← Chapters

အခန်း (၈၈)

Vol. 6 Ch. 88

အခန်း (၈၈)

Vol. 6 Ch. 88

လင်ပေ့ဖန်ပြန်ပြောလိုက်သော စကားကြောင့် ဂူသင်္ချိုင်းဖောက်သူနှစ်ယောက်သည် ထိတ်လန့်သွားခဲ့သည်။

အန်တီလျူသည်လည်း ရှက်ရွံ့စွာဖြင့် အော်ပြီး ခေါင်းငုံ့ခဲ့သည်။

ဝမ်ပန်ဇီ၏ မျက်လုံးများက မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်သွားခဲ့ပြီး ပြောလိုက်သည်။

" သူဌေး မင်း အထင်မှားနေတာ မဟုတ်ဘူးလား ?။

ဒီအမျိုးသမီးက အဲ့ဒီလူငယ်လေးရဲ့ ရည်းစားရော တကယ် ဟုတ်လို့လား ?။ သူတို့နှစ်ယောက်က လိုက်ဖက်တဲ့ ပုံလည်း မပေါ်ဘူး။ ပြီးတော့ သူတို့နှစ်ယောက်ရဲ့ အသက်ချင်းကလည်း အရမ်းကွာခြားတယ်လေ။ "

" ညီအစ်ကို ၊ မင်းအမြင်ကျဥ်းလွန်းနေပြီ မထင်ဘူးလား?။ အချစ်ရေးမှာ လူမျိုးကလည်း ပြဿနာမဟုတ်ဘူး ၊ လိင်အမျိုးအစားကလည်း ပြဿနာမဟုတ်ဘူး ၊ ပြီးတော့ အသက်အရွယ်ကွာခြားချက်ကလည်း ပြဿနာမဟုတ်ဘူးလို့ မင်းမထင်ဘူးလား ?။" ဟု လင်ပေ့ဖန်က မျက်လုံးတစ်ဖက်မှိတ်ပြီး ပြောလိုက်သည်။

" မင်းပြောတာ အဓိပ္ပာယ်ရှိတယ်။ ဒါပေမဲ့…… "

ဝမ်ပန်ဇီက ဆက်လက်ပြီး ငြင်းခုံချင်ခဲ့သည်။

လင်ပေ့ဖန်က ဝမ်ပန်ဇီဘေးနားသို့ အနည်းငယ်ကပ်ပြီး တိုးတိုးလေးပြောလိုက်သည်။

" ညီအစ်ကို ၊ ငါမင်းကို ပြောပြမယ်။ ငါ့အစ်ကိုဝူက သူ့ကောင်မလေးရဲ့ အဖြေကို ရဖို့အတွက် အချိန်အကြာကြီး ကြိုးစားခဲ့ရတာ။ "

" သူဘယ်လိုကြိုးစားခဲ့တာလဲ ? ။ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် သိချင်စိတ်တွေ ပြင်းပြလာခဲ့သည်။

လင်ပေ့ဖန်က ဝမ်ပန်ဇီကို တိုးတိုးလေးပြောပြခဲ့သည်။

" မင်း သိလား ?။ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က အန်တီလျူရဲ့ လက်မောင်းထဲကို သူမတော်တဆ ကျသွားခဲ့တယ်။ ပြီးတော့ သူ့နှာခေါင်းကနေ နှာခေါင်းသွေးတွေ လျှံ ထွက်လာခဲ့တယ်လေ။ငါအထင်တော့ သူ ဒီအခွင့်အရေးကို ယူပြီး ရည်ရွယ်ချက်ရှိရှိ ဟန်ဆောင်နေတာလို့ ငါ သံသယရှိတယ်။ "

ဝမ်ပန်ဇီ : အမ် …

လင်ပေ့ဖန်က ဆက်လက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

" နှစ်ရက်ကြာပြီးတဲ့နောက်မှာ သူက ငါတို့ ကုမ္ပဏီမှာရှိတဲ့ လူတွေအကုန်လုံးရဲ့ ရှေ့မှာ အန်တီလျူကို ဘေဘီလေး ၊သဲတုံးလေးလို ချစ်စကားလေးတွေကို တီတီတာတာအော်ပြောပြီးတော့ အန်တီလျူနောက်ကို ပြေးလိုက်တယ်လေ။ အကယ်၍ ဒါက အချစ်စစ်သာ မဟုတ်ရင် ၊သူ့မှာ ဘယ်လိုလုပ်ပြီးတော့ အဲ့လို သတ္တိမျိုးရှိနိုင်မှာလဲ ? ။ "

ဝမ်ပန်ဇီ : ……

ထို့နောက် လင်ပေ့ဖန်သည် ဝမ်ပန်ဇီကို တိုးတိုးလေး ထပ်ပြောလိုက်ပြန်သည်။

" နောက်ဆုံးမှာတော့ သူက ငယ်ရွယ်ပြီးတော့ အားမာန်ပြည့်ဝတာကြောင့် အန်တီလျူရဲ့ ညှို့အားပြင်းတဲ့ ဆွဲဆောင်မှုကို မတောင့်ခံနိုင်ခဲ့ဘူး။ ဒါကြောင့် သူက အန်တီလျူကို အမှားကျူးလွန်လုနီးပါး ဖြစ်ခဲ့တယ်လေ။ ကံကောင်းလို့ ငါတို့ အရောက်မြန်ခဲ့လို့သာ ဘာမှမဖြစ်သွားခဲ့တာ။ "

ဝမ်ပန်ဇီ : ……

ဝမ်ပန်ဇီ၏ မျက်ခုံးများက ထိဆက်လုနီးပါးဖြစ်သွားခဲ့သည် ။

သူ့လို ဖက်တီးတစ်ယောက်အတွက်တော့ စော်တစ်ယောက်ကို လိုက်ရတာက စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။

" ဒါပေမဲ့ ကံကောင်းချင်တော့…. ဒါက အဆုံးမှာ ပျော်ရွှင်စရာကောင်းတဲ့ အဆုံးသတ်တစ်ခုဖြစ်သွားတယ်။"

လင်ပေ့ဖန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" ငါတို့ရဲ့ အန်တီလျူက နောက်ဆုံးမှာတော့ သူ့ရဲ့ ဇွဲရှိမှု နဲ့ ရိုးသားမှုကြောင့် သူ့ရဲ့ ကောင်မလေးဖြစ်ဖို့ သဘောတူခဲ့တယ်။ ပြီးတော့ သူတို့နှစ်ယောက်က ကောလဟာလ တွေကြားမှာ အတူတကွ လမ်းလျှောက်ထွက်ခဲ့ကြတယ်။ "

ဝမ်ပန်ဇီသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

" သူဌေး ၊မင်း စနေတာ မလား ?။ သူတို့ တကယ်တွဲနေတာလား ?။ "

" ငါပြောတဲ့ စကားအကုန်လုံးက အမှန်တွေချည်းပဲ။"ဟု လင်ပေ့ဖန်က ခေါင်းညိတ်ပြီး လေးလေးနက်နက်ပြောလိုက်သည်။

" သူငါ့ကုမ္ပဏီမှာ အလုပ်လာလုပ်တာက အန်တီလျူကို လိုက်ဖို့ ဖြစ်နိုင်တယ်လို့ ငါတောင် သံသယရှိတယ်။ "

ထိုအချိန်တွင်ဝူကောသည် လင်ပေ့ဖန်၏ အနောက်သို့ရောက်ရှိလာခဲ့ပြီး မည်းမှောင်သောမျက်နှာဖြင့် ပြောလိုက်သည်။

" ဘော့စ်လင် ၊ လုံလောက်ပြီထင်တယ်။ ကျွန်တော်တို့ ဒီကို ရှေးဟောင်းပစ္စည်းတွေ ဝယ်ဖို့ လာခဲ့တာလေ။ "

" ငါ တောင်းပန်ပါတယ်။ ခုနက ငါ အရမ်းစိတ်လှုပ်ရှားပြီးတော့ ပြောမိသွားတာ။ " ဟု လင်ပေ့ဖန်က ဝူကောကို တောင်းပန်ခဲ့သည်။

ဝူကော : ဒီဖေ…

.

ထိုအချိန်တွင် ဝမ်ပန်ဇီသည် အရာအားလုံးကို ရှာဖွေတွေ့ရှိသွားပုံရသည်။

သူသည် ဝူကောကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သည်။

အို့ ၊ ကောင်လေး ၊ မင်း ရုတ်တရက် သန့်ရှင်းရေးအလုပ်ကို လုပ်တာ အံ့ဩစရာမရှိပါဘူး…။

မင်းက သန့်ရှင်းရေးအလုပ်လုပ်ပြီးတော့ မင်းကြိုက်တဲ့ကောင်မလေးနဲ့ နီးစပ်အောင်လို့ ကြိုးစားနေတာ ရှင်းနေတာပဲ…။

အကယ်၍ မင်း ကောင်မလေးတစ်ယောက်ကို လိုက်ချင်ရင်လည်း လိုက်ပါ ။ ငါ မင်းကို မတားပါဘူး…။

ဒါပေမဲ့ မင်း ရွေးချယ်လိုက်တဲ့ မိန်းမက ဘယ်လို မိန်းမကြီးလဲဟ…။

သူမက မင်းအမေ အရွယ်လောက်တောင် ဖြစ်နိုင်တယ်…။

မင်း ဂူသင်္ချိုင်းထဲမှာ အချိန်အကြာကြီး ဖြုန်းပြီးတော့ ကျုံဇီကောက်ညှင်းထုပ်တွေပဲ နေ့တိုင်း စားနေရတာကြောင့် မင်း အကြိုက် ပြောင်းသွားတာ ဖြစ်နိုင်မလား……?

ဝူကောသည် ဝမ်ပန်ဇီ၏ စစ်ဆေးနေတဲ့ အကြည့်အောက်တွင် အတော်လေး ရှက်ရွံ့သွားသလို ခံစားခဲ့ရသည်။

သူသည် ဒါတွေအကုန်လုံးက နားလည်မှုလွဲနေတာပါလို့ ဝမ်ပန်ဇီကို တကယ်ရှင်းပြချင်ခဲ့သည်။ သို့သော်လည်းပဲ အခုချိန်တွင် လူတိုင်းက သူ့ဘေးနားမှာ ရှိနေတာကြောင့် သူသည် ဝမ်ပန်ဇီကို ရှင်းပြလို့မရသေးပေ။ ထို့ကြောင့် သူသည် ဝမ်ပန်ဇီကို နောက်မှပဲ ရှင်းပြရလိမ့်မည်ဖြစ်သည်။

……

ထို့နောက် ဝူကောသည် သူဖျော်ဖြေရန် အလှည့်ရောက်လာသောအခါတွင် သူသည် အခန်းထဲမှာ ပြသထားတဲ့ ရှေးဟောင်းပစ္စည်းများ၏ လျှို့ဝှက်ချက်များကို ထုတ်ဖော်၍ စကားပြော ပြေပြစ်စွာဖြင့် ပြောခဲ့သည်။

ထို့ပြင် သူသည် ရတနာများကို အကဲဖြတ်ရာတွင်လည်း သူ့ရဲ့ ထူးခြားပြောင်မြောက်တဲ့ကျွမ်းကျင်မှုများကို ပြသခဲ့သည် ။

ဝမ်ပန်ဇီသည် အံ့အားသင့်ဟန်ဆောင်ပြီး ပြောလိုက်သည်။

" မင်းကို ကြည့်ရတာတော့ ဒီနယ်ပယ်မှာ တကယ် ကျွမ်းကျင်ပုံရတယ်။ "

" သေချာတာပေါ့ ၊ ငါ့ အစ်ကိုဝူက ဒီနယ်ပယ်မှာ ဆရာကြီးပဲလေ။ " ဟု လင်ပေ့ဖန်က ဂုဏ်ဆာပြီး ပြောလိုက်သည်။

" သူဌေး ၊ မင်းဆိုင်မှာရှိတဲ့ ပစ္စည်းကောင်းတွေအကုန်လုံးကို မြန်မြန် ယူထုတ်လာခဲ့ပေး ၊အဲ့ဒီပစ္စည်းေတွကို ငါ့အစ်ကို ကြည့်လိမ့်မယ်။ "

" ကောင်းပြီ ၊ လေးစားရတဲ့ ဧည့်သည်တော်တွေကျေးဇူးပြုပြီး ခဏလောက်စောင့်ပေးပါဦး။ " ဟု ပြောပြီးနောက် ဝမ်ပန်ဇီသည် စတိုးဆိုင်ထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက် သူသည် လက်ရာမြောက်တဲ့ သေတ္တာ အနည်းငယ်ကို ယူထုတ်လာခဲ့ပြီး တစ်ခုချင်းစီ ဖွင့်ပြခဲ့သည်။

" ငါ မင်းတို့ကို ပြောပြမယ်…။ " ဟု

ဝမ်ပန်ဇီက ကြွားလုံးထုတ်ပြီး ပြောခဲ့သည်။

" ဒီပစ္စည်းတွေအကုန်လုံးက ဟိုလူကြီးဆီကနေဝယ်……အဟွတ် အဟွတ် ဒီပစ္စည်းတွေက ငါ့သူငယ်ချင်းဟောင်းရဲ့ ဟာတွေပဲ။ ပြီးတော့ ဒီပစ္စည်းတွေအကုန်လုံးက အစစ်တွေချည်းပဲ။ အကယ်၍ ဒီသူငယ်ချင်းလေးရဲ့ ကျွမ်းကျင်မှုအချို့ကို ငါ ခုနက မမြင်ခဲ့ဘူးဆိုရင် ဒီပစ္စည်းတွေကို ငါ ယူထုတ်ဝံ့မှာ မဟုတ်ဘူး။ "

" သူဌေး ၊ စကားစမြည်း ပြောနေတာကို ရပ်ပြီးတော့ ငါတို့ကို သေတ္တာထဲကပစ္စည်းတွေသာပြပါ။ "

" ဒါဆိုရင်လည်း ကောင်းပြီ … "

ထို့နောက် ဝမ်ပန်ဇီသည် ဂရုတစိုက်ဖြင့် ပန်းချီကားတစ်ချပ်ကို သေတ္တာတစ်ခုတည်းကနေ ယူထုတ်ခဲ့သည်။

" ဒါက ကျနော်တို့ဆိုင်ရဲ့ ရတနာတွေထဲက တစ်ခုဖြစ်တဲ့ ဧကရာဇ်ဆောင်ဟွေ့ကျုံ ရေးဆွဲထားတဲ့ လက်ရေးလှပန်းချီကားတစ်ချပ်ဘဲ။ မင်းတို့လည်း ဧကရာဇ် ဆောင်ဟွေ့ကျုံအကြောင်းကို သိလိမ့်မယ်လို့ ငါ ယုံကြည်တယ်။ "

" ပြီးတော့ သူက ကြီးမြတ်တဲ့ ဧကရာဇ်တစ်ပါး မဟုတ်ပေမဲ့လည်း သူ့ရဲ့ လက်ရေးလှနဲ့ ပန်းချီကားတွေကတော့ ထူးခြားပြောင်မြောက်တာကို မင်းတို့ သိမယ်ထင်တယ်။"

" အထူးသဖြင့် သူတီထွင်ခဲ့တဲ့ ပါးလွှာတဲ့ရွှေ လက်ရေးလှ ရေးနည်းပုံစံက လူသိများ ကျော်ကြားတဲ့ လက်ရေးလှရေးနည်းပုံစံတွေထဲက တစ်ခုအပါအဝင်ဖြစ်တယ်။ "

" ဒါ့အပြင် ဒီလက်ရေးလှပန်းချီကားချပ်ကို ဧကရာဇ်ဆောင်ဟွေ့ကျုံက သူ့အသက် ၂၆နှစ်မှာ ရေးဆွဲခဲ့တာဘဲ။ ဒီလက်ရေးလှပန်းချီးကားကို တချက် ကြည့်လိုက်။ ဒါက အချိုးကျပေါင်းစပ်ထားပြီးတော့ ကြော့ရှင်းပြီး အသက်ဝင်တဲ့အပြင် သံနဲ့ ဆေးခြယ်ထားတဲ့ ငွေရောင်ချိတ်လို အရမ်းပဲ လှပတယ်။ ပြီးတော့ ဧကရာဇ်ဆောင်ဟွေ့ကျုံရဲ့ လက်ရေးလှပန်းချီကားကို ကမ္ဘာ့အနုပညာလက်ရာတွေမှာ တန်ကြေးမြင့်တယ်။ အကယ်၍ မင်းတို့ ဒီလက်ရေးလှပန်းချီကားချပ်ကို ကြိုက်လို့ ဝယ်ယူချင်ရင် ယွမ်သန်း၃၀တည်းနဲ့ ငါမင်းတို့ကို ရောင်းပေးမယ်။ "

လင်ပေ့ဖန် နှင့် တခြားသူများသည် ပန်းချီးကားကို ကြည့်ပြီး ချီးကျူးခဲ့သည်။

" ဒါက အရမ်းပဲ လှပလွန်းတယ်။ "

ထို့နောက် လင်ပေ့ဖန်သည် ဝူကောဘေးနားသို့ နည်းနည်းတိုးပြီး အသံတိုးတိုးဖြင့် မေးမြန်းခဲ့သည်။

" ဘယ်လိုလဲ ? ။ ဒါက ဝယ်ဖို့ ထိုက်တန်လား ? "

ဝူကောက လင်ပေ့ဖန်ကို တိုးတိုးလေး ပြန်ပြောခဲ့သည်။

" ဘော့စ်လင် ၊ ဒါက အတုတစ်ခုပဲ။ "

" အတုဟုတ်လား ?။ ဒါဆိုရင် ဒီပန်းချီကားကို ဝယ်ဖို့ မထိုက်တန်ဘူးပေါ့။ " ဟု လင်ပေ့ဖန်က ပြောလိုက်သည်။

" မဟုတ်ဘူး။ ဒီပန်းချီကားက အတုတစ်ခုဖြစ်ရင်တောင် အရမ်းအဖိုးတန်နေတုန်းပဲ။ " ဟု ဝူကောက ပြန်ဖြေခဲ့သည်။

" ဘာလို့လဲ ? "

" ဘော့စ်လင် ၊ ဒီလက်ရေးလှပန်းချီကားကို နောက်ပိုင်းမျိုးဆက်တစ်ယောက်ယောက်က ကော်ပီကူးထားတာပဲ။ ဒါပေမဲ့ အဲ့ဒီလူက မစ္စတာတုံလင်လို့ လူသိများ ကျော်ကြားတဲ့ အနုပညာရှင် တစ်ယောက်ဘဲ။ ပြီးတော့ မစ္စတာတုံလင်က လက်ရေးလှနဲ့ ပန်းချီရေးဆွဲရာမှာ အတော်လေးကို ထူးချွန်ပြောင်မြောက်တယ်။ဒါ့အပြင် သူက နာမည်ကျော် လက်ရေးလှများနဲ့ ပန်းချီကားများကို ကော်ပီကူးရာမှာ ထူးချွန်သူဖြစ်တယ်။ "

" သူ ကော်ပီကူးထားတဲ့ လက်ရေးလှ ပန်းချီကားက ဧကရာဇ်ဆောင်ဟွေ့ကျုံရေးဆွဲထားတဲ့ လက်ရေးလှပန်းချီကားလောက် မထိုက်တန်ပေမဲ့ ယွမ် ၅ သန်း ၊ ၆သန်းလောက်တော့ ထိုက်တန်နေတုန်းပဲ။ "

" ဘော့စ်လင် ၊ ဒီပန်းချီကားက အတုတစ်ခုဖြစ်တယ်ဆိုတာကို ဆိုင်ရှင်က သိနေတယ်လို့ ကျနော်သံသယရှိတယ်။ ဒါပေမဲ့ ဒီပန်းချီကား ရေးဆွဲတဲ့လူကိုတော့ သူ မသိလောက်ဘူး။ ကျွန်တော်သူ့ကို နည်းနည်းလှည့်စားကြည့်လိုက်မယ်။ ကျွန်တော်တို့ ဒီပန်းချီကားကို ဈေးနည်းနည်းနဲ့ ရရင်လည်း ရနိုင်မှာပေါ့။ "

လင်ပေ့ဖန်သည် ဝူကော၏ ပုခုံးကိုပုတ်ပြီး ပြောလိုက်သည်။

" သွားစမ်းကြည့်လေ။ "

" အိုကေ ၊ပြဿနာမရှိဘူး "

ထို့နောက် ဝူကောသည် မတ်တပ်ရပ်ပြီး ပြောလိုက်သည်။

" သူဌေး ၊ ဒီပန်းချီကားချပ်က အတုတစ်ချပ်ပဲ။ "

ထိုစကားကို ကြားလိုက်ရသောအခါတွင် ဝမ်ပန်ဇီက ဝူကောကို ပြန်ပြောလိုက်သည်။

" မင်း ဘာပြောတာလဲ ?။ ဒါက ဘယ်လိုလုပ်ပြီး အတုတစ်ခု ဖြစ်နိုင်မှာလဲ ? ။ ဘယ်ဟာက အတုလဲဆိုတာ မင်းငါ့ကို ပြောပြလေ။ "

" သူဌေး ဒီကိုကြည့်လိုက် ….။ဒီမှာရောပဲ…။ ပြီးတော့ ဒီမှာ…."

ဝူကောသည် ပန်းချီကား၏ အတုနေရာတွေကို ယုံကြည်မှုရှိရှိ တစ်နေရာပြီး တစ်နေရာ လက်ညိုးထောက်ပြ၍ ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် သူ့ရဲ့ စွမ်းရည်များကို ထုတ်ဖော်ပြသခဲ့သည်။

ထို့နောက် သူသည် နိဂုံးချုပ်ပြီး ပြောလိုက်သည်။

" အချုပ်အားဖြင့်ပြောရရင်တော့ ဒီပန်းချီကားချပ်က အတုတစ်ခုပဲ။ ဒါကို တစ်ယောက်ယောက်က ကော်ပီကူးထားတာပဲ။ သူဌေး ဒီသိသာထင်ရှားတဲ့ အတုအပနေရာတွေကို မင်း မမြင်နိုင်ဘူးလို့ ၊ငါ မယုံကြည်ဘူး။ "

" တော်တယ် လူငယ်လေး ။ မင်းက အမှန်တကယ်ကို ကျွမ်းကျင်သူတစ်ယောက်ဘဲ။ ပြီးတော့ မင်းရဲ့ ထိုးထွင်းသိမြင်နိုင်မှုက တကယ့်ကိုအထင်ကြီးစရာကောင်းတယ်။ " ဟု ဝမ်ပန်ဇီက ဝူကောကို ချီးကျူးလိုက်သည်။

" သူဌေး ၊ ဒီပန်းချီကားချပ်ကို ငါ တကယ်ကြိုက်တယ်။ ဈေးနှုန်းကို ထပ်ပြောပါ။ အကယ်၍ ဈေးနှုန်းက သင့်တော်တယ်ဆိုရင် ငါတို့ ဒီပန်းချီကားချပ်ကို ဝယ်မယ်။ ဒါပေမဲ့ ငါတို့ကို ဂျင်းထည့်မယ် မကျန်နဲ့နော် ၊ငါ့အဖေက ရွာသူကြီးပဲ 😂။ "ဟု ဝူကောက ပြောလိုက်သည်။

" ကောင်းပြီ ၊ ငါ မင်းတို့ကို ယွမ်၃သန်းနဲ့ ရောင်းပေးမယ်။ ဒီလက်ရေးလှပန်းချီကားချပ်က အတုတစ်ခုဖြစ်တယ်ဆိုပေမဲ့ ဒါက ရှေးဟောင်းပန်းချီကားချပ်ဖြစ်ေနတုန်းပဲ။ ပြီးတော့ ဒီပန်းချီကားချပ်မှာ ထူးခြားပြောင်မြောက်တဲ့ လက်ရေးလှကျွမ်းကျင်မှုတွေ ပါနေတာကြောင့် ဒီပန်းချီကားချပ်ရဲ့ အနုပညာတန်ဖိုးက အရမ်းမြင့်တယ်။ "ဒါကြောင့် မင်းတို့ ဒီပန်းချီကားချပ်ကို ဝယ်ချင်တယ်ဆိုရင် ငါမင်းတို့ကို ယွမ်၃သန်းနဲ့ ရောင်းပေးမယ်။ ငါ ဒီထက်ပိုပြီးတော့ မလျော့ပေးနိုင်ဘူး။ " ဟု ဝမ်ပန်ဇီက ပြောလိုက်သည်။

ထို့နောက် ဝမ်ပန်ဇီသည် ဝမ်းနည်းသောအမူအရာဖြင့် ပြောလိုက်ပြန်သည်။

" ယွမ် ၅သန်း ၊ယွမ်၆သန်းလောက် ထိုက်တန်တဲ့အရာကို ယွမ်သုံးသန်းနဲ့ ရောင်းရတာက တကယ့်ကို ဆုံးရှုံးမှုတစ်ခုဘဲ။ "

ဝူကောသည် လင်ပေ့ဖန်စီသို့ ကြည့်ပြီး ခေါင်းညိတ်ပြခဲ့သည်။

" တော်တယ် အစ်ကိုဝူ။ မင်း ကောင်းကောင်းလုပ်နိုင်ခဲ့တယ်။ " ဟု လင်ပေ့ဖန်က ဝူကောနှင့်သူသာလျှင် နားလည်နိုင်တဲ့ တစ်စုံတစ်ရာကို ပြောလိုက်သည်။

ထို့နောက် သူသည် စိတ်ထဲကနေ ဆုတစ်ခုကို တိတ်တိတ်လေး ပြုလုပ်ခဲ့သည်။

All Chapters