အခန်း (၈၃)
Vol. 6 Ch. 83
တစ်ခြားတစ်ဖက်မှာတော့ နဂါးဘုရင်ကျိုရှင်းသည်လည်း တူညီစွာဖြင့် အားရကျေနပ်နေသည်။
ဝူကောနှင့် ပူးပေါင်းဆောင်ရွက်ရတာက မှန်ကန်တဲ့ဆုံးဖြတ်ချက်တစ်ခုလို့ သူ ယုံကြည်နေခဲ့သည်။
ပထမအနေနဲ့ ဝူကောက သန်မာတဲ့ စိတ်ဝိဉာဏ်ကို ပိုင်ဆိုင်ထားတဲ့အတွက် လျှို့ဝှက် သူလျှိုဖြစ်ရန် သင့်တော်သည်။
ထို့ပြင် သူသည် ဂူသင်္ချိုင်းများကို ဝင်ရောက်စီးနင်းခြင်းနှင့် လုယှက်ခြင်းမှ ရတဲ့ မရေမတွက်နိုင်အောင် ဆိုးရွားတဲ့ အတွေ့အကြုံများက သူ့ကို အမှားနည်းအောင်ပြုလုပ်ရာမှာ အထောက်အကူပြု၍ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာ သန်မာမှုကိုလည်း မြှင့်တင်ပေးခဲ့သည်။ ( ရှုပ်သွားရင် 🥹🥹)
ဒုတိယအနေနဲ့ သူ့ရဲ့ လက်ရှိသန့်ရှင်းရေးအလုပ်ကလည်း လင်ပေ့ဖန်နှင့် နီးနီးကပ်ကပ်နေနိုင်ပြီး လင်ပေ့ဖန်ရဲ့ ယုံကြည်မှုကို ရရှိအောင် ပြုလုပ်နိုင်သည်။
တတိယအနေနဲ့ ဝူကောက အရမ်းပဲ ဉာဏ်ကောင်းသည်။
ထို့ပြင် ဝူကောသည် လင်ပေ့ဖန်တို့၏ လှုပ်ရှားမှုများကိုလည်း ကောင်းစွာသိမြင်နိုင်သည်။
နောက်ထပ် ဘာအထောက်အထားကို သက်သေပြဖို့ လိုအပ်ရဦးမှာလဲ…?
စတုတ္ထအနေနဲ့ သူတို့နှစ်ယောက်လုံး ပူးပေါင်းရတဲ့အကြောင်းအရင်းက လင်ပေ့ဖန်ကို ပစ်မှတ်ထားရန်ဖြစ်သည်။
သူသည် ဝူကောက လင်ပေ့ဖန်ကို ဘာကြောင့် ထိပ်တိုက်ရင်ဆိုင်ရလဲဆိုတာကို ရှင်းရှင်းလင်းလင်းမသိသော်လည်းပဲ လင်ပေ့ဖန်ရဲ့ လက်အောက်မှာ ပုန်းအောင်းပြီး အလုပ်လုပ်နေတာက ပိုက်ဆံတစ်ခုတည်းကြောင့် မဟုတ်တာတော့ သေချာသည်။ထို့ပြင် သူ့မှာ ကောင်းမွန်တဲ့ ရည်ရွယ်ချက်ရှိမှာ မဟုတ်တာတော့ အသေအချာဘဲဖြစ်သည်။
ထိုနည်းလမ်းဖြင့် သူတို့နှစ်ယောက်ရဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ကြသည်။
" ဝူကော ဒီကိစ္စက မင်းအပေါ်မှာ မူတည်တယ်။ မင်း ငါ့ကို စိတ်မပျက်စေဘူးလို့ ငါ ယုံကြည်တယ် ။ "
……
ဝူကောသည် သစ္စာဖောက်တွေရဲ့ စာရင်းကို ရရှိပြီးတဲ့နောက်တွင် လင်ပေ့ဖန်ဆီသို့ ချက်ချင်းဘဲ
မချဉ်းကပ်ခဲ့ပေ။
ထိုအစား သူသည် ဂရုတစိုက်ခွဲခြမ်းစိတ်ဖြာပြီးသည့်နောက်တွင် ဖော်ထုတ်ခံရနိုင်ချေများတဲ့သစ္စာဖောက်များကို သူ့ရဲ့အစီအစဉ်အတွက် စတေးခံအဖြစ် ရွေးချယ်ခဲ့သည်။
" ငါ တောင်းပန်ပါတယ်။ ဒါပေမဲ့ ငါ့ရဲ့ လက်စားချေမှု ပြီးမြောက်စေဖို့အတွက် ငါ မင်းတို့ကို စတေးရလိမ့်မယ်။ "
တစ်နေ့တွင် ဝူကောသည် သန့်ရှင်းရေးအလုပ်ကို အကြောင်းပြု၍ လင်ပေ့ဖန်၏ ရုံးခန်းထဲသို့ ဝင်လာခဲ့ပြီး ပြောလိုက်သည်။
" ဘော့စ်လင် ငါ မင်းကို ပြောပြချင်တာတစ်ခုရှိတယ်"
" ရှောင်ဝူ ၊ဘာကိစ္စမို့လို့လဲ ? " ဟု ပြောပြီးနောက်
လင်ပေ့ဖန်သည် စာရွက်စာတမ်းများကို ကြည့်နေရာမှ အကြည့်လွဲ၍ ဝူကောကို မော့ကြည့်လိုက်သည်။
" ဘော့စ်လင် ၊ဒီကိစ္စက ဒီလိုပါ…။ ဘဏ္ဍာရေးဌာနက အစ်မလျို ၊ အစ်ကိုဝမ် နဲ့ ရင်းနှီးမြှုပ်နှံရေးဌာနက အစ်ကိုကျိုတို့ မကြာသေးမီက တစ်ခုခုထူးခြားနေတာကို ကျွန်တော်သတိထားမိခဲ့တယ်။ ဒါ့အပြင် သူတို့ ရောင်းဝယ်ရေးအခန်းထဲကို ခိုးကြောင်ခိုးဝှက်ဝင်ပြီးတော့ အလျင်စလိုထွက်သွားတာကိုလည်း ကျွန်တော်မြင်ခဲ့တယ်။ နောက်တော့ သူတို့ရဲ့ ဖုန်းတွေကိုထုတ်ပြီး တစ်ခုခုကို စိုးရိမ်နေတဲ့ ပုံစံနဲ့ စာပို့တာကလည်း သံသယဖြစ်စရာကောင်းတယ်…။ "
" တစ်ခါတုန်းကဆိုရင် ကျွန်တော် အစ်မလျိုရဲ့ရုံးခန်းကို သန့်ရှင်းရေးလုပ်ဖို့သွားတဲ့အချိန်မှာ သူမက အကြောင်းတစ်ခုခုကြောင့်ထိတ်လန့်သွားပြီးတော့ ကျွန်တော့်ကို အကြောင်းပြချက်မရှိဘဲနဲ့ ဆူပူကြိမ်းမောင်းခဲ့သေးတယ်။ အဲ့ဒီအချိန်တုန်းက သူမရဲ့ ပုံစံက အတော်လေးကို ပုံမှန်မဟုတ်ဘူး။ "
လင်ပေ့ဖန်၏ မျက်နှာအမူအရာသည် လေးနက်လာခဲ့ပြီး " ရှောင်ဝူ မင်း အမှန်ကို ပြောနေတာလား? " ဟု ပြောလိုက်သည်။
.
" ကျွန်တော်ပြောတာ ၊အမှန်ပါဘဲ ဘေ့ာစ်လင် " ဟု
ဝူကောက လေးနက်သော အမူအရာဖြင့် ပြန်ပြောလိုက်သည်။
လင်ပေ့ဖန်က ဝူကောကို ထပ်မံပြီး မေးမြန်းခဲ့သည်။
" သူတို့ဘာကြောင့် ဒီလိုလုပ်ရတာလဲလို့ မင်းထင်လဲ?။ ဘယ်အရာက သူတို့ရဲ့အပြုအမူကို ဒီလိုဖြစ်အောင်လို့ တွန်းအားပေးနိုင်တာလဲ ? "
ဝူကောသည် ခါးခါးသီးသီးပြုံးပြီး ပြန်ပြောလိုက်သည်။
" ဘော့စ်လင် ၊ ကျွန်တော်က ဒါကို ဘယ်လိုလုပ်ပြီးတော့ သိမှာလဲ ? "
လင်ပေ့ဖန်က ဝူကောကို ပြောလိုက်သည်။
" မင်း ဒီကိစ္စ ငါ့ကို ပြောပြတဲ့ဆိုကတည်းက မင်းမှာ တိကျတဲ့ သက်သေအထောက်အထားရှိလိမ့်မယ်။
ဒါမှမဟုတ် မင်း တစ်ခုခုကို သိရှိထားတယ်ဆိုရင်လည်း ငါ့ကို ရဲရဲဝံ့ဝံ့ ပြောပါ။ "
" ဘော့စ်လင် မင်းက ပညာရှိဘဲ။ မင်း ဒီအကြောင်းကို မှန်ကန်အောင် တွက်ဆနိုင်တယ်။ ကျွန်တော့်အထင်တော့….."
ထို့နောက် ဝူကောသည် တံခါးကို တချက်အရင်ကြည့်ပြီး လင်ပေ့ဖန်ကို တိုးတိုးလေး ပြောလိုက်သည်။
" သူတို့ ကျွန်တော်တို့ကုမ္ပဏီရဲ့ အရောင်းအဝယ်လျှို့ဝှက်ချက်တွေကို တစ်ခြားအဖွဲ့တွေဆီ ပေါက်ကြားစေတယ်လို့ ကျွန်တော်ထင်တယ်။ "
လင်ပေ့ဖန်၏ မျက်နှာအမူအရာက မပြောင်းလဲဘဲနဲ့ တည်ငြိမ်သော မျက်နှာအမူအရာဖြင့် ဆက်ရှိနေခဲ့သည်။
ထို့ပြင်သူ့ရဲ့ မျက်နှာပေါ်တွင်လည်း အရိပ်အမွက်ဘာတစ်ခုမှ မပေါ်လာခဲ့ပေ။
ဝူကောသည် စတင်ပြီး စိုးရိမ်လာခဲ့သည်။
သူ ဘာကို အမှန်တကယ်စဉ်းစားနေတာလဲ …?
မင်း ငါ့ကို တစ်ခုခုတော့ ပြန်ပြောပါဦးဟ…။
ခဏကြာ တိတ်ဆိတ်ပြီးတဲ့နောက်တွင် လင်ပေ့ဖန်သည် သက်ပြင်းချ၍ ပြောလိုက်သည်။
" သူတို့တွေ ငါ့ကို သစ္စာဖောက်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ "
ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူကောသည် ထိတ်လန့်သွားခဲ့သည်။
" ဘော့စ်လင် ၊ မင်း ဒါ့ကို အရင်ကတည်းက သိနေတာလား ? "
လင်ပေ့ဖန်သည် နောက်တစ်ကြိမ် သက်ပြင်းချ၍ စာရွက်တစ်ရွက်ကို ထုတ်ပြီး ပြောလိုက်သည်။
" တချက်ကြည့်လိုက် "
" ဘော့စ်လင် ၊ ဒါက……"
" ဒီစာရွက်ထဲက လူစာရင်းက ငါ့ကို သစ္စာဖောက်တဲ့ လူတွေရဲ့ စာရင်းဘဲ။ ဒီစာရင်းထဲမှာ မင်း ငါ့ကို ပြောပြတဲ့ လူတွေလည်း ပါတယ်။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။
ဝူကောသည် ထိုစာရင်းကို ယူပြီး ကြည့်လိုက်ချိန်တွင် ချက်ချင်းဘဲ ကြက်သေသေသွားခဲ့သည်။
ပါးနပ်လိုက်တဲ့ ကောင်…
သူက သူတို့ကို သိတောင်သိပြီးနေပြီ…။
ဒါ့အပြင် သူ ငါ့ကို ပြတဲ့စာရင်းထဲက လူတွေ အကုန်လုံးက နဂါးဘုရင်ကျိုရှင်း ငါ့ကို ပေးတဲ့ စာရင်းထဲက လူတွေအကုန်လုံးနဲ့ တူတူဘဲ…။
နတ်ဆိုးဘုရင် လင်ပေ့ဖန်က တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတယ်…။
" ငါ နားမလည်ဘူး။ ငါ သူတို့ကို ကောင်းကောင်းဆက်ဆံတယ်။ ပြီးတော့ လစာလည်း ကောင်းကောင်းပေးတယ်။ ဒါ့အပြင် ငါ သူတို့ကို ကျန်းမာရေးအထောက်အပံ့လည်း ကောင်းကောင်းပေးတယ်…။ ဒါကို သူတို့က ဘာလို့ ငါ့ကို ဒီလို သစ္စာဖောက်ရတာလဲ ? " ဟု လင်ပေ့ဖန်က နာကျင်စွာဖြင့် ပြောလိုက်သည်။
" ဘော့စ်လင် ၊ သူတို့ရဲ့ သစ္စာမဲ့မှုကြောင့် ဝမ်းနည်းမနေပါနဲ့။ ဒီကမ္ဘာပေါ်မှာ သစ္စာရှိတဲ့သူနဲ့ ၊သစ္စာမရှိတဲ့သူတွေက ရောနှောနေတာပဲလေ။ ဘော့စ်လင် သူတို့လို လူတွေကြောင့် မင်း ဝမ်းနည်းရတာ မထိုက်တန်ဘူး။ သူတို့ရဲ့ လုပ်ရပ်တွေကြောင့် သူတို့ အနှေးနဲ့အမြန် နောင်တရကြမှာဘဲ…။ " ဟု ဝူကောက လင်ပေ့ဖန်နှင့်အတူ ထပ်တူခံစားခဲ့သည်။
လင်ပေ့ဖန်သည်လည်း ဝူကော၏စကားကို ခေါင်းညိတ်ပြီး သဘောတူခဲ့သည်။
" မင်းပြောတာ မှန်တယ် ။ ငါ့အပေါ် သစ္စာဖောက်တဲ့ သူတွေ အများကြီးရှိပေမဲ့ ငါ့အေပါ် သစ္စာရှိတဲ့လူတွေလည်း ရှိတာပဲလေ။ ဥပမာ မင်းလို လူပေါ့။
အစ်ကိုဝူ ငါ မင်းကို အကူအညီတောင်းလို့ ရမလား ?"
ထိုစကားကို ကြားလိုက်ရသောအခါတွင်
ဝူကောသည် အတော်လေးကို ပျော်ရွှင်သွားခဲ့သည်။
လင်ပေ့ဖန်က သူ့ကို အစ်ကိုဝူလို့ ခေါ်တဲ့အချက်က သူ့ရဲ့ မြင့်မားတဲ့ အဆင့်အတန်းကို ညွှန်ပြနေခဲ့သည်။
အရင်တုန်းကတော့ လင်ပေ့ဖန် အစ်ကိုလို့ခေါ်တဲ့သူက ရဲ့ရှင်းချန် တစ်ယောက်ထဲသာလျှင်ရှိခဲ့သည်။
နောက်ဆုံးတွင် ထိုလူရဲ့ရှင်းချန်သည် လင်ပေ့ဖန်၏ ယုံကြည်မှုကို ရရှိ၍ ကြီးမားတဲ့ အောင်မြင်မှုများကို ရရှိခဲ့ပြီး ထင်ပေါ်ကျော်ကြားလာခဲ့သည်။
အခုချိန်တွင်လည်း ဝူကောသည် တူညီတဲ့ လမ်းကိုပဲ စတင်ပြီး သွားနေခဲ့သည်။
" ဘော့စ်လင် ၊ ကျေးဇူးပြုပြီးပြောပါ။ အကယ်၍ ကျွန်တော် ကူညီနိုင်ရင် သေချာပေါက်ကို ကူညီပေးပါ့မယ်။ " ဟု ဝူကောက စိတ်အားထက်သန်စွာဖြင့် ပြောခဲ့သည်။
" အစ်ကိုဝူ ၊ မင်း ဒီသစ္စာဖောက်အဖွဲ့ကို စုံစမ်းပေးနိုင်မလား? ။ ပြီးတော့ သူတို့ ငါ့ကို သစ္စာဖောက်တဲ့အထောက်အထားကိုရော ရှာပေးနိုင်မလား?။ ဒါမှဘဲ ဒီသစ္စာဖောက်တွေကို ငါ့ကုမ္ပဏီကနေ သေချာပေါက် ရှင်းထုတ်ပစ်နိုင်မှာ…။ " ဟု လင်ပေ့ဖန်က ဝူကောကို စိတ်အားထက်သန်စွာဖြင့် တောင်းဆိုခဲ့သည်။
ဝူကောသည် ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝမ်းသာသွားခဲ့သည်။
လင်ပေ့ဖန်က သူ့ကို ထိုကဲ့သို့ အရေးကြီးတဲ့ တာဝန်တစ်ခုကို လုပ်ဆောင်စေချင်းက သူ့ကို တန်ဖိုးထားကြောင်း ဖော်ပြနေခဲ့သည်။
အကယ်၍ သူသာ ဒီတာဝန်ကို အောင်မြင်စွာ ပြီးမြောက်ပြီး သူ့ရဲ့ အရည်အချင်းကို ကောင်းစွာပြသနိုင်ပါက လင်ပေ့ဖန်၏ ယုံကြည်မှုကို ပိုပြီးတော့တောင်မှ ရရှိမှာ အသေအချာဘဲဖြစ်သည်။
လင်ပေ့ဖန်က ဆက်ပြောခဲ့သည်။
" အစ်ကိုဝူ ဒီတာဝန်က မင်းအတွက် နည်းနည်းတော့ခက်ခဲစေလိမ့်မယ်။ အကယ်၍ မင်း ဒီတာဝန်ကို မလုပ်နိုင်ဘူးထင်ရင်လည်း မေ့လိုက်ပါ။ ငါ တစ်ခြားတစ်ယောက်ကို ကိုင်တွယ်ခိုင်းလိုက်မယ်။ "
ဝူကောသည် သူ့ရင်ဘတ်ကို လက်ဖြင့်ပုတ်ပြီး ကတိပေးခဲ့သည်။
" ဘော့စ်လင် ၊ စိတ်မပူပါနဲ့ ။ ကျွန်တော် ဒီတာဝန်ကို ကျွန်တော် အသက်ရှင်နေသ၍ အရိုးကြေကြေ အရေခမ်းခမ်း ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပေးပါ့မယ်။ ဘော့စ်လင် စိတ်ချပါ။ "
လင်ပေ့ဖန်သည် စိတ်သက်သာရာရစွာဖြင့် ပြုံး၍ ဝူကောကို ခေါင်းညိတ်ခဲ့သည်။
" ငါ မင်းကို ယုံကြည်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက်ဘဲ ဆိုတာကို ငါသိနေတယ်။ "
ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် သူ့ရဲ့ခါးကို မတ်မတ်ထား၍ သူ့ရဲ့ဦးခေါင်းကို မြင့်လိုက်ပြီး မာန်တက်နေတဲ့ပုံပေါက်နေခဲ့သည်။
" ငါ့မှာ မင်းကို နောက်ထပ်လုပ်ခိုင်းစရာ ကိစ္စတစ်ခု ရှိသေးတယ် ။ " ဟု လင်ပေ့ဖန်က ဝူကောကို ပြောလိုက်သည်။
" ဘော့စ်လင် ၊ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပါ။ မီးပင်လယ်ကိုဘဲဖြတ်ရဖြတ်ရ ၊ဓားတောင်ကိုပဲ ဖြတ်ရဖြတ်ရ ဘော့စ်လင် လုပ်ခိုင်းတာမှန်သမျှ ကျွန်တော် လုပ်ပေးပါ့မယ်။ " ဟု ဝူကောက ပြောလိုက်သည်။
" ဒါက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး။ ဒီကိစ္စက မင်းအတွက်တော့ အရမ်းကို ရိုးရှင်းလွန်းတယ်။ ဒါက…."
ထို့နောက် လင်ပေ့ဖန်သည် ပြုံးပြီး မျက်လုံးတစ်ဖက်ကိုမှိတ်၍ ပြောလိုက်သည်။
" အလုပ်က အရေးကြီးတယ်။ ဒါပေမဲ့ မင်း အန်တီလျူကို ဂရုစိုက်ဖို့လည်း မမေ့နဲ့ဦး ။ "
ဝူကော : ဒီဖေ………
လင်ပေ့ဖန်၏ ရုံးခန်းထဲမှ ထွက်လာပြီးတဲ့နောက်တွင် ဝူကောသည် ဒီတာဝန်ကို အောင်မြင်စွာ ပြီးမြောက်စေရန် သစ္စာဖောက်တွေရဲ့ သစ္စာဖောက်ခဲ့တဲ့ အထောက်အထားကို ဘယ်လို ရှာဖွေရမလဲဆိုတာကို စဉ်းစားနေခဲ့သည်။
သူ့အတွက်တော့ ဒီတာဝန်က အတော်လေးကိုမှ ရိုးရှင်းနေခဲ့သည်။ဘာကြောင်လဲဆိုတော့ သူသည် သစ္စာဖောက်တွေရဲ့ နောက်ကွယ်က သူဌေးနဲ့ ဆက်သွယ်ပြီး သူတို့နှစ်ယောက် လင်ပေ့ဖန်ကို ဖြိုခွဲရန်အတူတကွအလုပ်လုပ်၍ ပူးပေါင်းဆောင်ရွက်နေတာကြောင့်ဖြစ်သည်။
ထို့နောက် သူသည် အနက်ရောင်ဝတ်လူကို လျှို့ဝှက်စွာဖြင့် ဆက်သွယ်၍ ပြောလိုက်သည်။
" ငါ လင်ပေ့ဖန်ကို သစ္စာဖောက်တွေရဲ့အကြောင်းပြောပြီးတော့ သူ့ရဲ့ ယုံကြည်မှုအချို့ကို ရရှိခဲ့တယ်။ "
အနက်ရောင်ဝတ်လူက ဝမ်းသာစွာဖြင့် ပြောလိုက်သည်။
" ဒါက သတင်းကောင်းဘဲ…"
ဝူကောက ဆက်ပြောလိုက်သည်။
" ငါ့မှာ မင်းရဲ့အကူအညီကိုလိုအပ်တဲ့ နောက်ထပ်ကိစ္စတစ်ခုရှိသေးတယ်။ "
အနက်ရောင်ဝတ်လူက ဝူကောကို မေးလိုက်သည်။
" ဘာအကူအညီလဲ ? "
ဝူကောက ပြောလိုက်သည်။
" လင်ပေ့ဖန်က သစ္စာဖောက်တွေရဲ့ သစ္စာဖောက်တဲ့အထောက်အထားတွေကို ရယူဖို့ ငါ့ကို တာဝန်ပေးထားတယ်။ အကယ်၍ ငါသာ ဒီတာဝန်ကို အောင်အောင်မြင်မြင်နဲ့ ပြီးမြောက်စေခဲ့ရင် ငါ့အပေါ် သူ့ရဲ့ယုံကြည်မှုတွေ တိုးလာလိမ့်မယ်။ ဒါက ငါတို့ရဲ့ ရှေ့ဆက်လုပ်မဲ့ အစီအစဉ်တွေအတွက် လွယ်ကူစေလိမ့်မယ်။ ဒါကြောင့် မင်း ငါ့ကို ပံ့ပိုးကူညီပေးလိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ "
အနက်ရောင်ဝတ်လူက ချက်ချင်းဘဲ ပြန်ပြောလိုက်သည်။
" ပြဿနာမရှိဘူး ။ “