← Chapters

အခန်း (၈၅)

Vol. 6 Ch. 85

အခန်း (၈၅)

Vol. 6 Ch. 85

ထို့နောက် အစည်းအဝေးပွဲက ချီးကျူးဂုဏ်ပြုသည့် ပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

လင်ပေ့ဖန်သည် တောက်ပတဲ့အနီရောင်ဖယ်ကြိုးတစ်ခုကို သူ့ရဲ့ လက်ထဲတွင် ကိုင်၍ ဝူကောရှေ့သို့ ရောက်လာပြီး ပြောလိုက်သည်။

" အစ်ကိုဝူ ၊ ကျေးဇူးပြုပြီးတော့ မင်းရဲ့ခေါင်းကို နည်းနည်း ငုံ့ပေးပါဦး။ ငါ မင်းကို ဆုချမလို့ ။ "

" အမ် ၊ ဟုတ်ကဲ့ ဘော့စ်လင် " ဟု ပြောပြီးနောက် ဝူကောသည် သူ့ရဲ့ဦးခေါင်းကို ငုံ့ပေးခဲ့သည်။

ထိုအချိန်တွင် လင်ပေ့ဖန်သည် သူ့ရဲ့လက်ထဲက ဖယ်ကြိုးကြီးကို ဝူကော၏ လည်ပင်းပေါ်တွင် ဆွတ်ပေးခဲ့သည်။

ဝူကောသည် သူ့ရဲ့ရင်ဘတ်ပေါ်တွင် ချိတ်ဆွဲထားတဲ့ ဖယ်ကြိုးကြီးကို ကြည့်လိုက်ချိန်တွင် တောက်ပသောစာလုံးကြီးများဖြင့် အလှဆင်ထားတဲ့ " အဆင့်မြင့်ထူးချွန်အလုပ်သမား " ဆိုသော စာသားကြီးကို တွေ့လိုက်ရသည်။ထို့ပြင် သူ့ရဲ့ ပုခုံးပေါ်တွင် ရှိသော အနီရောင်ပန်းပွင့်ကြီးတစ်ပွင့်ကလည်း အတော်လေးကို တောက်ပ၍ မျက်စိပဒဿဖြစ်စရာ ကောင်းနေသည်။( ဖဲကြိုးဆိုတာက တရုတ်မင်္ဂလာဆောင်မှာ သတို့သားတွေ ဆွဲတဲ့ အနီရောင်ပန်းပွင့်ပါတဲ့ ဖဲကြိုးတစ်ခုပါဗျ )

" ဒီအနီရောင်ပန်းပွင်ပုံကို ကြည့်ရတာ နည်းနည်း ရင်းနှီးနေသလိုဘဲ " ဟု ဝူကောက ပြောလိုက်သည်။

" ရင်းနှီးမှာပေါ့ ။ ငါ အစ်ကိုရဲ့ကို ဆုချတုန်းကလည်း ဒီပန်းပွင့်ကိုပဲ အသုံးပြုခဲ့တာလေ ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဝူကော : …

ထို့နောက် လင်ပေ့ဖန်သည် ကြီးမားတဲ့ ဆုတံဆိပ်ကြီးတစ်ခုကိုယူထုတ်ပြီး ပြောလိုက်ပြန်သည်။

" အစ်ကိုဝူ ဖမ်းလိုက် "

ဝူကောသည် အလယ်ခေါင်တွင် ဆုကြေးငွေယွမ်တစ်သန်းဆိုတဲ့ စာသား ရေးထားတဲ့ သူ့လက်ထဲက ရွှေရောင်ဆုတံဆိပ်ကြီးကို ကြည့်ခဲ့သည်။

" ဒီဆုတံဆိပ်ကို ကြည့်ရတာလည်း နည်းနည်း ရင်းနှီးနေသလိုဘဲ " ဟု ဝူကောက ပြောလိုက်ပြန်သည်။

" ရင်းနှီးနေမှာပေါ့ ။ ငါ အစ်ကိုရဲ့ကို ဆုချတုန်းကလည်း အဲ့ဒီ ဆုတံဆိပ်ကိုပဲ ပေးခဲ့တာလေ။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

ဝူကောသည် သူ့ရင်ဘတ်ပေါ်မှာ ရှိတဲ့ အနီရောင်ပန်းပွင့်ကြီး နှင့် သူ့လက်ထဲမှာ ကိုင်ထားတဲ့ ဆုတံဆိပ်ကြီးကို ကြည့်လိုက်သည်။

ဝူကော : ……

သူသည် အကြောင်းပြချက်တချို့ကြောင့် သူ့ရင်ထဲမှာ ဆိုးရွားတဲ့ ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

ထို့နောက် သူတို့သည် အမှတ်တရ ဓာတ်ပုံရိုက်ခဲ့ကြသည်။

ချက်စ်ဆိုတဲ့ ကင်မရာအသံနဲ့အတူ ဓာတ်ပုံထွက်လာခဲ့သည်။

ဓာတ်ပုံထဲတွင် လင်ပေ့ဖန်သည် ဘရန်းဒက်ဝတ်စုံတစ်စုံ နှင့် ပြောင်လက်တဲ့ သားရေရှူးဖိနပ်တစ်ရံကို ဝတ်ဆင်ထား၍ တောက်ပပြီးနွေးထွေးတဲ့ အပြုံးတစ်ပွင့်ဖြင့် ဘယ်ဘက်အခြမ်းတွင် မတ်တပ်ရပ်နေခဲ့သည်။ထို့ပြင် သူသည် ခေါင်းဆောင်တစ်ယောက်ရဲ့သန်မာတဲ့ ရောင်ဝါကိုလည်း ဖော်ထုတ်နေခဲ့သည်။

သို့သော်လည်းပဲ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကျော်ကြီးဝူကောကတော့ ဓာတ်ပုံထဲတွင် ဗြောင်ချောပါတဲ့ သန့်ရှင်းရေးဝတ်စုံတစ်စုံကို ဝတ်ဆင်ထားသည်။ ထို့ပြင် သူ့ရဲ့ ပုခုံးပေါ်တွင်လည်း အနီရောင်ပန်းပွင့်ကြီးတစ်ပွင့် ရှိပြီး သူ့လက်ထဲတွင်လည်း ရွှေရောင်ဆုတံဆိပ်ကြီးကို ကိုင်၍ အရူးတစ်ယောက်လိုမျိုး ဓာတ်ပုံထဲတွင် ပြုံးနေခဲ့သည်။

" ဒီဓာတ်ပုံက ကြည့်ကောင်းသားပဲ ။ ငါတို့ ဒီဓာတ်ပုံကို အစ်ကိုရဲ့ ဆုရထားတဲ့ ဓာတ်ပုံဘေးမှာ အတူတူချိတ်ဆွဲထားရမယ်။ " ဟု လင်ပေ့ဖန်က အလွန်ကျေနပ်တဲ့ အမူအရာဖြင့် ပြောခဲ့သည်။

" ဘော့စ်လင် မချိတ်ပါနဲ့ ။ ဒါက ရှက်စရာကောင်းတယ်။ " ဟု ဝူကောက အနည်းငယ် ရှက်ရွံသလို ခံစားခဲ့ရတာကြောင့် ပြောလိုက်သည်။

" မငြင်းပါနဲ့ ၊ဒါက မင်းနဲ့ ထိုက်တန်တဲ့ အရာဘဲ ။ ငါတို့ ဒီဓာတ်ပုံတွေကို နံရံပေါ်မှာ ချိတ်ဆွဲထားမှသာလျှင် လူတိုင်းကို အချိန်ပြည့် လှုံ့ဆော်ပေးနိုင်မှာ…။ မင်းတို့ အလုပ်ကြိုးစားရင် ဆုချခံရမယ်။ " ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

ထို့နောက် အစည်းအဝေးပွဲက ပြီးသွားခဲ့သည်။

အစည်းပွဲကနေ ပြန်လာပြီးတဲ့နောက်တွင် ဝူကောသည် စိတ်လှုပ်ရှားမှုကြောင့် ထခုန်လုနီးပါး ဖြစ်ခဲ့ရသည်။

သူသည် အချိန်အကြာကြီး ခက်ခက်ခဲခဲ ကြိုးစားပြီးတဲ့နောက်တွင် ေနာက်ဆုံးမှာတော့ လင်ပေ့ဖန်နှင့် ခြေတစ်လှမ်းနီးစပ်ခဲ့ပြီဖြစ်သည်။

ဆိုလိုချင်တာကတော့ သူသည် လင်ပေ့ဖန်ကို လက်စားချေဖို့အတွက် ပိုပြီးတော့တောင်မှ အခွင့်အရေးတိုးလာခဲ့ပြီဖြစ်သည်။

"လင်ပေ့ဖန် ၊ မင်း တန်ဖိုးထား ပြီးတော့ မင်း ယုံကြည်ရတဲ့လူက မင်းရဲ့ ကမ္ဘာမကြေရန်သူတော်ကြီး ဖြစ် နေလိမ့်မယ်လို့ မင်း စိတ်ကူးတောင် ယဉ်မိနိုင်မှာ မဟုတ်ေလာက်ဘူး…။"

" ငါ မင်းကို အခုချက်ချင်း လက်စားချေဖို့အတွက် အလျင်မလိုသေးဘူး။ ငါ မင်းကို ဖြေးဖြေးချင်း ညှဉ်းပန်းနှိပ်စက်ဖို့ စီစဉ်ထားတယ်။ ပြီးတော့ ကောင်းကင်နဲ့ မြေပြင်မှာ မင်း သွားစရာ နေရာမရှိအောင်လို့ ငါ လုပ်ပြမယ်။ " ဟု ဝူကောသည် နာကြည်းမုန်းတီးစွာဖြင့် တွေးခဲ့သည်။

ထိုအချိန်တွင်သူသည် အနက်ရောင်ဝတ်လူထံမှ စာတစ်စောင်ကို လက်ခံရရှိခဲ့သည်။

အနက်ရောင်ဝတ်လူ။ ။ အခြေအနေဘယ်လိုရှိလဲ…?

ဝူကော : : ငါသူတို့ကို ဖော်ထုတ်ပြီးလို့ မကြာခင်မှာဘဲ သူတို့အလုပ်ထုတ်ခံခဲ့ရတယ်။ ငါ့ရဲ့ အကူအညီကြောင့် အလုပ်ထုတ်နိုင်ခဲ့တဲ့အတွက် လင်ပေ့ဖန်က ငါ့ကို အရမ်းတန်ဖိုးထားတယ်။ ဒါ့အပြင် သူက ငါ့ကို အစ်ကိုဝူလို့ ခေါ်ပြီးတော့ ဆုကြေးငွေ ယွမ်တစ်သန်းကိုလည်း ချီးမြှင့်ခဲ့သေးတယ်။ ပြီးတော့ ငါ့ သန့်ရှင်းရေးနေရာကိုတောင်မှ သူက တရားဝင်အလုပ်သမားအဖြစ် တိုးမြှင့်ပေးခဲ့တယ်။ "

အနက်ရောင်ဝတ်လူ : : လင်ပေ့ဖန်က မင်းကို တကယ်တန်ဖိုးထားတာဘဲ ။ မင်းလိုဘဲ ဆုချီးမြှင့်ခံရတဲ့ နောက်ဆုံးလူကတော့ ရဲ့ရှင်းချန်ဘဲ ။ သူက လင်ပေ့ဖန်ရဲ့ ညာလက်ရုံးလူဖြစ်လာပြီးတော့ လင်ပေ့ဖန်ရဲ့ လေးစားခြင်းကို ခံခဲ့ရတယ်။ မင်းလည်း သူ့လိုပဲ တူညီတဲ့အဆင့်အတန်းကို ရောက်ရှိပြီးတော့ အောင်မြင်နိုင်လိမ့်မယ်လို့ ငါတို့ မျှော်လင့်ပါတယ်။ "

ဝူကော : : ဟုတ်တာပေါ့ ၊ ငါ့မှာ အစီအစဉ်တစ်ခုရှိပြီးသားဘဲ။

အနက်ရောင်ဝတ်လူ : : မင်း ငါတို့အကူအညီ လိုသေးလား ? ။

ဝူကော : : အခုတော့ မလိုသေးဘူး။ ငါ့မှာ ကိုယ်ပိုင်အစီအစဉ်ရှိတယ်။ မင်းတို့တွေ ငါ့ရဲ့ အချက်ပြမှုကိုပဲ စောင့်နေ။ "

အနက်ရောင်ဝတ်လူ : : ငါတို့ မင်းရဲ့ သတင်းကောင်းကို စောင့် မျှော်နေပါတယ်။

သူတို့နှစ်ယောက် စကားပြောပြီးတဲ့နောက်တွင် ဝူကောသည် သက်သေအထောက်အထား မကျန်ခဲ့စေရန် ချက်ချင်းဘဲ မက်ဆေ့အကုန်လုံးကို ဖျက်ပစ်ခဲ့သည်။

ထို့နောက် သူသည် လင်ပေ့ဖန်၏ လူယုံ အမှန်တကယ် ဖြစ်လာရန် ဘယ်လို လုပ်ရမလဲဆိုတာကို တွေးတောနေခဲ့သည်။

သူသည် လင်ပေ့ဖန်အပေါ် သစ္စာရှိရုံနဲ့တော့ မလုံလောက်ပေ။ သူသည် စစ်ပွဲနတ်ဘုရား ရဲ့ရှင်းချန်ကဲ့သို့ သစ္စာရှိပြီးတော့ စွမ်းဆောင်နိုင်မှသာ လင်ပေ့ဖန်၏ ယုံကြည်မှုကို ရရှိလိမ့်မည်ဖြစ်သည်။

ရဲ့ရှင်းချန်သည် လင်ပေ့ဖန်အတွက် ရန်ပုံငွေ ဘီလီယံနဲ့ချီကို ကူညီပြီး ရှာပေးခဲ့ပြီးတဲ့နောက်တွင် သူသည် လင်ပေ့ဖန်ရဲ့ ညာလက်ရုံးလူတစ်ယောက်ဖြစ်လာခဲ့သည်

ထို့ကြောင့် သူသည်လည်း ရဲ့ရှင်းချန်လို သူ့ရဲ့ အရည်အချင်း နှင့် စွမ်းရည်ကို ပြသရမည်ဖြစ်သည်။

သို့သော်လည်းပဲ သူ့ရဲ့စွမ်းရည်များက သာမှန်မဟုတ်ဘဲနဲ့ ဂူသင်္ချိုင်းတူးဖော်ခြင်း ၊ဖုန်းရွှေ နှင့် ရှေးဟောင်းပစ္စည်းများ အကဲဖြတ်ခြင်းတို့ ဖြစ် နေသည်။

သူသည် ဂူသင်္ချိုင်းတူးဖော်ခြင်းစွမ်းရည်များကို မထုတ်ဖော်နိုင်ပေ။ ဘာကြောင့်လဲဆိုတော့ ၎င်းက တရားမဝင်တာကြောင့်ဖြစ်သည်။အကယ်၍ သူသာထုတ်ဖော်လိုက်ပါက ထောင်ထဲ အောင်းနေရမည်ဖြစ်သည်။

သူ့ရဲ့ ဖုန်းရွှေစွမ်းရည်ကိုလည်း လင်ပေ့ဖန်ရှေ့မှာ ထုတ်ဖော်လို့ မရနိုင်ပေ။ အကယ်၍ လင်ပေ့ဖန်သာ ဖုန်းရွှေစွမ်းရည်ကို ရှာဖွေတွေ့ရှိသွားပါက သူသည် တစ်ခုခုကို သဲလွန်စရသွားလိမ့်မည်ဖြစ်သည်။ဒါကြောင့် သူသည် သတိရှိရှိဖြင့် လုပ်ဆောင်ရမည်ဖြစ်သည်။

မဟုတ်ရင် ဆိုးရွားတဲ့အရာတွေဖြစ်လာလိမ့်မည်ဖြစ်သည်။

ထို့ကြောင့် သူ့မှာ ရှေးဟောင်းပစ္စည်းအကဲဖြတ်ခြင်း စွမ်းရည်သာလျှင် ကျန်ရှိတော့သည်။

" ငါ့ရဲ့ အတိတ်ဘဝမှာတုန်းက လင်ပေ့ဖန်က ပိုက်ဆံအများကြီးရှိတာကြောင့် ရှေးဟောင်းပစ္စည်းတွေ စုဆောင်းရတာကို စိတ်ဝင်စားခဲ့တယ်။"

" အခု အဲ့ဒီအကြောင်းကို စဉ်းစားကြည့်တော့ မဆိုးဘူး။ ငါ ဒီအရေးသာမှုကို အသုံးချပြီးတော့ လင်ပေ့ဖန်ကို ရှေးဟောင်းပစ္စည်းတွေ အကဲဖြတ်ရာမှာ ကူညီပေးနိုင်တယ်။အကယ်၍ ငါလေးက အဲ့ဒီကနေ တန်ဖိုးရှိတဲ့ရှေးဟောင်းပစ္စည်းအချို့ကို ရွေးချယ်မိရင် အကောင်းဆုံးဘဲ။အဲ့ဒါဆိုရင် လင်ပေ့ဖန်က ငါ့ကို အမြင်သစ်နဲ့ ကြည့်မှာ အသေအချာဘဲ "

ဝူကောသည် စိတ်ကူးတွေယဉ် ထိပ်ဖူးတွေဝင်နေပြီး သူ့အတွေးဖြင့် သူ တစ်ယောက်ထဲရယ်မောနေခဲ့သည်။

……

ထို့နောက် နောက်တစ်နေ့ လင်ပေ့ဖန်ရဲ့ ရုံးခန်းထဲ၌ သန့်ရှင်းရေးလုပ်နေစဉ်တွင် သူသည် အခွင့်အရေးယူ၍ လင်ပေ့ဖန်ကို ပြောလိုက်သည်။

" ဘော့စ်လင် ၊ ဒီနေရာမှာ နေရာလွတ်အများကြီးရှိ နေတယ်။ ဒါက အတော်လေးကို ကြည့်မကောင်းဘူး။ ဒါကြောင့် ဘော့စ်လင် ဒီနေရာမှာ တစ်ခုခု မထားချင်ဘူးလား ? "

လင်ပေ့ဖန်သည် သူ့ကို ကြည့်ပြီး ပြောလိုက်သည်။

" အစ်ကိုဝူ ၊ ငါတို့ အဲ့ဒီနေရာမှာ ဘာပစ္စည်းကို ထားသင့်တယ်လို့ မင်းထင်လဲ ? "

" ဘော့စ်လင်ရဲ့ အခန်းထဲမှာ အလှဆင်ထားတာတွေအကုန်လုံးက တရုတ်ရိုးရာပုံစံအတိုင်း အလှဆင်ထားတယ်လို့ ကျွန်တော်ထင်တယ်။ ဒါကြောင့် ကျွန်တော်တို့ ရှေးဟောင်း ပစ္စည်းတွေ ဒါမှမဟုတ် ရှေးဟောင်းပန်းအိုးတွေကို ဒီနေရာမှာ ထားလိုက်ရင် အကောင်းဆုံးဖြစ်လိမ့်မယ်။ ဒါက ပိုပြီးတော့ ရိုးရာယဉ်ကျေးမှုကို ထင်ဟပ်စေလိမ့်မယ်။ ဒါ့အပြင်ရှေးဟောင်းပစ္စည်းတွေမှာ စုဆောင်းမှုတန်ဖိုး နဲ့ ရသခံစားနိုင်မှု တန်ဖိုး နှစ်ခုစလုံးရှိတယ်။ ဘော့စ်လင် အဲ့ဒါတွေကို ဝယ်ယူတာက အရှုံးမရှိဘူး။ "

" မင်းပြောတာ ကျိုးကြောင်းဆီလျော်တယ်။ ဒါဆိုရင် ငါတို့ ဒီနေရာမှာ ဘာကိုထားရမယ်လို့ မင်း အကြံပေးချင်လဲ ? "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" ကျွန်တော် အကြံပေးချင်တာက……..."

ထို့နောက် ဝူကောသည် သူ့ရဲ့စွမ်းရည်များကို ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ပရိုကျကျ စတင်ပြီး ပြောကြားခဲ့သည်။

လင်ပေ့ဖန်သည် အံ့အားသင့်စွာဖြင့် ဝူကောကို ပြောခဲ့သည်။

" အစ်ကိုဝူ ၊ မင်း ဒီနယ်ပယ်မှာ အတော်လေးကို သိထားပုံရတယ်။ "

" ကျွန်တော့်မှာ ဒီနယ်ပယ်နဲ့ ပတ်သတ်ပြီးတော့ ဗဟုသုတနည်းနည်းပဲ ရှိတာပါ။ "

ဝူကောသည်နှိမ့်ချစွာဖြင့် ပြန်ပြောခဲ့သည်။

" ကျနော်ငယ်ငယ်တုန်းက ကျောင်းမှာ စာသိပ်မလိုက်နိုင်ဘူး။ ဒါကြောင့် ရှေးဟောင်းပစ္စည်းတွေလေ့လာရာမှာ ကျနော်ရဲ့ အချိန်တွေကို သုံးစွဲခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ကျွန်တော် အဲ့ဒီအရာတွေနဲ့ ရင်းနှီးလာခဲ့တယ်။ဒါပေမဲ့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကို လေ့လာခွင့်မပေးဘူး။ သူတို့ ကျွန်တော့်ကို အဲ့ဒါတွေနဲ့ပဲ အချိန်မဖြုန်းနေနဲ့လို့ ပြောတယ်။ "

" ဒါက အခြေအမြစ်မရှိတာပဲ ။ ဘယ်နယ်ပယ်ကိုမဆို အမြင့်ဆုံးအဆင့်ကိုရောက်ရင် အထင်ကြီးစရာကောင်းတယ်။ ဒါ့အပြင် မင်း ဒီအရာတွေနဲ့ ရင်းနှီးတာကောင်းတယ်။ "

" မနက်ဖြန်စနေ၊တနင်္ဂနွေနေ့တွေမှာ ပစ္စည်းကောင်းတစ်ခုခု ရနိုင်မလားဆိုတာကို ကြည့်ဖို့ ငါ လမ်းဟောင်းကို သွားဖို့ အစီအစဉ်ရှိတယ်။ မင်း ငါနဲ့ အတူတူလိုက်ချင်လား ? " ဟု လင်ပေ့ဖန်က ဝူကောကို အပြုံးတစ်ပွင်ဖြင့် ဖိတ်ခေါ်ခဲ့သည်။

ထိုစကားကို ကြားလိုက်ရသောအချိန်တွင် ဝူကောသည် ပျော်ရွှင်စွာဖြင့် ပြန်ပြောခဲ့သည်။

" ကျွန်တော်မှာ အချိန်ရှိတယ် ဘော့စ်လင် ။ ကျွန်တော် ဘော့စ်လင်နဲ့ အတူတူလိုက်ခဲ့ပေးမယ်။ "

လင်ပေ့ဖန်သည်လည်း ပျော်ရွှင်သွားပြီး ပြောလိုက်သည်။

" ကောင်းတယ်။ အကယ်၍ မင်း ငါ့အတွက် ပစ္စည်းကောင်းတစ်ခုခုကို ရှာပေးနိုင်ခဲ့ရင် ငါမင်းကို သေချာပေါက် ရက်ရက်ရောရော ဆုချီးမြှင့်မယ်။ "

……………

ထိုသတင်းကောင်းဖြင့် ဝူကောသည် အိမ်ပြန်လာခဲ့သည်။သူသည် ထိုသတင်းကောင်းကို သူနဲ့တစ်အိမ်တည်းနေ အချစ်ဆုံးသူငယ်ချင်း ဝမ်ပန်ဇီ နှင့် မျှဝေချင်ခဲ့သည်။

သူတို့နှစ်ယောက်သည် အတူတူကြီးပျင်းလာရုံသာလျှင် မကပဲနဲ့ ဂူသင်္ချိုင်းများ တူးဖော်ရာတွင်လည်း အတူတကွ တူးဖော်ခဲ့တာကြောင့် သူတို့နှစ်ယောက်ရဲ့ နှောင်ကြိုးက ခိုင်မြဲနေခဲ့သည်။

ထို့နောက် ဝူကော အိမ်ထဲသို့ ဝင်ရောက်ပြီး မကြာမီမှာဘဲ သူသည် ဝမ်ပန်ဇီရဲ့ အသံကို ကြားခဲ့ရသည်။

" သားကြီး မင်း နောက်ဆုံးတော့ ပြန်လာပြီပေါ့။ ငါ ဗိုက်ဆာတယ်။ မင်း အစားအစာတစ်ခုခု ယူလာခဲ့လား ? "

" မင်း ဗိုက်ဆာနေတယ်ဆိုရင် အပြင်ထွက်ပြီးတော့ တစ်ခုခု မှာနိုင်တယ်၊ မဟုတ်ဘူးလား ? " ဟု ဝူကောက ဒေါသတကြီးဖြင့် ပြန်ပြောခဲ့သည်။

" အပြင်ထွက် ပြီးတော့ မှာတဲ့အစားအစာတွေက မင်း ယူလာတဲ့ အရသာရှိတဲ့ အစားအစာတွေနဲ့ မယှဉ်နိုင်ဘူး။ ဒါနဲ့ မင်း ငါကြိုက်တဲ့ အစားအစာတွေ ယူလာခဲ့လား ? " ဟု ဝမ်ပန်ဇီက ဝူကောကို မေးလိုက်သည်။

" ယူလာတာပေါ့ ၊ အကုန်လုံးက မင်းအကြိုက်တွေချည်းပဲ။ " ဟု ဝူကောက ပြောလိုက်သည်။

ခပ်ဝဝပုံသဏ္ဌာန်တစ်ခုက အိမ်ထဲကနေ ပြေးထွက်လာခဲ့ပြီး ဝူကောကိုင်ထားတဲ့ အိတ်ကို လုယူခဲ့သည်။ထို့နောက် သူသည် အိတ်ထဲကို ကြည့်လိုက်ပြီး သွားရည်တစ်တောက်တောက် မရပ်တန့်နိုင်အောင် ကျလာခဲ့သည်။

" တုံပိုဝက်သားဟင်း ၊ ဇီးသီးဘဲသားချဉ်စပ်ကင် ၊ ဝက်အူချောင်းဆီပူကြော်……အကုန်လုံးက ငါ့အကြိုက်တွေချည်းပဲ ။ မင်းက သူငယ်ချင်းကောင်းပဲ ။ ငါ မင်းကို ချစ်သွားပြီ။ "

" ရွံစရာကောင်းတဲ့ စကားတွေ ပြောတာကို ရပ်ပြီးတော့ မြန်မြန်သာ စားစမ်းပါ။ " ဟု ဝူကောက ပြောလိုက်သည်။

" ကောင်းပြီ ၊ ဟီး ဟီး…… "

ဝူကောသည် သူ့ဘဝတစ်ေလျှာက်လုံး အချစ်ဆုံးသူငယ်ချင်းဖြစ်တဲ့ ဝမ်ပန်ဇီ ထမင်းစားတာကို ကြည့်ပြီး သူ့ရဲ့ စိတ်ထဲမှာ နွေးထွေးသွားသလို ခံစားခဲ့ရသည်။

သူသည် သူ့ရဲ့ စိတ်ထဲကနေ တိတ်တိတ်ကလေး ကျိန်ဆိုခဲ့သည်။

ပန်ဇီ ဒီဘဝမှာတော့ ငါ မင်းကို ထပ်ပြီး ဒုက္ခရောက်စေမှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်လုံးရဲ့ ဘုံရန်သူကို ငါ အနိုင်ယူပြီးတော့ သူ့စီက အရာအားလုံးကို တစ်ခုမကျန် ဆုံးရှုံးသွားအောင် ငါ လုပ်ပစ်မယ်……။

All Chapters