← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

" ဒါပေမဲ့ ကျွန်တော်က မင်းထက် အသက် ငယ်တယ်လေ။ဒါကြောင့် မင်းအဖေဖြစ်ရတာ ကျွန်တော့်အတွက်တော့ မသင့်တော်ဘူးမလား? " ဟု ဝူကောက ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါတွင် တချွမ်က သူ့ရဲ့လက်ကို ဝှေ့ယမ်းပြီး အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" အချစ်စစ်သာမှန်ရင် အသက်အရွယ်ကွာခြားတာက ပြဿနာတစ်ခုမဟုတ်ဘူးလို့ ဘော့စ်လင်က ငါ့ကိုပြောတယ်။ "

ဝူကော : …

ဘာလို့ လင်ပေ့ဖန်က ဒီလိုပဲ ပြောနေရတာလဲ… ?

သူက နေရာတကာကို ပါတယ်…။

" ငါက မင်းထက်အသက်ကြီးတယ်။ ဒါပေမဲ့ ၊ မင်း ငါ့အမေကို အမှန်တကယ်မေတ္တာရှိသ၍ကတော့ ငါ သည်းခံနိုင်တယ် "ဟု တချွမ်က ပြောလိုက်သည်။

ဝူကော : …

ဘာလား…။

မင်း သည်းခံနိုင်ပေမဲ့ ငါ သည်းမခံနိုင်ဘူးလေ…။

" ငါ့စိတ်ထဲမှာ အခုကနေစပြီးတော့ မင်းကို ငါ့အဖေအဖြစ်သတ်မှတ်လိုက်ပြီ။ မင်းကလည်း ငါ့ကို မင်းရဲ့ သားလို့ ခေါ်နိုင်တယ်။ဒါ့အပြင် ငါတို့တစ်ယောက်ကိုတစ်ယောက် ပံ့ပိုးကူညီပေးရလိမ့်မယ်။ ဒါမှ ငါတို့မိသားစုက ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ဖြစ်လာမှာ…။ "ဟု တချွမ်က သူ့ရဲ့လက်များကို ဝူကောရဲ့ ပုခုံးနဲ့ အန်တီလျူရဲ့ ပုခုံးပေါ်မှာတင်ပြီး ပြောလိုက်သည်။

ဝူကော :….

ထိုအချိန်တွင် တချွမ်သည် သူ့ရဲ့ လက်များကိုကားလိုက်ပြီး ဝူကောကို ပွေ့ဖက်လိုက်သည်။

ထိုအရာကို မြင်၍ ဝူကောက တချွမ်ကို မေးမြန်းခဲ့သည်။

" မင်းဘာလုပ်နေတာလဲ ? ။ "

တချွမ်က ကလေးတစ်ယောက်လို အမူအရာဖြင့် ပြန်ပြောခဲ့သည်။

" ဖေဖေ ကျွန်တော့်ကို ဖက်ပေးပါ ။ ကျွန်တော် နှစ်ရှည်လများစွာ ဆုံးရှုံးခဲ့တဲ့ ဖခင်မေတ္တာကို ပြန်ခံစားကြည့်ချင်လို့ပါ ။ "

မဟုတ်ဘူး……။

တချွမ်သည် ဝူကောကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခဲ့သည်။

ဝူကော : …

တချွမ်၏ မျက်နှာသည် ယစ်မူး၍ ပျော်မွေ့နေခဲ့သည်။

" ဒီခံစားချက်က ဖခင်ရဲ့ချစ်ခြင်းမေတ္တာဆိုတဲ့ ခံစားချက်လား?။ ဒီခံစားချက်က ဖခင်တစ်ယောက်ရဲ့ နွေးထွေးတဲ့ ပွေ့ဖက်မှုဆိုတာလား? ။ ဒါက အရမ်းပဲနွေးထွေးတယ် ၊သက်တောင့်သက်သာရှိတယ်၊ ပြီးတော့ အရမ်းပဲ လုံခြုံတယ်လို့လည်း ခံစားရတယ်။ ဒီခံစားချက်က ငါ့ရည်းစားကို ဖက်နေရသလိုဘဲ။ဟုတ်တယ် ။ ဒါက ငါ့ကို အနည်းငယ်ဖီးတက်ေအာင်လှုံ့ဆော်နေတယ်…။ "

ဝူကော်က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

" လှုံ့ဆော်တယ်ဟုတ်လား ? ။ငါက ယောင်္ကျားလေးလေ။ "

" မစိုးရိမ်ပါနဲ့ ။ ငါ မကိုက်စားပါဘူး။ ပြီးတော့ မင်းက ငါ့အဖေပဲလေ…။ " ဟု တချွမ်က ရယ်မောပြီး ပြောလိုက်သည်။

" ဒါနဲ့ စကားမဆက် ရည်းစားတွေအကြောင်းပြောရရင်…."

" ဖေဖေ ၊ ကျွန်တော် ကျွန်တော့်ရည်းစားနဲ့ လက်ထပ်ဖို့ စီစဉ်နေတယ်။ ဒါကြောင့် ခန်းဝင်ပစ္စည်းလက်ဆောင်ပေးဖို့ ကျွန်တော့်ကို ကူညီပေးနိုင်မလား? ။ သိပ်မများပါဘူး ။ ယွမ် ၅၀၀၀၀၀ထဲပါ။ ပြီးတော့ ကျွန်တော့်အမေရဲ့ နာမည်နဲ့ အိမ်တစ်လုံး ၊ ကားတစ်စီးကိုလည်း လွှဲပြောင်းပေးပါ ဖေဖေ။ ဒါတွေအားလုံးပြီးသွားရင် ကျွန်တော် ဖေဖေကို မြေးလေးနှစ်ယောက်ပေးမယ်။ "

ဝူကော : မအေမွေးလေး….

" ဖေဖေဘာမှ ပြန်မပြောဘူးဆိုတော့ ကျွန်တော်လက်ခံတယ်လို့ အတည်ယူလိုက်ပြီနော် "ဟု တချွမ်ကပြောလိုက်သည်။

ဝူကော : ……

" ဖေဖေ ၊ ဖေဖေက အရမ်းကောင်းတာဘဲ ။ဟားဟား… "

ဝူကော :

ထို့နောက် တချွမ်သည် ရယ်မောပြီး ဝူကောကို ဖက်ထားရာကနေလွှတ်ပေးလိုက်၍ ပြောလိုက်သည်။

" ဖေဖေမတုံ့ဆိုင်းနေနဲ့ မေမေ့ဆီကိုသွားတော့…။ "

ထိုအချိန်တွင် လင်ပေ့ဖန်သည် လူအုပ်ကြီးတစ်အုပ်ဖြင့် ပြေးလာခဲ့ပြီး လက်ခုပ်တီး၍ အော်ပြောခဲ့သည်။

" ဂုဏ်ပြုပါတယ် ! ဂုဏ်ပြုပါတယ်… "

ထိုဖြစ်ရပ်က အတော်လေးကို ပရမ်းပတာဆန်နေခဲ့သည်။

ထို့ကြောင့် ဝူကောသည် သေချင်လောက်အောင်ကို ရှက်ရွံ့သွားခဲ့သည်။

ထိုအချိန်တွင် သူသည် ဓားတစ်ချက်တည်းဖြင့် အကုန်လုံးကို ဝှေ့ယမ်း၍ အမှန်တကယ်ကို အဆုံးသတ်ချင်ခဲ့သည်။ထို့ပြင် သူသည် သူ့ရှေ့က လဒကိုလည်း နုတ်နုတ်ဆင်းချင်ခဲ့သည်။

နောက်ဆုံးမှာတော့ ကြင်နာတတ်တဲ့ အန်တီလျူက လူများဝိုင်းထားရာကနေ သူ့ကို လွတ်မြောက်အောင် ကူညီပေးခဲ့သည်။

" လူတိုင်းဒီလိုစနေတာကို ရပ်လိုက်ပါတော့။ အကယ်၍ မင်းတို့ ဒီလိုပဲဆက်ပြီးတော့ ရှောင်ဝူကို စနေရင် သူရှက်သွားလိမ့်မယ်။ "

လင်ပေ့ဖန်သည် သူ့၏ လက်ကို ဝှေ့ယမ်းပြီး ပြောလိုက်သည်။

" ကောင်းပြီ မင်းတို့ ဟေးလားဝါးလားလုပ်နေတာကို ရပ်ပြီးတော့ မင်းတို့အလုပ်ကို မင်းတို့ သွားပြန်လုပ်။ ဒီမှာ လာမရှုပ်နေနဲ့….။ "

ထိုစကားကိုကြားလိုက်ရသောအချိန်တွင် လူတိုင်းက လင်ပေ့ဖန်ကို စိတ်တိုသောအကြည့်ဖြင့် ကြည့်လိုက်ကြသည်။

ဒီနေရာကို မင်းဘဲ ငါတို့ကို ခေါ်လာခဲ့တာ ရှင်းနေတာပဲလေ…။

အခုတော့ မင်းက ငါတို့ကိုတောင် အပြစ်တင်နေသေးတယ်ပေါ့လေ ၊ဟုတ်လား…? ။

" ကောင်းပြီ အလုပ်သွားပြန်လုပ်ကြရအောင်။ ဒီကြင်စဦးမောင်နှံနှစ်ယောက်ကို မနှောင့်ယှက်နဲ့တော…။ "

ဝူကော : …

တချွမ်က အော်ပြောလိုက်သည်။

" ဘော့စ်လင် ပြောတာမှန်တယ်။ မေမေ ၊သားအရင်သွားလိုက်ဦးမယ်။ ဖေဖေ မေမေကို ဂရုစိုက်လိုက်ဦး"

ဝူကော :

ထို့နောက်လင်ပေ့ဖန်သည် သူ မထွက်သွားခင် ဝူကော၏ ပုခုံးကို ပုတ်ပြီး ပြောလိုက်သည်။

" သူငယ်ချင်းလေး ၊ နောက်ဆုံးတော့ မင်းတို့နှစ်ယောက် စုံတွဲတစ်တွဲ ဖြစ်လာခဲ့ပြီ။ အန်တီလျူက မိန်းမကောင်းတစ်ယောက်ပဲ ။ မင်းသူမကို မြတ်နိုးတန်ဖိုးထားပါ။ "

ဝူကော :

……

နောက်ရက်များတွင် ဝူကောသည် အန်တီလျူနှင့် ရုံးတွင်းအချစ်ဇာတ်လမ်းကို ဖန်တီး၍ အတူတူအလုပ်လုပ်ခဲ့သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ရံဖန်ရံခါ ချစ်ရည်ရွှမ်းသောအကြည့်များကို ဖလှယ်၍ ချစ်ကြည်နူးခဲ့ကြသည်။ ထို့ပြင် သူတို့နှစ်ယောက်ကြားရှိ လေထုကလည်း အချစ်များဖြင့် ပြည့်နေခဲ့သည်။( ရေးတဲ့ Fa မှ အားမနာ )

လင်ပေ့ဖန်တောင်မှ ချိုမြိန်သော ပျော်ရွှင်မှုကို ခံစားရန် မကြာခဏ အချိန်ယူခဲ့သည်။ထို့နောက် သူသည် အားမာန်အပြည့်ဖြင့် အားသွန်ခွန်စိုက် အလုပ်ပြန်လုပ်လေ့ရှိသည်။

ထိုစဉ် အဓိကဇာတ်လိုက်ဝူကောကတော့ လင်ပေ့ဖန်ကို လက်စားပြန်ချေရန်အတွက် လျှို့ဝှက်ပြီးကြံစည်နေချိန်တွင် အန်တီလျူရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သည်းခံခဲ့ရသည်။ထို့ပြင် လင်ပေ့ဖန်၏ ကျေနပ်အားရနေတဲ့ အမူအရာကို မြင်ရတာကလည်း သူ့အတွက်တော့ အတော်လေးကို နေမထိထိုင်မထိဖြစ်အောင် ပြုလုပ်နေခဲ့သည်။

" လင်ပေ့ဖန် ရှုံးနိမ့်မဲ့ နည်းလမ်းတစ်ခုကို ငါရှာရမယ်။ ဒါမှမဟုတ်ရင် ငါ့စိတ်ထဲ အေးချမ်းမှာမဟုတ်ဘူး။ "

" ဖုန်းရွှေအစီအရင်နဲ့ ဆိုရင်ကော…....."

ဝူကော၏ ပါးစပ်ထောင့်က ပြင်းပြင်းထန်ထန် တွန့်သွားခဲ့သည်။

" ငါ ဖုန်းရွှေအစီအရင်ကို ထပ်အသုံးပြုလို့မရနိုင်ဘူး။ ငါအသုံးပြုတဲ့ချိန်တိုင်း ငါလေးပဲ အဲ့ထောင်ချောက်ထဲကို ကျတယ်။ ဒါကြောင့် ငါတစ်ခြားနည်းလမ်းကို စဉ်းစားရမယ်။ "

ထိုအချိန်တွင် သူသည် ကုမ္ပဏီရှိ လူအချို့၏ ထူးဆန်းတဲ့အပြုအမှုများကို သတိထားမိခဲ့သည်။

သူတို့သည် မကြာခဏ ရင်းနှီးမြှုပ်နှံရေးအခန်းထဲသို့ ကြောက်ရွံ့စိုးရိမ်စွာဖြင် ဝင်ရောက်၍ အချိန်အကြာကြီးနေကြသည်။

ထို့ပြင်သူတို့အခန်းထဲကနေ ပြန်ထွက်လာတဲ့အချိန်တွင်လည်း သူခိုးတစ်ယောက်လို ဟိုကြည့်၊ဒီကြည့်ကြည့်၍ သူတို့ရဲ့ ဖုန်းကို ထုတ်ပြီး စာပို့ခဲ့ကြသည်။

သူတို့ထဲမှ မိန်းကလေးတစ်ယောက်က အလုပ်ဆင်းချိန်တွင် ဝန်ထမ်းများကြားထဲမှ ခိုးကြောင်ခိုးဝှက်ထွက်သွားခဲ့သည်ကို ဝူကောတွေ့လိုက်ရသည်။

ထို့ကြောင့် သိချင်စိတ်ဖြင့် ဝူကောသည် သူမရဲ့ အနောက်ကနေခိုးကြောင်ခိုးဝှက်လိုက်သွားခဲ့သည်။

ထိုအချိန်တွင် သူ နောက်ကနေ ခိုးလိုက်နေတဲ့ မိန်းကလေးက ကဖီးဆိုင်ထဲသို့ ဝင်၍ အနက်ရောင်ဝတ်လူနှစ်ယောက်၏ ရှေ့တွင် ဝင်ထိုင်ခဲ့တာကို တွေ့လိုက်ရသည်။

ထို့နောက် ဝူကောသည် သူ့၏ဝတ်စုံကို ပြောင်း၍

မက်စ်ကို တပ်လိုက်ပြီး သူတို့ရဲ့ စကားဝိုင်းကို ခိုးနားထောင်ခဲ့သည်။

အနက်ရောင်ဝတ်အမျိုးသားတစ်ယောက်က ပြောလိုက်သည်။

" မစ်လျို ပွင့်ပွင့်လင်းလင်းပြောရရင် မင်းအရင်ရက်ေတွတုန်းက ငါတို့ကိုပေးခဲ့တဲ့ သတင်းအချက်အလက်တွေအကုန်လုံးက အကူအညီမဖြစ်ဘူး။ ငါတို့ ပေးတဲ့ ပိုက်ဆံကို မင်း မကျေနပ်လို့လား ?။ "

မစ်လျိုက ဘဏ္ဍာရေးဆိုင်ရာ ဝန်ထမ်းတစ်ယောက်ဖြစ်သည်။

ထို့နောက် မစ်လျုိသည် ခါးသီးစွာဖြင့် သက်ပြင်းချပြီး ပြောလိုက်သည်။

" ကျွန်မ အကောင်းဆုံးလုပ်ပြီးပြီ။ ဘာကြောင့်လဲဆိုတော့ ဘော့စ်လင်မှာ ရင်းနှီးမြှုပ်နှံရေးနှင့် ပတ်သက်တဲ့ အစီအစဉ် တကယ်မရှိလို့ဘဲ။ပြီးေတာ့ သူက တူညီတဲ့နေ့မှာပဲ စတော့ဈေးကွက်ကို ရင်းနှီးမြှုပ်နှံတာနဲ့ စတော့ရှယ်ယာများ ဝယ်ယူတာကို ဆုံးဖြတ်ထားတယ်။ ဒါ့အပြင် သူက သူ့ဝန်ထမ်းတွေကို ဝယ်ယူတာနဲ့ ရောင်းဝယ်ရာမှာပဲ ကိုင်တွယ်ခိုင်းထားတယ်။ ရင်းနှီးမြှုပ်နှံရေးအခန်းထဲက လူတွေတောင် သူဘာဝယ်လိုက်တာလဲဆိုတာကို မသိကြဘူး။ "

" အရောင်းအဝယ်တွေကလည်း မြန်မြန်ပဲ ဖြစ်သွားခဲ့တယ်။ သူ ဒီနေ့မှာဝယ်တယ်ဆိုရင် နောက်နေ့မနက်မှာ အမြဲတမ်း ပြန်ရောင်းတယ်။ ဒါကြောင့်ကျွန်မ သတင်းရရှိတဲ့အချိန်မှာ ဘော့စ်လင်က အရောင်းအဝယ်လုပ်ပြီးသွားခဲ့ပြီ။ "

အနက်ရောင်ဝတ်လူက သူမကို ပြောလိုက်သည်။

" အကယ်၍ သူက ရင်းနှီးမြှုပ်နှံတယ်ဆိုရင် သူ့မှာ အစီအစဉ်တစ်ခုနဲ့ ဗျူဟာတော့ရှိရလိမ့်မယ်။ ဒါမှမဟုတ်ရင် အချိန်တိုင်း သူဘယ်လိုလုပ်ပြီးတော့ ပိုက်ဆံရှာနိုင်မှာလဲ ? ။ မူကြမ်း သို့မဟုတ် တစ်ခုခုကို မင်းလက်ထဲရောက်အောင် မလုပ်နိုင်ဘူးလား ? "

မစ်လျိုက ပြန်ပြောလိုက်သည်။

" ကျွန်မက သာမှန် ဘဏ္ဍာရေးဝန်ထမ်းတစ်ယောက်ပဲ။ ကျွန်မ အဲ့ဒီနေရာကို ဘယ်လိုလုပ်ပြီးတော့ ဝင်ရောက်နိုင်မှာလဲ။ ဒါ့အပြင် အဲ့ဒီနေရာကို ဘော့စ်လင်အပြင် လူနှစ်ယောက်ပဲ ဝင်ခွင့်ရှိတယ်။ တစ်ယောက်က အခုဆေးရုံမှာ ဆေးရုံတင်ထားရတယ်။ နောက်တစ်ယောက်ကတော့ အတွင်းရေးမှူးလျိုယုမေ့ပဲ။ "

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် အနက်ရောင်ဝတ်လူက ခဏတိတ်ဆိတ်သွားခဲ့သည်။

မစ်လျိုက ပြောလိုက်ပြန်သည်။

" ကျွန်မ ရှင်တို့ကို မကူညီနိုင်လို့ ရှင်တို့ရဲ့ ပိုက်ဆံကို ကျွန်မပြန်ပေးမယ်။ ကျွန်မတို့ ဒီအပေးအယူကို ဘယ်တော့မှ မလုပ်ခဲ့ဖူးသလို ဟန်ဆောင်လိုက်ကြရအောင်။ "

အနက်ရောင်ဝတ်လူက သူမကို ပြန်မေးမြန်းခဲ့သည်။

" ဘာလို့ ဆက်မလုပ်တော့တာလဲ ? "

မစ်လျိုက နာကျင်စွာဖြင့် ပြောလိုက်သည်။

" ဘာကြောင့်လဲဆိုတော့ ကျွန်မဘော့စ်လင်အပေါ်မှာ အပြစ်ရှိသလို ခံစားနေရလို့ပဲ။ သူက ကျွန်မတို့ကို အများကြီးကြင်နာခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို ကောင်းကောင်းမဆက်ဆံဘဲနဲ့ သူ့ကိုတောင်မှ သစ္စာဖောက်ခဲ့သေးတယ်။ ဒီရက်ပိုင်းတွေထဲမှာလည်း ကျွန်မအလွန်ကို စိတ်ဆင်းရဲနေတယ်။ ဒါကြောင့် ကျွန်မ ဆက်မလုပ်ချင်တော့တာဘဲ။ "

အနက်ရောင်ဝတ်လူက ပြောလိုက်သည်။

" မဖြစ်နိုင်ဘူး။ အကယ်၍ မင်းငါတို့ကို ဆက်ပြီးတော့ မကူညီပေးရင် ၊ငါတို့ လင်ပေ့ဖန်ကို မင်းအကြောင်းကို ပြောပြရလိမ့်မယ်။ ပြီးရင် နောက်ဆက်တွဲအကျိုးဆက်တွေကို မင်းခံစားရလိမ့်မယ်။ "

မစ်လျိုက အနက်ရောင်ဝတ်လူကို အသနားခံခဲ့သည်။

" မဟုတ်ဘူး။ ကျေးဇူးပြုပြီးတော့ ကျွန်မကို ဒီလိုမလုပ်ပါနဲ့။ "

……

ထိုနည်းလမ်းဖြင့် သေးငယ်တဲ့ ဘဏ္ဍာရေးဝန်ထမ်းမလေးကို တစ်ခြားလူက ခြိမ်းခြောက်အကြပ်ကိုင်ခဲ့သည်။

နောက်ပိုင်းတွင် ဝူကောသည် တစ်ခြားလူအနည်းငယ်အနောက်သို့ ဆက်လိုက်ခဲ့သည်။

ထိုလူများအားလုံးသည် လင်ပေ့ဖန်၏ ရင်းနှီးမြှုပ်နှံရေးအချက်လက်များကို တစ်ခြားအဖွဲ့များအတွက် ကူညီပြီး ခိုးပေးနေသည့် တူညီတဲ့ အဖွဲ့များဖြစ်ကြောင်း သူ ရှာဖွေတွေ့ရှိခဲ့သည်။

သို့ပေမဲ့လည်း ရလဒ်က သိပ်ပြီးတော့ ထူးထူးခြားခြား မရှိခဲ့ပေ။

ထိုအချိန်တွင် ဝူကောသည် အနည်းငယ် စိတ်လှုပ်ရှားခဲ့သည်။

" ငါ မင်းကို မကိုင်တွယ်နိုင်ဘူးဆိုတော့ ၊တစ်ခြားလူတွေက မင်းကို ဖြိုခွဲရာမှာ ကူညီပေးရမှာပေါ့ ။ "

ထို့ကြောင့် သူသည် တစ်ညနေခင်းတွင် ထွက်သွားတော့မယ့် အနက်ရောင်ဝတ်လူနှစ်ယောက်ကို တားပြီး ပြောလိုက်သည်။

" နေဦး ၊ ငါ မင်းတို့နဲ့ ပူးပေါင်းချင်တယ်။ “

All Chapters