← Chapters

အခန်း (၈၆)

Vol. 6 Ch. 86

အခန်း (၈၆)

Vol. 6 Ch. 86

" ဟေး ၊မင်းလို ကောင်လေးက ဘာလို့ သန့်ရှင်းရေးအလုပ်ကို လုပ်ဖို့ ဆုံးဖြတ်ခဲ့တာလဲ ?။ ငါတို့ ဂူသင်္ချိုင်းတွေကိုဖောက်ပြီးတော့ ရတနာတွေကို ရှာနိုင်တယ်လေ။ အဲ့ဒါက ပိုပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတယ်မဟုတ်ဘူးလား?။ "

" ဒါ့အပြင် ငွေရှာဖို့ ဂူသင်္ချိုင်းတစ်ခုကို တူးဖော်ရတာက ပိုကောင်းတယ်မဟုတ်ဘူးလား ? "

" မင်း ဘာကြောင့် ဒီအလုပ်ကို လုပ်နေလဲဆိုတာတော့ ငါမသိဘူး။ အကယ်၍ ငါသာ မင်းကိုကောင်းကောင်းမသိဘူးဆိုရင် မင်းကို နတ်ဆိုးတစ်ကောင်က ဝင်ပူးထားတယ်လို့ ငါ သံသယဖြစ်မိမှာအမှန်ဘဲ"

ဝမ်ပန်ဇီက အစာစားရင်း ဝူကောကို မေးမြန်းခဲ့သည်။

" မင်း စိုးရိမ်စရာမလိုဘူး။ ငါလုပ်နေတဲ့အရာတွေအတွက် ငါ့မှာ ကိုယ်ပိုင် အကြောင်းပြချက်ရှိတယ်။ ဘာပဲဖြစ်ဖြစ် ငါမင်းကို ထိခိုက်နာကျင်စေမှာမဟုတ်ဘူး။ "

" ဟုတ်တာပေါ့ ၊မင်း ငါ့ကို ထိခိုက်စေမှာ မဟုတ်ဘူး။ ငါတို့နှစ်ယောက်မှာ ခိုင်မြဲတဲ့ ခင်မင်ရင်းနှီးမှုရှိတယ်လေ။ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီက ရယ်မော၍

ဝူကော၏ ပုခုံးကို သူ့ရဲ့ အဆီပေးနေသော လက်ဖြင့် သုတ်ခဲ့သည်။

ဝူကောသည် မျက်မှောင်ကြုတ်ပြီး ရွံရှာသော အမူအရာဖြင့် ပြောလိုက်သည်။

" မင်းရဲ့ အဆီပေးနေတဲ့ ဝက်လက်တွေနဲ့ ငါ့ကို မထိနဲ့။ "

" ဟီး ဟီး !! နည်းနည်းလေး ထိတာ ဘာဖြစ်လို့လဲ ? ။ မင်းရဲ့ အသားတွေ ပဲ့ပါသွားတာမှ မဟုတ်တာ။ " ဟု ဝမ်ပန်ဇီက ပြောလိုက်သည်။

ထို့နောက် သူတို့နှစ်ယောက်သည် ညစာကို ဆက်စားခဲ့ကြသည်။

" အို့ ! ပန်ဇီ ငါ မင်းကို ပြောစရာတစ်ခုရှိသေးတယ်။"ဟု ဝူကောက ပြောလိုက်သည်။

" ဘာကိစ္စလဲ ၊ငါ့ကို ပြော "

" မနက်ဖြန်ကျရင် ငါ အခုအလုပ်လုပ်နေတဲ့ ကုမ္ပဏီရဲ့ေဘာ့စ်ကို ဒီကိုခေါ်လာခဲ့မယ်။ ငါတို့ရောက်လာရင် ငါတို့ဆိုင်က ပစ္စည်းကောင်းလေးတွေကို ယူထုတ်လာခဲ့ပေးနော်။ "

" ဟားဟား ၊ မင်း ဝယ်သူတစ်ယောက်ကို ရှာတွေ့ခဲ့ပြီလား ?။ ဝူကော မင်းက ဒီနေရာမှာ အတော်လေးကိုစွမ်းဆောင်နိုင်တာပဲ။ "

ထို့နောက် ဝမ်ပန်ဇီရဲ့ မျက်လုံးများက လက်သွားခဲ့သည်။

" ငါ ကြားတာတော့ မင်း လင်ရင်းနှီးမြှုပ်နှံရေးကုမ္ပဏီမှာ အလုပ်လုပ်နေတယ်ဆို။အဲ့ကုမ္ပဏီကို လက်ရှိမှာ လင်မိသားစုရဲ့ သုံးစားမရတဲ့ သားက ကိုင်တွယ်နေတာမှတ်လား? ။ ဒီကောင်က သုံးစားမရပေမဲ့ ပိုက်ဆံတော့ချမ်းသာတယ်။ ငါ သူ့ကို ကောင်းကောင်း ဂျင်းထည့်ပေးလိုက်မယ်။ "

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝူကောသည် သူ့အရင်ဘဝတုန်းက ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တိုင်းကို သွားသတိရမိခဲ့ပြီး ထိတ်လန့်သွားခဲ့သည်။

ထို့ကြောင့် သူသည် ဝမ်ပန်ဇီကို အမြန်အကြံပေးခဲ့သည်။

" ပစ္စည်းအတုတွေနဲ့ သူ့ကိုသွားပြီးတော့ ဂျင်းမထည့်နဲ့။ သူက အရမ်းပဲ ထက်မြက်တယ်။ ဒါကြောင့် မင်း ပစ္စည်းအစစ်တွေကိုပဲ သုံးပြီးတော့ရောင်းလိုက်။ "

" အိုကေ ၊ ငါ ပစ္စည်းအစစ်တွေကို သုံးလိုက်မယ်။ ဒါပေမဲ့ ငါ သူ့ကို ဈေးအမြင့်ကြီး တင်ပြီးတော့ ရောင်းမှာေနာ်။ "

" ဈေးတင်ပြီးတော့လည်း မရောင်းနဲ့ ။ သူ့ကို စျေးလျော့ပြီးတော့ ရောင်း…။ ပြီးတော့ မင်း အဲပစ္စည်းတွေရဲ့တန်ဖိုးကိုလည်း မသိဟန်ဆောင်လိုက်ဦး။ "

" ဝူကော မင်း ရူးသွားပြီလား?။ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် ခုန်ထလိုက်ပြီး ဝူကောကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်သည်။

" မင်းက ငါ့ကို ပစ္စည်းအစစ်တွေကိုပဲ ယူလာခိုင်းတယ်။ ပြီးတော့ မင်းက အဲ့ပစ္စည်းတွေကိုလည်း လျော့ဈေးနဲ့ သူ့ကို ရောင်းစေချင်တယ်ပေါ့ ၊ဟုတ်လား ? ။ အဲဒါကို ရူး နေတဲ့ လူတွေပဲ လုပ်လိမ့်မယ်။ သားရီး မင်း နေရောကောင်းရဲ့လား ? "

ဝူကောသည် သူ့ရဲ့စိတ်ထဲတွင် သက်ပြင်းကြိတ်ချလိုက်သည်။

ဒီလိုလုပ်လို့ သူ့သူငယ်ချင်းပန်ဇီက သူ့ကို ကြိမ်းမောင်းမယ်ဆိုတာ သူသိပေမဲ့လည်း သူ လုပ်ရမည်ဖြစ်သည်။

ဒီလမ်းဟောင်းတွင် ရောင်းချနေေသာ ပစ္စည်းဟောင်းများနှင့် ရှေးဟောင်းပစ္စည်းများ၏ ၉၉.၉၉ရာခိုင်နှုန်းက အတုများ ဖြစ်ကြပြီး လူတွေရဲ့ စိတ်ကို လှည့်စားဖို့သာ ဖြစ်ကြသည်။

အကယ်၍ သင်သာ ဒီလမ်းဟောင်းတွင် တစ်နေ့လုံး အသုံးပြု၍ ပစ္စည်းကောင်းတစ်ခုကို ရှာတွေ့နိုင်ပါက သင်သည် အမှန်တကယ်ကို ထူးခြားသည်ဟု ဆိုရမည်ဖြစ်သည်။

သူသည် လင်ပေ့ဖန်ကို ဒီနေရာ လာစေချင်တဲ့ အကြောင်းအရင်းကေတာ့ သူ့ရဲ့ စွမ်းရည်များနှင့် တန်ဖိုးကို ပြသပြီးနောက် လင်ပေ့ဖန်၏ ယုံကြည်မှုကို ရရှိရန်ဖြစ်သည်။

လင်ပေ့ဖန်ကို ကောင်းတဲ့ အရာတစ်ခုခုကို အရင်ဝယ်ခွင့်ပေးလိုက်တာက ဒီနေရာမှာ ပစ္စည်းကောင်းတွေ ရှိတယ်လို့ သူ့ကို ခံစားရစေမည်ဖြစ်သည်။ ထိုမှသာလျှင် သူ့ရဲ့တန်ဖိုးကို အမှန်တကယ် ထုတ်ဖော်နိုင်မှာဖြစ်သည်။

အကယ်၍ သူသာ ဒီနေရာမှာ ပစ္စည်းကောင်းများ ဒါမှမဟုတ် အတုများကိုသာ ဝယ်မိခဲ့ပါက သူ့ရဲ့စွမ်းရည်များကို လုံးဝ မပြသနိုင်ဘဲ ဖြစ်လိမ့်မည်ဖြစ်သည်။ ဒါက သူ့ဘာသာ သူ တစ်ယောက်တည်း ဈေးဝယ်ထွက်တဲ့ ခရီးတစ်ခုလို ဖြစ်နေလိမ့်မည်။

ထို့ကြောင့် ဝူကောသည် ဂရုတစိုက် စဉ်းစားပြီးသည့်နောက်တွင် သူ့ပိုင်ဆိုင်မှုထဲက ပစ္စည်းအနည်းငယ်ကို စွန့်လွှတ်ဖို့ သူ ဆုံးဖြတ်ချက်ချခဲ့သည်။

ထို့နောက် ဝူကောသည် ဝမ်ပန်ဇီကို လေးလေးနက်နက်ပြောလိုက်သည်။

" ပန်ဇီ ငါ မရူးဘူး။ ငါ အခု တော်တော်လေးကို ခေါင်းရှင်းနေတယ်။ ပြီးတော့ ဒီကိစ္စက ငါ့အတွက် အရေးကြီးတယ်။ ပန်ဇီ ကျေးဇူးပြုပြီးတော့ ငါ့ကိုကူညီပေးပါ။ ဒီကိစ္စပြီးသွားတဲ့အခါကျရင် အခု ဆုံးရှုံးမှုတွေအတွက် ငါ ဂူသင်္ချိုင်းအနည်းငယ်ကို သွားဖောက်ပေးမယ်။ ဒါဆိုရင် ဘယ်လိုလဲ ? "

ဝမ်ပန်ဇီသည် နောက်တစ်ဖန် ပြန်ထိုင်ချခဲ့ပြီး သူ့ရဲ့ လက်ကို ဝှေ့ယမ်း၍ ပြောလိုက်သည်။

" ကောင်းပြီ ၊ မင်းက ငါ့ရဲ့ အချစ်ဆုံးသူငယ်ချင်းပဲ လေ? ။ အကယ်၍ ငါမင်းကို မကူညီရင် ဘယ်သူက ကူညီပေးမှာလဲ?။ ဒါပေမဲ့ ငါမင်းကို ကြိုတင်ပြောထားမယ် ၊ အကြီးစားပစ္စည်းတွေကိုတော့ ငါ သူ့ကို ရောင်းမှာ မဟုတ်ဘူး။ "

" မင်း ပစ္စည်းအသေးစားတွေကိုပဲ ယူလာခဲ့ရင်လုံလောက်ပြီ။ " ဟု ဝူကောက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

သူ့အတွက်တော့ ထိုပစ္စည်းအသေးစားများကို ယူထုတ်လာခြင်းက ပိုက်ဆံ သန်းအနည်းငယ်လောက်ကို ဆုံးရှုံးစေလိမ့်မည်ဖြစ်သည်။ ဒါပေမဲ့လည်း အဲ့ဒီလောက်တော့ သူ တတ်နိုင်သေးသည်။

အကယ်၍ ပိုက်ဆံသန်းအနည်းငယ်လောက်က လင်ပေ့ဖန်နှင့် သူ့ကို နီးစပ်အောင်လုပ်ပေးနိုင်ခဲ့လျှင် ၎င်းက ထိုက်တန်လိမ့်မည်ဖြစ်သည်။

" ပြီးတော့ မင်းငါ့ကို မသိသလိုလည်း ဟန်ဆောင်ရမယ်နော် ၊ ငါပြောတာ မင်း သဘောပေါက်လား ? "

" ငါ မင်းကို ပြောဦးမယ် ဝူကော။ "

ထို့နောက် ဝမ်ပန်ဇီသည် မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

" မင်း တကယ် ဘာလုပ်ဖို့ စီစဉ်နေတာလဲ ? "

"အကယ်၍ မင်း ပြဿနာကို ရှောင်ချင်တယ်ဆိုရင် ငါ ပြောသလိုသာ လုပ်စမ်းပါ။ ငါ မင်းကို ထိခိုက်စေမှာ မဟုတ်ဘူး။ " ဟု ပြောလိုက်သည်။

ထို့နောက် ဝူကောသည် သူ့ရဲ့စိတ်ထဲတွင် သူ့ဘာသာသူ တွေးလိုက်သည်။

ပန်ဇီ ၊ ဒီကိစ္စကို ငါတစ်ယောက်ထဲ ခေါင်းခံခွင့် ပေးပါ။ မင်းကတော့ ပျော်ပျော်ရွှင်ရွှင်နေပေါ့……။

နောက်တစ်နေ့တွင် ဝူကောသည် ပေါ့ပေါ့ပါးပါးဝတ်စုံဖြင့် လမ်းဟောင်း၏ ဝင်ပေါက်တွင် လင်ပေ့ဖန်နှင့် တွေ့ဆုံခဲ့သည်။

လင်ပေ့ဖန်တစ်ယောက်ထဲလာတာ မဟုတ်ဘဲနဲ့ သူသည် ရယ်သပ်ရှုမောဖွယ် အလှလေးတစ်ယောက်ကိုလည်း သူနဲ့အတူခေါ်လာခဲ့သည်။ ထို့ပြင် သူတို့နှစ်ယောက်ကို အဝေးကနေကြည့်ရတာက လိုက်ဖက်တဲ့ စုံတွဲတစ်တွဲလို ဖြစ်နေခဲ့သည်။

" ဘော့စ်လင် ၊ မင်း ဒီကို အစောကြီးလာတာပဲ ။ " ဟု ဝူကောက ပြောလိုက်သည်။

" အစ်ကိုဝူ ၊ မင်းလည်း အစောကြီးရောက်နေတာပဲ။ မင်းကို ကြည့်ရတာ အတော်လေးကို တက်ကြွနေသလိုဘဲ။ "

" ငါမင်းကို လူတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်။ "

ထို့နောက် လင်ပေ့ဖန်သည် ဆောင်ယုချင်းကို ဆွဲပြီး ပြောလိုက်သည်။

" ဒါက ငါ့ကောင်မလေး ၊ဆောင်ဆေးရုံရဲ့ စီအီအိုဖြစ်တဲ့ ဆောင်ယုချင်းပဲ။ ငါတို့ဒီနေရာကို လာမယ်လို့ သူမ ကြားပြီးတော့ စိတ်ဝင်စားတာကြောင့် ငါ နဲ့အတူတူ သူမကို ခေါ်လာခဲ့တာ။ "

ဝူကောသည် သူရှေ့က ရင်သပ်ရှုမောဖွယ် အလှလေး ဆောင်ယုချင်းကို ကြည့်လိုက်သည်။

သူ့ရဲ့ အတိတ်ဘဝမှာတုန်းက သူမသည် နတ်ဆေးဆရာတစ်ယောက်နှင့် စေ့စပ်ထားပေမဲ့လည်း

လင်ပေ့ဖန်က သူမရဲ့ အချစ်ကို ရအောင် လုယူခဲ့သည်။

ဆောင်ယုချင်းသည် လင်ပေ့ဖန်ရဲ့ အမျိုးသမီးများထဲတွင် သူမရဲ့ နောက်ခံ နှင့် ကျော်ကြားမှုက အနိမ့်ဆုံးဖြစ်သည်။ သို့သော်လည်းပဲ သူမသည် လင်ပေ့ဖန်ရဲ့ နောက်ကွယ်တွင် အရာရာတိုင်းကို တိတ်တဆိတ် ကိုင်တွယ်ပေးခဲ့ပြီး လင်ပေ့ဖန်ရဲ့ အရေးပါဆုံး အမျိုးသမီးတစ်ယောက်ဖြစ်လာခဲ့သည်။

" မင်္ဂလာပါ ၊မစ်ဆောင် ။ ကျွန်တော်က ဝူကောပါ။

မစ်စ် ကျွန်တော့်နာမည်ကို ရှောင်ဝူလို့လည်း ခေါ်နိုင်ပါတယ်။ ရိုးရိုးသားသားပြောရရင် မစ်စ်က နတ်သမီးလေးလိုပဲ တကယ့်ကို လှပလွန်းတယ်။ ပြီးတော့ မစ်စ်ဆောင် နဲ့ မစ်စတာလင်က လိုက်ဖက်လွန်းတယ်။ " ဟု ဝူကော မြှောက်ပင့်ပြီး ပြောခဲ့သည်။

" ကျေးဇူးတင်ပါတယ်။ မင်းမှာ ချိုမြိန်တဲ့ ပါးစပ်တစ်ခုရှိတာပဲ ။ " ဟု ဆောင်ယူချင်းက တခစ်ခစ်ရယ်မောပြီး ပြောလိုက်သည်။

" မစ္စတာလင် ၊ အခု လူတိုင်းလည်း ဒီကိုရောက်ပြီဆိုတော့ ကျွန်တော်တို့ အထဲဝင်တော့မလား ? "ဟု ဝူကောက မေးလိုက်သည်။

" ခဏစောင့်ဦး ၊လူတစ်ယောက်ကျန်သေးတယ်။ "ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" ဘယ်သူလဲ? "

ထိုအချိန်တွင် အဝေးမှ ရင်းနှီးပြီး ရွှင်မြူးတဲ့ အသံတစ်သံ ထွက်လာခဲ့သည်။

" မစ္စတာလင် ၊ ရှောင်ဝူ ၊ ငါရောက်ပြီ။ "

ဝူကောသည် သူ့ရဲ့ဦးခေါင်းကိုလှည့်ပြီး ကြည့်လိုက်ချိန်တွင် ကြောင်တောင်တောင်ဝတ်စုံ ဝတ်ထားသော အန်တီလျူက ရောင်စုံအင်္ကျီတွေကို ဝတ်ဆင်ထားတဲ့ ဆင်တစ်ကောင်လို အားမာန်အပြည့်ဖြင့် သူတို့ဆီ ပြေးလာတာကို မြင်လိုက်ရသည်။

" တကယ်တော့ ငါပြောတဲ့ လူက အန်တီလျူပဲ။ " ဟု လင်ပေ့ဖန်က အပြုံးတစ်ပွင့်ဖြင့် ပြောခဲ့သည်။

ဝူကော၏ တက်ကြွနေတဲ့ စိတ်အခြေအနေက ချက်ချင်းပဲ ပြိုလဲသွားခဲ့သည်။

" ဘော့စ်လင် ၊ အန်တီလျူကို ဘာလို့ ဒီနေရာကို ဖိတ်ခေါ်ခဲ့ရတာလဲ ? "

" ငါက ငါ့ကောင်မလေးနဲ့အတူ ဒီနေရာကို စုံတွဲ လာခဲ့တာဆိုတော့ မင်းတစ်ယောက်ထဲ ဖြစ်နေရင်မကောင်းဘူးလေ။ ဒါကြောင့် မင်းအတွက် အဖော်ရအောင်လို့ အန်တီလျူကိုပါ ငါ ဖိတ်ခေါ်လိုက်တာ။ ဒါက အံ့အားသင့်စရာကောင်းတယ်မဟုတ်ဘူးလား ?" ဟု လင်ပေ့ဖန်က တောက်ပသော အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်သည်။

" မင်း ငါ့ကို ကျေးဇူးတင်စရာမလိုပါဘူး။ ဒါက ငါ လုပ်သင့်တာပဲ။ "

ဝူကော : ဒီဖေ…

သေစမ်း …

ဒါက အံ့အားသင့်စရာ မဟုတ်ဘူးဟ…။

ဒါက ထိတ်လန့်စရာကြီးဟ…။

" အဲ့ဒီအတွက် ငါ မင်းကို ကျေးဇူးတင်ပါတယ် " ဟု ဝူကောက ငိုမဲ့မဲ့အမူအရာဖြင့် ပြောလိုက်သည်။

အဲ့ဒီအချိန်မှာဘဲ အန်တီလျူက သူတို့ ဘေးနားကို ရောက်ရှိလာခဲ့သည်။

" မင်္ဂလာပါ မစ္စတာလင် နဲ့ မစ်ဆောင် ။"

" မင်္ဂလာပါ ရှောင်ဝူ ။ မင်းနေကောင်းလား ? " ဟု အန်တီလျူက ပြောလိုက်သည်။

" လွန်ခဲ့တဲ့၁၈နာရီလောက်က ဒို့ မင်းကို နောက်ဆုံးတွေ့ခဲ့တာပဲ။ မင်း ဒို့ကို လွမ်းနေလား ? "ဟု အန်တီလျူက ရှက်ရွံသောအသံဖြင့် ဝူကောကို မေးလိုက်ပြန်သည်။

ဝူကော : အမ်….

" ဒို့ မင်းအကြောင်းကို အချိန်တိုင်း တွေးနေတာ။ အခုကနေစပြီးတော့ ဘာလို့ ငါတို့ အတူတူမနေကြတာလဲ?။ ငါတို့သားကပြောတယ်။ ငါတို့ အတူတူနေရင် သူ စိတ်မရှိဘူးတဲ့။ " ဟု အန်တီလျူက ပြောလိုက်သည်။

ဝူကော : အမ် …...

" မင်း ဘာလို့ စကားမပြောတာလဲ ? ။ အကယ်၍ မင်း စကားပြန်မပြောရင် တို့ရဲ့ လက်သီးသေးသေးလေးကို သုံးပြီးတော့ ဒို့ မင်းရင်ဘတ်ကို ထုမှာနော်။ "

" ဝူကော ၊အန်တီလျူ အခုက အလုပ်ချိန်မဟုတ်သလို ၊ ကုမ္ပဏီမှာလည်းမဟုတ်ဘူး။ဒါကြောင့် မင်းတို့နှစ်ယောက် ဒီလောက်ထိ အဖြစ်သည်းစရာ မလိုဘူး။ သူငယ်ချင်းတွေလိုပဲ သဘာဝအတိုင်း ဆက်ဆံပါ။"

လင်ပေ့ဖန်သည် သူ့ရဲ့ လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြောခဲ့သည်။

" အခု လူတိုင်းလည်း ဒီကို ရောက်ပြီဆိုတော့ ငါတို့ အထဲကို ဝင်ကြရအောင်။ "

ထို့ေနာက် လင်ပေ့ဖန်သည် ဆောင်ယုချင်း၏ လက်ကို သဘာဝကျစွာဖြင့် ဆုပ်ကိုင်ခဲ့သည်။

သဘာဝကျစွာဖြင့် ဝူကောသည်လည်း သူ့ရဲ့ လက်ကို အန်တီလျူရဲ့ လက်က ဆုပ်ကိုင်တာကို တွေ့လိုက်ရသည်။

ထိုသို့ဖြင့် စုံတွဲနှစ်တွဲက လမ်းဟောင်းထဲသို့ အတူတကွ လမ်းလျှောက်ဝင်သွားခဲ့သည်။

All Chapters