အခန်း (၈၂)
Vol. 6 Ch. 82
" ဘာ…? ဝူကောက ငါနဲ့ပူးပေါင်းချင်တယ် ဟုတ်လား ? ။ "
နဂါးဘုရင်ကျိုရှင်းသည် လုံယရင်းနှီးမြှုပ်နှံရေးကုမ္ပဏီ၏ ဌာနချုပ်တွင် ထိုအံ့ဩစရာကောင်းတဲ့ သတင်းသစ်ကို လက်ခံရရှိခဲ့သည်။
" ဟုတ်ပါတယ် ၊ နဂါးဘုရင် " ဟု အနက်ရောင်ဝတ်လူက တင်ပြခဲ့သည်။
ထို့နောက်ကျိုရှင်းသည် မျက်ခုံးပင့်၍ လေးလေးနက်နက် စဉ်းစားခဲ့သည်။
မင်းက ဂူသင်္ချိုင်းဖောက်သူတစ်ယောက်လေ…။
ဒါကြောင့်မင်းက ဂူသင်္ချိုင်းဖောက်ပြီးတော့ ရှေးဟောင်းပစ္စည်းတွေကိုပဲ ရောင်းချနေသင့်တာလေ…။ အဲ့ဒီအစားမင်းက လင်ပေ့ဖန်ရဲ့ကုမ္ပဏီမှာတောင် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်လုပ်နေခဲ့တယ်။ အခုလည်း မင်းက လင်ပေ့ဖန်ရဲ့ကုမ္ပဏီ ဖျက်ဆီးဖို့ကိစ္စကို ငါနဲ့ ဆွေးနွေးချင်သေးတယ်ပေါ့…။
ကျိုရှင်းသည် ဝူကောရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ဘာလဲဆိုတာကို နားမလည်နိုင်တော့ပေ။
" လင်ပေ့ဖန်ရဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ရတဲ့ ဝူကောရဲ့ ရည်ရွယ်ချက်က ဘာလဲ ?။ မင်းတို့ စုံစမ်းပြီးပြီလား ? " ဟု ကျိုရှင်းကမေးလိုက်သည်။
" နဂါးဘုရင် ကျွန်တော်တို့ မစုံစမ်းရသေးပါဘူး။ ဒါပေမဲ့……"
" ဒါပေမဲ့ ၊ ဘာဖြစ်လဲ ? "ဟု ကျိုရှင်းက မေးလိုက်သည်။
" ဒါပေမဲ့ ဝူကောက လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်နဲ့ ရုံးတွင်းအချစ်ဇာတ်လမ်းရှိတာကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ " ဟု အနက်ရောင်ဝတ်လူက ပြောလိုက်သည်။
ကျိုရှင်းက စိတ်ဝင်တစားဖြင့် မေးမြန်းလိုက်ပြန်သည်။
" သူက သန့်ရှင်းရေးဝန်ထမ်းမလေးနဲ့ တကယ်ကြိုက်နေတာလား ? ။ သူမရဲ့ ရုပ်ရည်ကရောဘယ်လိုရှိလဲ ?။ သူမက ရုပ်ချောပြီးတော့ ဆွဲဆောင်မှုရှိလား ?"
အနက်ရောင်ဝတ်လူ၏ မျက်နှာတစ်ခုလုံးသည် ရှုံ့တွသွားခဲ့ပြီး " နဂါးဘုရင် ၊ အဲ့ဒီအမျိုးသမီးရဲ့ ရုပ်ရည်ကို ဖော်ပြဖို့က တော်တော်ခက်ခဲတယ်။ ဒါကြောင့်ကျေးဇူးပြုပြီးတော့ ဓာတ်ပုံကို တစ်ချက်လောက်ကြည့်ပေးပါ နဂါးဘုရင် "ဟု ပြောလိုက်သည်။
ကျိုရှင်းသည် သူ့ကို ပေးလာတဲ့ ဓာတ်ပုံကို ကြည့်ပြီးတဲ့နောက်တွင် ထိတ်လန့်သွားခဲ့သည်။
ဝူကောနဲ့ချစ်ကြိုက်နေတဲ့ အမျိုးသမီးက မထင်မှတ်ဘဲနဲ့ အသက်၅၀အရွယ် သက်လက်ပိုင်းမိန်းမကြီး တစ်ယောက်ဖြစ်နေခဲ့သည်။
ထို့ပြင် သူမ၏ ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်တောင့်တင်းပြီး သူမ၏ ရုပ်ရည်ကလည်း စင်ဒရဲလားကားထဲက စုန်းမကြီးလို အတော်လေးကို နန်းဆန်နေခဲ့သည်။ပြီးတော့ အံဩစရာကောင်းတာတစ်ခုက သူမမှာ ဝူကောထက် အသက်ကြီးတဲ့ သားတစ်ယောက်တောင် ရှိနေခဲ့သည်။
" ဒါက အမှန်ပဲလား ? "
" လုံးဝကို သေချာပါတယ် နဂါးဘုရင် "
ထို့နောက် ကျိုရှင်းသည် ကျယ်လောင်စွာဖြင့် ရယ်မောပြီး ပြောလိုက်သည်။
" ဝူကော ၊မင်းဆီမှာ တော်တော်လေးကို ထူးခြားတဲ့ ဒီလိုအကြိုက်မျိုးရှိမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားမိခဲ့ဘူး ။ မင်းက မင်းထက် အသက်ကြီးတဲ့ မိန်းမကြီးကိုတောင် လိုက်နိုင်တယ်။ ဒါကြောင့် မင်းရဲ့ ရဲတင်းမှုကို ငါ ချီးကျူးရမယ်။ "
ကျိုရှင်းသည် လျှို့ဝှက်ချက်ကြီးတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သလိုမျိုး အတော်လေးကို ပျော်ရွှင်နေခဲ့သည်။
" သူ့ဆန္ဒနဲ့သူ ငါတို့ဆီချဉ်းကပ်လာတယ်ဆိုကတည်းက ငါတို့ကလည်း သူ့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့အတွက် သူ့ရဲ့တန်ဖိုးကို သေသေချာချာ အကဲဖြတ်ပေးရမှာပေါ့။ "
" ဟုတ်ကဲ့ ၊နဂါးဘုရင် "
…...
မိုဟိုင်မြို့တွင်…
ဝူကောသည် အနက်ရောင်ဝတ်လူနှစ်ယောက်နှင့် မျက်နှာချင်းဆိုင်ပြီး ထိုင်နေခဲ့သည်။
ထိုနှစ်ယောက်ထဲမှ အနက်ရောင်ဝတ်လူတစ်ယောက်က ဝူကောကို စုံစမ်းမေးမြန်းလိုက်သည်။
" မင်း ငါတို့နဲ့ ဘာလို့ ပူးပေါင်းချင်ရတာလဲ ? "
ဝူကောက ပြန်ဖြေလိုက်သည်။
" ဘာကြောင့်လဲဆိုတော့ ငါ ပိုက်ဆံအများကြီးရှာချင်လို့ဘဲ ။ လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာဆိုရင် ငါက သာမှန် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်မျှသာဖြစ်တယ်။ ပြီးတော့ ပိုက်ဆံအများကြီးမရှာနိုင်တဲ့အတွက် ငါ မင်းတို့နဲ့ ပူးပေါင်းဖို့ကို ရွေးချယ်လိုက်ရတာဘဲ ။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ကျိုရှင်းသည် လှောင်ပြုံးပြုံးပြီး စိတ်ထဲကနေပြောလိုက်သည်။
မင်းလို ဂူသင်္ချိုင်းဖောက်တဲ့လူက ပိုက်ဆံလိုချင်တယ်လား… ?
မင်း ရှေးဟောင်းဂူသင်္ချိုင်းတွေကို တူးဖော်လိုက်ရုံနဲ့ ပိုက်ဆံသောင်းဂဏန်းလောက်ကို လွယ်လွယ်ကူကူရှာနိုင်တယ်…။
မင်းအဲ့ဒီဂူသင်္ချိုင်းတွေကနေ အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေကို တူးဖော်နိုင်ကောင်းတူးဖော်နိုင်လိမ့်မယ်…။
မင်းရဲ့ ရည်ရွယ်ချက်က သာမန်မဟုတ်တာ ထင်ရှားနေပြီ…။
အနက်ရောင်ဝတ်လူက ဝူကောကို ပြန်ပြောလိုက်သည်။
" မင်းက လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီရဲ့ ဘာအဆင့်အတန်း ၊ဘာလွှမ်းမိုးမှုမှမရှိတဲ့ သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်လို့ မင်း ငါတို့ကို ပြောခဲ့တယ်နော်။ ဒါဆိုရင် ဘာကြောင့် မင်းက ငါတို့ကို ကူညီပေးနိုင်မှာလဲ ? "
ဝူကောက ညင်သာစွာဖြင့် ရယ်မော၍ ပြန်ပြောလိုက်သည်။
" ဒါဆိုရင် မင်းတို့နဲ့ ပူးပေါင်းခဲ့တဲ့ လူတွေကရော အသုံးဝင်လို့လား ? "
အနက်ရောင်ဝတ်လူက ဝူကောကို ပြန်မေးမြန်းခဲ့သည်။
" မင်းဘာကို ဆိုလိုချင်တာလဲ ? "
ထို့နောက်ဝူကောသည် သူ့၏ ဦးခေါင်းကို ခါပြီး ပြောလိုက်သည်။
" ငါ့ကို ရှင်းပြခွင့်ပြုပါ။ မင်းတို့လွှတ်ခဲ့တဲ့ သူလျှို
တွေအကုန်လုံးက ဘာမှ မဖြစ်ထွန်းဘူး။ ဒါ့အပြင်သူတို့က သုံးစားမရတဲ့အပြင် သူတို့က ဖော်ထုတ်ခံလည်း ထိခဲ့သေးတယ်။ လင်ပေ့ဖန်က မင်းတို့ထင်ထားတာထက်ကို ပိုပြီးတော့ လိမ္မာပါးနပ်သေးတယ်။"
အနက်ရောင်ဝတ်လူက ဝူကော၏စကားကို ကန့်ကွက်ခဲ့သည်။
" သူသိသွားဖို့ မဖြစ်နိုင်ဘူး ။ ဒါကို ငါတို့ လျှို့လျှို့ဝှက်ဝှက်စီစဉ်ထားတာ…။ "
ဝူကောက နှာခေါင်းရှုံ့ပြီး ပြန်ပြောလိုက်သည်။
" ဒါဆိုရင် ငါက မင်းတို့ကို ဘယ်လိုလုပ်ပြီးတော့ ရှာတွေ့နိုင်ရတာလဲ ? "
အနက်ရောင်ဝတ်လူက တုံ့ဆိုင်းသွားခဲ့သည်။
" ဒါက ………"
ဝူကောက ထပ်ပြီး ပြောလိုက်ပြန်သည်။
" ငါ့လို သာမှန် သန့်ရှင်းရေးသမားတောင် ဒါကို မြင်နိုင်တယ်။ ဒါကြောင့် လင်ပေ့ဖန်လို ထက်မြက်ပြီး လိမ္မာပါးနပ်တဲ့ မြေခွေးတစ်ကောင်က သတိမထားမိဘူးလို့ မင်းအမှန်တကယ် ယုံကြည်လား ? "
အနက်ရောင်ဝတ်လူသည် တိတ်ဆိတ်သွားခဲ့သည်။
ဝူကောသည် အေးစက်စွာဖြင့် ရယ်မော၍ သူ့ရဲ့ စိတ်ထဲကနေ ပြောလိုက်သည်။
လင်ပေ့ဖန်အကြောင်းကို နားလည်ရာမှာ သူ့လို့ ပြန်လည်မွေးဖွားလာသူတစ်ယောက်ထက် ဘယ်သူ့ကမှ ပိုမသိနိုင်ပါ…။
သူ့ရဲ့ အတိတ်ဘဝမှာတုန်းက သူသည် မတူညီတဲ့
နည်းဗျူဟာများကို အသုံးပြု၍ လင်ပေ့ဖန်နှင့် ဆယ်စုနှစ်တစ်စုကြာအောင် ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်။ အကြိမ်တိုင်းတွင် သူသာလျှင် ရှုံးနိမ့်မှုဖြင့် အဆုံးသတ်ခဲ့ရသည်။
သူ့ပြိုင်ဘက်က အမှန်တကယ်ကို ထူးချွန်ထက်မြက်ပြီး လိမ္မာပါးနပ်တဲ့ မာစတာတစ်ယောက်ဖြစ်သည်။(လင်ပေ့ဖန်ကို ပြောတာပါဗျ )
ထို့ပြင်သူ့ရဲ့ စိတ်ကလည်း အသေးစိတ်ကျအောင် တွေးတောနိုင်၍ သူ့ရဲ့တွက်ချက်မှုကလည်း အရမ်းပဲတော်လွန်းသည်။
အကယ်၍ မင်းက သေးငယ်တဲ့ အမှားလေးတစ်ခု ဒါမှမဟုတ် ကွဲလွဲမှုတစ်ခုခုကို ချန်ထားခဲ့တာနဲ့ သူက မင်းရဲ့အဲ့ဒီအမှားကို အခွင့်ကောင်းယူလိမ့်မည်ဖြစ်သည်။
သူ့ရဲ့အတိတ်ဘဝမှာတုန်းကလည်း မရေမတွက်နိုင်တဲ့ ထူးချွန်ထက်မြက်သူတစ်ယောက်စီတိုင်းက
လင်ပေ့ဖန်ရဲ့ လက်ထဲတွင် ကျဆုံးခဲ့ရသည်။
ဒီလို အတွေ့အကြုံနည်းနည်းပဲရှိတဲ့ ဝန်ထမ်းအနည်းငယ်က ဘယ်လိုလုပ်ပြီးတော့ တစ်ခြားလူရဲ့ ထောက်လှမ်းမှုအောက်ကနေ လွတ်မြောက်နိုင်မှာလဲ……?
…..
ထိုစဉ် တစ်ခြားတစ်ဖက်မှာတော့ နဂါးဘုရင်ကျိုရှင်းသည်လည်း သူ့ရဲ့ အတွေးထဲတွင် ပျောက်ဆုံးနေခဲ့သည်။
အမှန်ပဲ ၊လင်ပေ့ဖန်နဲ့ ဆက်ဆံရတာ ဘယ်လိုလုပ်ပြီးတော့ အရမ်းရိုးစင်းလွန်းမှာလဲ …?
ဒီလဒက အမှန်တကယ်ကို လိမ္မာပါးနပ်လွန်းတယ်… ။
တကယ်တော့ သူလာဘ်ထိုးထားတဲ့ လူတွေကို
လင်ပေ့ဖန်က ဖော်ထုတ်ခဲ့ပြီးတာတောင် ဖြစ်နိုင်တယ်…။
ဒါကြောင့် ဒီတစ်လျှောက်လုံးမှာ သူလာဘ်ထိုးထားတဲ့ လူတွေက ဘာသတင်းအချက်အလက်မှ ရရှိအောင် မစွမ်းဆောင်နိုင်တာဘဲ…။
" လင်ပေ့ဖန်က မင်းတို့ ထင်ထားတာထက်ကို လိမ္မာပါးနပ်တယ် ၊ ပြဿနာများတယ် ပြီးတော့ သူက နားလည်ရခက်လွန်းတယ်။ ဒါ့အပြင် မင်းတို့လာဘ်ထိုးထားတဲ့ လူတွေကို သူ မဖော်ထုတ်ရတဲ့ အကြောင်းပြချက်က ငါးအကြီးကြီးတစ်ကောင်ကို သူ ထောင်ဖမ်းချင်တာကြောင့် ဖြစ်နိုင်တယ်။ " ဟု
ဝူကောက ထပ်ပြောလိုက်သည်။
ထိုစကားကိုကြားလိုက်ရသောအချိန်တွင် နဂါးဘုရင်ကျိုရှင်းသည်လည်း ဝူကော၏ ပြောစကားကို ခေါင်းညိတ်ပြီး ထောက်ခံလိုက်သည်။ ( ကျိုရှင်းက ဖုန်းထဲကနေနားထောင်နေတာပါဗျ )
" သူ့ရဲ့ အစီအစဉ်ကို မေးလိုက်… "
အနက်ရောင်ဝတ်လူသည် နဂါးဘုရင်၏ စကားအတိုင်း ဝူကောကို ချက်ချင်းမေးမြန်းလိုက်သည်။
ဝူကောက ယုံကြည်မှုရှိစွာဖြင့် ပြန်ဖြေခဲ့သည်။
" ငါ လင်ပေ့ဖန်ရဲ့ အယုံကြည်ရဆုံး လူယုံဖြစ်လာတာနဲ့ ငါ မင်းတို့ကို ကူညီပေးနိုင်တယ်။ "
အနက်ရောင်ဝတ်လူက ထပ်မေးလိုက်ပြန်သည်။
" မင်း ဒါကို အောင်မြင်နိုင်လို့လား ? "
" ငါ လုံးဝ ယုံကြည်မှုအပြည့်အဝရှိတယ် " ဟု ဝူကောက အခိုင်အမာဆိုခဲ့သည်။
" ပထမအနေနဲ့ ငါက မင်းလာဘ်ထိုးထားတဲ့ လူတွေထက် ပိုပြီးတော့ သရုပ်ဆောင်ကောင်းတယ်။အနည်းဆုံးတော့ ငါက စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ မထိတ်လန့်ဘူး။ "
" ဒုတိယအနေနဲ့ ငါရဲ့အထောက်အထားက ပညာမတတ်တဲ့ သန့်ရှင်းရေးဝန်ထမ်းဖြစ်တဲ့အတွက် သူတို့ကို သံသယမဝင်စေဘဲနဲ့ သူတို့ရဲ့ ဘေးနားကို ကပ်လို့ရစေလိမ့်မယ်။ "
" တတိယအနေနဲ့ ငါ့ရဲ့သန့်ရှင်းရေးအလုပ်က ဘယ်ရုံးခန်းမျိုးကိုမဆို သံသယမဝင်စေဘဲနဲ့ အေးအေးဆေးဆေး ဝင်နိုင်ထွက်နိုင်တယ်။ "
အနက်ရောင်ဝတ်လူသည် ခေါင်းညိတ်ပြီး ဝူကောကို ပြောလိုက်သည်။
" မင်းရဲ့ အကြောင်းပြချက်က နားထောင်ရတာကောင်းတယ်။ ဒါပေမဲ့ မင်းက လက်ရှိမှာ သာမှန်သန့်ရှင်းရေးဝန်ထမ်းတစ်ယောက်မျှသာဖြစ်တယ်။ မင်း ဘယ်လိုလုပ်ပြီးတော့ လင်ပေ့ဖန်ရဲ့ လူယုံဖြစ်လာနိုင်မှာလဲ ? "
ဝူကောက ပြန်ဖြေခဲ့သည်။
" ငါ အဲ့ဒီနေရာမှာတော့ မင်းရဲ့ အကူအညီလိုတယ်။ "
အနက်ရောင်ဝတ်လူက ပြန်မေးမြန်းလိုက်သည်။
" ဘာ အကူအညီလဲ ? "
ဝူကောက စပ်ဖြီးဖြီးအမှုအရာဖြင့် ပြန်ဖြေလိုက်သည်။
" မင်း လာဘ်ထိုးထားတဲ့ လူတွေတစ်ဦးချင်းစီရဲ့ စာရင်းတွေ ငါ့ကို ပေးပါ။ ငါ့ အဲ့ဒီစာရင်းကို လင်ပေ့ဖန်ဆီ ပေးလိုက်မယ်။ အဲ့ဒါဆိုရင် ငါက လင်ပေ့ဖန်ယုံကြည်ရတဲ့သူ အော်တို ဖြစ်လာမှာဘဲလေ…။ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် အနက်ရောင်ဝတ်လူ၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွားခဲ့သည်။
" မင်း ဘာလို့ တုံ့ဆိုင်းနေတာလဲ ? ။ မင်းလာဘ်ထိုးထားတဲ့လူတွေက ဖော်ထုတ်ခံထိပြီးပြီလေ။ မင်းငါ့ကို ပြောပြပြီးတော့ ဘာကြောင့် သူတို့ကို မစွန့်လွှတ်နိုင်ရသေးတာလဲ ?။ ဒါက ငါတို့နှစ်ဖက်စလုံးအတွက် အဆင်ပြေတဲ့ အခြေအနေဘဲ မဟုတ်ဘူးလား ? " ဟု ဝူကောက ရယ်မော၍ ပြောခဲ့သည်။
အနက်ရောင်ဝတ်လူက ဝူကောကို ပြောလိုက်သည်။
" ဒီကိစ္စကို ငါ မဆုံးဖြတ်နိုင်ဘူး။ ဒါကြောင့် ငါ့ရဲ့အထက်လူကြီးတွေနဲ့ အရင်တိုင်ပင်ရမယ်။ "
ဝူကောက ယုံကြည်မှုရှိစွာဖြင့် ပြုံး၍ ပြောခဲ့သည်။
" ကျေးဇူးပြုပြီးတော့ အရင်တိုင်ပင်လိုက်ပါဦး ။ "
အခြားတစ်ဖက်မှာလည်း နဂါးဘုရင်ကျိုရှင်းသည် ထိုကိစ္စရဲ့ အရေးသာမှု ၊ အရေးမသာမှုကို ချင့်ချိန်စဉ်းစားနေခဲ့သည်။
တကယ်တော့ သူလည်း ဝူကောရဲ့ အစီအစဉ်ကို သဘောကျသည်။
ဝူကောပြောတဲ့အတိုင်း သူ့လာဘ်ထိုးထားတဲ့ လူများက ဖော်ထုတ်ခံထိပြီးပြီဖြစ်တဲ့အတွက် သူတို့က နည်းနည်းပဲ တန်ဖိုးရှိတော့တယ်……။
သူတို့ကို စွန့်လွှတ်ပြီးတော့ ဝူကောကို ရင်းနှီးမြှုပ်နှံလိုက်တာက ပိုကောင်းတယ်…။
" သူ့ အဆိုပြုချက်ကို သဘောတူလိုက်။ "
အနက်ရောင်ဝတ်လူက ဝူကောကို ပြောလိုက်သည်။
" ငါတို့ဘော့စ်က မင်းအဆိုပြုချက်ကို သဘောတူလိုက်ပြီ။ ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါစေ။ "
" ပျော်ရွှင်စရာကောင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုပါဘဲ။" ဟု ဝူကောက ရယ်မောပြီး ပြန်ပြောလိုက်သည်။
ထို့နောက် အနက်ရောင်ဝတ်လူက ဝူကောကို ပြောလိုက်ပြန်သည်။
" မင်းရဲ့ ဘဏ်အကောင့်အသေးစိတ်အချက်အလက်ကို ငါ့ကို ပေးပါ။ ငါတို့ရဲ့ အစီအစဉ်အတွက် မင်းလိုအပ်တဲ့ ရန်ပုံငွေကို လွှဲပေးလိုက်မယ်။ အကယ်၍ မင်းရဲ့ လုပ်ဆောင်ချက်က ကောင်းတယ်ဆိုရင် အနာဂတ်မှာ မင်း ဒီထက်များတဲ့ နစ်နာကြေးကို ရလိမ့်မယ်။ "
ဝူကောသည် သူ့ရဲ့စိတ်ထဲကနေ လှောင်ပြုံးပြုံးလိုက်သည်။
မင်းတို့က ငါ့ကို ပိုက်ဆံလွှဲပေးပြီးတော့ မင်းတို့ရဲ့ လက်အောက်ကို ဝင်စေချင်တယ်ပေါ့လေ…။
ဒါပေမဲ့ သူ ထိုအရာကို စိတ်ထဲမထားပေ…။
သူဒီကိုလာရတာက လင်ပေ့ဖန်ကို ကိုင်တွယ်ဖို့အတွက်ပဲ မဟုတ်လား…။
ဒါ့အပြင် အပိုဝင်ငွေအချို့ရတာကလည်း သူ့ကို မထိခိုက်စေနိုင်ပေ…။
ဝူကောသည် သူ့ရဲ့ ဘဏ်အကောင့်ကို ပေးပြီးလို့မကြာခင်မှာဘဲ သူ့ရဲ့ဘဏ်အကောင့် ထဲသို့ ယွမ်ငါးသိန်းလက်ခံရရှိခဲ့သည်။
" ပျော်ရွှင်စကာကောင်းတဲ့ ပူးပေါင်းဆောင်မှုဖြစ်ပါစေ။ "
" ပျော်ရွှင်စကာကောင်းတဲ့ ပူးပေါင်းဆောင်မှုဖြစ်ပါစေ။ "
ဝူကောနှင့် အနက်ရောင်ဝတ်လူ နှစ်ယောက်စလုံးက ရယ်မောပြီး ပြောလိုက်သည်။
" ဒါနဲ့ စကားမစပ် ၊ ငါ မင်းရဲ့ ဘော့စ်က ဘယ်သူလဲဆိုတာကို မေးလို့ရမလား ? " ဟု ဝူကောက စူးစမ်းလိုက်သည်။
အနက်ရောင်ဝတ်လူက ပြောလိုက်သည်။
" ဝူကော ၊ငါ့ဘော့စ်ရဲ့ အထောက်အထားက လျှို့ဝှက်ချက်ဘဲ။ အကယ်၍ မင်း ဒီကိစ္စကနေ ကြီးမားတဲ့အောင်မြင်မှုရရှိခဲ့ရင် ငါ့ရဲ့ ဘော့စ်က မင်းကို တွေ့နိုင်ကောင်း ၊တွေ့နိုင်လိမ့်မယ်။ "
" ငါ နားလည်ပြီ။ " ဟု ပြော၍ ဝူကော၏ မျက်လုံးများက တောက်ပသွားခဲ့သည်။
နောက်ကွယ်ကလူက နဂါးဘုရင်ကျိုရှင်းပဲ ဖြစ်နိုင်မလား …?
အနက်ရောင်ဝတ် လူတွေ အမြဲတမ်း ခိုးကြောင်ခိုးဝှက်လှုပ်ရှားေနတာက အံ့ဩစရာမရှိတော့ပါဘူး…။
အခုလည်း မင်းက လျှို့ဝှက်ဆန်းကြယ်သလို ပုံစံလုပ်ပြီးတော့ ငါ့နဲ့ ကစားချင်တာလား…. ?
သူ့ရဲ့ အတိတ်ဘဝမှာတုန်းကလည်း ကျိုရှင်းနှင့် လင်ပေ့ဖန်သည် တိုက်ခိုက်ခဲ့ကြပြီး လင်ပေ့ဖန်က ကျိုရှင်း၏ မိသားစုကို ဖြိုခွဲခဲ့သည်။
ဒီဘဝမှာတော့ နဂါးဘုရင်ကျိုရှင်းက လင်ပေ့ဖန်နှင့် ဘာကြောင့် စောစောရင်ဆိုင်ရတာလဲဆိုတာကို သူမသိပေမဲ့ ထိုအရာက သူ့အတွက်တော့ အခွင့်အရေးတစ်ခုပဲ ဖြစ်သည်။
လက်ရှိမှာတော့ နဂါးဘုရင်ကျိုရှင်းက လင်ပေ့ဖန်နှင့် ရင်ဆိုင်ဖို့ အစွမ်းအစကို ပိုင်ဆိုင်ထားပါသည်။