ၇နှစ်ပဲရှိသေးတယ်။ ပြီးတော့ ကျွန်တော်တောင် နို့မဖြတ်ရသေးဘူး။ "
ဝူကော : ဘာလား…
အသက်ကဖြင့် ကြီးနေပြီ နို့မဖြတ်ရသေးဘူးပေါ့လေ…။
" ဒါပေမဲ့ သူဆုံးသွားေတာ့ ကျွန်တော် နဲ့ ကျွန်တော့်အမေက နှစ်၂၀လောက်ကို ရုန်းကန်ခဲ့ရတယ်။ " ဟု တချွမ်က ငိုယိုပြီးပြောခဲ့သည်။
ဝူကော : ငါလည်း မင်းနဲ့ထပ်တူစိတ်မကောင်းဖြစ်ရပါတယ်…
" ဒါပေမဲ့ ကျွန်တော် ဦးလေးကို တွေ့တဲ့အချိန်ကတည်းက ကျွန်တော် အရင်တုန်းကလို ဝမ်းမနည်းတော့ဘူးလို့ ခံစားခဲ့ရတယ်။ "
ထို့နောက် တချွမ်သည် သူ့ရဲ့ မျက်နှာပေါ်က မျက်ရည်များကို သုတ်လိုက်၍ ဝူကောကို မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ပြီး ပြောလိုက်သည်။
" ဘာကြောင့်လဲဆိုတော့ မင်းက ငါ့အဖေနဲ့ တော်တော်တူလို့ဘဲ ။ပြီးတော့ မင်းရဲ့ အသက်ကလည်း ၂၃နှစ်ပဲရှိသေးတယ်။ မင်းက ငါနဲ့ ငါ့အမေကို ဂရုစိုက်ဖို့အတွက် ငါ့အဖေပြန်လည်မွေးဖွားလာတာ ဖြစ်နိုင်တယ်။ ဒါကြောင့် ငါ မင်းကို အဖေလို့ ခေါ်လို့ရနိုင်မလား ? ။ "
ဝူကော၏ မျက်နှာက ရုတ်ချည်း အစိမ်းရောင်သို့ ပြောင်းလဲသွားခဲ့သည်။
နိမေကြီးတော်…
တချွမ် မင်းက အရမ်းပဲ မလောလွန်းဘူးလား…?
ငါက မင်းကို တူလေးလို့ပဲ စဉ်းစားထားတာလေ။ မင်းက ငါ့ကို မင်းအဖေလို့ စဉ်းစားနေတာလား… ?
မင်းက မင်းအမေထက်တောင် ပိုပြီးတော့ စိတ်မရှည်တာဘဲ …